ဗိုလ်မှူး ဂျွမ်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

ဗိုလ်မှူး ဂျွမ်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်
by -
ရွှေဟင်္သာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင်ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရွှေကူမြို့အခြေစိုက် ခမရ (၆၀၁) စစ်ကြောင်းသည် မန်စီမြို့နယ်၊ နမ့်လင်းပါ (Nam Lim Pa) ကျေးရွာသို့ ခေတ္တ ၀င်ရောက်ခွင့်ပေးပါရန် ကျေးရွာလူကြီးများမှတဆင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တပ်မဟာ (၃) လက် အောက်ခံ တပ်ရင်း (၁၂)မှူးထံ ဇန်နဝါရီ (၂၁)ရက်နေ့က တောင်းခံခဲ့သည်ဟု တပ်ရင်းမှူး ဗိုလ်မှူးလဘိုင် ဂျွမ်းအောင်က ဆိုပါသည်။

မည်သို့သောရည်ရွယ်ချက်ဖြင့် ၀င်ခွင့် တောင်းခံခဲ့ရသည်။ ဘာကြောင့်တောင်းခံသည်။ နန့်လင်းပါကျေးရွာမှ အလောင်းများဖေါ်ထုတ် ရရှိနေမှု အခြေအနေများ အပါအဝင် အစိုးရတပ်များ၏ နောက်ဆုံး စစ်အင်အားဖြန့်ကျက်ချထားမှု အခြေအနေနှင့် တိုက်ပွဲငြိမ်သက်နေမှု အခြေအနေများကိုသိရှိနိုင်ရန် ဗိုလ်မှူး လဘိုင်ဂျွမ်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။    ။အစိုးရဖက် က ဘယ်တပ်က ၀င်ခွင့် တောင်းတာလဲ။  ဘာကို အကြောင်းပြ တာလဲ။ ခွင့်ပြုချက် ပေးခဲ့ တာလား။

ဖြေ။     ။အမှတ် (၂၁) စကခ လက်အောက်ခံ ခမရ (၆၀၁) စစ်ကြောင်း ကပါ။ ရွာလူကြီး ကတဆင့် ပြောခိုင်း လိုက်တာဖြစ် ပါတယ်။ သူတို့က ပျက်သွားတဲ့ကျေးရွာရဲ့နေရာတွေ ကိုဓါတ် ပုံရိုက်ပြီး အထက်ကို တင်ပြရ မှာမို့ခဏဝင် ဖို့တောင်း တာပါ တဲ့။ ပြီးရင်ပြန် ထွက်ပေး မှာပေါ့နော်။ ကျနော်တို ့ကတော့ မယုံတော့ ဘူး။ ခွင့်လည်း မပြုတော့ဘူးလေ။ သူတို့ဘဲ ဖျက်ဆီးတယ်။ သူတို့ဘဲ ဓါတ်ပုံပြန် ရိုက်မယ်ဆို တဲ့အကြောင်းပြ ချက်က မခိုင်ဘူးလေ။ သူတို့လုပ် ချင်သလို လုပ်မယ်။ ၀င်ချင်သလို ၀င်မယ်။ ထွက်ချင်သလို ထွက်မယ်။ သတ်ချင် သလို သတ်ခဲ့ပြီးမှ လာတောင်း တယ်ဆိုတော့ (KIA) ရဲ့စေတနာ အပေါ် ပရိ ယာယ် ဆင်လာပြီး လို့မြင်ပါ တယ်။

ကျနော်တို့က သိမ်းရတဲ့ သူတို့တပ်ဖွဲ့က သေနတ် တွေကိုပြန်ပေးတယ်။ ၀ိုင်းထားတဲ့ သူတို့တပ်တွေကို လမ်းကြောင်းပြန် ဖွင့်ပေးတယ်။ တချို့နေရာ တွေကို ၀င်မယ်၊ ထွက်မယ် အကြောင်း ကြားပြီးသွား လာလို့ ကျနော်တို့ ကခွင့်ပြုနေ တော့ အပျော့နည်း နဲ့ထပ်ပြီး ပန်ကြား တာပေါ့ဗျ။ တလော က တိုက်ပွဲမှာ လည်း လမ်းကြောင်း မှားလို့တဲ့။ မဟုတ်ပါဘူး၊ တမင်ကို အလစ်ဝင် တိုက်တာပါ။ သူတို့စကား သူတို့ဂတိ ကိုလိုက် နာမယ်လို့ ထင်နေတာပါ။ ကျနော်တို့ ကစေတနာ အရင်းခံနဲ့ လိုက်လျှောကြည့် တာဖြစ် တယ်လေ။ ပြေလည်ရာ ပြေလည် ကြောင်းပေါ့။

အခုလည်း တကယ် ဓါတ်ပုံလာရိုက် တာမဟုတ်ပါဘူး။ နန့်လင်းပါ ကျေးရွာ ကနေသူတို့ ဆုတ်ခွင့် မရှိဘူး။ ဗျူဟာက ဆုတ်ခိုင်း တာကို အထက်က မသိလိုက် ဘူးတဲ့။ အဲတာ ပြန်နေရာ ယူခိုင်းတာဖြစ် တယ်။ အဲဒါကို အနုနည်းနဲ့ ပြန်ချင်းကပ် လာတာပါ။

မေး။    ။ခုနက ဗိုလ်မှူးပြောတဲ့အထဲမှာ သတ်ချင်သလို သတ်ခဲ့တယ်ဆိုတာ ပါတယ်လေ။ အခုတလောမှာ နန့်လင်းပါ တို့မုန်ဒိန်ပါ ကျေးရွာ တို့ဖက် မှာမြှပ်ထားတဲ့ အလောင်းတွေပြန် တွေ့နေရတယ်။ အဲဒီ အလောင်းတွေ ကဘယ်သူ့ အလောင်းတွေ လဲ။

ဖြေ။     ။ပြန်တွေ့နေတဲ့ အလောင်းတွေက များတယ်ဗျ။ အရေအတွက်တော့ မပြောနိုင်သေးဘူး ပေါ့နော်။ အဲဒါ အရပ်သား အလောင်းလား။ စစ်သား အလောင်းလား ဆိုတာ ဝေခွဲလို့ မရသေးဘူး။ အရပ်သားတွေ လည်း ဟိုဖက်ပြေး ဒီဖက်ပြေးနဲ့ ဘယ်သူတွေ လျှော့သွား မှန်းကို  မသိဘူး။ စစ်လဲမ စစ်နိုင်သေး ဘူး။ သူတို့ရွာ ကိုပြန်လာကြမှ ဘယ်သူလျှော့သလဲ ဆိုတာသိနိုင် မှာပေါ့။ ပြီးတော့ သူတို့တပ် သားအလောင်းတွေ လည်း ဖြစ်နိုင် ပါတယ်။ အဲဒီနေရာ တွေမှာ တိုက် ပွဲက အဆက်မပြတ် ဘဲလေ။ ဒီတော့ သူတို့တပ် သားအလောင်းေ တွ လည်းဖြစ်နိုင် တာဘဲ ။ဝေခွဲလို ့မရသေး ဘူးဒီကိစ္စ။ လိုက်လံစုံ စမ်းဖို့ ကလဲတိုက် ပွဲက ဘယ်နေ ့ပြန်ဖြစ် မှန်းလဲ မပြောနိုင် ဘူးလေ။ ဒီပတ်ဝန်း ကျင်မှာက အနည်းဆုံး သူတို့ တပ်ရင်း (၆)ရင်း တောင်ရှိသေးတယ်။  ဒါပေမဲ့ငြိမ်နေတာ နှစ်ပတ်လောက် ရှိပြီးပေါ့လေ။ အခုမှ ပြန်စလာပြန်ပြီး။

မေး။    ။ဘယ် တပ်ရင်းတွေ ရှိနေသေးလဲ။ အကုန် ဆုတ်သွား တာ မဟုတ်ဘူးလား။

ဖြေ။     ။ ဆုတ်တာ မဟုတ်ဘူး။ စစ်ပရိယာယ် ကစား တာပါ။ တပ်ရင်း (၁၂) ဧရိယာ ကနေ  လုံးဝ ဆုတ်သွား တာမဟုတ်ဘူး။ အခု ကျနော်တို့ အနားမှာ နည်း ဗျူဟာ (၂)ခုတောင် ရှိနေတယ်။ အနည်းဆုံး (၆) ရင်းပါဘဲ။ စကခ(၂၁) က အများစု ပေါ့ဗျာ။ ခလရ (၅၆)၊ ခလရ (၂၇၆)၊ ခမရ (၆၀၁) ခမရ (၄၃၈)၊ ခမရ (၃၁၉)၊ ခမရ (၆၀၂)၊ စစ်ကြောင်း တွေ ပါ။ အင်အား (၁၀၀၀)ခန့်ရှိ နိုင်တယ်။

ဒီအင် အား နဲ့ အချိန် မရွေး စစ်ဆင်နိုင် တယ်။ တိုက်ပွဲ ငြိမ်တယ် ဆိုတာ ဟာလည်း အားပျော့ ကွက်ကို စောင့်နေတာ ပါ။ အလစ်မှာ ၀င်တိုက်ဦး မယ်။ ကျနော်တို့ လည်း နည်းလမ်းသစ် နဲ့ မထင်ထားတဲ့ အနေအထား မှာ ပြင်ဆင်နေ ရ တာပေါ့။ သူတို့က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ မုန်ဒိန်ပါ ကျေးရွာနဲ့ နမ့်လင်းပါ ကျေးရွာ ကနေ  တပ်ဆုတ် တယ်လို့ ထင် ရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အနားမှာ ရှိတဲ့  သံတံတား၊ မန်သာ၊ ကောင်ရွန်၊ ဂျေဦး၊ မိုင်းခေါင်၊ နားဟန်နဲ့  ဂျေခမ်းကျေး ရွာ တွေမှာ တပ်စွဲနေ ဆဲဘဲလေ။

အခုခွင့် တောင်းလာတဲ့ တပ်က အင်းအား တရာ ကျော်တယ်။ ကျနော် တို့နဲ့ လည်း မဝေးဘူး။ ကင်းပုန်း ၀ပ်နေတယ်။ ရှေ့တလှမ်း ပြန်တိုး လာတဲ့ သဘောပါဘဲ။ တိုက်ပွဲ ပြန်စတော့မယ် ထင်ပါတယ်။ ကျနော်တို့ ကတော့ သူတို့မ တိုက် ရင် ပြန်မ တိုက်ဘူးလေ။

မေး။    ။ တိုက်ပွဲတွေ ငြိမ်နေ တယ် ဆိုတော့ နမ့်လင်းပါ ရွာသား တွေ ပြန်မလာကြ ဘူးလား။ ဒုက္ခသည် တွေ အ ခြေအနေ တွေကရော ပြန်လာဖို့ အခြေအနေ ရှိလား။

ဖြေ။     ။ နမ်လင်းပါ ရွာဟာ အရင်က စစ်ပြေးဒုက္ခ သည်စခန်း ဘြလေ။ ပြီးခဲ့တဲ့ နိုဝင်ဘာ လ (၁၉) ရက်နေ့မှာ ၀င် တိုက် လိုက်တယ်။  ရွာထဲကို လက်နက်ကြီး ငယ်တွေနဲ့ ပစ်ပြီး ဝင် သိမ်းလိုက် တယ် မဟုတ်လား။ လူတွေက ဗန်းမော် မြို့ အနီး တဝိုက် နဲ့ နယ်စပ် တွေ ရောက်လိုရောက် ပေါ့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ရ တယ်လေ။

ဒီတော့ အခြေ အနေက ပြန်လာဖို့ မရှိသေးဘူး ထင်ပါတယ်။ အနီးအနားမှာ အင်အား တထောင် လောက်က အချိန် မရွေး စစ်ဆင်နိုင် တယ်လေ။ သူတို့က လူ့အခွင့် အရေး မရှိဘူး။ အစိုးရ တပ်ရယ် လို့ပြော ရတာ သိပ်မဟန် ဘူးဗျ၊ သိပ်ကြမ်းတယ်။ အနည်း ဆုံးလူထု (၄၀၀၀) ကထွက်ပြေး ခဲ့ကြရ တယ်။ ဆုံးရှုံးမှု ကတော့ မပြောပြနိုင် လောက်အောင် ပါဘဲ။ ကျေးရွာကို လည်းဖျက်ဆီး သွားခဲ့တယ်။ ရှိသမျှ လူထုပိုင် ဆိုင်မှုတွေ ကိုလည်းသယ်နိုင် သမျှ သယ်သွား ခဲ့တယ်။ ဒီတော့ ဘာမှပြော စရာမရှိတော့ဘူး။

(ပြီး)