ကရင်ပြည်နယ် မြဝတီမြို့ နယ်၊ ရွှေကုက္ကို မြိုင်၌ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီ လ ၁ရက်နေ့တွင် ကရင် လက်ကိုင် အဖွဲ့များ စုပေါင်း ပြီး ကရင်နှစ် သစ်ကူးနေ့ အခမ်း အနားကို ကျင်းပကြ မည် ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် ဇန္နဝါရီလ တရက်နေ့ တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ကို ကရင် လက်နက်ကိုင် တပ်ဖွဲ့ဝင် များဖြစ်ကြ သည့် ကရင် အမျိုးသား အစည်း အရုံး (KNU)၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)၊ ကရင်ငြိမ်း ချမ်း ရေး ကောင်စီ(KNU/KNLA( PC)၊ ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ (KPF) တို့မှ ပူးပေါင်း ပါ၀င်ကြမည် ဖြစ်ပါသည်။
ကရင် ပြည်နယ်မှ မြို့နယ်ပေါင်း (၅)ခုမှ အနုပညာ အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူငယ် လူထုများ ဖိတ်ကြား ပြီး အစည်ကားဆုံး ကျင်းပရန် စီစဉ် ထားပါသည်။ ယခုနှစ်အတွက် ကျင်းပသော ထူးခြားသည့် ကရင် လက်နက်ကိုင် များ ဦးဆောင် နှစ်သစ်ကူးကို မည်သို့ မည်ပုံ ကျင်းပ ကြမည်ကို သိရှိနိုင် ရန် နှစ်သစ် ကူး ကျင်းပရေး ကော်မတီ နာယက တစ်ဦးဖြစ်သူ ကရင်ပြည် နယ် နယ်ခြား စောင့် တပ်(BGF) မှ၊ တိုက်နယ် မှူး ဗိုလ်မှူးချုပ် စောချစ်သူ အား ဆက်သွယ် မေးမြန်းခဲ့ ပါသည်။
မေး ။ ။ ဒီနှစ်မှာ ခါတိုင်းနှစ်ထက် အကောင်း ဆုံးဖြစ်အောင် နယ်ခြားစောင့် တပ် (BGF) ကနေ ဦးဆောင်ပြီး လုပ် သွားမယ်လို့ သိရပါတယ်။ အဲဒီရည်ရွယ် ချက်ကို ပြောပြပေး ပါလား။
ဖြေ ။ ။ ကရင် နှစ်သစ်ကူး ဆိုတာက ကျနော်တို့ ကရင် လူမျိုးတွေ အတွက် နေ့ ထူးနေမြတ် ဖြစ်ပါတယ်။ ဒီနှစ် က အရင် နှစ်နဲ့ လုံးဝ မတူအောင် ကျင်းပမယ်။ မတူတဲ့ အချက်တွေက တော့ ကျနော်တို့ ကရင်လက်နက် ကိုင်အဖွဲ့ တွေက အောက်ခြေ အဆင့်ကနေ နားလည်မှုကို တည်ဆောက်ပြီး တော့ လူထုနှင့် အတူ ချီတက်မယ်ဆိုတဲ့ အချက်က အဲဒါက ထူးခြားချက်ပါ။
နောက်တချက် ကတော့ လက်နက် ကိုင်အဖွဲ့စည်းတွေ ဟာ နိုင်ငံတော် အစိုးရနဲ့ နှစ်ပေါင်း (၆၀) ကျော် စစ်ရေးအရ တိုက်ခိုက် ခဲ့ကြတယ်။ ကရင် အချင်း ချင်း တောင် နှစ်ပေါင်း (၂၀) ကျော်ကြာ တိုက်ခိုက် ခဲ့ကြပြီးဖြစ် တယ်လေ။ အဲဒီ လို တိုက်ခိုက် ခဲ့ကြရာကနေ အပစ်ရပ်ဖို့ ကရင် လူထုတွေက တောင်းဆို ခဲ့တယ်။ အဲဒီ တောင်းဆိုချက် အတိုင်း ကျ နော်တို့ ညီအကို တွေက အပစ်ရပ် ကြပြီး သူ့စည်း ကိုယ့်စည်း လုပ်ပြီး ညီညွတ်ကြ ပြီးဖြစ်ပါတယ်။
အဲဒီ ညီညွတ်မှုကို ပြသတဲ့ အနေနဲ့ ပြည်သူလူထု ရှေ့မှာ ကျနော်တို့ စည်းလုံး ညီညွတ်ကြောင်း နှစ်သစ်ကူး နေ့မှာ ပြသ သွားမယ် ဆိုတဲ့ ရည်ရွယ်ချက် ကြောင့် အခုလို ထူးထူးခြားခြား ကျင်းပရခြင်း ဖြစ်ပါတယ်။
မေး ။ ။ ကရင် နှစ်သစ်ကူး နေ့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၏ ခေါင်းဆောင်လည်းဖြစ်၊ ကရင် အမျိုးသား တစ်ဦး လည်း ဖြစ်တဲ့ ဗိုလ်မှူးချုပ် စောချစ်သူ အနေနဲ့ ကရင် နှစ်သစ်ကူး နေ့ ကျင်းပရတဲ့ ခံစားချက်ကို ပြောပြပေးပါလား။
ဖြေ ။ ။ ကရင် အမျိုးသား တစ်ယောက် အနေနဲ့ ကရင် နှစ်သစ်ကူး နေ့ပြုလုပ်ရတဲ့ အပေါ် ကျနော့် ခံစားချက်ကို ပြောပြရရင် အတိုင်းမသိ ၀မ်းသာ ပီတိဖြစ် ပါတယ်။ ကရင် အမျိုးသား နှစ်သစ် ကူးနေ့ ဟာ ဗမာပြည် လွတ်လပ်ရေး မရခင် အင်္ဂလိပ် လက်ထက် ကတည်းက ကျင်းပခွင့် ပေးထားတဲ့နေ့ တစ်နေ့လည်း ဖြစ်ပါတယ်။ ကရင် ခေါင်း ဆောင် ကြီးများ၏ ကြိုးပမ်းမှုကြောင့် ရခဲ့တဲ့ သမိုင်းပေး တာဝန်လို့ ကျနော် ခံစားမိပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၅) ရက်နေ့ က ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက အရေးပေါ် အစည်းဝေး ခေါ်ပြီးတော့ ကရင် နှစ်သစ်ကူးနေ့ အခမ်း အနားမှာ မူလက ရည်ရွယ်ထားတဲ့ စစ်ရေးပြ အခမ်းနား အစီစဉ်ကို ဖြုတ် လိုက် တယ်လို့ ကြားတယ် အဲဒါ ဘာကြောင့် ဖြုတ်လိုက် ရတာလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ဇွန်လ (၁၅) ရက်နေ့က စစ်ရေးပြ အခမ်းနား ထည့်သွင်းမယ့် ဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် အဲဒီ ဆုံးဖြတ်ချက် အပေါ်မှာ ယနေ့ အပစ် ခတ်ရပ်စဲ ရေးလုပ်ပြီး ထာဝရ ငြိမ်းချမ်းရေး ကို ကြိုးပမ်းနေတဲ့ အချိန် ကာ လ ဖြစ်တဲ့ အတွက် လက်နက်ကိုင် အဖွဲ့စည်းတွေ စုပေါင်းပြီး ကရင် နှစ်သစ်ကူး အခမ်းနားမှာ စစ်ရေးပြ အခမ်းနား ကို လုပ်လိုက်ရင် ငြိမ်းချမ်းရေး ပြုလုပ်ထားတဲ့ အဖွဲ့တွေက စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားမှာ စိုးသည့်အတွက် စစ်ရေးပြ အ ခမ်းနားကို ဖြုတ်ထား သင့်တဲ့ အမြင်ကြောင့် ကရင် နှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီမှာ ဆုံးဖြတ်ပြီး အရေးပေါ် အစည်းဝေး ခေါ်လိုက်တာ ဖြစ်ပါတယ်။
မေး ။ ။ ဒါဆို စစ်ရေးပြ မရှိတော့ဘူး ဆိုတော့ ကရင်လက်နက် အဖွဲ့စည်းတွေ က ကရင် အချင်းချင်း စည်းလုံး ညီညွတ် ကြောင်း ကရင်ပြည်သူ လူထုကို ပြသဖို့အတွက် နောက်ထပ် ဘယ်လို ပြင်ဆင်ထား ပါသလဲ။
ဖြေ ။ ။ လူထုတွေက စစ်ပွဲတွေ မလိုအပ်တဲ့ အချိန်မှာ စစ်ရေး ပြမယ့်အစား ငြိမ်းချမ်းရေး ကိုကြိုဆိုတဲ့ အထိမ်း မှတ်နဲ့ ကရင်အမျိုးသား အလံတော် ကို ကရင်လက်နက် ကိုင်အဖွဲ့ အားလုံး အပါ၀င် လူထုနှင့် အတူ ကရင်အလံကို အလေး ပြုကြမယ် ဆိုရင် ပိုပြီးတော့ အနှစ်သာရ ရှိမယ်လို့ ယုံကြည် ပါတယ်။
မေး ။ ။ စစ်ရေးပြက အစိုးရရဲ့ ခွင့်ပြုချက် မရလို့ မလုပ်ရဘူး ဆိုတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီသ တင်းက ဟုတ်ပါသလား။
ဖြေ ။ ။ အစိုးရ ဘက်က ခွင့်မပြု ဘူးလို့ မပြောပါဘူး။ အစိုးရ ဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် တဲ့ အချိန်မှာ စစ်ရေးပြ က စိန်ခေါ်မှု တစ်ခုကို ပြသ သလိုမျိုး သက်ရောက် နေမလား။ ဒါကြောင့် လုပ် သင့် မလုပ် သင့် စဉ်းစားပါလို့ ကျနော်တို့ကို ပြောပါတယ်။ အဲဒါကြောင့် နှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် (၁၈၀) ထဲမှ သံဃာ တော်တွေ၊ အသင်းအုပ် ဆရာတွေ၊ လက်နက်ကိုင် အဖွဲ့စည်း အသီးသီး တွေ၊ နိုင်ငံရေး ပါတီ ကိုယ်စား လှယ်တွေက အရေးပေါ် အစည်းဝေး ကျင်းပပြီး မထည့် သွင်းသင့် သေးကြောင်း ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။
မေး ။ ။ ကရင် နှစ်သစ်နေ့ကို ကရင်လက်နက် ကိုင် နယ်မြေဖြစ် တဲ့ DKBA၊ KNU/KNLA-PC ဘက်မှာ လည်း ကျင်းပမယ်လို့ ကြားတယ် ဒီတော့ အခု ဗိုလ်ချုပ်တို့ ကျင်းပတဲ့ပွဲ အပေါ်မှာ သူတို့ အနေနဲ့ လာနိုင်ပါ့မလား။
ဖြေ ။ ။ ကရင် အမျိုးသား နှစ်သစ်ကူး နေ့မှာ နေ့ရာတိုင်း မှာလုပ်ကြမယ်။ DKBA ဘက်က တော့ အတူ တကွ ဆင်နွှဲဖို့ တော့ ဆက်သွယ် လာတာ မရှိသေးပါဘူး။ ကျနော့် အနေနဲ့ ပြောရရင် သူတို့ဘက်က လည်း လုပ်သင့် လုပ် ထိုက်ပါတယ်။ အဲဒီဖက်က လူထုတွေ အခမ်းအနား တက်ရတာပေါ့။ ကရင်တွေ စုစည်း ညီညွတ်ကြဖို့ လိုပါတယ်။
မေး ။ ။ ဒီနှစ် လုပ်မယ့် ကရင် နှစ်သစ်ကူးနေ့အခမ်းနား မှာ ကရင် လူထုတွေ အတွက် ဘယ်လို ခွန်အားဖြစ် လာ မယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ ဒီနှစ် ကတော့ တက်လာမယ့် ကရင်လူထု တွေက ပိုပြီးတော့ ၀မ်းသာကြမယ် ခွန်အားတွေ ဖြစ်စေ မယ် လို့မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ လူထုရဲ့ တောင်းဆိုချက် အရ ကျနော်တို့ ကရင် လက်နက်ကိုင် အဖွဲ့ တွေက စည်းစည်း လုံးလုံးနဲ့ ညီညီ ညွတ်ညွတ်နဲ့ ပြသပေးနိုင် တဲ့အတွက် ဖြစ်ပါတယ်။
မေး ။ ။ လာမယ့် ပြာသိုလဆန်း (၁) နေ့ ကရင်နှစ်သစ်ကူး နေ့ အခမ်းနား ကျင်းပတဲ့အချိန်မှာ မထင်မှတ်တဲ့ ပြ သနာ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာခဲ့မယ် ဆိုရင် လူထုတွေ အတွက် ဘယ်လို ကြိုတင်ပြီး လုံခြံုရေးကို ပေးထား သလဲ ပေါ့။
ဖြေ ။ ။ လုံခြံုရေး အပိုင်းမှာ အစိုးရဘက်၊ KNU၊ BGF၊ ငြိမ်းချမ်းရေး ကောင်စီ လက်နက်ကိုင် အဖွဲ့စည်း အသီး သီးက သက်ဆိုင်ရာ လုံးခြံုရေး အတွက် တာဝန်ယူ သွားမှာဖြစ်တယ်။ ကျနော်တို့ ဘက်က ပြသနာမဖြစ် အောင်ကြို တင် ပြင်ဆင်ထား ပါတယ်။
မေး ။ ။ ကရင် နှစ်သစ်ကူး အခမ်း အနားမှာ ကျင်းပသွားမယ့် အစီစဉ်လေးတွေကို အကြမ်းဖျဉ်း ပြောပြနိုင်မလား။
ဖြေ ။ ။ ကရင် နှစ်သစ်ကူး ကို ရွေကုက္ကိုလ်မြိုင် ရဲ့ရွာအဝင်မှာပြင်ဆင် ထားပါတယ်။ ကရင် နှစ်သစ်ကူး အခမ်း အနား အစီစဉ် ကတော့ အရေးကြီး ဆုံးဖြစ်တဲ့ (၁) ကရင် အမျိုးသား အလံတော် ကို အလေးပြုခြင်း၊ (၂) ကရင် နှစ်သစ် ကူးဖြစ်ပေါ် လာပုံကို ကရင်၊ ဗမာ၊ အင်္ဂလိပ် ဘာသာဖြင့် စာတမ်း ဖတ်ပြခြင်း၊ (၃) ကရင် ရိုးရာ ယဉ်ကျေး မှု တွေကိုပြ သခြင်း၊ (၄) ရှေ့ဟောင်း ကရင်ရိုးရာ ပစ္စည်းတွေကို ပြသခြင်း၊ (၅) ကရင် ရိုးရာအက နဲ့ ယဉ်ကျေး မှုပြပွဲဒုံး ယိမ်းပြိုင် ပွဲ၊လက်ဝှေ့ပွဲတို့ပြည်တွင်းပြည်ပနိုင်ငံရေး သမားများခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနှင့်ပြာသိုလဆန်း (၂) ရက်နေ့မှာကရင် လူမျိုးများ စုရဲ့အနာဂတ် အတွက် လူငယ်တွေ တွေ့ဆုံဆွေးနွေး ဟောပြောပွဲနဲ့ အမြင် ဖလှယ်ပွဲတွေ လုပ်ကြမှာ ဖြစ်ပါတယ်။
မေး။ ။ကရင် နှစ်သစ်ကူး နေ့မှာ ဘယ်ဒေသက ဒုံးယိမ်းအဖွဲ့ကိုဖိတ်ထား ပါသလဲအထူးသဖြင့် ဘယ်ဒေသ ကဒုံးအဖွဲ့ပါသလဲ။
ဖြေ။ ။ဒုံးယိမ်းအဖွဲ့ (၃၄) လောက်စာရင်းရောက် နေပြီးကြာအင်း ဆိပ်ကြီးမြို့နယ်၊လှိုင်ဘွဲမြို့နယ်ကော့ကရိတ် မြို့နယ်၊ဘားအြ ံမို့နယ်၊မြဝတီမြို့ နယ်ကဒုံးအဖွဲ့ တွေ ဖြစ်ပါတယ်။