(၇) နာရီကျော် ဖြစ်ခဲ့သော တိုက်ပွဲအပေါ် RCSS တို့သဘောထား

(၇) နာရီကျော် ဖြစ်ခဲ့သော တိုက်ပွဲအပေါ် RCSS တို့သဘောထား
by -
ရွှေဟင်္သာ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် (၂၀၁၁) ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ထို့အပြင် RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ၂၀၁၃ ခု နှစ်ဇွန်လ(၁၀) ရက်နေ့ တွင်နေပြည်တော်သို့ သွားရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

rcss-other

ဤကဲ့သို့ အပစ်အခတ် ရပ်စဲထားပြီး ဆက်ဆံရေးကောင်းမွန်နေသည့် RCSS အပေါ်တွင် အစိုးရတပ်များ၏ အကြိမ်ပေါင်း (၁၀၀)ခန့် တိုက်ခိုက်မှုကို ခံခဲ့ရသည် ဟု ပြော ခွင့်ရသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ဆိုပါသည်။ RCSS သည် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို လိုလားသဖြင့် ငြိမ်းချမ်းရေးဖြစ်စေသော လုပ်ရပ်မှန်သမျှ လိုက်လျောသည့် အနေဖြင့် အစိုးရဖက်မှ မည်သို့ပင်တိုက်ခိုက်စေကာမူ အလျှော့ပေး အနစ်နာခံ ဆက်ဆံလာခဲ့သည်ချည်း ဖြစ်သည်ဟုဆိုပါသည်။

ထို့အပြင် အစိုးရရာဇသံကို နာခံပြီးတပ်ဆုတ်ပေးခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် လိုလား ခြင်း၊ တိုက်ပွဲမဖြစ်ပွားစေရန်အတွက် လိုအပ်သော အချက်များကို တင်ပြပေးခြင်း တို့သည်လည်း ငြိမ်းချမ်းရေးကို ရှေ့ရှု သောအားဖြင့် မရမကဆောင်ရွက်ပေးခဲ့သည်ဟုဆိုပါသည်။

သို့သော် အစိုးရဖက်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မလိုက်နာခြင်း၊ အကောင်အထည်ဖေါ်မှုမရှိခြင်း၊ အကြိမ်တရာခန့် တမင်တိုက်ခိုက်ခြင်းတို့ဖြင့် တုန့်ပြန်ခဲ့ပါသည်။ သို့သော် RCSS သည် အပစ်အခတ်ရပ်စဲရေး မပျက်ပြားသွားစေရန်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။   

အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်ကမူ ၊ နောက်နောင်ဘယ်တော့မှ တိုက် ပွဲမဖြစ်စေရပါဘူး။ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ လက်အောက်ခံပြသနာပါ၊ ငြိမ်းချမ်းမှုကို ပျက်စေလောက်သည့် ပြသနာမ ဟုတ်ဘူး။ စသည့်စသည့် ဂတိပေါင်းများစွာပေးသော်လည်း တိုက်ခိုက်မှုများက ယနေ့အထိဖြစ်ရှိနေဆဲဖြစ်ကြောင်း RCSS က ဆိုပါသည်။

ဥပမာ ဇွန်လ(၁၀)ရက်နေ့တွင် RCSS ဥက္ကဌ သည် သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဇူလိုင် (၂၄)ရက်နေ့တွင် RCSS အား(၇)နာရီကျော်ကြာမျှ တိုက်ခိုက်ခဲ့ပါသည်။ အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်သော RCSS အား အဘယ်ကြောင့် ထိုသို့ အမြစ်ပြတ် တိုက်ခိုက်နေရသနည်း။  RCSS ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်အား ရွှေဟင်္သာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။      ။ RCSS နဲ့အစိုးရတပ်တို့တိုက်ပွဲအပြင်းထန် ဖြစ်ပွားခဲ့တယ်လို့ကြားတယ်အဲဒါဟုတ်ပါသလား။ဘယ်နေရာမှာ ဘယ်လိုဖြစ်ခဲ့ပါသလဲဆရာ?။  

ဖြေ။      ။ဟုတ်ပါတယ်။ဇူလိုင်၂၄ရက်နေ့ကကျောက်မဲမြို့နယ်နဲ့၁၀မိုင်လောက်အကွာဟူးဆွန်ဘက်ကျေးရွာဖက် မှာဖြစ်ပွားခဲ့ပါတယ် aျနော်တို့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်နမ့်ခမ်း ကျောက်မဲမိုးမိတ်မြို့ နယ်ရဲ့တောတောင်တွေကြား မှာလှုပ်ရှားနေတာပါ။ဒီနေရာတွေကလည်းအပစ်အခတ်မရပ်စဲခင်ကတည်းကရှိနေတဲ့တပ်နေရာတွေ ပါ။အပစ်ခတ်ရပ်စဲရေးလုပ်တော့လည်းတောထဲမှာပဲနေကြတယ် အစိုးရတပ်တွေရှိတဲ့နေရာနဲ့ပစ်ခတ်မှုတွေမရှိ စေဖို့ဂရု စိုက်ပြီးနေကြပါတယ်။

မေး။      ဒါဆိုတိုက်ပွဲဖြစ်တယ်ဆိုတော့ဘယ်နှစ်နာရီလောက်ကြာသလဲသူတို့ ဘက်ကရောအင်အားဘယ် လောက်ရှိ တယ်လို့သိရသလဲ။

ဖြေ။      ။တိုက်ပွဲကတော့၂၄ရက်နေ့ညနေ၅နာရီကနေသန်းခေါင်အထိပါပဲ။အင်းအားကစစ်ကြောင်းတစ်ကြောင်းစာ၅၀၊၆၀၀န်းကျင်းတော့ရှိပါတယ်။ဒီနယ်မြေကတော့ အရှေ့မြောက်တိုင်း တပ်တွေက ပိုဖြစ်များပါတယ်။ ဒါမှမဟုတ် စကခတွေလည်း ဖြစ်နိုင်တယ်။ တပ်တွေက မမှတ်မိလောက်အောင် ရှုတ်ထွေးနေတယ်လေ။

မေး။      ။အထိခိုက်နဲ့ကျဆုံးမှုအခြေနေကိုရောပြောနိုင်မလား။

ဖြေ။      ။ဆက်သွယ်ချက်အရကတော့ ရွာသူရွာသားတွေဆီကသိထားရသလောက်ပြောရရင်တော့၁၀ယောက် ကျပြီးတော့အယောက်၂၀နီးပါးဒဏ်ရာရတယ် လို့ ပြောပါတယ်။ကျနော်တို့တပ်ဘက်ကတော့ တဦးဘဲ ကျတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကာဗာတွေဗုံးခိုကျင်းတွေမှာနေတယ်။ သေသေချာချာ နေရာယူပြီး ပစ်ကွင်းတွေ ရှင်းထားပါတယ်။ အဲဒါကိုသူတို့ ၀င်တိုက်တယ်ဆိုတော့ အထိနာတာပေါ့။  ဒါပေမဲ့ အစိုးရတွေကတော့ နောက်လဲ တိုက် လာဦးမှာပါ။သူတို့ကကျနော်တို့ရှိနေတဲ့တောင်ပေါ်ကိုစီမံကိန်းရှိရှိ နဲ့စစ်ဆင်နေတာ ဖြစ်ပါတယ်။

မေး။      ။တိုက်ပွဲဖြစ်ခဲ့တဲ့အခြေနေတွေကိုအစိုးရဘက်ကတာဝန်ရှိသူတွေကိုအကြောင်းကြားတာမျိုးလုပ်သေးလား။သူ တို့ဘက်ကရော ဘာတွေပြောသေးလဲ။

ဖြေ။      သူတို့ဘက်ကဒီကနေ့အချိန်အထိဘာမှမပြောသေးတော့ကျနော်တို့ဘက်ကလည်းကိုယ့်အမှား မဟုတ်တော့သွားပြီးမပြောသေးဘူးလေ။

မေး။      ။အပစ်ရပ်တုန်းက နှစ်ဖက်သွားလာမှုအစီအစဉ်တွေ၊ နေရာချထားမှုတွေ၊ ဘယ်လိုအကန့်သတ်တွေ ထားပါ သ လဲပြောပြနိုင်မလား။

ဖြေ။      ။ဒီလိုပါလက်နက်မပါပဲလွတ်လွတ်လပ်လပ်သွားလာဖို့၊လက်နက်ပါခဲ့ရင်ကြိုတင်ခွင့်ပြုချက်ယူဖို့၊ကြိုတင်အ သိပေးပြီးမှလှုပ်ရှားသွားလာဖို့သဘောတူညီချက်တွေနဲ့ကန့်သတ်ထားပါတယ်။

မေး။      ။ဆရာတို့ဘက်ကဒီနယ်မြေမှာရှိနေတာကိုအစိုးရဘက်ကသက်ဆိုင်ရာကိုအကြောင်းကြားတာမျိုးရှိလား။

ဖြေ။      ။ကျနော်တို့ဘက်ကသဘောတူညီထားသည့်အတိုင်းတပ်သားတွေကဒီနယ်မြေမှာရှိနေတာကိုအစိုးရဘက်ကသက်ဆိုင်ရာတပ်မှူးတွေတာဝန်ရှိတဲ့သူတွေနဲ့အကြောင်းကြားထားပါတယ်။အစိုးရဘက်ကဘဲဒီနယ်မြေလာတာ ကျ နော် တို့ကိုအသိပေးခြင်းမရှိပါဘူး။

မေး။      ။ RCSS ဘက်ကတာဝန်သိစိတ်နဲ့အစိုးရဘက်ကိုအကြောင်းကြားထားပါရက်နဲ့ဘာကြောင့်တိုက်ပွဲဖြစ်ရတာ လဲ။

ဖြေ။       ကျနော်တို့ဘက်ကအကြောင်းကြားပါရက်နဲ့အခုလိုတိုက်ပွဲဖြစ်တာဟာအစိုးရတပ်ဘက်ကစီမံကိန်း ရှိရှိနဲ့ကျနော်တို့ရှိတဲ့နေရာကိုလာပြီးတိုက်တယ်လို့မြင်ပါတယ်ကျနော်တို့နဲ့မကြာခဏ တိုက်ပွဲဖြစ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်တဲ့အချိန်တိုင်းကကျနော်တို့ဘက်ကတော့အရင်မစခဲ့ပါဘူးဒါပေမယ့်ကျနော်တို့ရှိ တဲ့နေရာကိုလာတိုက်တော့ဒါကစီမံ ချက်အရတမင်သက်သက်လာတိုက်သလိုဖြစ်နေတယ်။ကျနော်တို့လည်းနောက်မဆုတ်ဘူးပြန်လည်ခုခံရင်းနဲ့ပြန် တိုက် ရတာဖြစ်တယ်။

မေ။       ။တိုက်ပွဲဖြစ်တဲ့အပေါ်မှာ RCSS အနေနဲ့ဘယ်လိုမှတ်ချက်ပေးသလဲဆိုတာသိပါရစေ။

ဖြေ။       မှတ်ချက်ကတော့အပစ်ခတ်ရပ်စဲရေးလုပ်ပြီးနောက်ပိုင်းတိုက်ပွဲဖြစ်တာ၁၀၀ထက် မနည်းဖြစ်ခဲ့ပြီးပါပြီး။အပစ်ခတ်ရပ်စဲရေးလည်းလုပ်ထားတယ်တိုက်ပွဲလည်းဆက်ဖြစ်နေတယ်ဆိုတော့ ကျနော်တို့ဘက်ကအသေချာစီစစ်ကြည့် တော့အစိုးရတပ်တွေကကျနော်တို့သဘောတူညီချက်အတိုင်း မလိုက်နာတဲ့အတွက်ဖြစ်သလိုကျနော်တို့ကိုစီမံချက် ရှိ ရှိနဲ့လာတိုက်တာဖြစ်တယ်။တိုက်ပွဲဖြစ်ရတဲ့အကြောင်းကကျနော်တို့၁) သဘောတူချက်အတိုင်းမလိုက်နာတာလဲပါ တယ်။၂)  နယ်မြေဒေသတိတိကျကျသတ်မှတ်မှုမရှိတာလဲပါတယ်။၃) ကျနော်တို့အပစ်ခတ်ရပ်စဲရေးဆိုင်ရာကျင့် ၀တ် တွေစည်းကမ်းတွေကိုလိုက်နာခြင်းမရှိသည့်အတွက်ကြောင့်ပါတယ်လို့မှတ်ချက်ပေးလိုပါတယ်။

မေး။      ခုနကဆရာပြောတဲ့အထဲမှာအပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းတိုက်ပွဲတွေအကြိမ်း၁၀၀ထပ်မနည်း ဖြစ်ကြတယ်ဆိုတော့ဒီတိုက်ပွဲတွေကြောင့်အပစ်ခတ်ရပ်စဲရေးကိုမထိခိုက်နိုင်ဘူးလာ။

ဖြေ။      ။အပစ်အခတ် ရပ်စဲရေး မထိခိုက်အောင်တော့ ကျနော်တို့ ထိန်းသိမ်းရဖို့ တာဝန်ရှိတယ်။ ထိန်းသိမ်းဖို့ကလည်းကျ နော်တို့မှာတာဝန်ရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျနော်တို့ကငြိမ်းချမ်းရေး ကိုအမှန်တကယ်လိုချင်ပါတယ်။အစိုးရ ဘက်ကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အစိုးရဘက်ကလည်း ထိန်းသိမ်းဖို့လိုအပ်တယ်။ မပြေလည်သေးတဲ့နိုင်ငံရေးကိုဆွေးနွေးရလိမ့်မယ်လို မျှော်လင့်တယ် အစိုးရဘက်ကတံခါးဖွင့်ပေးတဲ့အချိန်ကျနော်တို့ကဆွေးနွေးဖို့တံခါး ပေါက်နားမှာတောင် ရောက်နေပြီးရှေ့ဆက်မပြေလည်းသေးတဲ့နိုင်ငံရေးပြသနာကိုဆွေးနွေးပွဲစားပွဲပေါ်ရောက်လာအောင်  ကျနော်တို့ကစောင့်ရှောက်ရမှာဖြစ်တယ်။အပစ်အခတ်ရပ်စဲရေး မတိုင်ခင်လည်းငြိမ််းချမ်းရေးကို တောင်းဆိုတာပဲအခုအပစ်ခတ်ရပ်စဲ ရေးလုပ်ထားပြီးပြီးဒါကိုမပျက်ပြယ်အောင်နှစ်ဖက်စလုံးမှာ တာဝန်ရှိပြီးသဘောတူညီချက်တွေကိုလိုက် နာရမယ်လို ကျနော်တို့မြင်ပါတယ်။

မေး။      ။အခုလို တိုက်ပွဲမျိုးဆက်ဖြစ်နေမယ်ဆိုရင်အပစ်ခတ်ရပ်စဲရေးတွေ ပျက်တဲ့အဆင့်ကော မရောက်နိုင်ဘူးလား။

ဖြေ။      ။အပစ်အခတ်ရပ်စဲရေးလုပ်တာဟာနိုင်ငံရေးဆွေးနွေးရေးအတွက်လုပ်ဖို့ဖြစ်ပါတယ်။မပြေလည်သေးတဲ့ပြသ နာဖြစ်နေတဲ့နိုင်ငံရေးပြေလည်လာအောင်အဖက်ဖက်ကနေဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင်အားလုံးပြေလည်အောင်ပဏာမအနေနဲ့အပစ်ခတ်ရပ်စဲရေးလုပ်တာပါ။ငြိမ်းချမ်းရေးပေါ်ပေါက်လာဖို့အတွက်အပစ်ခတ်ရပ်စဲရေးမပြေလည်ရင်ငြိမ်းချမ်းရေးကိုတကယ်ဖော်ဆောင်နိုင်စွမ်းမရှိဘူးလို့မြင်တယ်။

ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်ရေးတည်ဆောက်တဲ့နေရာမှာယုံကြည်မှုတည်ဆောက်ဖို့လိုတယ်ယုံကြည်မှုမရှိဘူးဆိုရင်ဘယ်လိုမှငြိမ်းချမ်းရေးတည်ဆောက်လို့မရဘူးနိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ ယုံကြည့်မှုမရှိရင် ဘယ်လို ဆွေးနွေးကြ မလဲဒါကြောင့်မို့အပစ်ခတ်ရပ်စဲရေးရေရှည်တည်မြဲအောင်အပစ်ခတ်ရပ်စဲ ရေးဖြစ်ပေါ်အောင်နှစ်ဖက်လုံးအပစ်ခတ်ရပ်မှ ဖြစ်မှာပါတစ်ဖက်ကရပ်ပြီးတစ်ဖက်ကမရပ်ဘူးဆိုရင်အခုလိုပဲ မလိုအပ်တဲ့တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဒါတွေအားလုံး ကငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်အလှမ်းဝေးနေ သေးတယ်လို့မြင်ပါတယ်။

မေး။      ။ဆရာတို့ကသမ္မတနဲ့ တွေ့စဉ်တုန်းကပစ်ခတ်မှုဖြစ်ခဲ့တဲ့အခြေနေကိုတိုင်ကြားတာမျိုး၊တင်ပြတာမျိုးကောရှိ ခဲ့သလား။

ဖြေ။       တင်ပြခဲ့ပါတယ်သမ္မတကတော့အဲဒီလိုမဖြစ်ရအောင်နှစ်ဖက်စလုံးစောင့်ထိန်းဖို့လို တယ်လို့ပြောတယ်နောက်ပြီးစောင့်ကြည့်ရေးအဖွဲ့ဖွဲ့ဖို့နဲ့နှစ်ဖက်တပ်လိုက်နာမယ့်ကျင့်ဝတ်တွေရှိဖို့ဆိုတာကိုလည်းသမ္မတကသဘောတူတာပဲဒါပေမယ့်လက်တွေ့မှာကအခက်ခဲဖြစ်နေတယ်အခုအချိန်ထိ အကောင်အထည်မဖော်နိုင်သေးဘူးဖြစ်နေတယ်။ မလိုက် နာတာက သူတို့ဖက်လေ။

မေး။      ။ဘယ်လိုအခြေနေတွေကြောင့်ခုချိန်ထိအကောင်အထည်မဖော်နိုင်သေးတာလဲ။

ဖြေ။       ထိပ်ပိုင်းခေါင်းဆောင်တွေကသဘောတူညီကြတာပဲအကောင်ထည်ဖော်မဲ့အပိုင်းကနှောင့် နှေးနေပါတယ်။ဘာ ကြောင့်နှောင့်နှေးနေသလဲဆိုတော့အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ပြုလုပ်နေတဲ့ဆန္ဒနဲ့အညီတပ်မတော်ကလိုက်နာဖို့တစုံတရာအဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောလားဆိုတာကျနော်တို့မပြောနိုင်ပါဘူး။ 

Most read this week