နယ်စည်းမခြား ဆရာဝန် အဖွဲ့ MSF ကို ရခိုင်တွေ ဘာကြောင့် ဆန့်ကျင်သလဲ

နယ်စည်းမခြား ဆရာဝန် အဖွဲ့ MSF ကို ရခိုင်တွေ ဘာကြောင့် ဆန့်ကျင်သလဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်း ဇွန်လနဲ့ သြဂတ်စ်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မူအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် မိသားစုတွေကို MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့က အကူ အညီတွေ ပေးနေတဲ့ နေရာမှာ ရခိုင်ပြည်နယ် အတွင်းမှာ နှောင့်ယှက် ခြိမ်းခြောက်မူတွေ ရှိနေတယ်ဆိုပြီး အဲဒီအဖွဲ့က တာဝန်ရှိသူ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote  ကနေ ဒီလ ရ ရက်နေ့က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။  

ဒီကိစ္စနဲ့ ပတ်သက်ပြီး MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အတွင်း ရခိုင်အမျိုးသားတွေက ဆန့်ကျင်နေတာဟာ တကယ် ဟုတ်ပါသလားလို့  ရခိုုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေ မှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးကို မေးကြည့်တဲ့အခါ သူကအခုလို စပြောပါတယ်။

Arakanese-Protest-MSF

ဦးခိုင်ပြည်စိုး- အမှန်ကတော့ ရခိုင်တွေဆန့်ကျင်တယ်လို့ သူတို့မြင်တဲ့ အပိုင်းသာ ရှိပါတယ်။ အမှန်တ ကယ်အားဖြင့် ရခိုင်တွေက အဲဒီအဖွဲ့ကို ဆန့်ကျင်တာ မဟုတ်ပါ။ ရခိုင်တွေကသာ သူတို့ရဲ့ အရေးမစိုက် ဆန့်ကျင် တာကို ခံနေရတယ်လို့ ကျွန်တော်တို့ ရှု့မြင် သုံးသပ်ပါတယ်။ ခေတ်ကာအဆက်ဆက်မှာ သူတို့ ရခိုင်မှာ အလုပ် လုပ်လာကြတယ်။ လုပ်လာကြတဲ့ အခါမှာ ရခိုင်တွေ ပစ်ပယ်ခံရတဲ့အတွက် အခုဟာက အကျိုးဆက် တစ်ခုဖြစ်တယ်လို့ဘဲ ကျွန်တော် တို့မြင်ပါတယ်။ ရခိုင်ပြည်တွင်းထဲမှာ လုပ်နေကြတဲ့ အဖွဲ့ အစည်းတွေ အများကြီးရှိတယ်။ သို့သော် ရခိုင်တွေက အဲဒီအဖွဲ့တွေကို ရခိုင်တွေက ထိထိရောက်ရောက် ဆန့်ကျင်တဲ့ သဘောမရှိသေးဘူး။ ရခိုင် လူမျိုးတွေရဲ့ အခန်းကဏ္ဍကို လှည့်မကြည့်တဲ့ အဖွဲ့တွေကိုသာ ကူညီ ထောက်ပံ့တဲ့နေရာမှာ မျှမျှတတ ဖြစ်ဖို့အတွက် ပြောဆိုနေတာကိုသာ တွေ့ရပါတယ်။

မေး ။  ။ ဟုတ်ကဲ့ ဇွန်လ အတွင်းက စတင် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ MSF က ဒေသဆိုင်ရာ ၀န်ထမ်း တချို့ ပါ၀င် ဦးဆောင်ခဲ့ တယ်လို့ ရခိုင်တွေဘက်က စွပ်စွဲ ပြောဆိုနေတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေက ဘယ်လို အခြေအနေ ရှိိပါလဲ။

ဦးခိုင်ပြည်စိုး- ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေမှာ တချို့ အန်ဂျီအိုတွေ၊ အိုင်အန်ဂျီအိုတွေက ပါ၀င်ပတ်သတ် နေတာတွေ အများကြီး ရှိပါတယ်။ အဲဒီလို ပါ၀င်ပတ်သတ်မှုရှိနေတဲ့ အတွက် ဒီဟာတွေဟာ တကယ့်ကို လူမှု အထောက်အကူပြု အဖွဲ့အစည်း မဟုတ်ဘဲ လူအဖွဲ့အစည်းတွေကြားထဲမှာ ပဋိပက္ခဖြစ်အောင် ဖန်တီးတဲ့ အဖွဲ့အစည်းတွေဆိုပြီး ရခိုင်ပြည်သူတွေက အမြင်တွေရှိနေကြတယ်။ ပါ၀င်ပတ်သတ်မှုရှိနေတဲ့ အဖွဲ့အစည်းတွေကိုုလည်း တချို့ကိစ္စတွေမှာ ကျွန် တော်တို့သိထားရတာ အများကြီး ရှိပါတယ်။ ဒါကြောင့် သူတို့ အပေါ်မှာ ရခိုင်တွေက ယုံကြည်မှုမရှိ။ သူတို့ အပေါ် ယုံကြည်မှုက ဆက်လက် ကျဆင်းနေတယ်လို့ဘဲ ကျွန်တော်တို့ သုံးသပ်ပါတယ်။

မေး ။  ။ ဟုတ်ကဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့က နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေကိုပါ မေတ္တာ ရပ်ခံထားတာကိုတွေ့ရ ပါတယ်။ ဆိုတော့ ဒီပြဿနာတွေ ပြေလည်အောင် ဘယ်လို လုပ်ရင် ကောင်းမယ်လို့ ယူဆပါသလဲ။

ဦးခိုင်ပြည်စိုး- ဒီပြဿနာကို ပြေလည်အောင် ဆောင်ရွက် ဖြေရှင်းမယ်ဆိုရင် သူတို့မှာ အစကတည်းက ရှိနေတဲ့ လုပ်ထုံး လုပ်နည်းတွေ၊ နဂိုရှိနေတဲ့ အတွေးအခေါ်တွေ၊ ခွဲခြား ဆက်ဆံမူတွေကို ပြောင်းလဲ ပစ်ရမယ်လို့ ကျွန်တော်တို့ မြင် ပါတယ်။ အဲဒီ အတွေးအခေါ်တွေကို မပြောင်းလဲဘဲ သူတို့ လုပ်ဆောင်ချက် ရည်ရွယ်ချက် တွေကို မပြောင်းလဲဘဲနဲ့ ဒီဟာတွေကို ပြည်သူတွေက ပြုပြင်ပြောင်းလဲပါ ဆိုလို့ကတော့ ရမှာမဟုတ်ဘူး။ အဓိက ပြဿနာဖြစ်တာက သူတို့ အပေါ် မူတည်ပြီး ဖြစ်တဲ့ ပြဿနာပါ။ အခု သူတို့ကို ပြည်သူတွေက မလိုလားတာဟာ ရခိုင်ပြည်သူတွေနဲ့ အစိုးရက ဖန်တီးတဲ့ ပြဿနာမဟုတ်ပါ။ သူတို့ရဲ့ လုပ်ဆောင်ချက် အမှားတွေကြောင့်၊ ပေါ်လစီ အမှားတွေကြောင့် ဒီပြဿနာတွေ ပေါ်ပေါက် လာရတာဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စတွေကို တကယ်တန်း ပြေလည်အောင် လုပ်မယ်ဆိုရင် နဂို လုပ်ထုံး လုပ်နည်းတွေကို အားလုံ ဆွဲချ ဖြိုဖျက် ပစ်ရပါမယ်။ မျက်နာကြီး မျက်နာငယ် လုပ်နည်း လုပ်ဟန်တွေကို စွန့်လွှတ်ဖို့ လိုပါတယ်။ နောက်ပြီး ပြည်တွင်းမှာ ရှိတဲ့ အန်ဂျီအိုတွေ၊ ရခိုင် အမျိုးသားတွေ ဖွဲ့စည်းထားတဲ့ အန်ဂျီအို အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အတတ်နိုင်ဆုံး ရဟန်း သံဃာတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဘာလုပ်သင့် တယ်ဆိုတာကို အကြံဉာဏ်ယူကြရပါမယ်။ သူတို့သဘောနဲ့ သူတို့   ငါတို့ နိုင်ငံခြား အန်ဂျီအို ဘယ်သူ့ကိုမှ အရေးစိုက်စရာ မလိုဘူးဆိုတဲ့ အပြုအမူတွေနဲ့ လုပ်နေလို့ကတော့ ရှေ့မှာလည်း  လုံးဝ အဆင်ပြေမှာ မဟုတ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။

Most read this week