မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က သူ၏အစိုးရသည်“ဒီမိုကရေစီ ခြေလှမ်း တော်တော် ရောက်နေပြီ” ဟု မဇ္ဈိမ သတင်းဌာနှင့် တွေ့ဆုံမေးမြန်းခန်း တွင်ပြောကြား သွားသည်။
အင်ဒိုနီးရှားနို်င်ငံ ဘာလီကျွန်းတွင် ကြာသပတေးနေ့က ကျင်းပသော စတုတ္တအကြိမ် ဘာလီ ဒီမိုကရေစီဖိုရမ်ကို တက်ရောက်ခဲ့သည့် ဦးမောင်မြင့်ဟာ လူ့အခွင့်အရေးသည် ဒီမိုကရေစီ၏ ပင်မဒေါက်တိုင်ကြီးဖြစ်သည် ဆိုသည်ကို လက်ခံကြောင်းပြောဆိုသွားခဲ့သည်။
ကချင်ဒေသက စစ်ဘေးရှောင်ဒုက္ခသည်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်ပြီး အထောက်အပံ့များပေးရန် စီစဉ်ထားသည်ဟုလည်း ဦးမောင်မြင့်က မဇ္ဈိမကိုပြောသည်။
ဦးမောင်မြင့်က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲသမာမှုများရှိသည်ဟူသည့် ပြောဆိုချက်များကို “မှားယွင်းတဲ့ စွပ်စွဲချက်တွေ”ဟု ငြင်းဆန်လိုက်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းအချို့မှာ နိုင်ငံတကာကပင် အတုယူရမည့် ကိစ္စဟု တင်စားပြောသွားသည်။
ဦးမောင်မြင့်ကို မဇ္ဈိမအယ်ဒီတာချုပ် ဦးစိုးမြင့်က မေးမြန်းထားခြင်းဖြစ်သည်။
ဒီမိုကရေစီအသွင် အကူးအပြောင်းပေါ့နော်၊ တပ်ကလည်း စအာဏာသိမ်းကတည်းက ဒီမိုကရေစီ အသွင် ကူးပြောင်းပြီလို့ပေါ့။ အစိုးရဘက်ကလည်း ပြောတာပေါ့နော်။ အဲဒီတော့ ဘယ်လိုမျိုးအချက်တွေက ဝန်ကြီးအနေနဲ့ ပြောပြလို့ရလဲ။ ဘယ်လို အချက်တွေက ဥပမာ သတင်းစာလွတ်လပ်ခွင့်လား။ ဒါမှမဟုတ် ဘယ်လိုမျိုးအချက်တွေက ဒီမိုကရေစီ အသွင်ကူးပြောင်းပြီလို့ ပြောလို့ရလဲ။
“ဒီလိုကြားဖြတ်ပြောတာထက်စာလို့ရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတော့ အရင် သွားရလိမ့် မယ်ထင်တယ်။ ကျနော်တို့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့က ပါလီမန်ဒီမိုကရေစီကို ကျင့်သုံးခဲ့တယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ပါတီတွင်း အားပြိုင်မှုတွေ၊ နောက်တခါ တိုင်းရင်းသားတွေရဲ့ ခွဲထွက်လိုတဲ့ ဖက်ဒရယ်တောင်းဆိုမှုတွေနဲ့အတူ ပြည်တွင်းရေး မငြိမ်မသက်မှုတွေ၊ သောင်းကျန်းသူတွေရဲ့ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်မှုတွေနဲ့၊ အကုန်လုံး အကြောင်းပေါင်းတွေ စုံလာပြီးတော့မှ တပ်မတော်က အာဏာသိမ်းခဲ့တာဖြစ်တယ်။”
“၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပါလီမန်ဒီမိုကရေစီဟာ နိုင်ငံအတွက် မကောင်းမှုတွေကို ဖြစ်စေတယ်ဆိုတဲ့ အဲဒီအချိန်တုန်းက လူကြီးတွေရဲ့ အယူအဆအရပဲ တပါတီစနစ်ကို သွားလိုက်တာဖြစ်တယ်။ အဲဒါ မှားတယ် မှန်တယ်ဆိုတာကိုတော့လည်း သမိုင်းက အဆုံးဖြတ်ပေးပြီးပြီ ဖြစ်ပါတယ်။”
“အဲဒီတော့ ဒီတပါတီစနစ်ရဲ့ ဗဟိုဦးစီးတဲ့ စီးပွားရေးစနစ်ရဲ့ lag out ဖြစ်မှုတွေ၊ နောက်တခါ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်မှုတွေ၊ ပြည်တွင်းမငြိမ်မသက် ဖြစ်မှုဆိုတာလည်း အဓိကကတော့ သောင်းကျန်းသူတွေ ကြောင့်မို့လို့နိုင်ငံတနိုင်ငံလုံးမှာ Law Enforcement မရှိတဲ့ကိစ္စတွေ၊ Peace and Stability မတည် ဆောက်နိုင်တဲ့ကိစ္စတွေရဲ့ အကျိုးဆက်တွေအရ စီးပွားရေးပြိုလဲမှုနဲ့အတူ လူထုက လက်မခံနိုင်လောက်တဲ့ အချိန်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပြုတ်ကျသွားတဲ့ ကိစ္စဖြစ်ပါတယ်။”
“အဲဒီတော့ တပ်မတော် အာဏာယူခဲ့တဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နောက်ပိုင်းမှာတပ်မတော် အနေနဲ့ သွားချင်တဲ့ လမ်းကြောင်းကိုသွားဖို့အတွက် အခွင့်အရေး ရှိတယ်။ ဒါပေမယ့် နိုင်ငံတကာရဲ့ တောင်းဆိုမှုအရရော၊ပြည်တွင်းကလူတွေရဲ့ တောင်းဆိုမှုအရရော ဒီမိုကရေစီကို သွားမယ်ဆိုပြီးတော့မှ အဲဒီအချိန်တုန်းက အခိုင်အမာ ဆုံးဖြတ်ပြီး ဖြစ်တယ်။ ဒါပေမယ့် ဥပမာအရ ပြောရမယ်ဆိုလို့ရှိရင်တော့ Rome wasn't built overnight တဲ့၊ အဲဒီတော့ ဒီမိုကရေစီနိုင်ငံကြီးကို တန်းပြီး တည်ဆောက်လို့တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ သိပ်နုနယ်သေးတဲ့နိုင်ငံတွေဟာ ဒီမိုကရေစီကိုသွားရင်းနဲ့ အချိန်တိုအတွင်းမှာပဲ ပြိုကွဲသွားတာတွေကိုလည်း အာဖရိကမှာ တွေ့နေရ ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအချိန်တုန်းကရှိတဲ့ လူကြီးတွေက ဒီမိုကရေစီကို သွားမယ် ဆိုရင်တော့ အချက် သုံးချက် အဓိက အရေးကြီးတယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နံပတ်တစ် အချက်ကတော့ Peace and Stability၊ နံပတ်နှစ် ကတော့ Economic Development၊ နံပတ်သုံး ကတော့ Human Resources Development အဲဒီသုံးချက်ကို တည်ဆောက် ဖို့ လိုတယ်လို့ ခံယူခဲ့တယ်။”
“ဒါကြောင့်မို့လို့ အဲဒီ သုံးချက်ကို တည်ဆောက်နေရင်းနဲ့ပဲ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရအောင် အမျိုးသား ညီလာခံခေါ်တယ်။ အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံအခြေခံအတွက် အခြေခံရမယ့်အချက်တွေ ကို ချမှတ်နိုင်ခဲ့တယ်။ အဲဒါတွေကို ဆက်လက်ပြီး လုပ်ဆောင်ရင်းနဲ့ပဲ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၉၂.၄၈ ရာခိုင်နှုန်းသော မဲဆန္ဒပေးတဲ့ လူတွေရဲ့ တခဲနက်ထောက်ခံမှုနဲ့ အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ရွေးကောက်ပွဲကိုဆက်လက်ဆောင် ရွက်တယ်။ ဒီမိုကရေစီနိုင်ငံကို သွားနေတာဖြစ်တယ်။ ဒီမိုကရေစီဆိုတာကတော့ သူက စံနှုန်းတွေကတော့ မတူနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့က အခု အင်မတန်နုနယ်သေးတဲ့ ရှစ်လသားသာရှိတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရင့်ကျက်နေပြီးတဲ့ ဒီမိုကရေစီနိုင်ငံတွေ စံနှုန်းနဲ့တော့လည်း အခုချိန်မှာ ဘယ်လိုမှ မတူနိုင်ဘူး။”
“ဒါပေမယ့် ကျနော်တို့သည် ဒီနေ့ ဒီ Democracy Forum မှာ ဆူစီလိုဘန်ဘန်း ပြောကြားသွားတဲ့ အထဲမှာလည်း ပါတယ်။ ဒါကတော့ ဘာလဲ ဆိုလို့ရှိရင် Human Rights ဟာ ဒီမိုကရေစီရဲ့ Pillar ဖြစ်တယ်ဆိုတာ ကျနော် လက်ခံတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဟာ Human Rights ကိုလည်း တည်ဆောက်ရမယ်။ Human Rights ကိုတည်ဆောက်နိုင်ဖို့ အတွက်ကိုလည်း ကျနော်တို့က National Human Rights Commission ဆိုတာကို ဦးမြ (ဦးမရ) ဦးစီးပြီးတော့မှ ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်တယ်။”
“National Human Rights Commission ကလည်း Independent အဖွဲ့အစည်းတခုဖြစ်ပြီးတော့ သူလည်း
နိုင်ငံတော် အသစ်မှာ လုပ်ဆောင်နိုင်သမျှတွေအားလုံးကို ကြိုးစားပြီး လုပ်ဆောင်နေတာကိုအားလုံး အသိပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီမိုကရေစီကို သွားမယ် ဆိုတဲ့ နေရာမှာ တကယ့် နိုင်ငံကြီးတွေရဲ့ ရင့်ကျက်ပြီးသား ဒီမိုကရေစီအတိုင်းတော့လည်း ချက်ချင်းမဖြစ်နိုင်ဘူး။ သို့သော် တဆင့်ပြီးတဆင့် လုပ်ဆောင်နေတယ်။ ဒါကိုလည်း နိုင်ငံတကာက ကျနော်တို့ လေးစားပြီးတော့မှ အသိအမှတ်ပြုတာကိုလည်း ကြားသိရပါတယ်။”
“အထူးသဖြင့်တော့ ဒီ Democracy Forum မှာ ကျနော်တက်ရောက်တာ သုံးကြိမ်မြောက် ဖြစ်တယ်။ အရင် အခေါက်တွေတုန်းက ကျနော့်အပေါ်မှာ စိတ်ဝင်စားမှုရှိတယ်။ ဒါကတော့ ဒီမိုကရေစီကိုသွားမသွား ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိတယ်။ အခုတခေါက်တွေမှာတော့ ကျနော်တို့ ဒီမိုကရေစီကို သွားနေပြီ၊ ဒီမိုကရေစီကို ကျနော်တို့က ခြေလှမ်းတော်တော်ရောက်နေပြီ ဆိုတာတွေကိုသိတဲ့အတွက် ကြောင့်မို့လို့ Acknowledge လုပ်တာနဲ့အတူ ကျနော်တို့ကို အားပေးတယ်လို့ သိရတဲ့အတွက် ကျနော်တို့က အများကြီး သူတို့ကိုလည်းကျေးဇူးတင်တယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။”
အခု ရှစ်လတာ ဒီမိုကရေစီ ပြောင်းတဲ့ ကာလဆိုတော့ နုနယ်တာတော့ ဟုတ်တယ်ပေါ့။ အဲဒီတော့ ဘယ်လိုမျိုးရှေ့ဆက်ပြီးတော့ ဒီမိုကရေစီအတွက် ဦးတည်တဲ့ အတိအကျ လှုပ်ရှားမှုတွေ လုပ်မယ်လို့ စဉ်းစားထားလဲ။ ဥပမာအားဖြင့် National Human Rights Commission လူ့အခွင့်အရေး ကော်မရှင် ဆိုရင် ပြည်သူတွေက သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုရင် ဘယ်လိုမျိုး တိုင်ကြားလို့ ရတယ်၊ အဲဒီလို အသေးစိတ်တွေပေါ့နော် လုပ်ဆောင်မယ့် လုပ်ငန်းတွေရှိသလား။
“National Human Rights Commission ကို ပြည်သူတွေက တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့နဲ့ သော် လည်းကောင်း၊ နစ်နာမှုတွေရှိရင် တိုင်ကြားနိုင်တယ် ဆိုပြီးတော့မှ တရားဝင်ပြောကြားထားပြီး ဖြစ်တယ်လို့ ကျနော်သိရပါတယ်။ တိုင်ကြားစာတွေလည်း တချို့ရောက်ရှိနေပြီလို့လည်းကျနော်သိရ တယ်။ သို့သော်လည်း National Human Rights Commission က ခုမှ စပြီးတော့မှ Establish လုပ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ အင်မတန်ကို လုပ်ငန်းဆောင်တာတွေကအင်မတန်ကျယ်ပြန့် ပါတယ်။ အခု ကျနော် နားလည် သလောက်ကတော့ ဒါတွေအားလုံးကိုလည်း သူတို့ စတင်ပြီး ကိုင်တွယ်နေတယ်လို့ ကျနော်သိရတယ်။”
“အလားတူပဲ အခု မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ ကချင်ဒေသမှာ ရှိနေတဲ့ တချို့သော နည်းနည်း ဒုက္ခရောက်နေတဲ့ လူထုအချို့အတွက်ကိုလည်း National Human Rights Commission ကပဲ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့ကနေပြီးတော့မှ သွားရောက်ပြီးတော့မှ Assistance တွေပေးမယ်ဆိုတာလည်း ကျနော် သိရှိရပါတယ်။”
အသွင်ကူးပြောင်းရေးကာလမှာ ထုံးစံအတိုင်းပေါ့၊ တခြားနိုင်ငံတွေရဲ့ အတွေ့အကြံု၊ ဒေသအတွင်းက အတွေ့အကြံုတွေက မြန်မာပြည်အတွက်တော့ တူတဲ့နေရာ သုံးလို့ရတဲ့ဟာတွေ ရှိမှာပါ။ အဲဒီတော့
မြန်မာနိုင်ငံ အစိုးရကရော ဒေသအတွင်းက နိုင်ငံတွေကိုပဲဖြစ်ဖြစ်၊ နိုင်ငံတကာရဲ့ အတွေ့အကြံုတွေပဲ
ဖြစ်ဖြစ်၊ ထောက်ပံ့မှုတွေပဲဖြစ်ဖြစ် အဲဒီလိုမျိုး လိုအပ်ရင် တောင်းဆိုဖို့လိုဟာ ရှိသလား။ တကယ်လို့ရှိတယ် ဆိုရင် ဥပမာ ဘယ်လိုမျိုးကဏ္ဍတွေမှာ တောင်းဆိုဖို့ စဉ်းစားထားလဲ။
“ကျနော်တို့ကတော့ ကျနော်တို့မြန်မာနိုင်ငံဟာလည်း ကျနော် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီနဲ့ မစိမ်းပါဘူး။ ကျနော်တို့က ၁၉၄၈-၁၉၅၂ မှာ ကျနော်တို့က ပါလီမန် ဒီမိုကရေစီကို အပြည့်အဝ ကျင့်သုံးခဲ့ပြီးတဲ့နိုင်ငံ ဖြစ်သလို၊ အဲဒီအချိန်မှာတုန်းကလည်း ကျနော်တို့က ဒေသတွင်းမှာ Leading Role ရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ ပါတယ်။”
“ဒါကြောင့်မို့လို့ အခု ဒီ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှာ စတင်ပြီး တည်ဆောက်ခဲ့တဲ့ Democratic Government အနေနဲ့ သော်လည်းကောင်း၊ Democratic State အနေနဲ့သော် လည်းကောင်း ကျနော်တို့ကတော့ နိုင်ငံတကာရဲ့ အတွေ့အကြံုတွေကိုတော့ ကျနော်တို့ လေ့လာနေတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း အင်မတန် အတွေ့အကြံု ရင့်ကျက်ပြီးသား ပုဂ္ဂိုလ်တဦးဖြစ်သလို၊ သူ့မှာလည်း နိုင်ငံရေးအကြံပေးတွေ ရှိပါတယ်။ အလားတူပဲ လိုအပ်ချက်တွေ အားလုံးကိုလည်း နိုင်ငံတော် သမ္မတကြီးက သူ့ဆီကို ရေးသားတဲ့ စာတွေပဲဖြစ်ဖြစ်၊ တဦးချင်း သော်လည်းကောင်း၊ ပြောဆိုတာတွေပဲဖြစ်ဖြစ် အားလုံးကို သူက နွေးထွေးစွာနဲ့ ကြိုဆိုပြီးတော့မှ ချင့်ချိန်ပြီးတော့မှ အားလုံးဆောင်ရွက်နေတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အတွေ့အကြံုတွေကိုလည်း သူ့ရဲ့ နိုင်ငံရေး အကြံပေးတွေက ဖတ်ရှုပြီးတော့မှ သူ့ကို အကြံပေးနေမှာ ဖြစ်ပါတယ်။”
“အလားတူပဲ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း နိုင်ငံတကာအတွေ့အကြံုတွေ အခုလို Democracy Forum သွားပြီးတက်ခဲ့တယ်ဆိုလို့ရှိရင်လည်း ဒီ Forum မှာရှိတဲ့ အတွေ့အကြံုတွေ အားလုံးကို ကျနော်တို့ကပြန်လာလို့ရှိရင် လူကြီးတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ တင်ပြချက်တွေ အားလုံးဟာ သူတို့ လိုအပ်သလို စီစစ်ပြီးတော့မှ၊ ထုတ်နုတ်ပြီးတော့မှ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့်ဟာ အားလုံးကို သုံးစွဲသွားလိမ့်မယ်လို့ ကျနော် ဒီလိုပဲ ယုံကြည်ပါတယ်။”
လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ့နော်။ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ဆိုတယ်။ ကြားဖြတ်
ရွေးကောက်ပွဲကို ဘယ်တော့လောက်လုပ်မယ်လို့ ခန့်မှန်းသလဲ ခင်ဗျ။
“ရွေးကောက်ပွဲကော်မရှင်ပေါ့။ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကလည်း အခုအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်ရက်ကို မကြေညာသေးပါဘူး။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုရင်လည်း သုံးလ ကြိုတင်ပြီးတော့မှကြေညာရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်ထပ် သုံးလ အတွင်း မလုပ်နိုင်သေးဘူးလို့တော့ သုံးသပ်လို့ ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကိုလည်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာတွေနဲ့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က တွေ့ တဲ့အချိန်မှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဒီအတိုင်းပဲ ဖြေကြားသွားတာကိုလည်း လေ့လာ မှတ်သားမိပါတယ်။”
“သို့သော်လည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ဖြင့် ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲထက်စာလို့ရှိရင် ပိုပြီးတော့မှ Transparent ဖြစ်အောင်၊ ပိုပြီးတော့မှ Fairness ဖြစ်အောင် ဆောင်ရွက် မယ် လို့လည်း အတိအလင်း ထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။”
ဟုတ်ကဲ့။ ဝမ်းသာပါတယ်။ ဒီ Free and Fair ပေါ့။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဘာလို့လဲဆိုတော့ ၂ဝ၁ဝ နိုဝင်ဘာတုန်းက ရွေးကောက်ပွဲက လွတ်လပ်တဲ့အဖွဲ့အစည်းတွေ အထူးသဖြင့်
နိုင်ငံတကာက အဖွဲ့အစည်းတချို့တွေ ထောက်ပြတာက၊ အထူးသဖြင့် မဲမသမာမှုတွေ ရှိတယ်ပေါ့ ဆိုတဲ့အချက်ကို ထောက်ပြခဲ့တယ်။ ဝန်ကြီးတို့ အစိုးရအနေနဲ့ လက်ခံတာ လက်မခံတာကတော့ တပိုင်း
ပေါ့။ သူတို့ကတော့ ထောက်ပြတယ်။ အခုလုပ်မယ့် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အစိုးရအနေနဲ့ တရားမျှ တပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုမျိုး ဆောင်ရွက်မယ်လို့ စဉ်းစားထားလဲ ခင်ဗျ။
“နိုင်ငံတကာက တချို့သော Wrong Accusation နဲ့ပတ်သက်ပြီးတော့လည်း ကျနော် ဒီနေရာကနေ ဖြေကြား ချင်တယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တချို့နေရာတွေမှာ Free and Fair မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘယ်နေရာတွေလဲ ဆိုတာလည်း ကျနော်တို့က အတိအကျ မသိပါဘူး။ အဲဒီတော့ ဘယ်နေရာတွေလဲလို့ မေးလို့ ရှိရင်တော့လည်း အဲဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ပြီး သုံးသပ်နိုင်မယ့် အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှ Procedure တွေဟာ တချို့ကိစ္စတွေဟာ အင်မတန်ကို နိုင်ငံတကာကတောင် အတုယူရမယ့်ကိစ္စပဲဖြစ်တယ်။”
“ဥပမာအားဖြင့်ဆိုရင် ထိုင်းနိုင်ငံက သံရုံးကနေပြီးတော့မှ ကျနော်တို့ကို ပြောပါတယ်။ ရန်ကုန်မှာ အခြေစိုက်တဲ့ ထိုင်းနိုင်ငံသံရုံးက ကျနော်တို့ကိုပြောတယ်။ ဒါကတော့ ဘာလဲဆိုရင် မဲရုံတွေမှာ မဲပေးပြီးတဲ့အချိန်ကျလို့ရှိရင် မဲရေတွက်တာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာရေတွက်တာ ကတော့ဖြင့် သက်ဆိုင်ရာပါတီတွေက ကိုယ်စားလှယ်တွေနဲ့ အပြင် မဲရုံမှာရှိတဲ့ တာဝန်ရှိတဲ့လူတွေနဲ့ အားလုံးက witness ၁ဝ ယောက်ရဲ့ အနည်းဆုံးရှေ့မှာ မဲတွေကို count လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ အင်မတန်ကို ကောင်းမွန်တဲ့ Practice ဖြစ်တယ်။ သူတို့ နိုင်ငံမှာတောင် အဲဒီစနစ်မရှိသေးဘူး ဆိုတာကိုလည်း သူတို့က ကျနော်တို့ကို acknowledge လုပ်ပြီးတော့မှ ပြောကြားတာကို လည်းကျနော် မှတ်သားဖူးပါတယ်။”
“ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ Free and Fair မဖြစ်ဘူးလို့ Wrong Accusation လုပ်တာနဲ့ ပတ်သက်လို့ ရှိရင်လည်း ကျနော်က ထူးထူးခြားခြားတော့ တုန့်ပြန်စရာမရှိဘူး။ ဒါပေမယ့် တကယ့် တိကျတဲ့ နေရာတွေ၊ တိကျတဲ့ဒေသတွေမှာ ဘယ်လိုမျိုး မှားယွင်းခဲ့တယ်ဆိုတာကိုပြောကြား နိုင်မယ်ဆိုရင်တော့လည်း ကျနော်တို့ က ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပြန်လည် သုံးသပ်နိုင်မယ့် အနေအထား ရှိပါတယ်။ အဲဒီလို Very in General စွပ်စွဲမှုမျိုးတွေကျတော့လည်း ကျနော်တို့က တုန့်ပြန်ပြီးတော့မှ ဆောင်ရွက်ရတာ အင်မတန် ခက်ခဲပါတယ်။”
ဒီလိုမျိုး ရွေးကောက်ပွဲတွေ လုပ်တယ်ဆိုရင် နိုင်ငံတကာပဲဖြစ်ဖြစ်။ ဒေသဆိုင်ရာပဲဖြစ်ဖြစ် သူတို့လာပြီး
လေ့လာတဲ့ Observer ၊ Election Monitor တို့ကို ခွင့်ပြုလေ့ရှိတယ်။ အင်ဒိုနီးရှားပဲဖြစ်ဖြစ်၊ သီရိလင်္ကာပဲ
ဖြစ်ဖြစ်ပေါ့နော်။ အဲဒီတော့ မြန်မာအစိုးရကရော အဲဒီလိုမျိုး အခု ကြားဖြတ် ရွေးကောက်ပွဲ လုပ်ရင် ဒေသ ဆိုင်ရာ သို့မဟုတ် နိုင်ငံတကာရဲ့ ရွေးကောက်ပွဲလေ့လာရေး ကော်မရှင်အဖွဲ့လိုဟာမျိုးတွေကို လက်ခံဖို့ ရှိသလားခင်ဗျ။
“ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ကျနော်တို့က နိုင်ငံတကာက Observerတွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိဘူး။ ဒါပေမယ့်လည်း ကျနော်တို့က ပြည်တွင်းမှာအခြေစိုက် တဲ့ သံရုံးတွေ၊ အဖွဲ့ရုံးတွေက ကိုယ်စားလှယ်တွေကိုတော့ ကျနော်တို့က Witness လုပ်ကြပါဆိုပြီးတော့မှ ကျနော်တို့က Observer အနေနဲ့ ဖိတ်ကြားခဲ့ပြီးတော့မှ တော်တော်များများကလည်း Participate လုပ်ကြပါတယ်။ သူတို့ကိုလည်း မြန်မာနိုင်ငံ ပြည်နယ်တိုင်းဒေသ အနှံ့အပြားမှာရှိတဲ့ နေရာတွေကိုကျနော် တို့ကပဲ ကျနော်တို့ အစီအစဉ်နဲ့ ပို့ဆောင်ပေးပြီးတော့ မှ သူတို့ကို Observeလုပ်ခိုင်းတဲ့အတွက် ကြောင့်မို့ လို့ တကယ်တမ်း ပြောရမယ်ဆိုရင်လည်း ဒီသံရုံး၊ ဒီသံတမန်တွေဟာ နိုင်ငံတကာကို ကိုယ်စားပြုတဲ့ အတွက် ကျနော်ကတော့ နိုင်ငံတကာ Observer တွေကို ဖိတ်ကြားတယ် လို့ပဲ Interpretလုပ်မယ်ဆို လည်း ရမယ့်အနေအထားရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီတပတ် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ မှာတော့ ဖိတ်မယ်၊ မဖိတ်ဘူး ဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ပါပဲ။”
မြန်မာနိုင်ငံက အာဆီယံမှာ ၂ဝ၁၄ ခုနှစ်မှာ ဥက္ကဋ္ဌရာထူးနဲ့ တာဝန်ယူမှာပေါ့နော်။ အဲဒီတော့ ဝန်ကြီး အနေနဲ့ အစိုးရအနေနဲ့ ဘယ်လိုမြင်သလဲ ခင်ဗျ။ အဲဒီ ၂ဝ၁၄ ခုရောက်ဖို့ နှနှစ်ကြာတယ်။ လိုအပ်တဲ့
ပြင်ဆင်မှုတွေ လုပ်နိုင်ပြီလား။ အထူးသဖြင့်တော့ Infrastructure ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် တို့ သတင်းထောက် တချို့တွေပြောတယ်။ နေပြည်တော်မှာ သတင်းပို့ရတဲ့အခါ ခက်ခဲတဲ့ဟာမျိုးတွေ။
နိုင်ငံတကာအဆင့် သတင်းထောက်တွေ မီဒီယာတွေအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ လိုတယ်ပေါ့နော်။ ပံ့ပိုးပေးနိုင်မှုတွေ။ မြန်မာပြည်မှာ အဲဒီလိုမျိုးပေါ့ ဒါတွေက အသေးစိတ်လည်း ဟုတ်တယ်။ နောက်ပြီး
တော့ အဆင်လည်း ပိုပြေအောင်၊ ကိုယ့်ရဲ့ တာယန်ယူထားတဲ့ဟာကို အဆင်ပြေအောင်။ အဲဒီလိုမျိုး
ပြင်ဆင်မှုတွေ နှနှစ်အတွင်းမှာ လုပ်နိုင်မယ် ထင်သလားခင်ဗျ။
“ကျနော်တို့အနေနဲ့ အချိန်အများကြီး ရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျနော်တို့က နေပြည်တော်မှာ Summit ပြုလုပ်ဖို့အတွက်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Infrastructure တွေကို ထဲထဲဝင်ဝင် တည်ဆောက်နေ ပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့လာမယ့် နိုင်ငံခေါင်းဆောင်တွေနဲ့ Delegate တွေကို တည်းခိုနိုင်ဖို့ အတွက်နဲ့ အစည်းအဝေး ကျင်းပနိုင်ဖို့အတွက်ကို ကျနော်တို့က Government own ဟိုတယ်တွေ၊ အဆောက်အဦး တွေကို ဒါတွေ အားလုံးကို ဆောက်နေပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ နှစ်လ၊ သုံးလလောက်က အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ လာတဲ့အချိန်မှာ သူ့ကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီအဆောက်အဦးတွေ ကလည်း ခုချိန်မှာတော့ နေ့မီး၊ ညမီး ထွန်းပြီးတော့မှ Three shifts ခွဲပြီး တော့မှ ဆက်လက်ပြီး ဆောင်ရွက်နေ တာကိုလည်း ကျနော်တို့လည်း လေ့လာတွေ့ရှိနေရပါတယ်။”
umm2
“ဒါကြောင့်မို့လို့ Infrastructure အပိုင်းကတော့ အဆောက်အဦးအပိုင်းကတော့ စိတ်ပူပန်စရာ မလိုပါဘူး။ ကျနော် တို့ နေပြည်တော်မှာလည်း လာမယ့် သတင်းမီဒီယာတွေနဲ့အတူ ပတ်သက် ဆက်စပ်ပြီးတော့မှ တက်ရောက်လာမယ့် ပုဂ္ဂိုလ်တွေ အားလုံးအတွက် ဟိုတယ်အခန်းတွေ အလုံအလောက် တည်ဆောက် ပေးပြီး ဖြစ်ပါတယ်။ အဲဒီတော့ Telecommunication အပါအဝင် ကျန်တဲ့ Facilities တွေလည်း ကျန်တဲ့အချိန်အတောအတွင်းမှာ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”
မြန်မာအစိုးရက သမ္မတကြီးကိုယ်တိုင် အင်ဒိုနီးရှား ဘာလီမှာ ပြောသွားတဲ့အထဲမှာလည်း ပါတယ်။ ပြီးတော့ တာဝန်ရှိသူတွေ ပြောသွားတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ဆိုလိုတယ်။ အဲဒီတော့ ဝန်ကြီးအနေနဲ့ ပြောနိုင်လို့ရလား မသိဘူး။ ဘယ်တော့ လောက် လွှတ်ပေးမယ်။ အားလုံး လွှတ်ပေးမှာလား ဒါမှမဟုတ် နဲနဲ နဲနဲစီ လွှတ်ပေးမှာလား။
“ဒီဟာနဲ့ပတ်သက်လို့ရှိရင် မနေ့က ကျနော်ရဲ့ Statement မှာ အပိုဒ်တပိုဒ်အနေနဲ့ ထည့်သွင်းပြီးတော့မှ ကျနော်ပြောကြားလိုက်ပါတယ်။ နိုင်ငံတော် သမ္မတကြီးက သူတာဝန်ယူတဲ့ ရှစ်လတာအတွင်းမှာပဲ နှစ်ကြိမ်ခွဲပြီးတော့မှ သူက အကျဉ်းသားတွေကို လွှတ်ပေးပြီးဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် ၂၆,ဝဝဝ ကျော်ကျော်လောက် ရှိပါတယ်။ အဲဒီအထဲမှာလည်း So_called ပေါ့နော် Prisoner of Consensus လို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေ ရာဂဏန်းပါတယ်လို့ ဒါ အဖွဲ့အစည်းတချို့ ကတော့ ပြောဆိုမှုတွေ ရှိပါတယ်။”
“အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ ဒါကတော့ ဘာလဲဆိုလို့ ရှိရင် ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သော်လည်းကောင်း၊ ယုံကြည်မှုကြောင့်ကျတဲ့ အကျဉ်းသား သော် လည်းကောင်း မရှိဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ အဲဒီတော့ လူတယောက်ဟာ သူရဲ့ ယုံကြည် ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သူရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ သူ့မှာ ယုံကြည်ချက်ရှိကောင်း ရှိမယ်၊ ဒါပေမယ့် သူက ပြည်တွင်းမှာ ရှိနေတဲ့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ရှိ ရင်တော့ တရားရုံးရဲ့ တရားစွဲဆိုပြီးတော့မှ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်။ အဲဒီအချိန်မှာ သူဟာ သာမန်အကျဉ်းသားလို့ပဲ ကျနော်တို့က ဆုံးဖြတ်ထားပါတယ်။”
“အဲဒီတော့ ကျနော်တို့က သူ့ကို သာမန်အကျဉ်းသားတဦးလို့ပဲ Treat လုပ်ပြီးတော့မှ သာမန်အကျဉ်းသား တွေကိုပေးမယ့် Pardon ကျလို့ရှိရင် Amnesty ကျလို့ရှိရင် သူ့ကို တခါတည်း ထည့်ပြီးတော့မှဆောင်ရွက် ပေးမှာ ဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော့်ရဲ့ Statement မှာအတိအလင်း ပါပြီးဖြစ်ပါတယ်။ ဒါ နိုင်ငံတော်ရဲ့ Peace and Stability ကို မထိခိုက်စေဘဲနဲ့ အခါအခွင့်သင့်တဲ့အချိန် ကျရင် လာမယ့်အနာဂတ်မှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိမှာပဲ ဆိုတာကိုကျနော်ပြောကြားပြီးဖြစ် ပါတယ်။”
မြန်မာပြည်မှာ အခု အထူးသဖြင့် ဝန်ကြီးတို့ အစိုးရအသစ်တက်လာပြီးတဲ့ နောက်ပိုင်းမှာပေါ့နော် မီဒီယာနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်ခွင့်တချို့ ရှိလာတယ်ဆိုတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် Website တွေ ပိတ်ထားတာတွေ ပြန်ဖွင့်တာတို့၊ ပြီးတော့ Censorship မှာ လျှော့ပေးတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဘယ်တော့များ မြန်မာပြည်က လွတ်လပ်တဲ့ သတင်းမီဒီယာရနိုင်တဲ့ အခြေအနေပေါ့နော် ဥပမာ အင်ဒိုနီးရှားလိုဟာမျိုး ရနိုင်မယ်လို့ ထင်သလဲ။ အဲဒီလိုမျိုးလုပ်ဖို့အတွက် အစိုးရအနေနဲ့ ပေါ့နော် လက်ရှိ တာဝန်ယူ ထားတဲ့ အစိုးရအနေနဲ့ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ ခင်ဗျ။
“ဒီနေရာမှာတော့ ကျနော် အစိုးရကို ကိုယ်စားပြုပြီးတော့ မပြောချင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ ကျနော် သည် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတဦးသာ ဖြစ်ပြီးတော့မှ ဒီကိစ္စကတော့ အထူးသဖြင့်ကတော့ Information Ministry နဲ့ ပတ်သက်မယ်လို့ ယူဆပါတယ်။ သို့သော်လည်း ကျနော် တဦးတည်း အမြင်အရ ပြောကြားမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံတော်အစိုးရအနေနဲ့သော် လည်းကောင်း၊ ကျနော့်အနေနဲ့သော်လည်းကောင်း မီဒီယာဟာ နိုင်ငံရဲ့ fourth pillar ဆိုတာကို ကျနော် လုံးဝလက်ခံပါတယ်။
“ဒါပေမယ့် မီဒီယာတွေ ကိုယ်၌ကလည်း သူ့မှာ Ethic ရှိရမယ်။ မီဒီယာ Ethic ရှိရမယ်။ မီဒီယာကလည်း ဘက်မ လိုက်ပဲနဲ့ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးအတွက်ကို ထောက်ပြဝေဖန်တဲ့ Theme နဲ့သွားဖို့ လိုပါတယ်။ အဓိကအားဖြင့် ကျနော်တင်ပြချင်တာကတော့ Maturity ရှိဖို့လိုပါတယ်။ မီဒီယာတွေ Maturity ရှိတဲ့အချိန်မှာပဲ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီဟာလည်း ရင့်ကျက်လာတဲ့အချိန်မှာပဲ အခုလို မီဒီယာ လွတ်လပ်ခွင့်ဟာ ပိုမိုပြီးတော့မှ ရှင်သန်လာမယ်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။ မီဒီယာတွေကလည်း ဘက်လိုက်နေမယ်၊ မီဒီယာတွေကလည်း hot news တွေကိုပဲ အသားပေးပြီးတော့မှ ဖော်ပြနေမယ်ဆို ရင်ဖြင့် ကျနော်တို့ မျှော်မှန်းထားတဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ အလှမ်းဝေးနေဦးမယ်လို့ဒီလိုပဲနားလည် ပါတယ်။”
အစိုးရတာဝန်ရှိသူတွေနဲ့ ကျနော်တို့မှာ အစက အင်တာဗျူးတွေဘာတွေ အရမ်းခက်ခဲတယ်။ မဖြစ်သ
လောက် ပဲပေါ့နော်။ ဒီလိုမျိုး အင်တာဗျူး လုပ်ခွင့်ပေးတာလည်း ကျနော် တရားဝင် ကျေးဇူးတင်တယ် ပါတယ်။ မဇ္စျိမ သတင်းဌာန အနေနဲ့။ ပြည်ပမှာရောက်နေတဲ့ မီဒီယာတွေကို အစိုးရအနေနဲ့ ဘယ်လိုမျိုး သဘောထားသလဲဆိုတာ သူတို့ကို မြန်မာပြည်ကို ပြန်လာပြီးတော့ လုပ်စေချင်တဲ့ဆန္ဒ သဘောထား ဘယ်လိုရှိပါသလဲ။
“ဒီမိုကရေစီထူထောင်တာကတော့ မြန်မာနိုင်ငံသားတွေအားလုံး ပါဝင်လေ ကောင်းလေပါပဲ။ အဲဒီတော့ ပြည်ပကိုရောက်နေတဲ့ မီဒီယာတွေကလည်း မြန်မာနိုင်ငံကောင်းရာကောင်းကျိုးကို လုပ်မယ်ဆိုရင်တော့ လက်မခံနိုင်စရာ မရှိဘူးလို့ ကျနော်တဦးထဲကတော့ ဒီလိုပဲ ယုံကြည်ပါတယ်။ စောစောက ကျနော် ကနဦးတင်ပြခဲ့သလိုပဲ မီဒီယာတွေအနေနဲ့က တကယ့်ကို နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ Input တွေထည့်ပြီးတော့မှ ကောင်းကျိုးဆောင် ရွက်ပေးမယ် ဆိုရင်ဖြင့် ကျနော်တို့ နိုင်ငံအတွက်အားတခုဖြစ် လာမယ်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။”
အခုလတ်တလောမှာ မီဒီယာ Law လုပ်နေတယ်လို့ ကြားရပါတယ်။ ပြင်ဆင်နေတယ် ပေါ့နော်။ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြလို့ရမလား။ လွတ်လပ်မှုကို အခြေခံတဲ့ မီဒီယာဥပဒေ ဖြစ်ဖို့ ရည်ရွယ်တာလား ဒါမှမဟုတ် ဘယ်လိုမျိုးလဲ ခင်ဗျ။
“ဒီမေးခွန်းနဲ့ ပတ်သက်ရင်လည်း ကျနော့်ရဲ့ Out of my reach ဖြစ်နေပါတယ်။ ဒီဟာတွေက information ministry က Information ministry ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ရေးသားပြီးတော့မှ အဲဒီဟာ ကိုလည်း ချက်ချင်းအတည်ပြုလို့မရသေးပဲနဲ့ လွှတ်တော်မှ တင်ရပါမယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တင်ရမယ်။ ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးတဲ့ အချိန်ကျ တော့မှ အဲဒီဥပဒေက ပြည်ထောင်စု လွှတ်တော်မှာ Pass ဖြစ်ပြီ ဆိုတော့မှနိုင်ငံတော်သမ္မတကြီး ဆီကို တင်ရပါမယ်။ နိုင်ငံတော်သမ္မတကြီး လက်မှတ် ထိုးတဲ့အချိန် ကျမှ ဒီဥပဒေဟာ အတည်ဖြစ်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော် နားလည်သလောက်တော့ ကျနော် သတင်းတွေနားထောင်သလောက် က တော့ လွှတ်တော်မှာ ဒီ Bill တွေကို တင်တာတော့ မကြားသေးပါဘူး ခင်ဗျ။”
သမ္မတကြီးက မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ သူစပြီးတော့ တာဝန်ယူတဲ့အချိန်မှာ ပြည်ပရောက်တွေ
မြန်မာပြည် ကို ပြန်လာပါပေါ့။ ပြန်လာဖို့ ကြိုဆိုပါတယ် ဆိုတာ။ ဒါပေမယ့် ကျနော်တို့ ကြားမိသလောက်၊
လေ့လာမိသလောက် က ပြည်ပမှာ ရောက်နေတဲ့လူတွေက မြန်မာပြည်ကို ပြန်ဖို့အတွက် နံပါတ်တစ် ကတော့ သိပ်ပြီးတော့ မယုံကြည်သေး ဘူးဆိုတဲ့ သဘောပေါ့နော်၊ ဖြစ်နေတဲ့အခြေအနေတွေ။ နောက် တခုက တချို့တွေပြောတာက ပြန်မယ်ဆိုရင်တောင် ဘယ်လိုမျိုး အတိအကျပေါ့နော် Mechanism မရှိသေးဘူးပေါ့။ သက်ဆိုင်ရာ သံရုံးကို ဆက်သွယ်ပါ ဆိုတဲ့ဟာမျိုးပဲ ရှိတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက် ပြီးတော့ရော ဝန်ကြီးအနေနဲ့ ဘယ်လိုမြင်သလဲ ခင်ဗျ။
“နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကိုက ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ပြန်လာကြဖို့ ဆိုပြီးတော့မှ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဖိတ်ခေါ်ချက်ကလည်း စောစောက ပြောသလိုပါပဲ။ မြန်မာနိုင်ငံကိုပြန်လာပြီးတော့မှ မြန်မာနိုင်ငံရဲ့ ကောင်းရာကောင်းကျိုးကို ပူးပေါင်းပြီး ဆောင်ရွက်ကြမယ် ဆိုလို့ရှိရင် ကျနော်တို့မျှော်မှန်းထားတဲ့ Democratic State ကို ကျနော်တို့က အချိန်တိုအတွင်းမှာ ရောက်ရှိသွားမယ်ဖြစ်ပါတယ်။ အဲဒီ တော့ ဒါဟာလည်း including media သမားတွေလည်းအပါအဝင်ဖြစ် တယ်။ အဲဒီနေရာမှာတော့ ကျနော်တို့ မှတ်သားမိသလောက်ဆိုရင် သိပ်ပြီးတော့မှ significant ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကျနော် point out လုပ်ပြရမယ်ဆိုရင် သီးလေးသီးအငြိမ့်လိုမျိုး ပြန်လာကြတာတွေ့ပါတယ်။ နောက်တခါ ကနေဒါ နိုင်ငံကနေပြီးတော့မှ ဦးဟန်ယောင်ရွှေ ပြန်လာတာတွေ့တယ်။ နောက်တခါ ပီတာလင်းပင် ပြန်လာတာတွေ့တယ်။ တခြားကျနော်မမှတ်မိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိပါတယ်။ အရေအတွက် အားဖြင့်လည်း ကျနော် မျှော်မှန်းတာကတော့ ရာဂဏန်းလောက် ရှိပြီလို့ထင်ပါ တယ်။”
“အဲဒီတော့ ပြန်လာကြမယ်ဆိုရင်တော့လည်း သူတို့သည် မြန်မာနိုင်ငံသား ပတ်စ်ပို့ကို ကိုင်ထားပြီးပြီ ဆိုရင်တော့ လည်း အင်မတန်လွယ်ကူပါတယ်။ သံရုံးတွေမှာ သွားဆက်သွယ်ပြီးတော့မှပြန်လာကြ မယ်ဆိုရင် သံရုံးတွေကလည်း အချိန်တိုအတွင်းမှာ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြပြီးတော့မှ ကျနော်တို့ကလည်း ဒီဟာအပေါ်မှာ လိုအပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီစစ်မှုတွေ ပြီးပြီဆိုလို့ရှိရင် ကျနော်တို့က ပြန်ပြီးတော့ လက်ခံနေပါတယ်။ ကျနော်တို့က Denial လုပ်ထားတဲ့ ဆိုတဲ့လူကတော့ မရှိသလောက်ပါပဲ။”
အခု မြန်မာအစိုးရကိုပေါ့နော် အတိတ်မှာပဲဖြစ်ဖြစ်၊ အခုလက်ရှိမှာပဲဖြစ်ဖြစ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေ ပြုလုပ်ထားတာရှိတယ်။ မြန်မာအစိုးရကလည်း ဒါတွေက မရှိသင့်ဘူးလို့ ပြောတယ်။ ဘာကြောင့် မို့လို့ ဒီစီးပွားရေးဒဏ်ခတ်မှုတွေ အခု မရှိသင့်တော့တာလဲလို့ ဝန်ကြီးခင်ဗျ။
umm
“စီးပွားရေးဒဏ်ခတ်မှုတွေဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ Human Rights အပေါ်မှာ အခြေခံပြီးတော့မှ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ကျနော်တို့ကအခု ဒီမိုကရေစီနိုင်ငံ ကို သွားနေပြီ။ ကျနော်တို့က လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ရင်လည်း National Human Rights Commission ကိုတောင် တည်ထောင်ပြီးတော့မှ လွတ်လွတ်လပ်လပ်ဆောင်ရွက်ပေးခွင့်ပြုနေပြီဖြစ် တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီ Sanctions တွေကို ချမှတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ကျနော်တို့က လက်တွေ့ကိုင်တွယ် ဆောင်ရွက်ပေးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ မလိုတော့ဘူးလို့ ကျနော်တို့က ပြောတာဖြစ်ပါတယ်။”
“ဒီလို Sanction ပြုလုပ်တာဟာ ကျနော်တို့ နိုင်ငံတော်အစိုးရ တခုတည်းကိုချည်းပဲ Impact ဖြစ်တာမဟုတ်ဘဲနဲ့ အပြစ်မဲ့တဲ့ တောင်သူလယ်သမားတွေ၊ လုပ်သားပြည်သူတွေအပေါ်မှာ ထိခိုက်မှုက ပိုပြင်းထန်ပါတယ်။ ဒါကြောင့် မို့လို့ ကျနော်တို့ကတော့ ဒီ Sanction တွေဟာ ရုပ်သိမ်းသင့်ပြီ၊ ရုပ်သိမ်းဖို့အတွက် အချိန်တန်ပြီလို့ ပြောဆိုနေရတာဖြစ်ပါတယ်။”
ဘာလီလို Democracy Forum ပေါ့နော် လာတက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုးဟာ
တွေက လေ့လာခွင့်၊ လေ့လာလို့ရတယ်လို့ ဝန်ကြီးအနေနဲ့ထင်လဲ။
“ဒီကိုလာတဲ့နိုင်ငံအများစုကတော့ ဒီမိုကရေစီကို သူ့နည်းသူ့ဟန်နဲ့ သူ့ရှုထောင့်နဲ့ ကျနော်တို့ အဓိပ္ပါယ်တွေ ဖွင့်ဆိုနေကြတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတွေအားလုံးကတော့ ဒီမိုကရေစီကို ချစ်မြတ်နိုး တယ်ဆိုတာကိုလည်း ကျနော်တို့က လေ့လာသိရှိရပါတယ်။ ဒီမိုကရေစီကိုသွားမယ် ဆိုတာကိုလည်း လက်ခံယုံကြည်ပါတယ်။ ဒါကြောင့်မို့ လို့ သူ့တို့နည်းသူတို့ဟန်နဲ့ သူတို့နိုင်ငံကိုကောင်းအောင် ဖော်ဆောင်နေတာတွေသည် ကျနော်တို့ အတွက်က တော့ဖြင့် ထိုက်သင့်သလို နမူနာယူစရာတွေ အတုယူစရာတွေ ဖြစ်ပြီးတော့မှ ဒီမိုကရေစီနိုင်ငံအချင်းချင်း ဒီမှာ ထိတွေ့ဆက်ဆံပြီးတော့အတွေ့အမြင် တွေကို ဖလှယ်ကြမယ်။ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်လည်း ကိုယ့်နိုင်ရဲ့တည်ဆောက် နေတဲ့ Democratic process မှာ ထိုက်သင့်သလို အထောက်အကူပြုမယ်လို့ ကျနော်ယုံကြည်ပါ တယ်။”
မြန်မာပြည်မှာ ဒီလိုမျိုး Democracy Forum လိုမျိုးပေါ့ မဝေးတော့တဲ့ကာလမှာ ကျင်းပနိုင်မယ်လို့ ကျင်းပနိုင်မယ့် အခြေအနေတွေ၊ အချက်အလက်တွေ ခုနလို လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရှိမယ်လို့ မြင်မိ သလားခင်ဗျ။ ကျင်းပဖိုပရော စဉ်းစားမိသလား။
“ကျနော်တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က World Democracy Day ပါပဲ။ အဲဒီ World Democracy Day ကို ကျနော်တို့က မြန်မာနိုင်ငံမှာ တခါဖူးမှ မကျင်းပခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ လက်ရှိ အစိုးရလက်ထက်မှာ World Democracy Day 2011 ကို နိုင်ငံတကာက ရန်ကုန်မှာ အခြေပြုနေတဲ့ သံရုံးတွေကိုပါ ဖိတ်ကြားပြီးတော့မှ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေ အားလုံးက Civil Society ကအဖွဲ့အစည်းတွေကိုပါ အားလုံး ဖိတ်ကြားပြီးတော့ တရားဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီကို လူတွေနဲ့မြည်းစမ်းဖိတွေ့ဖို့ အတွက် အခွင့်အလမ်းတွေကို ဖမ်းတီးပေးနေတာ ဖြစ်သလို၊ နိုင်ငံဟာ အစိုးရအနေနဲ့ မြည်ကာ မတ်တ ကျနော်တို့ အမည်တပ်ပြီးပြောတဲ့ ဒီမိုကရေစီမဟုတ်ပဲနဲ့ တကယ်ကို အနှစ်သာရရှိတဲ့ ဒီမိုကရေစီဖြစ်အောင် ကြိုးစားနေတယ်ဆိုတာကိုလည်း ကျနော်တို့က ပြည်တွင်းမှာ ပြသရသလို ပြည်ပကိုလည်းသိအောင် ကျနော်တို့က Awareness လုပ်ပေးနေတာ ဖြစ်ပါတယ်။”
“ဒီလို Democracy Forum ကြီးတွေ နိုင်ငံတကာက လာရောက် တက်ရောက်ပြီး တော့မှ ကျင်းပနိုင်ဖို့ အခွင့်အလမ်း ကတော့ဖြင့်လည်း ကျနော်တို့ ဆက်ပြီး ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီးတော့ Facility တွေလိုတယ်။ ပြီးတော့ Finance ထောက်အပံ့တွေလိုပါတယ်။ အဲဒီတော့ ဒီဟာတွေ အားလုံးကလည်း လုပ်မယ်ဆိုရင်လည်း ဆက်ပြီးတော့ ကြိုးပမ်းသွားရင် မဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ပဲမြင်ပါတယ်။”
ဟုတ်ကဲ့ ဦးမောင်မြင့် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို မဇ္စျိမသတင်းဌာနကို မအားတဲ့ကြားထဲ ကနေ အင်တာဗျူးပေးတဲ့အတွက်။
“ကျေးဇူးတင်ပါတယ်။ ကျနော်ကလည်း မဇ္စျိမသတင်းဌာန အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးကိစ္စမှာ သက်ဆိုင်ရာ ထောင့်တထောင့်ကနေပြီး တတတ်တအား ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”