ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်(လိပ်ကျွန်း)တွင် စက်တင်ဘာ ၁၅ ရက် ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသားနှစ်ဦး ကျူးလွန်သည်ဟုဆိုကာ ထိုင်း ရဲတို့ဖမ်း ဆီးထားသည်။
(လူသတ်မှုဖြင့် ထိုင်းရဲတို့ ဖမ်းထားသည့် ကိုဇော်လင်းဦး၏ မိခင် ဒေါ်ဖြူချေနုနှင့် တွေ့ဆုံခြင်း)
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်(လိပ်ကျွန်း)တွင် စက်တင်ဘာ ၁၅ ရက် ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသားနှစ်ဦး ကျူးလွန်သည်ဟုဆိုကာ ထိုင်း ရဲတို့ဖမ်း ဆီးထားသည်။ ၎င်းတို့ကို မိဘများနှင့်တွေ့ ဆုံနိုင်ရန် ရခိုင်လူမှုအဖွဲ့အစည်းတို့ စီစဉ်ပေးနေပြီး ယခုအခါ ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ရောက်ရှိလာ ပြီဖြစ်သည်။ယင်းတို့အနက်မဇ္စျိမက တွေ့ဆုံမေးမြန်းရန်ကျန်သေးသူ ကိုဇော်လင်းဦး၏ မိခင်ဖြစ်သူ ရခိုင်တိုင်းရင်းသူ ဒေါ်ဖြူချေနုနှင့် ရန်ကုန်လေဆိပ်တွင် မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
မေး - ကိုဇော်လင်းဦး ထိုင်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲ။
ဖြေ - တစ်နှစ်ရှိပြီ။
မေး- သူ ထိုင်းကို သွားဖို့ အန်တီ ခွင့်ပြုခဲ့တာလား။
ဖြေ- အိမ်မှာ လူအိုတွေနဲ့ ကျွေးဖို့လိုတယ်။ ရွာမှာနေရင် အလုပ်မရှိ၊ ထိုင်းကိုသွားဖို့လို့ ဆိုတယ်။ သူ့ဟာသူ ပွဲစား နဲ့သွားတယ်။ အိမ်ကငွေတော ့ပေးရတာပေါ့။
မေး- သူအိမ်ကို ငွေလွှဲဖူးလား။ ဘယ်လအထိ လွှဲခဲ့လဲ။
ဖြေ- တစ်လကို တစ်သိန်းငါးသောင်း လွှဲတဲ့အခါ လွှဲတယ်။ တစ်သိန်း လွှဲတဲ့အခါ လွှဲတယ်။ ဝါခေါင်လ (ဇူလိုင်) အထိ လွှဲတယ်။ တစ်နှစ်လုံးပေါင်းရင်း ဆယ်သိန်းလောက်တော့ လွှဲတယ်။
မေး - အဆက်အသွယ်ရတဲ့အချိန်တုန်းက အဆင်ပြေတယ်လို့ပြောလား။
ဖြေ - အေး…. ပြောတယ်။ပြေတယ်တဲ့ အမေနေကောင်းအောင်နေတဲ့။
မေး - သူအဖမ်းခံရတာ အန်တီဘယ်လိုသိလဲ။
ဖြေ - ပွဲစားကပြောတယ်။ မောင်ဇော်လင်းကို ဖမ်းသွားပြီလို့ ပြောတယ်။
မေး -အခု သူလွှတ်အောင် ဘယ်လိုလုပ်ဖို့စဉ်းစားလဲ။
ဖြေ - ဘယ်လိုစဉ်းစားဖို့လဲ။ ဘုရားရှိခိုးတယ်။ ဆုတောင်းနေတယ်။ လာခေါ်တဲ့တွေကတော့ စိတ်မပူနဲ့လို့ပြော တယ်။
မေး - ထိုင်းကိုသွားရင် သူနဲ့တွေ့ရမယ် ထင်လား။
ဖြေ - အေးတွေ့ရဖို့လို့ ပြောတယ်။
မေး - သူပြန်လွှတ်မယ်ဆိုရင် ထိုင်းမှာ အလုပ်လုပ်ခိုင်းဦးမလား။
ဖြေ - ထိုင်းမှာမနေခိုင်း၊ ရွာကိုပြန်ခေါ်လာဖို့ပဲ။
မေး - အခု လူကြီးတွေနဲ့ တာဝန်ရှိသူတွေကို ဘာပြောချင်လဲ။
ဖြေ - လွှတ်စေချင်တယ်လို့ ပြောချင်တယ်။