၂၀၁၁ ဩဂတ်စ် ၁၈ ရက်နေ့ က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က တိုးတက်သောနိုင်ငံတော်ကို တည် ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အား ငြိမ်းချမ်းရေးအတွက် လက်ကမ်းခဲ့ပါ တယ်။
၂၀၁၁ ဩဂတ်စ် ၁၈ ရက်နေ့ က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က တိုးတက်သောနိုင်ငံတော်ကို တည် ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အား ငြိမ်းချမ်းရေးအတွက် လက်ကမ်းခဲ့ပါ တယ်။ တစ်နှစ်ပြည့်တဲ့ ယနေ့မှာ ငြိမ်းချမ်းရေး ဘယ်အဆင့်အထိတည်ဆောက်ပြီးနေပြီလဲ။ အားသာချက်အားနည်း ဘာတွေရှိနေပါသလဲ။ လက်တွေ့မှာ တိုင်းရင်းသားတွေက ဘယ်လိုဆန္ဒ သဘောထားရှိပြီး ဘယ်လိုခံစားနေသလဲဆိုတာ သျှမ်းသံတော်ဆင့်ကနေ တိုင်းရင်းသားခေါင်းဆောင် တချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။
တစ်နှစ်ဆိုပေမယ့် အခုမှစနေတုန်း
နော်စီဖိုးရာစိန်ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေး သဘောတူညီမှုလက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေအထွေ အတွင်းရေးမှူး ဖြစ်ပါတယ်။
“မြန်မာပြည် ပဋိပက္ခက နှစ် ၆၀ ကျော် ဖြစ်ပွားတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်စလုပ်တာ၊ စခေါ်တာ တစ်နှစ်ပြည့်ပေမဲ့ ဘယ်အထိရောက်ပြီလဲဆိုတော့ စတုန်းပါဘဲ။ နောက်ထပ်သွားရမှာ အများကြီး လို သေးတယ်။ ဒီ ၆၀ နှစ်အတွင်း နိုင်ငံရေး ပဋိပက္ခဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံ ရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တဆင့်ပြီးတဆင့် သွားရမယ်။ အခုက အပစ်ရပ်စဲရေးအဆင့်ဘဲရှိသေး တယ်။ အပစ်ရပ်တာ တည်ငြိမ်ပြီးဆိုရင် နိုင်ငံရေးဆွေးနွေးရမယ်။ နိုင်ငံရေး ဆွေးနွေးတာလည်းတဆင့် ပြီးတဆင့် သွားရမယ်။ နိုင်ငံရေးပြဿနာကို တစ်နှစ်အတွင်း ဖြေရှင်းရမှာမဟုတ်ဘူး။ ခနလေးအတွင်း မှာလည်း မဟုတ်ဘူး။ အဲဒါကတော့ စိတ်ရှည်လက်ရှည်နဲ့ သွားရမယ်။ တဖြည်းဖြည်းနဲ့ တိတိကျကျ သွားမှ အောင်မြင်မှုရှိမယ်။
နော်စီဖိုးရာစိန်
အစစအရာသတိထားရမယ်
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ သျှမ်းပြန်လည်ထူထောင်ရေးကောင်စီရဲ့ ဉက္ကဌ ဖြစ်ပါတယ်။ ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်နေ့ က အစိုးရကိုယ်စားလှယ်နဲ့ ပထမဦးဆုံးတွေ့ဆုံပြီး ဒီဇင်ဘာ ၂ ရက်နေ့ ၂၀၁၁ က ပဏာမ အဆင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
“သမ္မတ ဦးသိန်းစိန် က ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြေငြာတာ တနှစ်ပြည့်ပေမဲ့ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးရတာ တနှစ်မပြည့်သေးဘူး။ ဆွေးနွေးတဲ့ကာလပတ်လုံး ဘာမှမအောင်မြင်သေး ဘူးလို့ မြင်ပါတယ်။ သဘောတူညီချက်တွေကိုလည်း အကောင်အထည်ဖော်နိုင်တာ မရှိသေးဘူး။ အစိုးရက ငြိမ်းချမ်းရေး ကြေငြာထားပေးမဲ့ စစ်တပ်က တမျိုးလုပ်နေတယ်။ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် တိုက်ပွဲ ဖြစ်နေတုန်း။ ဆွေးနွေး ပြီးကတည်းက ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ အကြိမ် ၃၀ ရှိပြီ။ SSPP/SSA ၊ ကချင်၊ ကရင်၊ ကရင်နီတို့နဲ့လည်း တိုက်ပွဲဖြစ်နေတုန်း။ ယုံကြည်မှုမရှိ၊ တိုက်ပွဲတွေလည်း ဖြစ်နေတယ်ဆိုရင် အစစ အရာရာကို သတိထားရ တော့မယ်။ အဲဒါဟာ ငြိမ်းချမ်းရေး ဖော်ဆောင်တာ မအောင်မြင်ဘူးလို့ ပြသနေတာဘဲ။ မိုင်းတော့-မိုင်းထားကို ပေးမယ်ဆိုတာလည်း မဖြစ်လာဘူး။ အစိုးရရဲ့ ပေါ်လစီအတိုင်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်မယ်ဆို တာလည်း မဖြစ်လာသေးဘူး။ ဒါမလုပ်ရဘူး ဟိုဟာမလုပ်ရဘူးဆိုပြီး တားမြစ်တယ်။ ဆက်ဆွေးနွေးဖို့ လိုသေးတယ်။ ပြဿနာကို သုံးသပ်ပြီး ဆွေးနွေးရမယ်။ ဆွေးနွေးခြင်းဟာ ပြဿနာအားလုံးကိုဖြေရှင်း နိုင်မှာဖြစ်တယ်။ တိုက်ပွဲနဲ့ ဖြေရှင်းလာတာ အနှစ် ၆၀ ရှိပြီ။ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် တိုင်းပြည်လည်း တနေ့ထက် တနေ့ ဆုတ်ယုတ်လာတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံစာရင်းမှာ ပါဝင်နေတယ်။ ကျနော်တို့ ရှေ့ဆက်ဆွေးနွေးဖို့ ကဏ္ဍ ၃ ခု ရှိတယ်။ နံပါတ်တစ်ကတော့ သဘောတူညီချက်တွေကို ပြန်ပြီး သုံးသပ်ရမယ်။ ဘာဖြစ်လို့ အကောင်အထည် မဖော်နိုင်သလဲဆိုတာ သုံးသပ်ပြီး ဖြေရှင်းရမယ်။ နံပါတ်နှစ်ကတော့ မူးယစ်ဆေးဝါး ပြဿနာဘဲ။ ပြည်သူတွေကို မူးယစ်ဆေးဝါးက ဖျက်စီးနေပြီ။ ဘိန်းစွဲတဲ့လူ၊ ဘိန်းရောင်းဝယ် တဲ့သူတွေ အရမ်းများနေပြီ။ ဒါလည်းဖြေရှင်းရမယ်။ အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပေါ်လစီရှိပေမဲ့ တရားဝင် လုပ်ဆောင်နေတာတွေ မရှိဘူး။ အစီအစဉ်တကျ လုပ်ဆောင်တာ မရှိဘူး။ အစီစဉ်တကျ လုပ်ဆောင်နိုင်အောင် ဆွေးနွေးရမယ်။ နံပါတ်သုံးကတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေး ဖို့ အစိုးရက ဘယ်အချိန် သဘောတူမှာလည်းဆို တာ စောင်ကြည့်ရမယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေအားလုံး ဘယ်အချိန် သဘောတူမှာ လည်းဆိုတာ စောင်ကြည့်ရမယ်။ နိုင်ငံရေး ဆွေးနွေးတာ ပြည်သူလည်း ပါဝင်ရမယ်။”
ဒုတိယ ဗိုလ်ချုပ်ကြီးယွတ်စစ်
အမျိုးသားဆိုင်ရာရပိုင်ခွင့်သာပဓာန
ဗိုလ်မှူးကြီးခွန်သူရိန်ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ အတွင်းရေးမှူးလဲ ဖြစ် ပြောခွင့်ရ ပုဂ္ဂိုလ်လဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက အစိုးရတပ်က SNPLO ကို အင်အားသုံးတိုက် ခိုက် ခဲ့လို့အပစ်ရပ် စဲပျက်ပြားပြီး SNPLO အဖွဲ့ဖွဲ့ကွဲသွားပါတယ်။ ဗိုလ်မှူးချုပ်ခွန် ခွန်ထိဆောင် နဲ့ ဗိုလ်မှူးကြီး ခွန်သူရိန် တို့က တောပြန်ခိုပြီး ထိုင်းနယ်စပ်သို့ ပြောင်းရွေ့အချပါတယ်။ တခြားပအိုဝ်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး PNLO ကိုဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။
“ ငြိမ်းချမ်းရေးဆိုတာ သမ္မတကြီးကပြောခဲ့တာဘဲ။ မြေပြန့်မှာနေတဲ့ဗမာအမျိုးသားတွေနဲ့ တောင်ပေါ် မှာနေတဲ့ တိုင်းရင်းသားတွေ ကြား မှာ ဖွံ့ဖြိုးမှုအဆင့်မညီမျှသေးဘူးဖြစ်နေတယ်။ သမ္မတဟာ တိုင်းရင်းသားတွေဒေ သကိုမြေပြန့် မှာလို လမ်းတံတားတိုးတက်မှုတွေလုပ်ပေးဖို့ဆန္ဒရှိမယ်ဆိုရင် တိုင်းရင်းသား နဲ့ ဗမာကြားမှာ အမြင်တိမ်းစောင်းမှု မရှိတော့ ဘူးလို့ သမ္မတကပြောတယ်။ သမ္မတရဲ့ယူဆချက်ဟာ မမှန်ဘူးလို့မပြောပါဘူး။ တချို့အားဖြင့် သာမှန်ပါတယ်။ အများစုလို အပ် ပါသေးတယ်။ ဘာလဲဆိုတော့ တိုင်းရင်းသားဆိုတာသူ့အမျိုး သားရဲ့ အမျိုးသားရေးဆိုင်ရာ ရပိုင်ခွင့်ကို ရချင်တာကိုး။ လမ်းပန်းဆက် သွယ်ရေး ဘာရေးညာရေးဖွံ့ဖြိုးရေး ကိစ္စ လိုချင်တာမှန်ပေမယ့် အဲဒီထက်အရေးကြီးတဲ့ အမျိုးသားရေး ဆိုင်ရာ အခွင့်အရေးက ပထမတန်းပိုကျ နေတဲ့အတွက်ကြောင့် အဲဒီဟာကိုနိုင်ငံတော်သမ္မတဖြစ်တဲ့ သိန်းစိန်တို့ကနေပြီး စဉ်းစား ဝေဖန်ပိုင်းခြားပေးရင် နိုင်ငံတော်သမ္မတပြောနေတဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာ မဖြစ်နိုင် စရာအကြောင်း မရှိဘူးလို့ပြော လိုပါတယ်။ အဲလိုမစဉ်းစားဘဲခုနပြောတဲ့ဟာလေး နဲ့အပေါ်ယံ တည်ဆောက်မှုလောက်ဘဲလုပ်မယ်ဆိုရင်တော့ထာဝရ ငြိမ်းချမ်းရေးကိစ္စရပ်ဟာ တော်တော်ကြီးကိုစဉ်းစားလို့မရလောက်အောင် ရှိတဲ့အနေအထားမှာရှိပါတယ်။”
ဗိုလ်မှူးကြီးခွန်သူရိန်
တိုင်းရင်းသားအရေးကို တပ်မတော် နဲ့ ဗမာလူမျိုးအားလုံးနားလည်ဖို့လို
စစ်အစိုးရ ဦးစီးအမျိုးသားတဲ့ အမျိုးသားညီလာခံကို လက်မခံလို့ ပြည်ထောင်စုကနေခွဲထွက်ဖို့ကြံစည် တယ် စတဲ့စွဲချက်တွေနဲ့ SNLD ခေါင်းဆောင်ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်ကို ဖမ်းဆီးပြီးထောင်ချခဲ့ ပါတယ်။ ဒီအစိုးရ သစ်မှာ ထောင်ကနေလွတ်မြောက်လာပြီး ပါတီကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ စိုင်းလိတ်ဟာ SNLD ရဲ့ တွဲဖက်အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လဲဖြစ် ပါတယ်။
“ဖြစ်လာနိုင်တဲ့အနေအထားတော့ ကျနော်တို့ခန့်မှန်းရခက်ပါတယ်။ နှစ်နှစ်ဘက်ရဲ့ ရပ်တည်မှု နှစ်ဦး နှစ်ဘက်ရဲ့အခြေအနေပေါ်မူတည်တယ်။ ဖြစ်သင့်တာကိုပြောရရင်တော့ တိုင်းရင်းသားကို ဆက်ဆံ တဲ့နေရာမှာ အဖွဲ့စည်းအကြီးအငယ်မခွဲခြားဘဲ မူတခုကို သတ်သတ်မှတ်မှတ် အရင်ပြဌာန်းပြီး တော့မှ တည်ဆောက် မယ်ဆိုရင်တော့အောင်မြင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အဓိကအားဖြင့်တော့ နိုင်ငံရေး ကိစ္စကိုနိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့တော့ ဒီငြိမ်းချမ်းရေးကိစ္စ ဟာ ၁၀ နှစ် ၁၅ နှစ်ဆက်သွား လည်း ဒီတိုင်းဟာ ဒီတိုင်းဆက်ဖြစ်နေမှာဘဲ။ တိုင်းရင်းသားအင်အားစုတွေ အဓိက လိုနေတာက ကိုယ် ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှခွင့်ဘဲ၊ အဲဒီဥစ္စာဟာ ခွဲထွက်ရေးမဟုတ်ဘူး၊ အဲဒီဥစ္စာဟာ ပြည်ထောင်စု ကနေဖဲ့ထွက်သွားအောင် ကြိုးစားနေတာ မဟုတ်ဘူးဆိုတာ အစိုးရအနေနဲ့ ရှင်းရှင်း လင်းလင်းဖြစ် အောင် ကြိုးပမ်းပြီးတော့မှလူများ စုဖြစ်တဲ့ ဗမာလူမျိုးအားလုံးဒီကိစ္စကိုနားလည်အောင် ပြီးတော့ တပ်မတော်အနေနဲ့ အောက်ခြေကနေအထက် အထိ အထက်ကနေ အောက်ခြေအထိ အားလုံး ဒီကိစ္စ အပေါ် ကြည်ကြည်လင်နားလည်အောင် အစိုးရအနေနဲ့ ရှင်းပြနိုင်မှသာလျှင် ဒီကျနော်တို့အားလုံး လို အပ်တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရရှိနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကြိုး ပမ်းရမှာ တော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေပေါ်မှာ ကြည်ဖြူမှုနဲ့နားလည်အောင်ကြိုးပမ်း သင့်တယ်။ ပြီးတော့မှ ငြိမ်းချမ်းရေးကိစ္စကိုဆောင်ရွက်သင့်တယ်လို့ သဘောထားပေးလိုပါတယ်”
စိုင်းလိတ်
ငြိမ်းချမ်းရေးတိုးတက်မှု အလားအလာသိပ်မကောင်း
နိုင်ဟံသာဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောင်ထားတဲ့ မွန်ပြည် သစ်ပါတီ ရဲ့ အထွေထွေအတွင်းရေးမှူးလဲဖြစ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လဲဖြစ်ပါတယ်။
“တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲဲရေးအဆင့်လောက်ကိုတော့ တော်တော်များများရလာပါတယ်။ မရသေး တဲ့အဖွဲ့တွေလဲရှိနေသေးတယ်။ ဒါပေမယ့်နိုင်ငံရေးအရဆွေးနွေးဖို့ တက်လှမ်းဖို့ဆိုတဲ့နေရာမှာ အမြင် တွေမတူညီကြဘူး၊ ဒါကတပိုင်း။ နောက် တဖက်ကကြည့်မယ်ဆိုရင် တချို့နေရာမှာ ကနေ့ အထိ အပစ် မရပ်နိုင်သေးဘူး ဥပမာ ကချင်ပြည်နယ်မှာ။ တခြားအဖွဲ့ကို အပစ်ရပ်ပြီး ကချင်ကိုဖိတိုက် နေတယ် လို့ ကျနော်တို့ခံစားနေရတယ်။ ဒါကလဲအလားအလာမကောင်းဘူးလို့မြင်တယ်။ နည်းပရိယာယ်တခုအရ အင်အားကြီးတခုကိုရပ်ထားပြီး တခြားအင်အားကြီးနောက်တခုကို တိုက်တဲ့သဘောမျိုဖြစ်နေတယ်။ နောက် အပစ်ရပ်ထားတဲ့ ဥပမာ သျှမ်းပြည်တပ်မတော် RCSS နဲ့ SSPP ရောဘဲ။ သူတို့အပစ်ခတ်ရပ်စဲ သဘောတူညီ ချက် လုပ်ထာပေမယ့် အစိုးရတပ်က မကြာမကြာလာတိုက်တယ်။ တိုက်ပွဲပေါင်းမနည်း ဘူး။ အဲဒီတော့ တဘက်က အပစ်ခတ်ရပ်စဲထားပေမယ့် တပ်ဘက်က သူတို့လိုချင်တဲ့အပိုင်းကို ဝင်လာ တယ်။ တိုက်တယ်။ အပစ်အခတ်ရပ်စဲရေးက သိပ်မရေရာဘူး၊ အခိုင်အမာပြောလို့မရသေးဘူး။ နောက်နိုင်ငံရေးအရ ဆွေးနွေးဖို့ တက်မယ်ဆိုတဲ့နေရာမှာ အစိုးရကပြောလာတယ် ကျနော်တို့ကို နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင် လွှတ်တော် ထဲရောက်မှ လိုချင်တဲ့ဟာကိုပြော ပြင်ချင်တဲ့ အခြေခံဥပဒေကို ပြင်ပါ ဆိုတဲ့နည်းလမ်းက ဖြစ်သင့်တဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့နိုင်ငံရေး ဆွေးနွေးပွဲမဟုတ်ဘူးဗျ ။ သူတို့ဘောင်ထဲကို ကျနော်တို့ကိုဆွဲ တွင်းပြီးတော့ ကျနော်တို့ကို အကျပ်ကိုင် တဲ့ပုံစံမျိုး၊ တနည်းအားဖြင့် အပစ်ခတ်ရပ်စဲ လက်နက်ချခိုင်း တဲ့ပုံစံမျိုးလို ပြောနေတယ်ဗျ။ နိုင်ငံရေး အရ ဖြစ်သင့်ဖြစ်ထိုင်တဲ့ ဆွေးနွေးပုံစံမျိုးမဟုတ်ဘူးဗျာ။ အဲဒါကိုလဲ ကျနော်တို့ဘက်ကလက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ဒီကိစ္စက သမ္မတဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်း တည်ဆောက်ဖို့ပြောနေပေ မယ့် ဒီလုပ်ငန်းစဉ်က တိုးတက်မှု အလားအလာသိပ်မကောင်း ဘူးလို့ကျနော် တို့မြင်တယ်”
နိုင်ဟံသာ
အစိုးရရဲ့ ငြိမ်းချမ်းရေး ပြန်လည်သုံးသပ်သင့်
ဦးလာနန်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ က ချင် တပ်မတော်ဟာ ၁၉၉၄ ကတည်းက အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု တရားဝင်လက်မှတ်ရေး ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း ငြင်းဆန်ခဲ့လို့ ၂၀၁၀ ဂျွန် ၉ ရက်နေ့ ကစပြီး အစိုးရ တပ်မတော်ကနေ ကနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံရတဲ့အဖွဲ့ဖြစ် ပါတယ်။
“ အစိုးရရဲ့ ဒီငြိမ်းချမ်းရေးဖွင့်ထားတဲ့ ပေါ်လစီကိုကြည့်မယ်ဆိုရင် သူတို့သွားချင်တဲ့ နိုင်ငံရေး ဆွေးနွေး မှု လမ်းကြောင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အားလုံးဝင်ရောက်ပြီးမှဘဲ လွှတ်တော်ထဲ ကနေ ဝင်ပြီးမှ တိုင်းရင်းရင်းသားအရေးဖြေရှင်းရမယ်ဆိုတဲ့ကိစ္စပါတယ်။ နောက်တခုက အားလုံးဟာ ထာဝရငြိမ်းချမ်းရပြီး မှဘဲ၊ ထာဝရငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်မယ်ပေါ့ဗျာ။ လက်နက်ကိုင်အဖွဲ့အစည်း အားလုံး မြန်မာ့တပ်မတော်လက်အောက်တခုထဲ ထားပြီးမှဘဲ သွားမယ်ဆို တဲ့ ဟာမျိုး တွေ့ရတယ်။ ဆိုလိုတာက အစိုးရရဲ့ ငြိမ်းချမ်းရေး Process ပေါ့ဗျာ။ အဲဒါကြည့်တဲ့အခါမှ တိုင်းရင်း သားတွေလိုလားတဲ့ လမ်းကြောင်းနဲ့ အများကြီးကွဲပြားမှုရှိတယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကို အသိအမှတ်မပြုဘဲနဲ့ သူတို့အစိုးရရဲ့ သွားချင်တဲ့လမ်းကြောင်းကို ခေါ်သွားချင်တဲ့ ဆန္ဒရှိတယ်။ ဒီလို မျိုးလုပ်တဲ့အတွက်ကြောင့်မို့ အခုထက်ထိ့ ပြည်တွင်းမှာ သူတို့ပြောနေတဲ့ ငြိမ်းချမ်း ရေးဆွေးနွေးမှု လမ်းစဉ်ဟာ အောင်အောင်မြင် မြင်မရှိဘူး။ အစိုးရကဘက်က ငြိမ်းချမ်းရေး ဆိုတဲ့ စကားပြော နေပေ မယ့် စစ်တပ်ဘက်ကနေပြီး စစ်ဆင်ရေး လုပ်နေတဲ့ စီမံကိန်းကို စနစ်တကျလုပ်နေ တယ်။ ဒီကိစ္စ က တွေ့ဆုံမှုဆွေးနွေးမှုမှာ နောင့်ယှက်ဟန့်တား မှုဖြစ်လို့ပြောလို့ရတယ်။ တခြားအချက် တွေလဲအများကြီးရှိပါတယ်။ ဒါကြောင့် လက်ရှိ အစိုးရလုပ်နေတဲ့ ဒီငြိမ်းချမ်းရေးက သူတို့ပြန်လည်သုံး သပ်သင့်တယ်လို့ မြင်တယ်။ အဲဒီသုံးသပ်မှု ပြင်ဆင်မှုတာမလုပ်ဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ ဒီငြိမ်းချမ်း ရေးလမ်းကြောင်းက အဆင်ပြေနိုင်စရာအကြောင်း မရှိဘူး”
ဦးလာနန်
လုံးသားချင်းလဲလှယ်မှ ထာဝရငြိမ်းချမ်းရေးခိုင်မြဲမယ်
ဦးဇမ်ကျင့်ပေါင် (ခေါ်) ဦးဇိုဇမ် ဟာ ၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီ ဥက္ကဌ လဲဖြစ် ရွေးကောက် တင်မြောက်ခံ လွှတ်တော်အမတ်တဦးလဲ ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးဆိုတာလွယ်လွယ်နဲ့ရတဲ့အမျိုးမဟုတ်ဘူးဆိုတာကျနော်တို့အစကတည်းကသိပါတယ်။ ဒါကြောင့် ပါဝင်ပတ်သက်သင့်တဲ့ပုဂ္ဂိုလ်တွေအားလုံးမပါဝင်ရဘဲနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်ဘဲ လုပ်လုပ်ဘယ် လောက်ဘဲပိုက် ဆံအကုန်အကျခံလုပ်ပါစေ အချိန်ကုန်လူပမ်းတာဘဲအဖတ်တင်တယ်။ Peace process အတွက် ပါဝင်ပတ်သက်သင့်တဲ့လူတွေဆိုတာ state holder တွေ armed group တွေပြည်တွင်း ကနိုင်ငံရေးသမားတွေ၊ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ နောက်တိုင်းရင်းသားထဲကလူထုရွေးထားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
ဒီထဲမှာလွှတ်တော်အမတ်တွေကိုတော့ကျနော်မပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ အခုလွှတ်တော်အမတ်တွေ အများစုဟာ ကျနော်အပါအဝင်ပေါ့နော် လူထုကရွေးထားတဲ့ ရာနှုန်းပြည့် ကိုယ်စားလှယ်အစစ်အမှန် တွေမဟုတ်မှန်းကျနော်သိထား တော့လေ။ လွှတ်တော်အမတ်တွေနဲ့အလုပ်လုပ်ရတာစိတ်မချနိုင်သေးတဲ့ အခြေအနေမှာရှိ တယ်လေ။ အဲ-စောစောကပြောတဲ့ အဖက်ဖက်က ပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဝေါ့ခ်ရှော့ပ် အကြီးကြီးတခုခေါ်ပြီးမှ စားပွဲဝိုင်းတခုမှာဝိုင်းထိုင်ပြီးတော့ ရင်ဖွင့်ကြရင် တော့သိပ်ကောင်း မှာဘဲလို့ကျနော် မျှော်လင့်မိတယ်။ ဒါပေမယ့် ၂ ရက် ၃ ရက်က အစိုးရသတင်းစာ မှာတွေ့လိုက် တယ်။ သမ္မတက အဆင့် ၃ ဆင့်နဲ့ သွားမယ်။ ပြည်နယ်အဆင့်။ ပြည်ထောင်စုအဆင့်။ ပြည်ထောင်စုလွှတ် တော် အဆင့်ပေါ့။ ပြည်ထောင်စုလွှတ်တော်အဆင့် အရောက်ခင် ခုနကျနော်ပြောတဲ့ ဝေါ့ခ်ရှော့ပ်ကြီး တခု ကြားမှာခံလိုက်မှဘဲ ကောင်းပါမယ်”
“ ငြိမ်းချမ်းရေးကမ်းလှမ်းတာ အခုသမ္မတမှမဟုတ်ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်က ငြိမ်းချမ်း ရေးကမ်းလှမ်းခဲ့တာချည်းပါဘဲ။ ကမ်းလှမ်းပုံကမ်းလှမ်းနည်းတွေတော့မတူဘူးပေါ့။အရင်တုန်းက သူတို့ ဦးနှောက်အချင်းချင်းအလုပ်လုပ်ကြတာပါ။အခုကနေ့ခေတ်မှာတော့ ကျနော်တို့တိုင်းရင်းသားတွေရဲ့နှလုံး သားကိုသူတို့ဦးနှောက်နဲ့လဲဖို့ကြိုးစားနေပါတယ်။ ဘယ်သမ္မတဘဲဖြစ်ဖြစ် ဘယ်အစိုးရ ဘဲဖြစ်ဖြစ်ငြိမ်းချမ်း ရေးကမ်းလှမ်းလာခဲ့ရင် သူတို့ရဲ့ နှလုံးသားနဲ့ စိတ်ရင်းနဲ့ ကျနော်တို့ရဲ့ နှလုံးသား တွေကိုလဲလှယ်နိုင်တဲ့နေ့ မှာဘဲခိုင်မြဲတဲ့ငြိမ်းချမ်းရေးရနိုင်မယ်လို့ကျနော်ယုံကြည် ပါတယ်။ ဆိုတော့ကျနော်တို့ နှလုံးသားထဲမှာဘာရှိ သလဲဆိုတာသူတို့အရင်ရှာကြည့်ဖို့ကောင်းပါတယ်”
“ငြိမ်းချမ်းရေးယူတဲ့နေရာမှာ ကျည်ဆန်ကုန်လို့၊ လူကုန်လို့၊ ခြေ ကုန်လက်ပမ်းကျလို့ ဆိုတဲ့အချက် ၃ ချက်ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်တာ မဖြစ်ဖို့ အရေးကြီးပါတယ်ခင်ဗျ။ ဒါမှထာဝရ ငြိမ်းချမ်းရေး တည်မြဲမှာပါ။ ကျနော့်အနေနဲ့တော့ ငြိမ်းချမ်းရေးကို တကယ်ဘဲလိုချင်လို့ နိုင်ငံရေးထဲဝင် တာဖြစ်တယ် လို့ပြောချင် ပါတယ်။ ဒီဟာ ရအောင် ကျနော်တို့ကြိုးစားသွားမယ်။ အားလုံး ကိုလဲကြိုးစား ကြပါလို့အားပေး ချင်ပါတယ်။ တဖက်က ဘာပြောချင်လဲဆိုတာကိုလဲတဖက်က သေသေချာချာ နားထောင်ပေးပါ။ ဒါမှနားလည် ကြမှာပါ။”
ဦးဇိုဇမ်