မြန်မာနိုင်ငံ အောက်ခြေ ပြည်သူ့ရဲများ၏ ဘဝ

မြန်မာနိုင်ငံ အောက်ခြေ ပြည်သူ့ရဲများ၏ ဘဝ
by -
ခိုနူမ်းထုန်

ကျတော် မင်းတပ်မြို့နယ်၊ အေးစခန်းရွာက ဆလိုင်းလိန်းအောမ်ပါ၊ အဖေက ပူး လိန်တမ်၊ အမေ ပီး အေနို်င်း မွေးချင်း ငါးယောက်၊ လက်ရှိ အသက် ၂၆ နှစ်ပါ၊

SAM_4204
၂၀၁၀ ခုနှစ် ၄ လပိုင်း တရက်နေ့မှာ တွွန်းဇံ ရဲစခန်းမှာ ရဲထဲ ၀င်လိုက်တယ်၊ ကျတော့်ကို ဟားခါး မြို့ကို ပို့ပြီး မြို့သစ် ရဲစခန်းမှာ ထားကြတယ်၊ ၁၀ လ လုံးလုံး အုတ်ဖုတ်တယ်၊ ဒီအုတ်တွေက မြို့သစ်ရဲတွေ ၀င်ငွေအတွက် ဖြစ်တယ်၊ အုတ်ဖုတ်ခ ကျတော် တပြားတောင်မရခဲ့ဘူး။

၂၀၁၁ ခုနှစ် နို၀င်ဘာ (၁) ရက်နေ့မှာ  ကျတော့်ကို သင်တန်းကျောင်းပို့ကြတယ်၊ သင်တန်းကို ဇွန်လ  (၅) ရက်နေ့ စ တယ်၊ သင်တန်းကာလ ၃ လပေါ့၊ သင်တန်းကျောင်းက အမှတ် (၄) ရဲတပ်ရင်း၊ ရွေစာရံ၊ မန္တလေးပေါ့၊ သင်တန်းဆင်းပြီး စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အမှတ် ( ၁၆) တပ်ရင်းမှာ တာဝန်ကျတယ်၊

အရင်နေပြည်တော်ရဲလို့ခေါ်တဲ့ ဟာပေါ့၊ လိုအပ်ယင် စစ်တိုက်ရမယ်၊ ဥပမာ – မီဇိုရမ်ပြည်နယ်မှာဆိုယင် Home guard ပေါ့ကွာ၊ လူကြီး၊ အိမ်၊ အစိုးရရုံး တွေ လုံခြုံရေးတာဝန်ယူတဲ့ ရဲတွေပေါ့၊ ပြောရယင်  ၈၈ အရေးအခင်းတုန်းက ရန်ကုန်မှာ ပြည်သူကို သေနတ်နဲ့ ပစ်သတ်တဲ့ ရဲဆိုတာ အခု ကျတော်တို့လို ရဲတွေပေါ့၊

ကျတော် တလ ကျပ်ငွေ ၃၅၀၀၀ လစာရတယ်၊ အဲဒီလစာကနေပဲ မဝယ်မနေရ စကားပြောစက် ( ကျပ်ငွေ သုံးသောင်း)၊ ၀တ်စုံ နဲ့ အရပ်ဝတ်တွေ ၀ယ်ရတယ်၊လဘက်ရည်ဆိုင်ဆိုတာ အနားကိုတောင် မသီရဲဘူး၊ ပြီးတော့ တနေ့ ကျပ် ၅၀၀ ကို ထမင်းစရိတ်ပေးတယ်၊ တလ ၅ သောင်းပေါ့၊ ဒါပေမဲ့ ထမင်းစရိတ် ၅၀၀ ထဲက ၃၀၀ ကို တပ်ခွဲမှူးက ပြန်ဖြတ်တယ်၊ ၂၀၀ ကျန်တာပေါ့၊ တနေ့မှာ လူ ၈ ယောက်စာ ဟင်း အတွက် ကြက်ဥတလုံးပဲရတယ်၊ အသားကတော့ ဝေလာဝေး။

ကျတော့်လို လူပျိုမဟုတ်တဲ့ ရဲတပ်သား အိမ်ထောင်မိသားစုတွေက ပိုဆိုးတယ်၊ ရတဲ့ လစာက ၃၅၀၀၀ နော်၊ မိသားစု အတွက်ဆိုပြီးဘာဆိုဘာမှ အထက်က လုပ်ပေးတာမရှိဘူး၊ ဒီတော့အခါ အိမ်ထောင်ရှင်မိန်းမ တွေဟာ သူဌေးတွေဆီမှာ အဝတ်လျှော်၊ အုတ်ဖုတ်၊ လမ်းခင်းလုပ်ငန်းတွေမှာ လုပ်ကြရတော့တာပေါ့၊ ရဲမိသားစုရဲ့ သားသမီးတွေဆိုယင် ကျောင်းပ ညာ တဝက်တပျက်နဲ့ ဘဝ ရေတိမ်နစ်နေရှာကြတယ်၊

အဲဒါနဲ့ကျတော် ထမင်းစရိတ်မလောက်လို့ ရဲစခန်းနားက စည်ပင်ပန်းခြံမှာ တလ ကျပ်ငွေ ငါးထောင်နှုန်းနဲ့ ပန်းပင် ရေလောင်းတယ်၊ တာဝန်မကျချိန်ပေါ့၊ တနေ့ ဗိုလ်ကြီး ( နှစ်ပွင့်) တင်ဝင်းသိန်းက ကျတော်ရေလောင်း ပေါင်းသင် နေတာ ကို တွေ့သွားတယ်၊ ဟေ့ကောင် မင်း စည်ပင်ဝန်ထမ်းလား၊ ရဲဝန်ထမ်းလား လို့ ဟောက်တယ်၊ ကျတော်က ဗိုလ်ကြီး ထမင်းစရိတ် မလောက်လို့ပါလို့ပြောတယ်၊ ဟေ့ကောင် ချယ်လူလိန်း ( ချင်းလူငယ်) ချင်း စုတ်၊ ငါ့ကို ခံပြောရ သလား ဆိုပြီး မျက်နှာမှာ လက်သီးနဲ့ ထိုးတယ်၊ ကျတော် တအား ခံပြင်းတယ်။ အထက်လူကြီး ဆိုတော့ လည်း ဘာမှ မလုပ်ရဲ ဘူး။

၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ မုံရွာ မြို့တော် ခန်းမမှာ တာဝန်ကျတယ်၊ ဗိုလ်ကြီး အရက်မူးပြီး အိပ်နေတဲ့ အချိန် ညနေ ၅ နာရီမှာ ကျတော် ထွက်ပြေးလာခဲ့တယ်၊ ကျတော့်ကို ရှာဖွေနေကြတော့ ရွာမှာ မနေရဲတော့ပဲ မီဇိုရမ်ကို တိမ်းရှောင်လာခဲ့တာဖြစ်တယ်။

တခုပြောချင်သေးတယ်၊ ကျတော်တို့ သင်တန်းမှာ တီးတိန်မြို့နယ်၊ ကမ်လိုင်ရွာ က သင်တန်းနံပါတ် (၂၁၄) ကိုင်ဆောင် သူ လိုင်ခမ်းသောင် (၂၅) ဟာ ဗမာစကားမတတ်တော့ယင် သင်တန်းဆရာ စကားကို နားမလည်ဘူး၊ ဒါနဲ့ သင်တန်း ဆရာက  အရူး ဆိုပြီး သူ့ဖင်ကို ကန်တယ်၊ သူလည်း မခံနိုင်တော့ ပြန်ထိုးတယ်၊ ဒါနဲ့ သူ့ကို လူမဆန်စွာ ကန် ကျောက်ရိုက်နှက်ကြတယ်၊ ပြီးတော့ အချုပ်ထဲ ထည့်လိုက်ကြတယ်၊  ကျတော်သင်တန်းဆင်းတဲ့ နေ့မှာ  သူ့ကို အချုပ်ထဲ သွားတွေ့တော့ မင်းနဲ့ ဘာမှ မဆိုင်ဘူး၊ မင်းပါ အဆစ်ပါ သွားချင် သလား ဆိုပြီး တာဝန်ကျတွေက ဟောက်လွတ် လိုက်ကြတယ်၊ သူ အခု မန္တလေးထောင်မှာ သေသလား၊ ရှင်သ လား မသိရတော့ပါ။

Most read this week