ကွဲပြားနေသောမျိုးနွယ်စုများအား ရှမ်းနီဟုသန်းခေါင်စာရင်းတွင်ထည့်သွင်းစေလို

ကွဲပြားနေသောမျိုးနွယ်စုများအား ရှမ်းနီဟုသန်းခေါင်စာရင်းတွင်ထည့်သွင်းစေလို
by -
ခင်ချိုမာ

ခင်ချိုမာ(သျှမ်းနီ)။    ။ မျိုးနွယ်စုအမည်ကွဲပြားနေသော တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းချောင်း၊ တိုင်းလျှန်၊ ရှမ်းဗမာ၊ရှမ်းကလေး၊ မြေလတ်ရှမ်း၊ ရှမ်းနီစသဖြင့် အမျိုးမျိုးခေါ်ဝေါ်နေကြသည့် လူမျိုးများကို ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံရာတွင် “ရှမ်းနီ” ဟုထည့်သွင်းကြရန် ဖေဖော်ဝါရီ ၁ ရက်နေ့က မန္တလေးမြို့၊ တတိယအကြိမ်ရှမ်းနီကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲ၌ သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ယင်းသို့ သန်းခေါင်စာရင်းကောက်ခံရာတွင် “ရှမ်းနီ”လူမျိုးအမည်သတ်မှတ်ထည့်သွင်းပေးရန် သက်ဆိုင်ရာသို့ တောင်းခံရန်် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ ရှမ်းနီသံဃာ တော်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ရှမ်းနီလူငယ်နှင့် ဒေသအသီးသီးမှ ရှမ်းနီကိုယ်စားလှယ်တစ်ရာကျော်မှ ဆွေးနွေးကြခြင်း ဖြစ်သည်။

ရှမ်းနီ လူမျိုးများ ကုတ်နံပါတ် - ၉၁၄ ၌ ထည့်သွင်းစာရင်းပေးနိုင်ပြီး ထိုသို့ စာရင်းပေးခြင်းဖြင့် တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမှုမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် တွေ့ဆုံမေးမြန်းချက်များကို ရှမ်းနီလွှတ်တော် ကိုယ်စားလှယ်ဦးစံပြည့်က ရှင်းလင်းပြောကြားခဲ့သည်။

ယင်းသို့ရှမ်းနီလူမျိုးအဖြစ် သတ်မှတ်ထည့်သွင်းရေးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီး၊ရဲမှူးချူပ်၊ ပို့ဆက်/ညွှန်ချုပ်၊ TNDP ဗဟိုဥက္ကဋ္ဌနှင့် ဒေသအသီးသီးမှ ရှမ်းနီလူမျိုး များက ၂၀၁၃ ခုနှစ် မတ်လတွင် ပထမအကြိမ်၊ဇူလိူင်လတွင် ဒုတိယအကြိမ်၊ ယခုအခါ တတိယအကြိမ် တွေ့ဆုံဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။