ဗြိတိသျ သံအမတ်ကြီး Andrew Heyn ကို လားရှိုးကျားဖြူအဖွဲ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် ရှိ Golden Hill Hotel မှာ ၂-၃-၂၀၁၂ ညနေ ၄ နာရီ ၄၅ မိနစ်ကနေ ၅ နာရီ ၁၅ အထိတွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။
ဗြိတိသျ သံအမတ်ကြီး Andrew Heyn ကို လားရှိုးကျားဖြူအဖွဲ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက် ရှိ Golden Hill Hotel မှာ ၂-၃-၂၀၁၂ ညနေ ၄ နာရီ ၄၅ မိနစ်ကနေ ၅ နာရီ ၁၅ အထိတွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ကျား ဖြူပါတီခါ် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက အကြံပေးပုဂ္ဂိုလ်စိုင်းခမ်းလိုင်၊ လားရှိုးမြို့နယ် ကော်မတီ ဥက္ကဌ စိုင်းအောင်ကြီး၊ အတွင်းရေးမှူးစိုင်းအောင်ဆာ၊ ဒု-ဥက္ကဌ စိုင်းထွန်းအောင်နဲ့အတူ SNDP ရဲ့ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်း စိုင်းစံမင်းတို့ သွားတွေ့ဆုံပြီး Andrew Heyn ကတော့ တစ်ယောက်ထဲ လာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲက စကားဝိုင်းကို သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်တွေကို အောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်။
Andrew Heyn ။ ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ။
စိုင်းခမ်းလိုင်။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကတော့ သူတို့တွေလိမ်တယ်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်းမလုပ်ဘူး။ ကြိုတင်မဲနဲ့လိမ်ပြီးနိုင်သွားတာ အားလုံးအသိပဲလေ။ အခု လာမယ့်ရွေးကောက်ပွဲကတော့ ထွက်လာတဲ့ဥပဒေတွေ စည်း မျဉ်းစည်းကမ်းတွေတော့ကောင်းတယ်။ ဒါပေမယ့်အောက်ကလူကလိုက်လုပ်မလုပ်စောင့်ကြည့်ရမယ်။ ကျုပ်တို့ကတော့ တရားမျှတပြီးလွတ်လပ်မယ်လို့မျှော်လင့်တယ်။
Andrew Heyn ။ ။ ကျားဖြူပါတီရဲ့ စည်းရုံးရေးခရီးကကော ဘယ်လို အခြေအနေရှိလဲ။
စိုင်းခမ်းလိုင်။ ။ လားရှိုးမြို့အနီးအနားကို စည်းရုံးရေးဆင်းနေတယ်။ အခက်အခဲကတော့ ဓမ္မာရုံတွေ၊ ဇရပ်တွေမှာ သွား လုပ်မယ်ဆိုရင် ဂေါပကတွေရဲ့ ခွင့်ပြုချက်ကိုယူရမယ်။ ပြီးမှကော်မရှင်ကိုတင်၊ ကော်မရှင်ကနေ အုပ်ချုပ်ရေးကိုတင် ခွင့်ပြုပြီဆိုမှ ဟောပြောရမယ်။ ပြီးရင် ရ ရက်ကြိုတင် အကြောင်းကြားထားရမှာဆိုတော့ ကျွန်တော်တို့အတွက် အချိန်က တအားနည်းနေတယ် လို့ပြောပြခဲ့တယ်။
Andrew Heyn ။ ။ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်တဲ့ကိစ္စကိုရော ဘယ်လိုမြင်လဲ။
စိုင်းခမ်းလိုင်။ ။ ဒါကတော့ သူတို့အလုပ်နဲ့သူတို့ပေါ့နော်။ ကျွန်တော်တို့လဲ ကိုယ့်အလုပ်နဲ့ကိုယ်။ သူတို့ထိန်းချုပ်နယ်မြေတွေထဲကိုတော့ ကျွန်တော်တို့ စည်းရုံးရေးမဆင်းရသေးဘူး၊ ဆင်းမလား မဆင်းလားဆိုတာလဲ ကျနော်တို့ တိုင်ပင် ဆွေးနွေး နေတုန်းဘဲ။
Andrew Heyn ။ ။ NLD နဲ့ အခြားပါတီတွေကို ဘယ်လိုမြင်လဲ။
စိုင်းခမ်းလိုင်။ ။ သူတို့လည်း နိုင်ငံရေးပါတီ၊ ကျွန်တော်တို့လည်း နိုင်ငံရေးပါတီပဲလေ။ ဆက်သွယ်မှုလည်းမရှိသလို ပဋိပက္ခလည်းမရှိပါဘူး ။
Andrew Heyn ။ ။ SNLD နဲ့ SNDP ပူးပေါင်းဖို့အစီအစဉ်ရှိလား။
စိုင်းခမ်းလိုင်။ ။ သျှမ်းအဖွဲ့အနေနဲ့တော့ တစ်ဖွဲ့ထဲရှိသင့်ပါတယ်။ အခုလတ်တလောတော့ မပူးပေါင်းနိုင်သေးပါဘူး။ တစ်နေ့နေ့တော့ ပူးပေါင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျနော့အထင်တော့ ကြားဖြတ်ရွေးကောက်ပွဲပြီးရင် ပေါ့။
Andrew Heyn ။ ။ လားရှိုးမြို့ရဲ့စီးပွားရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ ဘယ်လိုနေလဲ။
စိုင်းခမ်းလိုင်။ ။ လားရှိုးမြို့ရဲ့ စီးပွားရေးအများစုကတော့ တရုတ်လူမျိုးတွေရဲ့လက်ထဲမှာပဲရှိတယ်။ အခုလာတွေ့တဲ့ Golden Hill Hotel တောင်မှ တရုတ်လူမျိုးပိုင်တဲ့ ဟိုတယ်ဆိုတာ ခင်ဗျားအသိပဲလေ။ တိုက်တာအိုးအိမ် အကောင်းစား တွေဆိုရင် တရုတ်ပိုင်တဲ့အိမ်တွေပဲ။
Andrew Heyn ။ ။ အဲ့လောက်များတဲ့ တရုတ်တွေ ဘယ်လိုဝင်ရောက်နေရာယူလာသလဲ။
စိုင်းခမ်းလိုင်။ ။ သေချာတာကတော့ နိုင်ငံကိုအုပ်ချုပ်တဲ့သူတွေက ဝင်ခွင့်မပေးဘူးဆိုရင် ဒီလောက်အများကြီးဝင် လာစရာ အကြောင်းမရှိဘူး ။
သံအမတ်ကြီးအနေနဲ့ ပြည်တောင်စုကော်မရှင်တွေ၊ နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ နဲ့ တွေ့ဆုံတဲ့အခါမှာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိဖို့အပြင် မဲပေးတဲ့နေ့မှာလဲ ပြည်တွင်း၊ ပြည်ပသတင်း ထောက်တွေ၊ လေ့လာရေးအဖွဲ့တွေကိုလဲ ဝင်ရောက်စောင့်ကြည့်လေ့လာရေးအတွက် ခွင့်ပြုစေချင်တယ်လို့အထူးတောင်း ဆိုချင်တယ်ချင်ကြောင်း၊ အထက်က ချမှတ်ပေးတဲ့ စည်းကမ်းချက်အတိုင်း မြို့နယ်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် တွေ လိုက်နာဆောင်ရွက်မှုရှိမရှိ စောင့်ကြည့်အရေးယူပေးစေချင်ကြောင်း စိုင်းခမ်းလိုင်က ဖြည့်စွက်ပြောခဲ့ ပါတယ်။