သန်းခေါင်စာရင်းတွင်"ခမိ"အား "ခူမီး" ပြင်ပေးရန်တောင်းဆိုမည်

သန်းခေါင်စာရင်းတွင်"ခမိ"အား "ခူမီး" ပြင်ပေးရန်တောင်းဆိုမည်
by -
မိုင်ဒေါသ်သဲ(Child World ဂျာနယ်)

မိုင်ဒေါသ်သဲ(Child World ဂျာနယ်)။     ။၂၀၁၄ သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ချင်းကုတ်အမှတ် - ၄၀၅ “ခမိ” ပာူသော အမည်သည် “ခူမီး” ချင်းမျိုးနွယ်စုဝင်များ ဖြစ်ပြီး ယင်းအမည် မှားယွင်းနေသဖြင့် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အမှားပြင်ပေးရန် တင်ပြသွား မည်ဟု ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ “ခူမီး” မျိုးနွယ်စုတွေကို ခေါ်တဲ့အခါမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရခိုင်တိုင်း ရင်းသားတွေ၊ မြို့နယ်အခြားတွေ က ခေါ်တဲ့အခါမှာ ခမိ၊ ခမွိ ဆိုပြီးခေါ်ကြပေမယ့် အမှန်တော့
“ခူမီး”ပါပဲ။ အခုစာလုံးပေါင်း မှားနေတာကို အမှန်ပြင်ပေးဖို့ အစိုးရဆီ ဆက်လက်တင်ပြသွား မယ်” ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစနီအောင်က ပြောသည်။

ခူမီးမျိုးနွယ်စုများသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ နေထိုင်ကြပြီး ကုတ်နံပါတ်- ၄၀၅ “ခမိ” ပာူ၍ ဖော်ပြထားရာတွင် ရခိုင်ပြည်နယ်ရှိ “ခမိ” မျိုးနွယ်များနှင့် လွဲမှားနိုင်ကြောင်း ဆိုသည်။

သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က “ ချင်းမျိုးနွယ်စုဝင် တစ်ခုဖြစ်တဲ့ ခူမီးမျိုးနွယ်စုအနေနဲ့ သန်းခေါင်စာရင်းမှာပါတဲ့ ကုတ်(၄၀၅) မှားနေတယ်။ ခမိ ဆိုပြီးဖြစ်နေတယ်။ ခမိ ဆိုတဲ့ နာမည်က ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ခမိမျိုးနွယ်စုနဲ့ ရောထွေးသွားနိူင်တယ်” ပာု
ပြောသည်။

ခူမီးချင်းမျိုးနွယ်စုများသည် ချင်းပြည်နယ်၏ အနောက်တောင်ဘက် ပလက်ဝမြို့တွင် အများဆုံးစုစည်းနေထိုင် ကြသည့် လူမျိုးနွယ်စုဖြစ်သည်။

ထို့အပြင် အဆိုပါ လူမျိုးနွယ်စုသည် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် မောင်းတောမြို့ နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်တို့၏ ချောင်းဖျား၊ တောင်ပေါ်ဒေသများ၊ အိန္ဒိယနိုင်ငံ မီဖိုရမ်ပြည်နယ် တောင်ပိုင်းဒေသ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ စသည့်နေရာများ၌
ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေ ရှစ်သောင်းကျော်ခန့်ရှိကြောင်း ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သိရသည်။