ကရင်နီ လူမှုအသင်းအဖွဲ့ ကွန်ယက်သည် ကယား ပြည်နယ်၏ မြေယာနှင့် သဘာဝ သယံဇာတ အရင်း အမြစ် များ၏ အခြေ အနေ များနှင့် ၄င်းအပေါ် သဘောထား များကို ရယူရန် ပြီးခဲ့သည့် အောက်တို ဘာလ (၁၈) ရက်မှ (၂၀) ရက်နေ့ အထိ ထိုင်းနိုင်ငံနှင့် ကရင်နီ နယ်စပ် တနေရာတွင် ကရင်နီ လူမှု အသင်း အဖွဲ့ (၁၆) ဖွဲ့မှ ကိုယ်စားလှယ် များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ တရပ် ကျင်းပ ခဲ့ပါသည်။
အထူး သဖြင့် မြေယာနှင့် သဘာဝ သယံဇာတ အရင်းအမြစ် စီမံ ခန့်ခွဲရေး ဆိုင်ရာ ကိစ္စ များကို ဆွေးနွေး ခဲ့ပြီး သဘောထားရပ် တည်ချက် (၈) ချက် ထုတ်ပြန် နိုင်ခဲ့ ပါသည်။ ကရင်နီ ပြည်၏ သယံဇာတ စီမံကိန်း များကို အစိုးရ အဖွဲ့ ခရိုနီ များနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ တို့ကလုပ်ဆော င်နေခဲ့ ပါသည်။ လယ်ယာ၊ သစ်တော၊ ဓါတ်သတ္တု များနှင့် ရေးအား သယံ ဇာတများကို စီမံကိန်း အမျိုးမျိုး လုပ်ဆောင် နေကြပြီး ပြည်သူ လူထုမှာမူ ခံစားခွင့် မရှိခဲ့ဘဲ အကျိုးဆက်များကိုသာခံစား ခဲ့ရကြောင်း ဆိုပါသည်။
ကရင်နီ လူမှု အသင်း အဖွဲ့ ကွန်ယက်၏ ရပ်တည်ချက် များမှာ -
၁။ သဘာဝ သယံဇာတများ ထုတ်ယူ ရာတွင် ဒေသခံ လူထု များနှင့် ညှိနှိုင်း တိုင်ပင်ပြီး ပွင့်လင်း မြင်သာမှု ရှိရမည်။
၂။ ရှိထားသည့်ရိုးရာ ဓလေ့ထုံးတမ်း ဥပဒေကို မြေယာ၊ သယံ ဇာတနှင့် သစ်တော များကို ကာကွယ် ထိန်းသိမ်း ရန်အတွက် သင့်တော် ကောင်းမွန် ပါက ဥပဒေတွင် ပြန်လည် ပြဌာန်း ကျင့်သုံး ရမည်။
၃။ အစိုးရနှင့်ကုမ္ပဏီ များမှ အကောင် အထည်ဖေါ် လုပ်ဆောင် နေသည့် စီမံကိန်း ကြီးများနှင့်အခြား စီပွားရေး ရင်းနှီး မြုပ်နှံမှု စီမံကိန်း များ၏စီမံကိန်း နေရာ များသို့ လူမှု အသင်း အဖွဲ့ များမှ လွှတ်လပ်စွာ သွားရောက် လေ့လာ ဆန်းစစ် ပိုင်ခွင့် ရှိရမည်။
၄။ စီမံကိန်း အကောင် အထည် ဖေါ်သူ များသည် ထိခိုက် နစ်နာမှု တစုံတရာ အပေါ်တွင် တာဝန် ရှိပြီး စီမံကိန်း ထိခိုက်မှု ရှိသော ဒေသ များတွင် ရေရှည် တည်တံ့ ခိုင်မြဲသော လူမှု ဖွံ့ဖြိုးရေး များကို တာဝန်ယူ ဆောင်ရွက် ပေးရမည်။
၅။ စီမံကိန်း အကောင်အထည် ဖေါ်သူ များသည်ဒေသခံ၏ ရိုးရာ ဓလေ့ ကျင့်ထုံးကို လေးစား လိုက်နာ ရမည်။
၆။ မည်သည့် စီမံကိန်း များမဆို FPIC (Free, Prior and Informed Consent) ၏ လုပ်ထုံး လုပ်နည်း နှင့်အညီ အကောင် အထည်ဖေါ် လုပ်ဆောင် သင့်သည်။
၇။ ကရင်နီ ပြည်နယ်၏ ဖွံ့ဖြိုး တိုးတက် မူကို မဖန်တီး ပေးနိုင်သည့် စီမံကိန်း များအား ပြည်နယ်တွင် မပြုလုပ်ရ။
၈။ မည်သည့် အဲန်ဂျီအို/နိုင်ငံတကာ အဲန်ဂျီအို များ၏လူသားချင်း စာနာ ထောက်ထားမှု အကူ အညီများ ကူညီ ပေးစဉ်တွင် (Humanitarian Accountability Partnership -HAP Standard) စံချိန် စံညွှန်းနှင့် အညီ လိုက်နာ ကျင့်သုံး ရမည်။ ဆောင်ရွက်မည့် စီမံကိန်း အားလုံးသည် အခြေခံ လူထု ပိုင်ဆိုင်မှု၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု အခြေခံမူ သဘော တရားများ အတိုင်း အကောင် အထည်ဖေါ် လုပ်ဆောင် ရမည် ဖြစ်ပြီး ရှိထာသည့် လူမှု အသင်း အဖွဲ့ များနှင့် ၎င်းတို့၏ လုပ်ငန်း များကို လျစ်လျူရှု ကျော်လွှားခြင်း (သို့မဟုတ်) အားနည်း စေခြင်း မဖြစ်စေဘဲ အားကောင်း လာအောင် အားပေး ကူညီ သွားရမည်။
ဤသည် ကရင်နီ လူမှု အသင်း အဖွဲ့ ကွန်ယက်၏ သဘောထားများ ဖြစ်ပါသည်။ ဤသို့ကြောင့် ကရင်နီ ပြည်၏ လယ်ယာနှင့် သယံဇာတ အခြေအနေ များကို သိရှိ နိုင်ရန် မြေယာနှင့် သဘာဝ သယံဇာတ အရင်းအမြစ် စီမံ ခန့်ခွဲရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေး ခဲ့သော ကရင်နီ လူမှု အသင်းအဖွဲ့ ကွန်ယက်မှ တာဝန်ခံ ခူးမီရယ်ကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။
“ အဓိက ကျနော်တို့ ဒေသမှာ ရှိတဲ့ သဘာဝ သယံဇာတ တွေကို ဒေသခံ ပြည်သူ လူထု အနေနဲ့ ကိုယ်ပိုင် ခန့်ခွဲ ပိုင်ခွင့် ရှိဖို့နဲ့ ရရှိ လာတဲ့ အကျိုးအမြတ် တွေကို လူထုတွေ အတွက် အကျိုးပြု လုပ်ငန်း တွေအတွက် ခွဲဝေ သုံးစွဲ ကြပြီး ရေရှည် တည်တံ့ ခိုင်မြဲရေး လုပ်ငန်းတွေ ဖြစ်ဖို့ လိုလားခြင်း ဖြစ်ပါတယ်ဟု ခူးမီးရယ်က ဆိုပါသည်။
မေး ။ ။ ကယားပြည်နယ် (ခေါ်) ကရင်နီ ပြည်နယ်မှာ ရှိတဲ့ သယံဇာတ အမျိုးစားတွေကို ဘယ်လို သတ်မှတ် ထားပါ သလဲ။
ဖြေ ။ ။ မြေပေါ် မြေအောက် သဘာဝ သယံဇာတ ဖြစ်တဲ့ တွင်းထွက် ပစ္စည်းမှာ ဆိုရင် ခနောက်စိမ်း၊ ခဲမဖြူ အဖြိုက်နက်၊ လောပိတ ရေတံခွန် အပြင် လယ်မြေ ကိစ္စနှင့် သစ်တော ကိစ္စတွေကို အဓိကထား သတ်မှတ် ထားပါတယ်။
မေး ။ ။ သယံဇာတ ထုတ်လုပ်မှု အပိုင်းမှာ ပွင့်လင်း မြင်သာမှု ရှိရမယ် ဆိုတာက ဘာကို ပြောတာရှင်။
ဖြေ ။ ။ ပွင့်လင်း မြင်သာမှု ဆိုတာက အစိုးရပဲ ဖြစ်ဖြစ် ကုမ္ပဏီ တွေကပဲ ဖြစ်ဖြစ် စီမံကိန်း တစ်ခု လုပ်တော့မယ် ဆိုရင် ရင်းနှီး မြုပ်နှံမယ့် ငွေကြေး ပမာဏပဲ ဖြစ်ဖြစ် လုပ်ဆောင်တဲ့ လုပ်ငန်းပဲ ဖြစ်ဖြစ် လုပ်ဆောင်မယ့် စီမံကိန်း တွေအပေါ်မှာ ဒေသခံ လူထု တွေကို အရင်ဆုံး ချပြ ဆွေးနွေး ပေးရမယ်။ လူထု တွေရဲ့ သဘောထား ဆန္ဒ ပါရမယ်။ အဲဒီလို အပြန်လှန် ညှိနှိုင်းပြီး ပွင့်ပွင့် လင်းလင်း လုပ်ဆောင် ရမယ် ဆိုတာကို ပြောတာပါ။
မေး ။ ။ ကယားပြည်နယ် (ခေါ်) ကရင်နီ ပြည်နယ်မှာ လက်ရှိ သယံဇာတ ထုတ်လုပ်မှု တွေက ဘာတွေ ရှိလဲ။
ဖြေ ။ ။ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ကာလမှာ သတ္တုတွင်းမှာ ရင်းနှီး မြုပ်နှံ မှုတွေ တော်တော် များများ ထပ်ပြီး ၀င်လာ တာပေါ့နော်။ ခနောက်စိမ်း ကျောက်တွေ၊ ခဲမဖြူ၊ အဖြိုက် နက်တွေ၊ သံလွင်မြစ်ကျော ထဲမှာ ရွှေတွေကို အရင်ကထက် ပိုပြီး တူးဖော် ထုတ်ယူ လာနေ တာတွေ တွေ့ရှိ ရပါတယ်။
မေး ။ ။ ဒါဆို အဲဒီ ထုတ်လုပ် သူတွေက ဘယ်သူ တွေလဲ။ သူတို့ တွေက ဘယ်လို ထုတ်လုပ် မှုတွေ ပြုလုပ်ပြီး ဘယ်လို အနေအထားမှာ ရှိနေတယ် ဆိုတာကို အကျဉ်းချုပ် ပြောပြလို့ ရမလား။
ဖြေ ။ ။ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှာ နေပြည်တော် အစိုးရရဲ့ ခွင့်ပြုချက် ရတယ် ဆိုပြီး ကရင်နီ ဒေသ တွေမှာ စီးပွားရေး လုပ်ငန်း ရှင်တွေ၊ ငွေရှင်၊ ကြေးရှင်း ကုမ္ပဏီ ပိုင်ရှင်တွေ ချမ်းသာတဲ့ သူတွေပေါ့။ သူတို့ကတော့ ဒေသခံ လူထု တွေနဲ့ ညှိနှိုင်း တိုင်းပင်ပြီး လုပ်တယ်လို့ ပြောတယ် ဆိုပေမယ့် ကျနော် တို့က ဒေသခံ လူထု တွေနဲ့ ပြောဆို ဆွေးနွေးတဲ့ အခါ ကျတော့ သူတို့ လုပ်တာကို လူထု တွေက မသိ သလောက် ပါပဲ။ ပြီးတော့ ဒေသခံ တွေက ပြောတယ် သူတို့က ညှိနှိုင်း တိုင်ပင်မှု မရှိတဲ့ အပြင် လူထု ဆန္ဒ သဘောထား မပါဘူးလို့ ဒေသခံ တွေက ပြောကြတယ်။ အဲဒီ လူတွေ ကလဲ အစိုးရရဲ့ ခွင့်ပြုချက် အမိန့်နဲ့ပဲ လာရောက် လုပ်ကိုင် ကြတာ ပဲပေါ့။
မေး။ ။ သယံဇာတ ထိန်းသိမ်းရာမှာ ကရင်နီတွေရဲ့ ဓလေ့ ထုံစံဟာ ဘယ်လိုတွေရှိနေလို့လဲပေါ့။
ဖြေ။ ။ အဓိကတော့ ဓလေ့ ထုံးစံက ဘိုးဘွား အစဉ်အဆက်က လုပ်ကိုင် စားသောက်တဲ့ လယ်ယာမြေ လုပ်ငန်း၊ ပိုင်ဆိုင် ခဲ့တဲ့ တပိုင် တနိုင် သစ်တောတွေ နေရာ ဒေသတွေ ရှိတယ်။ တရွာနဲ့ တရွာ လုပ်ကိုင် စားသောက်တဲ့ မြေဧရိယာတွေ သူတို့ဟာနဲ့ သူတို့ ဓလေ့တွေ သတ်မှတ် ထားကြတာတွေ ရှိပါတယ်။ အဲဒါ တွေကို ပြောတာပါ။
မေး။ ။ ဘယ် စီမံကိန်း မဆို Free Prior and Informed Consent (FPIC) လုပ်ထုံး လုပ်နည်းနဲ့ လုပ်ကိုင်ပြီး အကောင်အထည် ဖော်သင့် တယ်လို့ ပြောထားတာ ဆိုတော့ (FPIC) စနစ်ရဲ့ လုပ်ထုံး လုပ်နည်း အကျဉ်းကို ပြောပြ ပေးလို့ ရနိုင်မလား။
ဖြေ။ ။ FPIC ဆိုတာက နားလည် လွယ်အောင် ပြောရရင်တော့ စီမံကိန်း တစ်ခု လုပ်တော့မယ် ဆိုရင် လူနည်းစု တွေရဲ့ အခွင့်အရေးကို အခြေခံ ပြီးတော့ ကြိုတင် အသိပေး ရမှာ ဖြစ်သလို လုပ်ငန်း တွေကို ဒေသခံ လူထု တွေနဲ့ ညှိနှိုင်း တိုင်ပင်မှု ရှိရမယ် ဆိုတာ ပါပဲ။ ဒါက UN ကနေ ထုတ်ပြန် ထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ အစိုးရ ကလည်း ဒီစာအုပ် အပေါ်မှာ အခြေခံ ပြီးတော့ လုပ်ငန်းတွေ အကောင်အထည် ဖော်သွား ကြမယ်လို့ သဘောထား လက်မှတ် ထိုးပြီး ကြတဲ့ စာအုပ်လည်း ဖြစ်တယ်။ ဒီစာအုပ်နဲ့ ပတ်သတ်ပြီး လူထု တွေကို အသိပေး ရမယ်။ လူထု တွေကို လွတ်လပ်စွာ ဝေဖန် ပိုင်ခွင့် ရှိရသလို လူနည်းစု တွေရဲ့ အခွင့် အရေးကို အကာအကွယ် ပေးတဲ့ အနေနဲ့ ထည့်သုံး ထားခြင်း ဖြစ်ပါတယ်။
မေး။ ။ ကရင်နီ ပြည်မှာ သယံဇာတနဲ့ ပတ်သတ်ပြီး ပြည်သူ လူထုတွေက ဘာတွေ နစ်နာနေတာ ရှိပါသလဲ။
ဖြေ။ ။ နစ်နာချက် ကတော့ အများကြီး ပါပဲ။ ဥပမာ- လောပိတ ရေအား လျှပ်စစ်က ထုတ်ယူ နေတာက နှစ်ပေါင်း ၁၀ နဲ့ ချီနေပီး ထုတ်ယူ သုံးစွဲ ကြတာ ဖြစ်တယ် ဒေသခံ လူထု အတွက် ဘာအကျိုး အမြတ်မှ မရ ရှိဘူး။ အခု အစိုးရ လက်ထက်မှာ ဖက်ဒရယ် အစိုးရလို့ သူတို့ သုံးစွဲ ခေါ်နေ ပေမယ့်လည်း ပြည်နယ် အဆင့်မှာ သဘာဝ သယံဇာတနဲ့ ပတ်သတ်ပြီး ပြည်သူ တွေက ရပိုင်ခွင့် အကျိုး အမြတ် ခံစားခွင့် မရှိဘူး။ ကျွှန်းသစ်တွေ ထုတ်လုပ်တဲ့ အပိုင်းတွေ အစိုးရက နေပြီးတော့ ကြပ်မတ်ပြီး လုပ်ကိုင် သွားတဲ့ အတွက် ရရှိတဲ့ အကျိုး အမြတ် အပေါ်မှာ လူတွေ အတွက် ပညာရေး၊ ကျန်းမာရေး၊ ဘာမှ အကျိုး ခံစား ပိုင်ခွင့် မရှိဘူး။ နောက်ပြီး မော်ချီး သတ္တုတွင်းနဲ့ ပတ်သတ် ပြီးတော့ နှစ်ပေါင်း ရာချီနဲ့ လူထု တွေက တပိုင် တနိုင်နဲ့ လုပ်ကိုင် စားသောက် နေတဲ့ လူထု တွေအပေါ် အစိုးရက ဦးပိုင် စနစ်နဲ့ လာပြီး လုပ်ကိုင်တဲ့ အချိန် လူထု တွေက စျေးနည်းနည်း နဲ့ပဲ ဦးပိုင် ထဲကိုပဲ ရောင်းရမယ် အကျိုးအမြတ် တွေကို လွတ်လွတ်လပ်လပ် ခံစား ပိုင်ခွင့် မရှိဘူး ဒါတွေ အားလုံးက လူထု အတွက် နစ်နာ ချက်တွေ ဖြစ်ပါတယ်။
မေး။ ။ သယံဇာတ ကိစ္စကို ဘယ်လိုမျိုး ခွဲဝေ သုံးစွဲ သင့်တယ်လို့ ယူဆ ပါသလဲ။
ဖြေ။ ။ အဓိကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အများကြီး သက်ဆိုင်မှု ရှိပါတယ်။ လက်ရှိ အစိုးရ ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သတ် ပြီးတော့ ဗဟိုကနေ ပြီးတော့ ရလာတဲ့ သယံဇာတ အကျိုး အမြတ်တွေ အခွန် အကောက် တွေကို ထိန်းချုပ် ထားတဲ့ ဥပဒေ ဖြစ်နေတယ်။ ဗဟို အစိုးရ က ဘယ်လောက် ထုတ်ယူ သုံးစွဲခွင့် ရှိတယ် ပြည်နယ် အဆင့်မှာ အကျိုးအမြတ် ရတဲ့ အပေါ် ဘယ်နှစ်ရာခိုင်နှုန်း ခွဲဝေ သုံးစွဲ သင့်သလဲ ဆိုတာကို တိတိကျကျ ထည့်သွင်း ရေးဆွဲ ဖော်ပြ ထားတာ မရှိဘူး။ အဲဒါကို တိတိ ကျကျ ထည့်သွင်း ရေးဆွဲပြီး ဖော်ပြ သင့်တယ်။ ဒေသခံ လူထုတွေ အကျိုး ဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ် အစိုးရ လက်ထဲ မှာလဲ အာဏာ ခွဲဝေ ပေးသင့်တယ်။ ဖက်ဒရယ် ပြည်ထောင်စု လွှတ်တော် စနစ် သွားပြီး သယံဇာတ ထုတ်ယူ သုံးစွဲတဲ့ နေရာမှာ ဒေသခံ လူထု တွေက ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့် ရှိသင့်တယ်။ လူထု တွေဆီက နေပြီးတော့ ရေရှည် အကျိုးအမြတ် ဖြစ်စေ နိုင်တဲ့ သယံဇာတ ထုတ်ယူ သုံးစွဲ မှုတွေ လုပ်ပိုင် ခွင့်တွေလည်း ပေးဖို့ လိုအပ်တယ်။ အစိုးရက နေပြီးတော့ အားလုံး ထိန်းချုပ်ဖို့ မသင့် ဘူးလို့ မြင်ပါတယ်။
မေး။ ။ ဆရာတို့ ဒီနေ့ ရက်စွဲနဲ့ မြေယာနှင့် သယံဇာတ အရင်းအမြစ် စီမံ ခန့်ခွဲမှု အပေါ် ထုတ်ပြန်ချက် တစ်စောင်ကို တွေ့လိုက် ရတယ် အဲဒီ ထုတ်ပြန် ချက်ကို ဘယ်လို အကောင်အထည် ဖော်သွား မလဲ။
ဖြေ။ ။ လောလော ဆယ်တော့ ကျနော်တို့ ခေါင်းစဉ် (၃) ချက်ကို ဆွေးနွေး ဖြစ်တယ်။ ၁) သယံဇာတ ထုတ်ယူ သုံးစွဲမှု၊ ၂) မြေယာ သိမ်းဆည်း မှုနှင့် မြေယာ ပိုင်ဆိုင်မှု၊ ၃) လူသားချင်း စာနာ ထောက်ထားမယ့် အကူအညီတွေ ၀င်လာတဲ့ အပေါ် ကနေ ဆွေးနွေး ပြီးမှာ ထုတ်ပြန် ချက်ကို ထုတ်တယ်။ ရှေ့ဆက် ဘယ်လို အကောင်အထည် ဖော်သွား မလဲ ဆိုတာက ဒေသ လူထု တွေရဲ့ သဘောထား အရ လူထု တွေက ဘယ်လို ဖြစ်စေ ချင်သလဲ၊ ဖြစ်ချင်တဲ့ မူဝါဒ အမြင် သဘောထားကို ရေးသား ပြုစု ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်း၊ အစိုးရ တွေကို တင်ပြ သွားမယ် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးတဲ့ အခါ ဒီကိစ္စကို အခြေခံပြီးတော့ နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာ ဒီအချက်တွေ ထည့်သွင်း ဆွေးနွေး ပေးသွားဖို့ လုပ်သွား မှာပါ။
မေး။ ။ ဒီထုတ်ပြန်ချက် တွေကို လူထုတွေနဲ့ ဆွေးနွေး ပြီးမှ ထွက်လာတဲ့ ထုတ်ပြန် ချက်လား။
ဖြေ။ ။ ဒေသခံ လူထုတွေနဲ့ သွားရောက် တွေ့ဆုံ ပြီးမှ ဒီထုတ်ပြန် ချက်တွေက ထွက်လာ ပါတယ်။ အောက်တို ဘာလ ၁၈ ကနေ ၂၀ ရက်နေ့ အထိ နယ်စပ် ဒေသမှာ အစည်းအဝေး တစ်ရပ် ပြုလုပ် ခဲ့ပါတယ်။ နယ်စပ်မှာ ရှိတဲ့ CBO (၆) ဖွဲနဲ့ ပြည်တွင်းမှာ ရှိတဲ့ CBO ပေါင်းပြီး စုစုပေါင်း (၁၆) ဖွဲ့နဲ့ ကိုယ်စားလှယ် (၄၈) ဦး တက်ရောက် ဆွေးနွေး ခဲ့ပါတယ်။ အထူး သဖြင့် နယ်စပ် အခြေစိုက် CBO အဖွဲ့ တွေရဲ့ သဘောထား ချည်းပဲ မဟုတ်ပဲ လူထု ကြားမှာ လုပ်ကိုင် နေတဲ့ အဖွဲ့တွေ၊ အကြီးစား စီမံကိန်း စောင့်ကြည့်ရေး အဖွဲ့တွေ၊ မြေယာ ကိစ္စ လုပ်ကိုင်တဲ့ အဖွဲ့တွေ စုပေါင်းပြီး ရလာတဲ့ အချက်တွေ စုပြီးမှ ထုတ်ပြန်ချက် ထွက်လာ တာပါ။ ဒါက ပထမဆုံး ခြေလှမ်း ကနေ ဆွေးနွေး ပြီးမှ ရလာတဲ့ အချက်တွေ ဖြစ်ပါတယ်။