သန်းခေါင်စာရင်းကောက်မည့်အဖွဲ့တွင် ကရင်စာ/ယဉ်ကော်မတီဝင်များပါဝင်ရန်စီစဉ်

သန်းခေါင်စာရင်းကောက်မည့်အဖွဲ့တွင် ကရင်စာ/ယဉ်ကော်မတီဝင်များပါဝင်ရန်စီစဉ်
by -
နန်းဝေဖြိုးဇာ

နန်းဝေဖြိုးဇာ(ကေအိုင်စီ)။    ။ မွန်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူသည့်အခါ မြို ့နယ်ကရင်စာပေ ယဉ်ကျေးမှှုကော်မတီဝင်များ လိုက်ပါနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ကရင်ပြည်သူ့ဗဟို ကော်မတီမှ ကေအိုင်စီသို့ ပြောပါသည်။

မွန်ပြည်နယ်အတွင်ရှိ ကရင်တိုင်းရင်းသားအများစု နေထိုင်ရာဒေသသို့ သန်းခေါင်စာရင်းကောက်ယူသည့် အခါတွင် ဘာသာစကားအခက်အခဲမရှိှစေရေး၊ ကရင်လူဦးရေအမှန်ရရှိရေးအတွက်ရည်ရွယ်ကာ စာပေယဉ်ကျေးမှှုကော်မတီဝင်များကို သန်းခေါင်စာရင်းကောက်အဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ရရှိခဲ့ကြောင်း ကရင်ပြည်သူ့ဗဟိုကော်မတီ နော်ဆာထူးက ဆိုသည်။

“ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်ထဲမှာ လက်ရှိက ဒေသခံဆရာတော်တွေနဲ့ တိုင်ပင်ထားတာ တော့ရှိတယ်၊ ပြည်နယ်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့တိုင်ပင်ပြီးတော့ မတ်လဆန်းကစပြီး အောက်ခြေရွာ တွေဆင်းပြီး ရှင်းပြဖို့ရှိတယ်” ဟု နော်ဆာထူးက ပြောသည်။

လက်ရှိ သထုံမြို ့နယ်ရှိ ကရင်ကျေးရွာ ၃၇ ရွာကို ကရင်မျိုးနွယ်စုနှင့် ပတ်သက်ပြီး ပဏာမသွားရောက် ပြောဆို ထားသည်ရှိကြောင်း သထုံမြို ခံ စောစံတင်က ဆိုပါသည်။

“သထုံဘက်မှာတော့ ကရင်ကအများအားဖြင့် ပိုးကရင်နဲ့စကောကရင် နှစ်မျိုးပဲရှိတဲ့အတွက် သူတို့တွေကတော့ လူမျိုးထဲမှာဆိုရင် ရှင်းရှင်းပဲ ကရင်ပဲထည့်မယ်လို့ သူတို့တွေကသဘောတူတယ်၊  ည့်ဖို့လဲသူတို့ကလက်ခံတယ်၊ သထုံမှာတော့ရွာအကုန်လုံးနီးပါး ဆင်းပြောသွားပြီး ”ဟု စောစံတင်ကပြောသည်။

အလားတူ ကျိုက်မရောမြို ့နယ်၊ ဖာသိမ်ကျေးရွာမှ မြို့နယ်စာပေယဉ်ကျေးမှှုကော်မတီဝင် စောသောင်းကြည် ကလဲ လက်ရှိ ကျိုက်မရောမြို ့နယ်မှ ကရင်လူထုများအတွက် သန်းခေါင်စာရင်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများ မှ လိုက်လံ ပညာပေးခြင်းများ တွေ့ရှိခြင်းမရှိသေးကြောင်း၊ လူထုများမှလဲ သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး အသိပညာ ဗဟုသုတများနည်းပါးနေသေးကြောင်း ဆိုသည်။

လက်ရှိမွန်ပြည်နယ်အတွင်း သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရော၊ ရေးစသည့် မြို ့နယ်များတွင် ကရင်လူမျိုး များအတော်အသင့်နေထိုင်လျက်ရှိပြီး ၂၀၁၀ အတွင်း ပြုစုသူများ၏ စာရင်းများအရခန့်မှန်းခြေ ကရင်လူဦးရေ ၁ သိန်းကျော်ရှိကြောင်းသိရသည်။