ရခိုင်မှတတိယ အကြီးမားဆုံး ကုန်ထုတ်လုပ်ငန်း ဖြစ်တဲ့ ဆားလုပ်ငန်း ပျက်စီးတော့မှာလား ?

ရခိုင်မှတတိယ အကြီးမားဆုံး ကုန်ထုတ်လုပ်ငန်း ဖြစ်တဲ့ ဆားလုပ်ငန်း ပျက်စီးတော့မှာလား ?
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ရဲ့ အဓိက ကုန်ထုတ်လုပ်ငန်းတွေ ဖြစ်ကြတဲ့ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ ဆားလုပ်ငန်းတွေ အထဲမှာ အခုအခါ တတိယ အကြီးမားဆုံး ကုန်ထုတ် လုပ်ငန်း တစ်ခု ဖြစ်တဲ့ ဆားလုပ်ငန်းဟာ ပျက်စီးလုနီးပါး အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

Salt-300x225ခုလို ဖြစ်နေတာဟာ ရခိုင်က ထုတ်လုပ်တဲ့ ဆားတွေကို ရောင်းချမယ့် နို်င်ငံတာ စျေးကွက်မရှိသလို ပြည်တွင်းမှာလည်း ဆားစျေးတွေ အဆမတန် ကျနေတဲ့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ဆားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင် အသင်း ဒုဥက္ကဌ ဦးကျော်တင့်ကို နိရဥ္စရာက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဆားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဦးကျော်တင့်က ခုလို ဖြေကြား ပေးထားပါတယ်။

(ပထမဆုံးမေးချင်တာက ရခိုင်ပြည်နယ်ရဲ့ ဆားလုပ်ငန်းနဲ့ ပတ်သတ်ပြီး ကြံုတွေ့နေရတဲ့ အခက်အခဲလေးတွေကို သိချင်ပါတယ်။)

ဦးကျော်တင့်-  ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူကတော့ နာတာပေါ့ဗျာ။ ဆားတပိဿာကို အခု အချိန်ထိ ၁၂ ကျပ် ၁၈ ကျပ်ဘဲရှိတယ်။ အခုအချိန်ထိတောင် တပိဿာကို ၁၈ ကျပ်ထက် ပိုမတက်သေးဘူး။ ဆားတပိသာရဲ့ ထုတ်လုပ်တဲ့ ကုန်ကျ စရိတ်က ၃၀ ကျပ်ရှိတယ်။ အဲဒါ ဘာကြောင့် ဖြစ်နေ တယ်ဆိုတာ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ အဖွဲ့ကိုလည်း ၀ယ်ခွင့်မပြုဘူး။ အစိုးရလည်း မရောင်းဘူး။  ဘင်္ဂလာဒေ့ချ်က အဝယ်တော် တွေနဲ့ ကျပြန်တော့လည်း အဝယ်တော်တွေက တန်ချိန် ၅၀၀၀၀ သောင်းယူမယ်။ အဲဒီကျတော့  မနေ့က သတင်း မှာကြားတာက ဘင်္ဂလာကပေးတာနည်းလို့ အိန္ဒိယကိုရောင်းမယ်လို့ ကြားရတယ်။ နှစ်စဉ် ဘင်္ဂလာဒေ့ချ် နိုင်ငံက ဆားထုတ်ပြီး အိန္ဒိယကို ရောင်းနေတာ။  အိန္ဒိယကို ဗမာက ဆားရောင်းမယ် ဆိုတော့ သံသယ တခုတော့ ရှိတာပေါ့ဗျာ။

( အခု လက်ရှိ ရခိုင်ပြည်နယ်ရဲ့  ဆားလုပ်ငန်းရှင်တွေ ကြံုတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေပါလဲ။)

ဦးကျော်တင့်- ဟုတ်ကဲ့။ အခု ဆား ၁၀ ဧကလုပ်လို့ရှိရင် ကျွန်တော်တို့ ပြည်နယ် ဆားမန်နေဂျာတို့၊ ဆားလုပ်ငန်းရှင်တို့၊ ခဝတတို့၊  မြို့နယ်အာဏာ ပိုင်တွေ အားလုံးသတ်မှတ်ထားတာက ဆား ၁၀ ဧက လုပ်လို့ရှိရင်  ကုန်ကျ စရိတ်ဟာ တပိဿ ကျပ် ၃၀ ဆယ် ခန့်ရှိိတယ်။  ဒါတရားဝင်။ အခု ၁၈ ကျပ်ဘဲ ရတယ်ဆိုတော့ အကုန်လုံး အရှံုးပေါ်နေတာပေါ့။  အခက်အခဲရှိတယ်ဆိုမှ ဆားလုပ်ငန်းရှင်တွေ  နောက်နှစ်ဆို ဆားလုပ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ် ဘူး။ အဲဒီ အဆင့်ဖြစ်နေတယ်။ ဘာဖြစ်လို့ဆိုရင် ရှေ့ဆက် စျေးနှိမ်ပြီးတော့ ရောင်းခွင့်လည်း မပေးဘူး။ နိုင်ငံခြားကို ရောင်းခွင့်လည်း မပေးဘူး။ ဒီက စျေးကွက် ရှာပေးရင်လည်း သူတို့လက်မခံဘူး။ အစိုးရလည်း ရောင်းမပေးဆိုတော့ ကျွန်တော်တို့ ဆားလုပ်ငန်းရှင် တွေက သေပြီပေါ့။ တစ်ယောက်မှ အလုပ််လုပ်လို့မရ ဖြစ်သွားပြီ။

(အဲဒီတော့ ဒီပြသနာတွေ ပြေလည်အောင် ဘယ်လို ဖြေရှင်ရင်ကောင်းမယ်လို့ ဦးကျော်တင်တို့ မြင်ပါလဲ။ နိုင်ငံ တော်အစိုးရပိုင်းကိုကော ဘက်ကိုကော ဘာတွေပြောချင်လဲ။)

ဦးကျော်တင့်- နိုင်ငံတော်အစိုးရက ကျွန်တော်တို့ကို စျေးနှုန်းမှန်မှန်နဲ့ နိုင်ငံခြားကိုရောင်းခွင့်ပေးဖို့၊ ဆားတောင်သူတွေ အားလုံး ကို သိနိုင်အောင် လက်ရှိ နို်င်ငံတကာ ဆားစျေးနှုန်းကို ကျေညာပေးရင် ကောင်းတာပေါ့ဗျာ။ အခုက ကျွန်တော်တို့ကို စျေးနှုန်းကို လည်းမပြောဘူး။ ဆားစျေးကွက်က ဘာဖြစ်နေတယ်ဆိုတာလည်း မသိဘူး။ အခု ဆားတွေ ရောင်း မထွက်တဲ့ အတွက် နောက်ဆားထည့်ဖို့ ဂိုဒေါင်တွေလည်း မရှိဘူး။ ကျွန်တော်မှာဆိုရင် ထားစရာ မရှိတော့ ဆား ပိဿာ ရ၀၀၀၀ ခန့် ရေနဲ့ ပါသွားတယ်။ အဲဒါကို အားကိုးပြီးတော့ စရိတ် အကုန်ခံပြီးထုတ်လိုက်တာ။ အဲဒါမျိုးတွေ ရှိတာပေ့ါဗျာ။ ဆိုတော့အစိုးရအနေနဲ့ ပြည်သူတွေကို ဆားဘယ်လောက်ထိ စျေးတက်နို်င်တယ်။ ဘယ်စျေးရမှ ရောင်းနိုင်မလဲ။ ကျွန်တော် ရခိုင်ပြည်နယ် သတ္တုတွင်းဝန်ကြီး လာတုန်းက တင်ပြလိုက်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကထွက်တဲ့ဆားသည် နိုင်ငံခြားဝင်ငွေလည်းမရ၊ ရခိုင်ပြည်သူတွေလည်း မစားရဘဲ သင်္ဘောသေးတွေနဲ့ မှောင်ခို ထွက်ထွက်ပြီးနေတယ်။ အဲဒါကို ကျွန်တော်တင်ပြလို်က်တယ်။ သတ္တုတွင်းဝန်ကြီးက ဟုတ်လား ဆိုပြီး ပြန်မေးတယ်။ အဲဒီတော့ ဆင်းရဲသားပပျောက်ရေးအတွက် ကျွန်တော်တို့ကို ဘယ်လောက်ပဲ ပိုက်ဆံတွေ ထုတ် ပေးပေး ဆားစျေးကွက်ကို ရှာမပေးနိုင်ရင်၊ ဆားလုပ်ငန်း တိုးတက်အောင် နိုင်ငံတော်ပိုင်းက မကူညီရင် ကျွန်တော်တို့ လုပ်လို့မဖြစ်နိုင်တော့ဘူး။  အဲလို ဖြစ်နေတယ်ဗျာ။

(အဲဒီတော့ ဆားလုပ်ငန်းဟာ ရခိုင်ပြည်နယ်မှာ တတိယအများဆုံး ကုန်ထုတ် လုပ်ငန်းတခုဖြစ်နေတယ်။  ဆိုတော့ ဒီဆားလုပ်ငန်းပျက်စီးသွားရင် ရခိုင် စီးပွားရေးကို တော်တော် ထိခိုက်နိုင်တဲ့ အနေအထားရှှိပါလား။)

ဦးကျော်တင့်-  ရှိတာပေါ့ဗျာ။ ရခိုင်ပြည်သူတွေအတွက် ထိခိုက်မှု အများကြီးရှိပါတယ်။ ထိခိုက် နိုင်တာပေါ့ဗျာ။ ဆားကို ဗမာပြည်ကနေ ရခိုင်ကို  ပြန်တင်ရမဲ့ အနေအထားရောက်သွားရင် မလွယ်တော့ဘူး။ နောက်ပြီး ပြည်နယ်အတွက် ၀င်ငွေကလည်း တော်တော် ထိခိုက်နို်င်တာပေါ့။ ကျွန်တော့်မှာ ဆားလုပ်သား ၁၂၀ ရှိတယ်။ ၁၂၀ မှာ အနည်းဆုံး ပိဿာ သိန်း ၃၀၀ ခန့်ထွက်မယ်။ အခု သူတို့ဘယ် လိုလုပ် စားနေကြတယ်။ ဘာဖြစ်နေကြတယ်ဆိုတာ တော့ ကျွန်တော်လည်း မသိဘူး။  ဘင်္ဂလာဒေ့ချ်က အဝယ်တော်နဲ့ တွေ့တဲ့အခါကျွန်တော် မေးတယ်။ တန်ချိန် ၅၀၀၀၀ ယူမယ်လို့ပြောတယ်။ မြေနေရာမရှိရင် ခင်ဗျာတို့ ကိုယ့်နေရာနဲ့ကိုယ် ဆောက်ဖို့ဆိုပြီး ကျွန်တော် ကျောက်ဖြူ မြို့နယ် အသင်းရယ်၊ ခရိုင်ဆားလုပ်ငန်းရှင်း အသင်းတွေ အားလုံးလုပ်ကြတယ်။ နေရာရှာကြတယ်ပေါ့။ ကျွန်တော်တို့ ကိုယ့်ဂိုဒေါင်ကြီးတွေဖွင့်ထားမယ်။ ရောင်းမယ်ဆိုပြီး လုပ်တယ်။ ဒါပေမဲ့ အခြေအနေက ဘာမှ ထူးမလာဘူး။

(ဟုတ်ကဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဆားတွေ တန်ချိန် ပိတ်မိနေတာ ဆားတွေ ဘယ်လောက်ရှိမှာလည်း။)

ဦးကျော်တင့်- အခုတော့ဘယ်လောက်ရှိမယ်ဆိုတာက ကျွန်တော်တို့လည်း ခန့်မှန်းလို့မရတော့ဘူး။ တချို့တဝက်လည်း ပျက်သွားပြီ။ တန်ချိန်အားဖြင့် ဆားကွင်း  ၁၂၀ ဆိုရင် တစ်ကွင်းကို အနည်းဆုံး တစ်သိန်းအထက်ကိုရှိတယ်။ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဆားထုတ်သူတိုင်း လိုလို ထုတ်နိုင်တယ်ပေါ့။ လူ ၂၀၀ ဆိုရင် တန်က ဘယ်လောက်ရှိမယ်။ ဘယ်လောက်ရောင်းပြီးတယ်ဆိုတာ ကျွန်တော်တို့ အတိကျပြောလို့တော့မရဘူး။

(အခုပြောနေတာက ကျောက်ဖြူခရိုင်ကိုပြောတာလား၊ ရခိုင်တပြည်နယ်လုံးနဲ့ပြောတာပါလား။)

ဦးကျော်တင့်- ရခိုင်တပြည်နယ်လုံးမှာ ကျောက်ဖြူက ၉၀ ရာခိုင်နှုန်းထွက်ပါတယ်။ ကျောက်ဖြူခရိုင် ကျွန်တော်တို့ ဆားလုပ်ငန်းအသင်း စာရင်းမှာ ဆားကွင်း ၁၂၀ ရှိတယ်။

(ဆိုတော့ နောက်နှစ်မှာ အဲဒီ ဆားလုပ်ကွက်တွေကို အားလုံး ရပ်ထားရမည့် အနေအထား ဖြစ်နေပြီလား။)

ဦးကျော်တင့်- ဟုတ်ကဲ့။  ဒီနှစ်အခြေအနေမကောင်းရင် ဘယ်သူမှလုပ်နိုင်မဲ့ အခြေအနေမရှိတော့ဘူး။ ရပ်ထားရမဲ့ အနေအထားမှာရှိတယ်။