ဖက်ဒရေဝန်းကျင်မရှိဘူးလို့ပြောတဲ့ စီအဲန်ပီ ခေါင်းဆောင်တဦးနဲ့ အင်တာဗျူး

ဖက်ဒရေဝန်းကျင်မရှိဘူးလို့ပြောတဲ့ စီအဲန်ပီ ခေါင်းဆောင်တဦးနဲ့ အင်တာဗျူး
by -
ခိုနူမ်းထုန်

မကြာခင်ခေါ်ယူမည့် ဒုတိယအကြိမ် ချင်းပြည်နယ် လွတ်တော်အရေးပေါ်အစည်းအဝးနှင့်  ပါတ်သက်ပြီး ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်း ရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်းအားခိုနူမ်းထုန်သတင်း ဌာနက မေးမြန်း ထား သည်။

CBT-11.jpg-for-web-large1မေး ။                 ။ မကြာခင်မှာ ဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေးကိုခေါ်ယူ မယ်ကြား တယ်။ ဘာတွေအရေးပေါ်လို့ဘာတွေဆွေးနွေးကြမယ်ထင်သလဲ၊ စီအဲန်ပီအနေနဲ့ကော အစည်း အဝေးမှာ ဘာတွေ ဆွေးနွေးကြမလဲ?

ဖြေ။                   ။ ဟုတ်ပါတယ်၊ ဘယ်နေ့ဘယ်ရက်တော့ မသိဘူး၊ အစည်းအဝေးမှာ အဓိက အနေနဲ့ ၀န်ကြီးရာထူး အစားထိုးမယ်ထင်တယ်၊ လက်ရှိ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ဆောက်လုပ်ရေး) နေရာကို ပေါ့၊ လက်ရှိ ပြည်နယ် ဆောက်လုပ်ရေး အရာရှိ ပူးငွန်ဆန်းအောင်ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် အစား ထိုးကြမှာပါ၊ ပူး ငွန်ဆန်း အောင်လည်း မနေ့တနေ့ကပဲ ပင်စင်ယူထားတယ်၊  အားလုံးက ၀န်ကြီးချုပ် လက်ထဲမှာပဲရှိတယ်လေ၊ တကယ် လို့ ၀န်ကြီးနေရာအစားထိုးဖို့ ဖြစ်လာယင် စီအဲန်ပီအနေနဲ့ တော့ ပူး ကွီထန်း ( ယူအက်စ်ဒီပီကိုယ်စားလှယ်)ကို ပြန် တင် ဖို့ ပြင်ဆင်ထားတယ်။

မေး။                  ။ ပူးကွီထန်းက ၀န်ကြီးနေရာအတွက် အသက်မပြည့်ဘူးလို့ စီအဲန်ပီကပဲ ယခင်ကကန့် ကွက်ခဲ့ တာ မဟုတ်ဘူးလား၊ ပြီးတော့ ဘာဖြစ်လို့ အခု လက်ရှိ ဆောက်လုပ်ရေးဝန်ကြီး ကျင်လျန်းပေါင်ကို အစားထိုး ရမှာလဲ?

ဖြေ။                   ။ ပူးကွီထန်းကန့်ကွက်တဲ့ ကိစ္စ မီဒီယာတွေမှာ ကျတော်ပြောခဲ့ပါပြီ။ သူ့ကိုစီအဲန်ပီတခု တည်းကပဲ ကန့်ကွက်ခဲ့ တာ မဟုတ်ဘူး၊ ယူအက်စ်ဒီပီ ကိုယ်စားလှယ်မဟုတ်တဲ့ ချင်းပါတီကိုယ်စားလှယ် တွေအားလုံးက ဥပဒေလမ်း ကြောင်းအရ လုပ်ကြတာပါ။ စီအဲန်ပီအနေနဲ့ ပထမအကြိမ် ၀န်ကြီးအစည်း အဝေးမှာ သူ့ကို ပြန်တင်ခဲ့ကြပါသေးတယ်၊ ဥပဒေလမ်းကြောင်း အရ သူ့ အသက်က ပြည့်သွားပြီလေ၊ သူ့ကို ၀န်ကြီးအဖြစ်ပြန်တင်ရတဲ့ အကြောင်းရင်း နှစ်ချက်ရှိပါ တယ်။ ပထမအချက်က သူ့ကို ၀န်ကြီးအတွက်ယခင် ကတည်းက Nominate လုပ်ပြီးသားဖြစ်တယ်၊ အခု အသက်လည်း ပြည့်ပါပြီ၊ ပြီးတော့ သူက  Gospel for Asia အသင်းတော်လူကြီးဖြစ်တယ်၊ ရိုးသားတယ်၊ သူ့ကို အနာဂါတ်အတွက် မွေး ထုတ်ချင်တာလည်းပါတာ ပေါ့၊ ဒုတိယအချက်အနေနဲ့ ကန်ပက်လက်မြို့နယ်ဟာ ချင်းပြည်နယ်အ တွင်း နိုင်ငံရေး၊ စီးပွား ရေးအရ အများကြီး လုပ်ယူရအုံးမယ့်အနေအထားရှိနေတယ်လို့ မြင်တယ်၊

မေး။                  ။ လက်ရှိ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပူး ကျင်လျန်းပေါင်ကို ဘာဖြစ်လို့ အစားထိုးကြမှာလဲ?

ဖြေ။                   ။ သူ့ရဲ ပညာအရည်အချင်းကို ကြည့်ကြတယ်ထင်တယ်၊ သူက L.D အဆင့်ပေ့ါနော်၊ ဒါပေမဲ့ ကျတော်မ သိသေးတာက ၀န်ကြီးချုပ် ပူး ဟုန်းငိုင်အနေနဲ့ သူ့ကို တမင် ဖြုတ်ချင်တာလား၊ ဒါမှ မဟုတ် ၀န်ကြီးနေရာကို ထပ်တိုးချင် တာလားပေါ့၊ ဘာပဲဖြစ်ဖြစ် ကျတော်တို့ စီအဲန်ပီ အနေနဲ့ကတော့ ပူး ကွီထန်းပဲ ဖြစ်စေချင်တယ်၊ သူက အရွေးခံတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊

မေး။                  ။ အခုအစည်းအဝေးမှာ စီအဲန်ပီအနေနဲ့တခြား ဘာတွေ ဆွေးနွေးကြမလဲ။ ဘာအဆိုတွေပေါ့?

ဖြေ။                   ။ အေးကွ၊ အခုလည်း အရေးပေါ်အစည်းအဝေးလို့တော့ ပြန်ပြောကြတာပဲ၊ ဒါပေနဲ့ အဆိုတွေ မေးခွန်း တွေ ပြောဖို့ဆိုဖို့ အချိန်မပေးဘူးလို့ကြားတယ်ဗျ၊ ပြည်ထောင်စုလွတ်တော်မှာတောင် တင်ပြဖို့ အခွင့်အရေး နှစ်ခါပေး သေးတယ်၊ အခု ပြည်နယ်အဆင့်မှာ ဘာမှ မပေးဘူး၊ အဲဒါကိုက ဖက်ဒရေ ၀န်းကျင်မရှိဘူးလို့ ပြောရမှာပဲ၊ အခု ကြည့်၊ အိန္ဒိယက ထောက်ပ့ံတာတွေ လွတ်တော်မှာ မဆွေးနွေးခင် ကုန်များကုန်ပြီးလားမသိဘူး

မေး။                  ။ ဖွဲ့စည်းပုံအရ အတိုက်အခံ ပါတီတွေက ၂၅ ရာခိုင်နှုန်းကျော်ယင်အစည်းအဝေးခေါ် နိုင်တယ်နော်?

ဖြေ။                   ။ မှန်တယ်၊ အခုအစည်းအဝေးမှာ အဲဒါတွေ ဖြစ်အောင် လုပ်မယ်၊ အခုဟာက အတိုက်အခံတွေအနေနဲ့ အစည်းအဝေးခေါ်ပေးပါဆိုတဲ့ အခွင့်အရေးပဲရှိတယ်၊ အစိုးရက ခွင့်မပြုယင် လွတ်တော်ဥက္ကဌက ထမင်းတောင် မစားရဲတဲ့ အနေအထားမျိုးဖြစ်နေတယ်၊

မေး။                  ။ အခု အတွင်းရေးမှူး ပြောပုံအရအဆိုယင် ပြည်နယ်အစိုးရက ပြည်သူတွေအတွက် ဘာမှ မျှော်လင့်စရာမရှိဘူးလို့ ပြောရမလား နော်?

ဖြေ။                   ။ မကြာသေးခင်က ပြည်သူ့ခေတ်သတင်းဂျာနယ်က ချင်းဝန်ကြီးတဦးကိုအင်တာဗျူးလုပ် တယ်၊ အဲဒီမှာ ချင်းဝန်ကြီးက လွတ်တော်ကိုယ်စားလှယ်တွေက ရုံးကို လာပြီး သူတို့ ဒေသအတွက်လိုအပ် တာတွေ တင်ပြ လာကြတယ် လို့ ပြောတယ်၊ ပြောချင်တာက လွတ်တော်ကိုယ်စားလှယ်နဲ့ လွတ်တော် အဆောက် အအုံကို အစိုးရ ဌာန အောက် မှာ ထားဖို့ ဒါမှမဟုတ် အစိုးရဌာနအောက်မှာ ရှိတယ်လို့ထင်နေ ကြတယ်၊ လွတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း သူတို့ အနေအထားကိုမသိကြတာလည်း ပါတယ်၊ ပြီးတော့ ပြည်နယ်လွတ် တော်ရဲ့စင်မြင်မ ဖန်တီးပေး တာလည်း ပါတယ်၊ တကယ်လို့ပြည်နယ် လွတ်တော်ကို ဒီမိုကရက်တစ် အတိုက်အခံပါတီက ဦး ဆောင်နိုင် မယ်ဆိုယင် ပြည်သူတွေအနေနဲ့ဝမ်းသာ စရာပေါ့၊ ဒါပေမဲ့ အတိုက်အခံတွေအနေနဲက ဘာဆိုဘာမှမ လုပ်နို်င် ဘူး လို့တော့ မဟုတ်ဘူး၊အခုဝန်ကြီး နေရာတွေ ကိစ္စကိုလည်း  ကျေညာချက်ထုတ်ပြန်ထားတယ်၊ ပြည်ထောင်စု လွတ်တော် မှာ လည်း အကြိမ်ကြိမ် တင်ပြတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့၊ ရရှိတဲ့ စင်မြင့်ပေါ်မှာ ပြည်သူအတွက် ပြည်သူနဲ့ လက်တွဲယင် အစိုးရအနေနဲ့ တခုလုံးကို မလုပ်နိုင်ပါ ဘူးလို့ တော့ပြောရဲတယ်၊

လက်ရှိ ချင်းပြည်နယ်အစိုးရ ၀န်ကြီးစာရင်း ( ပထမအကြိမ် ပြည်နယ်အစိုးရ ၀န်ကြီးအစည်းအဝေးအရ)

(၁) ဦးဟုန်းငိုင်း                            ၀န်ကြီးချူပ် (ကြံ့ဖွံ့)

(၂) ဗိုလ်မှူးကြီးဇော်မင်းဦး               လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌါန (စစ်တပ်)

(၃) ဦးနန်ဇမုန်း                             ဘဏ္ဍာရေး နှင့် စီမံကိန်းဝန်ကြီးဌါန (ကြံ့ဖွံ့)

(၄) ဦးရမ်မန်း                               စီးပွားရေးဝန်ကြီးဌါန (ချင်းအမျိူးသားပါတီ)

(၅) ဦးဗန်ထောင်                           စိုက်ပျိူးရေးဝန်ကြီးဌါန(မြန်မာ့ဝါနှင့်ပိုးချဉ်လုပ်ငန်း ပြည်နယ်မန်နေဂျာအငြိမ်းစား)

(၆) ဦးကျော်ငြိမ်း                           သတ္တု နှင့် သစ်တောဝန်ကြီးဌါန (ချင်းတိုးတက်ရေးပါတီ)

(၇) ဦးကျင့်လျန်ပေါင်                     ပို့ဆောင်ရေး ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌါန(ကြံ့ဖွံ့)

(၈) ဒေါက်တာဘမောင်                   လူမှုရေးဝန်ကြီးဌါန(ရှေးဟောင်းသုတေသနဦးစီးဌါန ညွန်ကြားရေးမှူးချုပ်အငြိမ်းစား)

(၉) ဦးနိန်းနိုင်း                              စီမံခန့်ခွဲရေးဝန်ကြီးဌါန နှင့် စက်မှုလက်မှုဝန်ကြီးဌါန(ကြံ့ဖွံ့)

ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ

ဦးဟောက်ခင်ခမ်း – ကြံ့ဖွံ့

လွှတ်တော် ဒု-ဥက္ကဌ

ဦးအုန်းလွင်(ခ)ဦးအောင်လော  – ကြံ့ဖွံ့

ချင်းပြည်နယ် ဥပဒေချူပ်

(၁) ဦးကပ္ပတီ အယ်လ်

ချင်းပြည်နယ်လွှတ်တော် တရားသူကြီးချူပ်

(၁) ဦး ၀င်းမြင့်ကျော်

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး

(၁) ဦးလှတင်

(၂)ဦး မြင့်သိန်းထွန်း

ချင်းပြည်နယ် စာရင်းစစ်ချူပ်

(၁) ဦးကျော်ဇံ

ချင်းတိုင်းရင်းသား ရေးရားဝန်ကြီးများ

(၁) ဦးကိုကိုနိုင်                 ရခိုင်ပြည်နယ် (ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌါန)

(၂) ဦးဆလိုင်းလှထွန်း        မကွေးတိုင်း (ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌါန)

(၃) ဦးနိုးထန်ကပ်              စစ်ကိုင်းတိုင်း (ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌါန)