မရမ်းကုန်းမြို့နယ်၊ ခဝဲခြံရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ)ကျောင်းမှ ၂ဝ၁၂-၂ဝ၁၃ ပညာသင် နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရှစ် ဦးဖြေဆိုခဲ့ပြီး နှစ်ချင်းပေါက် အောင်မြင်သူ နှစ်ဦးရှိခဲ့သည်။
အောင်မြင်သူများထဲမှ တစ် ဦးဖြစ်သူ မဇင်မာသိန်းနှင့် မဇ္စျိမက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နှုတ်ဖော်ပြပေးထားပါသည်။
မျက်စိအမြင်အာရုံ ချို့ယွင်းခဲ့တာနဲ့ ပတ်သက်ပြီး ပြောပေးပါ။
ငယ်ငယ်တုန်းက ဝါးတဲ့ အခြေအနေပါ။ စာအုပ်နဲ ့အရမ်းကြီး ကပ်ကြည့်မှ မြင်ရတာ။ နောက်ကြည့်တာ ကြာလာရင် လည်း မျက်စိက ကိုက်လာတယ်။ သုံးနှစ်သမီးတုန်းက ဖားအံ က ပြည်သူ့ဆေးရုံက ဆရာဝန်ကြီးက ငါးနှစ် သမီးရောက်ရင် ခွဲပေးမယ်။ မျက်စိပြန် ကောင်းသွားမယ်။ အာမခံတယ်ဆိုလို့ ငါးနှစ် သမီးမှာ ပြန်သွားခဲ့ပေမယ့် ဆရာဝန်ကြီးက နိုင်ငံခြားကို ထွက်သွားပြီဆိုလို ့မခွဲခဲ့ရပါဘူး။ ခုနစ်တန်း အရောက်မှာ မဲဆောက်ကိုသွားပြီး မျက်စိခွဲစိတ်တာက နေလုံးဝ မမြင်ရတော့တာပါ။
အဲဒီအချိန်နောက်ပိုင်းမှာရော ဘယ်လိုအ ခက်အခဲတွေ ကြံုတွေ့ခဲ့ရပါသလဲ။
အရမ်းကြောက်ပါတယ်။ လမ်းလျှောက် ရတာကို အရင်ကမြင်ရသေးတယ်။ ပြီးတော့ ရုတ်တရက်ကြီး မမြင်ရတော့ တာဆိုတော့ လမ်းလျှောက်ရင် ငါ ပြုတ်ကျသွားမလားလို့ အရမ်းစိုးရိမ်တယ်။ ဘေးမှာ အဖော်မပါရင် ပိုဆိုးပါတယ်။ ပြီးတော့ ခုနစ်တန်းထိ ကျောင်း တက်ဖူးတယ်ဆိုတော့ မျက်မမြင်စာတွေကို ပြန်သင်ရတာ ခက်ခဲပါတယ်။ လူက လည်း ညှက်တော့ စာရေးတဲ့အချွန်ကို ကိုင်ရတာ အရမ်းပင်ပန်းတယ်။ အခုတော့ အဆင်ပြေ သွားပါပြီ။ ဆယ်တန်း ကို နှစ်ချင်းပေါက်အောင် ဘယ်လို ကြိုးစားခဲ့ပါသလဲ။ အဓိကကတော့စာကို အကြွေးမထားလို့ပါ။ ဆရာမတွေက လည်း ဂရုတစိုက် သင်ပေးတာနဲ့ ဘုရားသခင် ကျေးဇူးတော်ကြောင့်ပါ။
စာဘယ်လို ကျက်မှတ်သလဲဆိုတာလေး ပြောပြပေးပါလား။
စာကျက်တာကျတော့ သမီးတို့ မျက်မ မြင်တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ ပုံနှိပ်တွေရှိပါတယ်။ အဲဒီပုံနှိပ်တွေ ကနေ ဖတ်ပြီးတော့ ကျက်ရတာပါ။ ပြီးတော့အ တန်းထဲမှာ သင်တာကို သေချာနားထောင် ပါတယ်။ သင်တာကတော့ ခဝဲခြံကျောင်းမှာဘဲ သင်တာပါ။ လပတ်စာမေးပွဲတွေ ဖြေရင်တော့ အင်းစိန် အ-လ-က(၂)မှာ သွားဖြေရတာ ပါ။ အဲဒီမှာသွားဖြေရတဲ့အချိန်အခက်အခဲရှိလား ဆိုရင်အခက်အခဲက အထွေအထူးတော့ မရှိပါဘူး။ နေရာသစ်ဆိုတော့ သွားရေးလာရေး အခက်အခဲကတော့ ရှိတာပေါ့။ သမိုင်းဘာ သာကတော့ သမီးအတွက် အရမ်းခက်ပါတယ်။ တိုင်ရင်းသူဆိုတော့လေ။
ကွန်ပျူတာသင်နေတယ်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါ ဘယ်လိုသင်ယူရတာလဲ။ ဘယ်အဆင့်ထိ ရောက်နေ ပြီလဲ။
ညီမတို့ သင်တဲ့ကွန်ပျူတာက သူများ တွေလို သာမန်ကွန်ပျူတာဆိုပေမယ့် နည်း နည်းထူးခြားတာက ကီးဘုတ်တွေမှာ ဂျောဆိုတဲ့ စနစ်တစ်ခု ထည့်ထားတဲ့အတွက် ဥပမာ ခလုတ်ကို နှှိပ်လိုက်ရင် အေလို့ အသံထွက်တယ်။ အဲ့ဒီ အသံထွက်ကို နားထောင်ပြီး အသုံးပြုရ တာပါ။ အခုမှ စသင်နေတာဆိုတော့ အခြေခံနဲ့ စာရင်းအင်းကို သင်နေတာပါ။
ဖုန်းအသုံးပြုနေတဲ့ မျက်မမြင်အချို့ကိုလည်း တွေ့့ခဲ့ရတယ်။ အဲ့ဒီဟာကရော ဘယ်လို အသုံးပြုကြတာလဲ။
ကွန်ပျူတာကို သုံးသလိုပါဘဲ အစ်မ။ သူ အထဲကိုလဲ ဂျောလို့ ခေါ်တဲ့စနစ်တစ်ခု ထည့်လိုက်ရင် ခလုတ်တွေ
နှိပ်တဲ့အခါ အသံထွက်ပါတယ်။ ခလုတ်တွေက ထွက်လာတဲ့ အသံကို နားထောင်ပြီး အသုံးပြုတာပါ။ ကွန်ပျူ တာလိုပါပဲ။
မျက်စိမမြင်ရတဲ့ အခြေအနေကနေ ခုလို ၁ဝ တန်းအောင် အောင်ကြိုးစားနိုင်တယ်ဆိုတော့ အောင်စာရင်း ထွက်တဲ့အခါ ဘယ်လို မျိုးခံစားရလဲ။
အရမ်းပျော်ပါတယ်။ ဘယ်လိုမျိုးနဲ့ ဘယ် လောက်လဲလို့ ပြောပြလို့မတတ်ပါဘူး။ ၁ဝ တန်း အောင်စာရင်း မထွက်ခင် ကဆိုရင် အိပ်လို ့လည်းမရဘူး။ စားလို့လည်း မရဘူး။ စိတ်ကလညး် ဂနာမငြိမ်ဖြစ်နေတာပေါ့နော်။ ရင်တွေ အရမ်းခုန်နေပြီး ဘုရားသခင်ထံ မှာလည်း အမြဲမပြတ် ဆုတောင်းပါတယ်။
ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ရော ကြံုတွေ့ခဲ့ရ သေးလား။
ခွဲခြားဆက်ဆံခံရတာမျိုးတွေတော့ မကြံုတွေ့ခဲ့ရပါဘူး။ သူငယ်ချင်းတွေကလည်း ဒီမှာရှိတဲ့ မျက်မမြင်ဘဝတူ သူငယ်ချင်းတွေ နဲ့ မျက်စိမြင်တဲ့ သူငယ်ချင်းတွေကလညး် အိမ်မှာ ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလေ။ ဒါပေမဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေက ကျောင်းမှာ တွေ့လို့ ခေါ် တုန်းကသူတို့ ကိုယ့်ကိုမြင်ရလို့ မှတ်မိပေ မယ့်။ ကိုယ်ကမမြင်ရတော့ မမှတ်မိ ဘူးပေါ့ နော့်။ အဲ့ဒီတုန်းကတော့ တော်တော်ဝမ်းနည်းပါတယ်။
မျက်မမြင်တစ်ယောက်ရဲ့ ဆန္ဒတွေထဲမှာ မျက်စိမြင်ချင်တဲ့ စိတ်က ပထမဖြစ်မှာပေါ့နာ်၊ အဲ့ဒါဆိုရင် ဒုတိယဆန္ဒကရော ဘယ်ဟာဖြစ်မလဲ။
ဟုတ်ပါတယ် အစ်မ။ ညီမ အဖြစ်ချင် ဆုံးဆန္ဒကတော့ မျက်စိ အရမ်းပြန်မြင်ချင် ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပေါ့နော်။ ညီမရဲ့ ဒုတိယအဖြစ်ချင်ဆုံးဆန္ဒက သူများကို အား မကိုးရဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့သူ ဖြစ်ချင်တယ်။
စိတ်ဓာတ်ခွန်အားကို ဘယ်လိုပြန်ယူလဲ။
သူငယ်ချင်းတွေဆီက ယူရတာပါ။ ငါက မှ ဘုရားသခင် ဖန်ဆင်းထားတဲ့အရာတွေကို မြင်တွေ့ခွင့်ရသေး တယ်။ သူငယ်ချင်းတွေ ထဲမှာ အလင်းအမှောင်ကို ခွဲခြားနိုင်သေးတဲ့ သူတွေရှိသလို လုံးဝမခွဲခြားနိုင်တဲ့ သူတွေ ရှိတယ်လေ။ သူတို့တောင် အဆင်ပြေပြေနဲ့ သွားလာလှုပ်ရှားနိုင်သေးရင် ငါလည်း အဆင်ပြေမှာပါဆိုပြီး စိတ်ဓာတ်ခွန်အားကို ယူပါတယ်။
ရည်ရွယ်ချက်ကို ပြောပေးပါဦး။
ဆယ်တန်းအောင်ပြီဆိုတော့ တက္ကသိုလ်တက်ပြီး ဘွဲ့ရအောင်ယူချင်ပါတယ်။ အခု လည်း ကွန်ပျူတာသင်တန်း တက်နေပါ တယ်။ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားချင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပြီး သူများတွေ အားကိုးလို့ရ တဲ့သူဖြစ်ချင်ပါတယ်။ ဘဝတူတွေကို ပြောချင် တာကလည်း အားငယ်စရာ မလိုပါဘူး။ ကြိုး စားရင်အရာအားလုံး ဖြစ်နိုင်ပါတယ်။ ကိုယ့် ဘဝကို စိတ်ပျက် အားလျှော့တာမျိုး မရှိဘဲ။ ကြိုးစားပြီး အားတင်းထားပါလို့ ပြောချင်ပါ တယ်။ အခုကလေးတွေကို အချိန်ပိုင်း စာသင်ပေးနေပါတယ်။ မျက်မမြင်ကျောင်း မှာလည်း လုပ်အားပေးဝင် လုပ်နေပါတယ်။
ဘဝကိုရှေ့ဆက်ပြီး ဘယ်လိုရင်ဆိုင်ကျော် ဖြတ်သွားဖို ့စိတ်ကူးထားလဲ။
ရိုးရိုးသားသားနဲ ့ကြိုးစားသွားချင်တယ်။ သူများတွေကိုလည်း တတ်နိုင်သလောက် ကူ ညီသွားချင်တယ်။ ဘဝတူတွေကိုလည်း တတ်နိုင်သလောက် ကူညီသွားချင်ပါတယ်။
အခြားဘဝတူတွေကိုရော ဘယ်လိုမျိုးလေး အားပေးစကားပြောချင်ပါသလဲ။
အားမငယ်ပါနဲ့။ ကြိုးစားပါ။ ကြိုးစားရင် အရာအားလုံးဖြစ်နိုင်ပါတယ်။ ဘာသာတရားကိုလည်း မမေ့ပါနဲဲ့လို့ ပြောချင် ပါတယ်။