ချင်းမိုင်(မဇ္စျိမ) ။ ။ KIO ဌာချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ၁၅ မိုင်အကွာရှိ ဗန်မော်ခရိုင်ဒေါ့ဖုန်း ယန်မြို့နယ်ခွဲ နမ်ဆန်ယန် ကျေးရွာအတွင်း အစိုးရတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဝင် ရောက်ကာ ကက်သလစ် အသင်းတော်မှ ဦးဂျန်မာ အောင်လီ အပါအဝင် အမျိုးသား ငါးဦးကို ယခုလ ၁၆ ရက်နေ့က ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်။
ထိုသူတို့ကို တနင်္လာနေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ အစိုးရတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများတွင် ပါဝင်သူတဦးဖြစ်သည့် အသက် ၄၉ နှစ်အရွယ် သင်းထောက်ဆရာ ဦးဂျန်မာအောင်လီကို ဖမ်းဆီး ခေါ်ဆောင် သွားသည့် အခြေအနေများကို သိရှိရန် မဇ္စျိမက ဆက်သွယ်မေးမြန်းထားသည်။
ဆရာတို့ကို ဘယ်လို ဖမ်းဆီးသွားခဲ့တာလဲ။
“ဒီရွာတွေက ယောက်ျားတိုင်းက ပြည်သူ့ စစ်တွေ ဖြစ်တယ်။ ကေအိုင်အို ဝန်ထမ်း တွေပဲ မင်းတို့သေနတ်ဘယ်မှာ သိမ်းထားလဲ ပြောဆိုပြီးနောက်ကျောကို သေနတ်ဒင်နဲ့ထု၊ ခြေထောက် နဲ့ကန် ပြီးတော့ သေနတ် ဂိုဒေါင် ဘယ်မှာလဲ။ ချိန်ကိုက်ဗုံး ဘယ်မှာထည့်ထား လဲမေးတယ်။ မယုံရင် ဗုံး ရှိ၊ မရှိ ကျနော် ပြေးပြပါ့မယ်။ ဒီမှာက ဘယ်ကေအိုင်အို တပ်ဖွဲ့မှ မလာဘူး။ ဆိုပြီး ကျနော်က ပြော တယ်။” |
“တနင်္ဂနွေနေ့ကပါ။ ကျနော်တို့ ဘုန်းကြီးတွေလည်းမရှိတော့ ကျနော်က ဦးဆောင်ပြီး ဘာသာဝင်တွေနဲ့ ဆုတောင်းဝတ်ပြုဖို့ ကျနော့်ကို တာဝန်ပေးထားတယ်။ အဲတော့ ကျနော်က လည်း မနက် ရှစ်နာရီမှာ စတယ်။ အဲဒီအချိန်မှာ သေနတ် သံတွေ ကြားရတော့ ကိုးနာရီမှ စမယ်ဆိုပြီး လုပ်နေတဲ့အချိန် အစိုးရတပ်တွေ ဝင်လာပြီး ဖမ်းဆီးသွားတာပါ။”
သူတို့က ဘာ့ကြောင့် ဆရာတို့ကို ဝင်ဖမ်းတယ်လို့ ယူဆသလဲရှင့်။
“ဒီရွာတွေက ယောကျာင်္းတိုင်းက ပြည်သူ့စစ်တွေ ဖြစ်တယ်။ ကေအိုင်အို ဝန်ထမ်းတွေပဲ မင်းတို့ သေနတ်ဘယ်
မှာ သိမ်းထားလဲပြောဆိုပြီး နောက်ကျောကို သေနတ်ဒင်နဲ့ထု၊ ခြေထောက်နဲ့ကန် ပြီးတော့ သေနတ် ဂိုဒေါင် ဘယ်မှာလဲ။ ချိန်ကိုက်ဗုံး ဘယ်မှာထည့်ထားလဲ မေးတယ်။ မယုံရင် ဗုံး ရှိ၊ မရှိ ကျနော် ပြေးပြပါ့မယ်။ ဒီမှာက ဘယ်ကေအိုင်အို တပ်ဖွဲ့မှ မလာဘူး။ ဆိုပြီး ကျနော်က ပြောတယ်။”
အစိုးရတပ်ဖွဲ့တွေက ဘယ်လို စပြီး ဝင်ရောက်လာတာလဲ။ ဆရာတို့ကို ဘယ်တပ်က ခေါ်သွားတာလဲ။
“နမ့်ဆမ်မြစ်ကမ်းဘက်က တပ်ဖွဲ့တဖွဲ့ ဝင်လာတယ်။ ဘယ်ဘက်မှာလဲ တခြားတဖွဲ့လည်း တက်လာတယ်။ မိုးမောက် အခြေစိုက်ထားတဲ့ ခမရ (ခြေမြန်တပ်ရင်း) ၄၃၈ နဲ့ မန္တလေးအောက်ပိုင်းက ခမရ ၁၂၁ တို့က တပ်ဖွဲ့တွေ ဝင်လာတယ်။ ကျနော်တို့ကို ခေါ်သွားတာက ခမရ ၄၃၈ တပ်ဖွဲ့တွေ ခေါ်သွားတာပါ။”
အဖွဲ့က နှစ် ဖွဲ့ဆိုတော့ အင်အား ဘယ်လောက်ရှိမယ်လို့ သိရလဲ။
“ကျနော်တို့ကို ခေါ်သွားတဲ့ သူနာမည်က ဒုတပ်ရင်းမှူး အောင်နိုင်ဦးလို့ ပြောတယ်။ သူကိုယ်တိုင်ပြော ပြတာက သူတို့ တပ်ရင်းက အင်အား ၁၅၀ ရှိတယ်။ တခြားအဖွဲ့ကလည်း ၁၅၀ ရှိတယ်။ အားလုံး သုံးရာလောက် ရှိတယ် လို့ ပြောပြတယ်။”
အစိုးရတပ်ဖွဲ့က ဘယ်လို ပြောပြီးတော့ ဖမ်းဆီးသွားတာလဲ။
“ကျနော်တို့က သေနတ်သံကြားလို့ ခဏလေး စောင့်နေတဲ့အချိန် ကိုးနာရီခွဲလောက်မှာ သူတို့ အစိုးရဘက် ကသေနတ်နဲ့ ပစ်တယ်။ ကျနော်က သေနတ်ချိန်တာ တွေ့လိုက်လို့ ကျနော်တို့ အရပ်သားတွေပါ ခင်ဗျား ဆိုပြီးပြောပြီးတော့ လှဲချလိုက်တယ်။ ကျနော် မလှဲချဘူးဆိုရင် သေနတ်တောင်ထိသွားမယ်ထင် တယ်။ အသက်ကြီး တဲ့ အဘွားနဲ့ ကလေးတွေက အော်ငိုကြပြီ။ နောက်တော့ ကျနော်နဲ့ ယောက်ျား ငါးဦးကို ထိုင်ခိုင်း၊ မေးမြန်းပြီးတော့ ကြိုးတုတ်ပြီးတော့ ဖမ်းဆီးသွားတယ်။”
ဘယ်လို ကြိုးနဲ့ ချည်ပြီး ခေါ်သွားတာလဲ။
“ကျနော်တို့ မယ်တော်ဂူထဲက ဝိုင်ယာကြိုးနဲ့ အကုန်ဖြတ်ပြီးတော့ လက်နှစ်ဘက် ချည်ပြီးခေါ်သွားတာ။ ကျနော်က အဲဒီအချိန် တော်တော်ကြောက်သွားတယ်။ အဲဒီအချိန်မှာ KIA တပ်ဖွဲ့တွေ လာပစ်ရင်ကျနော်တို့ လည်း သေနိုင်မယ်။ တော်သေးတယ်။ KIA တပ်တွေက လာမပစ်လို့ တော်တော့တယ်။”
“ဘုရားကျောင်းထဲမှာ အကုန်စစ်ဆေးတယ်။ ဗုံးတွေရှိ မရှိ၊ သေနတ်တွေ ဘယ်မှာထားလဲ။ ချိန်ကိုက်ဗုံး ဘယ်မှာမြှပ်ထားလဲဆိုပြီး မေးပြီးတော့ ခြေထောက်နဲ့ကန်၊ သေနတ်ဒင်နဲ့ထု။ အဲဒါပြီးတော့ ဝိုင်ယာကြိုးနဲ့ ချည်ပြီး ခေါ်သွား တယ်။ နောက် အိမ် နှစ်လုံး၊ သုံးလုံး အကျော်လောက်မှာ ကျောပိုးအိတ် ခုနှစ်ခု ချထား တယ်။ အဲဒီ အိတ်တွေကို ထမ်းပါဆိုပြီး အမိန့်ပေးတယ်။ ကျနော်တို့က လက်ချည်ထားလို့ ထမ်းလို့ မရဘူးလို့ ပြောလိုက်တော့ ကျနော်တို့ လက်ကို ဖြည်ပြီးတော့ မထွက်ပြေးဖို့ ပြောတယ်။ အဲဒီအိတ်ထမ်းပြီး တော့ နားနားပြီးတော့ ကျနော်တို့က သုံးဖာ လုံလောက်အဝေးမှာ နာရီ သုံးနာရီလောက်လျှောက်လိုက်ရ တယ်။ နမ်ဆန်ယန်မှာရှိတဲ့ ‘လောကသာမစေတီ ဘုန်းကြီးကျောင်း’မှာ ဝင်နားလိုက်တယ်။”
ဘယ်လိုကြောင့် အခုလို ပြန်လည် လွှတ်မြောက်လာတာလဲ။
“ကျနော်တို့ လောကသာမစေတီ ဘုန်းကြီးကျောင်းမှာ ရောက်တော့ KIO ဘက်က လိုက်ပစ်တော့သေနတ် ကြီး ငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ အဲဒီကို ရောက်တော့ သူတို့ဘက်မှာ စကားပြန် တယောက် ပါတယ်။ ရဝမ် အမျိုးသားပဲ၊ ကချင်စကားဝဲဝဲနဲ့ ပြောတတ်တယ်။ သူက စကားပြောစက် ကိုင်ထားတယ်။ KIO ဘက်က ပြော တာတွေ အကုန်လုံး အဲဒီလူက နားထောင်လို့ ရနေတယ်။ အစိုးရတပ် ၄၃၈ တွေက နှစ်ခြင်းအသင်း တော် ဘုရားကျောင်းမှာ ရောက်တော့ ကျနော်တို့ကို မေးတယ်။ ပြန်ချင်လား၊ ကျနော်တို့နဲ့ လိုက်မလား။ ကျနော်တို့နဲ့ လိုက်ရင်တော့ ငြိမး်ချမ်းတဲ့ နေရာရောက်ရင် ပြန်လွှတ်ပေးမယ် ပြောတယ်။ သူတို့က ကျနော်တို့ကို လွွှတ်လိုက် ရင်လည်း နောက်မှ ရောက်တဲ့ စစ်ကြောင်းတွေက ကြမ်းတယ် ပြော တယ်။ သူတို့က အာမမခံနိုင်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ဒီ နမ့်ဆန်ယန်ဘက်က ယောက်ျားတွေက ကေအိုင်အေ ပြည်သူ့စစ်တွေပဲ။ ဒါကြောင့် အကုန်လုံးကို သတ်၊ အမျိုးသမီးတွေက သတင်းပေးဖြစ်တဲ့ အတွက် သူတို့အကုန်လုံးကို ဖမ်းဆီးဖို့ အထက်က အမိန့်ပေးထားတယ် ဆိုပြီး ဒုဗိုလ်မှူး အောင်နိုင်ဦးက ပြောတယ်။”
“အဲတော့ ကျနော်ကနောက်နေ့မနက်မှ ကျနော်ဘာသာဝင်တွေကို သွားခေါ်ရမယ်။ ကျနော့်ကို စောင့်နေကြ တယ်။ ဒါကြောင့် ကျနော် ပြန်မယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ နာရီပိုင်း အတောအတွင်းမှာပဲ အကုန်လုံးကို ခေါ်သွားတာ။ ခဏနေဆိုရင် တခြားစစ်ကြောင်းတွေ တက်လာရင် ပစ်သတ်လိမ့်မယ်။ ဒါကြောင့် တနာရီ အတွင်းမှာ ပြန်ဆိုပြီးပြောလို့ ကျနော်တို့ ပြန်လွတ်လာတယ်။”
လိုင်ဇာဘက်ကို ဘယ်အချိန်မှ ရောက်ခဲ့တာလဲ။
“ကျနော်တို့ကို ပြန်ခိုင်းတော့ ရွာလယ်ခေါင်လမ်းကနေ မသွားဘဲ။ တောလမ်းကနေ ပြန်သွားတယ်။ နမ့်ဆန်ယန် ရွာပြင်မှာရှိတဲ့ ကျနော့်အိမ်ကို ဝင်မယ်လုပ်တော့ ခမရ ၁၂၁ တပ်ဖွဲ့တွေက အိမ်တွေ မီးရှို့ နေတာတွေ တွေ့တော့ ကျနော်တို့ လိုင်ဇာဘက်ကို ထွက်ပြေးလာတာဘဲ။ ကျနော်ပြန်လာတဲ့အချိန် အိမ်အလုံးပေါင်း ၁ဝ လုံးကျော် မီးလောင်နေပြီ။ နေ့လည် ၁၂ နာရီလောက်မှာ လိုင်ဇာကိုရောက်သွား တယ်။”
အိမ် မီးရှို့တာကို ဘယ်လို တွေ့ရတာလဲ။
“နှစ်ခြင်းအသင်းတော် ဘုရားကျောင်းနဲ့ အနီးကပ်မှာ ကျနော်တို့ကို မလွတ်ပေးခင်မှာဘဲ သင်းထောက် ဆရာ ဦးအောင်ဆန်းရဲ့ အိမ်ကို ကျနော်တို့ ရှေ့မှာ ၁၂၁ တပ်ဖွဲ့တဦးက မီးရှို့လိုက်တာ။ အဲဒီအိမ်က ဝါးနံရံမှာ ရေနံချေးသုပ်ထားတော့ လောင်ကျွမ်းသွားတာပဲ။ တခြားအိမ်တွေက ဘယ်လိုပုံစံ မီးရှို့လိုက်တယ်ဆိုတာက မသိသေးဘူး။”
ကျန်တဲ့ အမျိုးသား ငါး ဦးကရော အခု ဘယ်မှာလဲ။
“သူတို့က ဦးမလိနော်တောင်၊ ဦးမလိတူးခေ၊ ဦးအားဝူ၊ ရှမ်းအမျိုးသား လောင်းလု ပါ။ ကျနော်တို့အားလုံး အခု လိုင်ဇာကို ရောက်နေကြပါပြီ။”
စစ်ကြောင်းတွေထဲမှာ ပေါ်တာဆွဲခံရတဲ့ အရပ်သားတွေကိုရော တွေ့လား။
“အဲဒီမှာ တာလောကြီးဘက်က ရှမ်း-ဗမာပဲ။ သူက ကေအိုင်အေရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်။ သူ့ကို လက်နက်နဲ့ အတူ ဖမ်းဆီးခံထားရတယ်။ နောက် ငှက်ပျော်ခြံမှာ အလုပ်လုပ်နေတဲ့ လီဆူး အမျိုးသားတယောက် ပါတယ်။ တယောက်က (အိန္ဒိယနွယ်ဖွား)။ တယောက်က ဗမာ။ သူတို့ကို ပေါ်တာ ခေါ်သွားတာ။ အားလုံး လေးယောက် ပါတယ်။ သူတို့က နှစ်ပတ်လောက် လိုက်နေရပြီတဲ့။ သူတို့က အစိုးရစစ်တပ်နဲ့အတူ ရောပါလာတာ။ ကျည်ဆံ အိတ်တွေ ထမ်းပေးတာပေါ့။”
အခုလို ဖမ်းဆီးခံရပြီးတော့ အစိုးရတပ်ဖွဲ့က ဘယ်လို ပြန်လွတ်ပေးလိုက်တာလဲ။
ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ကို စကားပါးလိုက်တယ်။ KIO နဲ့ တွေ့ရင် ပြောပြပါတဲ့။ ကျနော်တို့ကလမ်းရှင်း ဖို့ လာတာပါ။ သူတို့ကို မပစ်ရင် မပစ်ဘူး။ သူတို့ကို စပစ်ရင် သူတို့လည်း ပစ်လာမှာပဲ။ အခုဗန်းမော်လမ်း ဘက် ကနေ တပ်ရင်း ခြောက်ရင်း တက်လာမယ်။ မြစ်ကြီးနားလမ်းဘက်ကနေ တပ်ရင်း သုံးရင်းတက်လာ မယ်။ အားလုံး တပ်ရင်း၊ တပ်မ ကိုးရင်း တက်လာဖို့ရှိတယ်။ သူတို့က ကားနဲ့ ပစ္စည်းတွေ သယ်လာပြီးတော့ လိုင်ဇာ ကို အမြစ်ဖြတ်တိုက်ဖို့ အစီအစဉ် ရှိတယ်ဆိုပြီး ဒုဗိုလ်မှူး အောင်နိုင်ဦးက ပြောတယ်။ ဘယ်အချိန် ဆိုတာ ကတော့ မပြောဘူး။”
တခြား ဘာများ ပြောပြချင်တာ ရှိသေးလဲရှင့်။
“ကျနော်က အရင်တုန်းကလည်း ပေါ်တာစွဲခံရဖူးတယ်။ အဲဒီတုန်းက လက်နက်ကြီးတွေ သယ်ရတယ်။ အခု တပ်ဖွဲ့တွေက လက်နက်ကြီးတွေ မပါဘူး။ တကယ်ပဲ သူတို့ပြောသလို လမ်းရှင်းဖို့ပဲ လာတာလား။ တကယ်ပဲ မှန်သလားဆိုတော့ လက်နက်ကြီးတွေက နောက်မှ ရောက်လာမလားပေါ့နော်။ တကယ်ပဲ လိုက်ဇာကို တိုက် ဖို့ လားတော့ မသိဘူး။”