ကချင်ပြည်နယ်တွင် သျှမ်းလူမျိုး လူဦးရေ ငါးသိန်းခန့် ရှိနေပြီး သန်းခေါင်စာရင်း ကောက်ခံမှုအရ သုံးသိန်း ခန့်ရှိကြောင်း သျှမ်းမျိုးနွယ်စု ရေးရာ မြန်မာပြည် မြောက်ပိုင်း အဖွဲ့ထံမှသိရသည်။ ကချင်ပြည်နယ်၌ ကေအိုင်အေနှင့် အစိုးရတပ်မတော် တို့ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကချင်ပြည်နယ်ရှိ သျှမ်းလူမျိုးများ အပေါ် တပ်သား စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လူမျိုးခွဲဲဲခြား ဆက်ဆံ ခံနေရခြင်းများ ရင်ဆိုင် နေရသည်ဟု ဒေသခံ အဖွဲ့အစည်းများက ဆိုသည်။
(ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များအား ကူညီမှု ပေးနေသော ဆရာတော်နှင့် တွေ့ဆုံ မေးမြန်းချက်)
ကချင်ပြည်နယ်တွင် သျှမ်းလူမျိုး လူဦးရေ ငါးသိန်းခန့် ရှိနေပြီး သန်းခေါင်စာရင်း ကောက်ခံမှုအရ သုံးသိန်း ခန့်ရှိကြောင်း သျှမ်းမျိုးနွယ်စု ရေးရာ မြန်မာပြည် မြောက်ပိုင်း အဖွဲ့ထံမှသိရသည်။ ကချင်ပြည်နယ်၌ ကေအိုင်အေနှင့် အစိုးရတပ်မတော် တို့ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကချင်ပြည်နယ်ရှိ သျှမ်းလူမျိုးများ အပေါ် တပ်သား စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လူမျိုးခွဲဲဲခြား ဆက်ဆံ ခံနေရခြင်းများ ရင်ဆိုင် နေရသည်ဟု ဒေသခံ အဖွဲ့အစည်းများက ဆိုသည်။
ထို့အတွက်ကြောင့် စစ်ဘေးရှောင် သျှမ်းဒုက္ခသည်အများစု နေထိုင်ရာ ၀ုိင်းမော်မြို့နယ် သာဂရဒုက္ခသည်စခန်းကို ထောက်ပံ့ကူညီရေး လုပ်ဆောင်နေသည့် ဆရာတော် အရှင်ဝိဇရ(ဝါရှောင်ဆရာတော်)နှင့် တွေ့ဆုံ၍ သျှမ်း နှင့် ကချင်လူမျိုးများအကြား အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး နည်းလမ်းများကို မေးမြန်းထားသည်များအနက်မှ ကောက်နှုတ်ဖော်ပြထားပါသည်။
မေး။ ။ ဘုန်းဘုန်း အနေနဲ့ ဘယ်လိုကြောင့်သျှမ်းလူမျိုးတွေအပေါ် ကူညီဖြစ်ခဲ့လဲ။
ဖြေ။ ။အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်စစ်ဖြစ်ကြတဲ့အခါမှာဒုက္ခရောက်သွားတာက ကချင်မှာရှိတဲ့ ဘုန်းဘုန်းတို့ သျှမ်းလူမျိုးတွေပါ။ လူမှုကွန်ယက် တို့ မီဒီယာတို့မရှိတဲ့အခါကျတော့ ဘာတွေဖြစ်လဲဆိုတာ လူတွေက မသိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ဘုန်းဘုန်းတို့ကဒါအားနည်းတဲ့သူဘဲကူညီမယ်ဆိုပြီးပါ၀င်လာရတာဖြစ်တယ်။
မေး။ ။ ကချင်ပြည်တွင်းစစ်ကြားမှာသျှမ်းတွေ ဒုက္ခရောက်နေတာနဲ့ ပတ်သက်ပြီးဘုန်းဘုန်းရဲ့ အမြင်ကိုပြောပြပေးပါ။
ဖြေ။ ။အစိုးရနဲ့ ကေအို်င်အေစစ်ဖြစ်လို့ သျှမ်းတွေကနှစ်ဖက်ညပ်နေတဲ့ ကိစ္စက သေချာပေါက်ပဲလုံးဝ ငြင်း ဆန်လို့မရပါဘူး။ နှစ်ဖက်ကဒီကိစ္စကိုမရပ်ဘူးဆိုရင် သျှမ်းတွေရင်ထဲမှာစူးနေတဲ့ငြောင့်တွေ တဖြည်းဖြည်းနဲ့ကြီးနေပြီ။ သျှမ်းတွေကငတ်ပြတ်နေတာလည်းဖြစ်တယ်။ ညှပ်နေတာလည်းဖြစ်တယ်။
မေး။ ။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး သျှမ်းတွေရဲ့ ခံစားချက်အရမ်းပြင်းထန်လာတယ်လို့ ပြောနေကြတယ်။ အဲဒီအကျိုးဆက်ကဘာတွေများ ဖြစ်နိုင်မလဲ။
ဖြေ။ ။ တစ်ချို့သျှမ်းလူကြီးတွေကျတော့ မကြည့်ရက်မခံစားနိုင်လို့ပြောဆိုလာတာရှိ တယ်။ အဲလိုဖြစ် လာတော့ ခံစားချက်ကို ဦးတည်ပြီး ပြောတဲ့ အချိန်မှာ နားလည်မှုတွေ လွဲလာတယ်။ အမှန်ကတော့ ခံစားရတာ တွေမှန်တယ်။ ဘုန်းဘုန်းတို့ လည်း ခံစားရတယ်။ ခံစားချက် တစ်ခုလေးနဲ့ လုပ်မယ်ဆိုရင် မဖြစ်ဘူး။
နှစ်ဖက် စစ်တိုက် သူများရဲ့ လုပ်ဆောင်ချက်၊ ပြောဆိုချက်ကြောင့် သျှမ်းတွေက နိုင်ငံရေး မာယာကွန်ယက် လူမျိုးရေးမာယာကွန်ယက်ထဲနစ်နေပြီ။ သျှမ်းတွေ ကမာယာကွန်ယက်မှာထိုးသွင်းခံနေရတယ်။ အဲဒါကြောင့် နှစ်ဖက် စစ်တိုက်နေသူ တွေက စစ်ပွဲတွေ ချက်ချင်း ရပ်သင့်တယ်။
မေး။ ။ ဆိုတော့ နောက် ဒီကိစ္စကိုပြေလည်အောင် ဘာတွေ လုပ်သင့်သလဲ။
ဖြေ။ ။ ၂ဖက်ခေါင်းဆောင်တွေအနေနဲ့အဓိကတော့ ဒီကိစ္စကိုပြေလည်အောင် လုပ်ပေးတဲ့ ဘယ်သူ့စကားဘဲဖြစ်ဖြစ် နားထောင်ပေးမယ်ဆိုတဲ့ စိတ်ရှိမှရမယ်။ အခုကနားမထောင်ပေးကြဘူးလေ။
ငါဘဲမှန်တယ် ဆိုပြီးမာန်တက်နေကြတယ်။ ဒါဆိုမှားတာကသျှမ်းဒုက္ခသည်တွေလား ဘယ်သူမှားတယ်ဆိုတာထက် ဘယ်ဟာမှား နေသလဲ ဆိုတာကို ရှာရမယ်။ နောက်ပြီးတော့ ဒီသျှမ်းနဲ့ကချင်လူငယ်တွေဟာလူကြီးတွေရဲ့ အမုန်း သမိုင်းကြောင်းထဲကို ဝင်မရှုပ် မိပါစေနဲ့။ ကချင်နဲ့သျှမ်းလူငယ်တွေရဲ့ အနာဂတ်ကို ညီညီညွတ်ညွတ်နဲ့ လူသားဝါဒနဲ့သွားကြပါ။ အဓိကတော့ ပြောပေးတဲ့ လူရဲဲ့စကားကို နားထောင်ကြမှာ လားဆိုတာပေါ့။
မေး။ ။ ပြဿနာရဲ့ အရင်းခံကဘာတွေဖြစ်မလဲ။
ဖြေ။ ။ အဲဒီမှာ က တွန်းတဲ့သူမှာ တာဝန်ရှိတယ်။ ကချင်တွေက သူတို့အမျိုးသား လွတ်လပ်ရေးအတွက် ရှေ့ကိုတိုးတဲ့အချိန်မှာ သျှမ်းတွေကိုတွန်းသွားတယ်။ သျှမ်းတွေ အခု ဖြစ်ပုံကကချင်တွေက တွန်းတော့ သျှမ်းတွေက ခံရတာလေ။ ဘယ်လိုဘဲဖြစ်ဖြစ် ကချင်ပြည်နယ်မှာ သျှမ်းနဲ့ကချင်နေရမှာဘဲ။
မေး။ ။ ဒီလိုအတူနေကြရမှာဆိုတော့ အေးအေးချမ်းချမ်းယှဉ်တွဲနေထိုင်နိုင်ကြဖို့ ဘာတွေ လိုမလဲ။
ဖြေ။ ။ အဓိကတော့ တတိယလူလိုအပ်တယ်။ တတိယလူဆိုတဲ့ နေရာမှာ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ခေါင်းဆောင်လိုတယ်။ နောက်တစ်ချက်က ကချင်လူငယ်နဲ့ သျှမ်းလူငယ်တွေ ဒီငြိမ်းချမ်းရေး အတွက် လှုံ့ဆော်မှုတွေလုပ်ရမယ်။ ကချင်ပြည်နယ်မှာအဲဒါတွေလုပ်တာမရှိသေးဘူး။ ဒါပေမဲ့ လုပ်မယ်ဆိုရင်လည်း တရားဥပဒေဘောင်ထဲက ဖြစ်ရမယ်။ အဲလိုလုပ်တဲ့အခါမှာလူတတ်ကြီးလိုမလုပ်ဘဲ လူငယ်တွေရဲ့ရင်ထဲမှာ ဒီငြိမ်းချမ်းရေးကိုမွတ်သိပ်နေပါတယ်ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာနေချင်ပါတယ်ဆိုပြီး တောင်းဆိုရ မယ်။ လူငယ်တွေက လူကြီးတွေရဲ့ သမိုင်းကြောင်းကို ယူပြီး ကော်ပီ မလုပ်မိဖို့အရေးကြီး တယ်။သမိုင်းကို သမိုင်းအတိုင်း ထားခဲ့ဖို့ လိုတယ်။
မေး ။ ။ ဘုန်းဘုန်းရဲ့ အဓိက ဆန္ဒက ဘာဖြစ်မလဲ။
ဖြေ။ ။ အခုကဖွဲမီးလောင်နေပြီ။ ဘုန်းဘုန်းတို့ကမီးကို ငြိမ်းလဲငြိမ်းစေချင်တယ် ငြိမ်လည်း ငြိမ်စေချင်တယ် အဓိက နှစ်ချက်ကပညာရှိသူတော်ကောင်းတွေ အကျင့်သိက္ခာကောင်းတွေ လူကြီးအုပ်စု ၁ လိုပါတယ်။၂ က ကချင်လူငယ် သျှမ်းလူငယ် တွေ ဒီနှစ်ခုကအမြန်ဆုံးအရေးပေါ်လုပ်ပြီးမှ အဖေအမေမိဘတွေ လူကြီးတွေ ကချင်ပြည်မှာရှိတဲ့ သျှမ်းလူကြီးတွေ ကချင်လူကြီးတွေ ကိုသမီးတို့ အဖေတို့ အမေတို့ သမိုင်းကိုသမိုင်းအတိုင်းထားပြီးမှ သမိုင်းထဲက သင်ခန်းစာ ယူကြရအောင် ပါ သမီးတို့ ထမ်းရွက်ပေးပါတယ် အမုန်းကိုမထမ်းရွက်ခိုင်းပါနဲ့ အားလုံးလူတွေပါဘဲမဟုတ်ဘူးလား သျှမ်းတံဆိပ်ထဲ့လိုက်ရင် သျှမ်းက ဂြိုလ်နှစ်လုံးပေါက်နေလို့လားကချင်လည်း ဂြိုလ် နှစ်လုံးပေါက် နေလို့လား အကုန်လူတွေကြီးပဲ။