ချင်းမိုင်(မဇ္စျိမ) ။ ။ မွန်ပြည်နယ် မော်လမြိုင် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဗုဒ္ဓဟူးနေ့က လွတ်မြောက်လာသူ ၅၉ ဦးထဲတွင် နိုင်ငံရေး အကျဉ်းသား ခြောက်ယောက် ပါဝင်သည်။
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသော ကရင်အမျိုးသား အစည်းအရုံး (KNU) မှ စောထွန်းဝင်းနှင့် မွန်ပြည်သစ် ပါတီမှ ဦးဇော်ထိုက်တို့ ပါဝင်သည်။
မြေအောက် အဖွဲ့အစည်းတခု ဖြစ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ- ဗကသ မှ မဖြိုးဖြိုးအောင် နှင့် လက်နက်ကိုင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင် တဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ကိုသက်ဦး ပါဝင်လွတ်မြောက်ခဲ့သည်။
ကိုသက်ဦးသည် ၁၉၉၇ ခုနှစ်ဆန်းတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၆ နှစ် ကျခံနေခဲ့ရာက ၁၄ နှစ်ကျော် နေခဲ့ရပြီး လွတ်လာခဲ့သော ကိုသက်ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားပါသည်။
အကိုတို့ လွတ်မယ်ဆိုတာကို ဘယ်လို အကြောင်းကြားလို့ သိခဲ့ရလဲ။
“ဘာမှ အကြောင်းမကြားဘူး။ ထောင်ကလည်း အကြောင်းမကြားသလို မိသားစုကိုလည်း အကြောင်းမကြားဘူး။ အကိုတို့ကို ၈ နာရီ မထိုးခင်မှာတိုက်ကို လာအကြောင်းကြားတယ်။ ရှစ် နာရီထိုးအရောက် ထောင်ဗူးကို ခေါ်သွား
တယ်။ အဲဒီမှာ သြဝါဒ ပေးတယ်ပေါ့။ ၁၁ နာရီခွဲမှ အကိုတို့ ပြန်ထွက်လာတယ်။ ဗူးဝကနေ လွတ်လာတယ်ပေါ့။”
ဘယ်နှစ်ဦးလွတ်တဲ့ ထဲပါဝင်သလဲ။
၉၄၊ ၉၅၊ ၉၆ ခုနှစ်တုန်းက တိမ်မြုပ်နေတဲ့ သတင်းမျိုးတွေပေါ့။ အခုနောက်ပိုင်းမှာ ပွင့်လင်းလာတယ် ဆိုတာ အထဲမှာနေတုန်းက ကြားနေရတယ်။ အကိုတို့တုန်းက ဒီလောက် မတိုးတက်သေးဘူး။“မော်လမြိုင်ထောင် က အကျဉ်းသားပေါင်း ၅၉ ယောက် လွတ်တယ်။ နိုင်ငံရေးအကျဉ်းသား ခြောက်ယောက် ပါတယ်။ တယောက်က ကိုယ်အဂါင်္ ချို့ယွင်းနေတဲ့လူ၊ အရှင် ဂန္ဘီရရဲ့ယောက်ဖ ကိုမိုးထက်လျှံ၊ သူက လက်တဘက် ပြတ်တယ်။ခြေထောက် တဘက် ပြတ်တယ်။ ထောင်ငါး နှစ်ကျတယ်။မြဝတီက KNU အဖွဲ့က စောထွန်းဝင်း၊ မွန်အဖွဲ့နဲ့ ဆက်စပ်ပြီးတော့ မုဒုံကဇော်ထိုက် ထောင်ကျတယ်။ သူတို့နှစ်ယောက်က ၁၇/၁ နဲ့ ရ နှစ်ကျတယ်။ နှစ်ယောက်က ဦးမောင်မောင်နဲ့ ဦးမြင့်ရွှေတို့ လွတ်တယ်။”
ဘယ်လိုကြောင့် ဖမ်းဆီးခံခဲ့ရတာလဲ။
“ကျနော်က ကိုမိုးသီးဇွန်ရဲ့ ABFDF နဲ့ ချိတ်ပြီးတော့ ပြည်တွင်းက သတင်း အချက်အလက်တွေ စုဆောင်းတဲ့ အလုပ် လုပ်တာ။ သတင်းတွေ စုဆောင်းပြီးတော့ သူတို့ကို ပြန်ပို့တာ။ အဲဒီအချိန်တုန်းက ပြည်တွင်းလှုပ်ရှားမှုကို ကိုင်ထားတာက ကိုဝင်းမင်း၊ ကိုလွမ်းဏီ၊ ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်း၊ ကိုအောင်နိုင်ဦး၊ ကိုဇော်မင်းတို့ အုပ်စုက လုပ်တာ။ပြည်တွင်း မှာက ကျနော် ကိုင်တယ်။ အဲဒီမှာ ၁၉၉၇ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဓါတ်ပုံသမား တယောက် ဖမ်းခံရတယ်။ သူ့ကို ဖမ်းလိုက်တော့ သူကနေ ဖော်လိုက်တာပေါ့ အကို့ကို၊ ၉၇ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ထောက်လှမ်းရေးက ဖမ်းလိုက်တယ်။”
ပြည်တွင်းက သတင်းအချက်အလက်တွေကို စုဆောင်းကျနော်တို့ ရဲဘော်တွေ ထောင်ထဲမှာ အများ ကြီး ကျန်တာကိုး အဲဒီအတွက် ကျနော် မပျော် ဘူး။ မြန်မာပြည်ထောင် ၄၂ ထောင်မှာ ကျနော် တို့ ရဲဘော်တွေ ကျန်သေးတော့ ပျော်လည်းမပျော် ဘူး။ ခံစားချက်လည်း ဘာခံစားချက်မှ မဖြစ်ဘူးပေါ့ဗျာ။ ကိုယ်လည်း ထောင်ထဲမှာ
နေသားရင့်နေလို့လား မသိဘူး။ပြီးတော့ ပြည်ပကို ပို့တယ်ဆိုတာက ဘယ်လို သတင်းမျိုးတွေ ကိုလဲ။
“၉၄၊ ၉၅၊ ၉၆ ခုနှစ်တုန်းက တိမ်မြုပ်နေတဲ့ သတင်းမျိုး
တွေပေါ့။ အခုနောက်ပိုင်းမှာ ပွင့်လင်းလာတယ်ဆိုတာ
အထဲမှာနေတုန်းက ကြားနေရတယ်။ အကိုတို့တုန်းက
ဒီလောက် မတိုးတက်သေးဘူး။ အဲဒီတုန်းက
အာအက်ဖ်အေက အစလောက်ပဲ ရှိဦးမယ်။ ကိုမိုးသီးဇွန်
က အေပီနဲ့ ချိတ်ပြီးတော့ အကိုတို့က တင်ပေးတာ။”
ဘယ်လို ပုဒ်မတွေနဲ့ ထောင်ဒဏ်ဘယ်နှစ်နှစ် ချခံခဲ့ရတာလဲရှင့်။
“ပုဒ်မတွေက ၅ (ည) ရယ်၊ ၁၇(၂၀)ရယ်၊ ၁၇/၂ရယ်၊ ၄၂၀၊ ၄၆၈၊ နိုင်ငံကူးလက်မှတ် နှစ်ခုကိုင်တယ်ပေါ့။ မှတ်ပုံတင် အတုတခု ထပ်မိတယ်ပေါ့။ ပုဒ်မ ငါး ခုပေါ့။ စုစုပေါင်း ၂၆ နှစ် ထောင်ချခံရတယ်။ထောင်ထဲမှာ ၁၅ နှစ် နေခဲ့ရတယ်။”
ထောင် ဘယ်နှစ်ခု ပြောင်းရွှေ့ခံခဲ့ရလဲ။
“စရောက်ရောက်ချင်း အင်းစိန်ထောင်မှာ၊ တနှစ်နေပြီးတော့ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၄ နှစ်နေခဲ့တယ်။ အကို ကျန်းမာရေး စာတင်လိုက်တဲ့ အတွက်၂၀၀၁ ခုနှစ်မှာ အင်းစိန်ကို ထပ်ပြောင်းလိုက်တယ် ၂၀၀၉ ခုနှစ်ထိ နေခဲ့ရ
တယ်။ ၂၀၀၉ ခုနှစ်ဇူလှိုင်လမှ မွန်ပြည်နယ် မော်လမြိုင်ထောင်ကို ပြောင်းလိုက်တယ်။”
ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ။
“အခုလက်ရှိ လေးဘက်နာရောဂါ၊ နှလုံးအားနည်းတယ်။ အဲဒီနှစ်ခုကြောင့် ဆေးသောက်နေရတယ်။”
ဒီနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ရတဲ့အပေါ် ဘယ်လို ခံစားရလဲ။
အဓိက ထောင်ထဲမှာ ကျန်ခဲ့တဲ့ လူတွေအတွက် ရယ်၊ ထောင်ထဲမှာ ဖိနှိပ်ခံရမှုတွေကို ကျနော်ဖော်ထုတ် မယ်။ ထောင် အသီးသီးမှာ ဖိနှိပ်ခံရ တာတွေကို ဖော်ထုတ်မယ်။ တဘက်မှာ မျိုးဆက်သစ် လူငယ်တွေ အတွက်အကိုတို့မြေ တောင်မြောက်ပေးဖို့ အသိပညာရှင် ပြန့်ပွား ဖို့အတွက် စာကြည့်တိုက် ထောင်မယ်။“မပျော်ဘူးပေါ့၊ ကျနော်တို့ ရဲဘော်တွေ ထောင်ထဲမှာအများကြီး ကျန်တာကိုး အဲဒီအတွက် ကျနော် မပျော်ဘူး။မြန်မာပြည် ထောင် ၄၂ ထောင်မှာ ကျနော်တို့ ရဲဘော်တွေ ကျန်သေးတော့ ပျော်လည်း မပျော်ဘူး။ ခံစားချက်လည်း ဘာခံစားချက်မှ မဖြစ်ဘူးပေါ့ဗျာ။ ကိုယ်လည်း ထောင်ထဲမှာ နေသားရင့်နေလို့လား မသိဘူး။ ၁၅ နှစ် ဖြတ်သန်း လာရတဲ့အချိန်မှာ နိုင်ငံတော်ပေါင်း မြောက်များစွာ မမီလိုက်ပြီးတော့ ကိုယ်မပါခဲ့ဘူးပေါ့။ ဒီအပေါ်မှာပဲ ကြံ့ကြံ့ခံပြီး ရပ်တည်ခဲ့တော့ ဒီအပေါ်မှာ စိတ်ခံစားမှု မရှိတော့ဘူး။ ရဲဘော်တွေ ကျန်ခဲ့တော့ တော်တော် စိတ်မကောင်း ဖြစ်တယ်။”
ဘာဆက်လုပ်မယ်လို့ ရည်ရွယ်ထားလဲ။
“အဓိက ထောင်ထဲမှာ ကျန်ခဲ့တဲ့ လူတွေ အတွက်ရယ်၊ ထောင်ထဲမှာ ဖိနှိပ်ခံရမှုတွေကို ကျနော် ဖော်ထုတ်မယ်။ထောင် အသီးသီးမှာ ဖိနှိပ်ခံရတာတွေကို ဖော်ထုတ်မယ်။ တဘက်မှာ မျိုးဆက်သစ် လူငယ်တွေ အတွက် အကိုတို့မြေတောင်မြောက်ပေးဖို့ အသိပညာရှင် ပြန့်ပွားဖို့အတွက် စာကြည့်တိုက် ထောင်မယ်။ အကုန်ပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်။ လက်ရှိတော့ လူ့ဘောင်သစ် အနေနဲ့လည်း မလုပ်ဘူး။ ဗကသ အနေနဲ့လည်း မလုပ်သေးဘူး။ ဒါကို ခဏ ထားထားမယ်။ သူတို့ အကို့ကို ဆက်သွယ်ကောင်း ဆက်သွယ်မယ်ပေါ့။ ဒါပေမယ့် ဒါတွေကို ခဏထား ထားမယ်။ ပြည်တွင်းမှာ တရားဝင် လုပ်နိုင်လို့ ရတဲ့ ဥစ္စာတွေ လုပ်သွားဖို့အတွက် ရည်ရွယ်ထားတယ်။”
ထောင်တွင်း ဖိနှိပ်ခံရမှုတွေကို ဖော်ထုတ်သွားမယ်ဆိုတာက အကျဉ်းထောင်တွေထဲမှာ ဘယ်လို ဖိနှိပ်ခံရမှုမျိုးတွေ ရှိနေလို့လဲ။
“ရှင်းရှင်းပြောရင်တော့ ခုသူတို့ပြောနေတဲ့ ထောင်တွင်းမှာ ကျနော်တို့ ဘယ်လောက်ကောင်းအောင် လုပ်နေပါတယ်၊ ဘယ်လိုပြုပါတယ်။ ဒါတွေကတကယ့် အပေါ်ယံတွေ သူတို့ပြောနေတာ။ ထောင်တွင်းထဲမှာ ဝင်ကြည့်တဲ့ အချိန်ကျမှ နက်နက်ရှိုင်းရှိုင်း ခံစားလို့ ရတယ်ပေါ့။ ဆိုလိုရင်းက ဘာပဲ ပြောပြော အခြားသော အကျဉ်းသားတွေလည်း လူသား တွေပဲ၊ အကိုတို့က တတန်းထဲလို့ သတ်မှတ်ထားတယ်။ ဒီလိုတွေရဲ့ ဥစ္စာမှာ သူတို့ရဲ့ မတရား လုပ်ရပ်က ဥပမာ ပေါ်တာ မလိုက်ချင်လည်း လိုက်ပေးရတယ်၊ လိုက်ရင်လည်း ရဲဘက် မထွက်ချင်လည်း ပေးရတယ်။ ထွက်ရင်လည်း ပိုက်ဆံပေးရတယ်။ အလုပ် မလုပ်ရင်လည်း ပိုက်ဆံပေးရတယ်။ နေရာကောင်း ရချင်လို့ ပိုက်ဆံ ပေးရတယ်။ ဒီအပေါ်တွေမှာ အဆမတန် ပိုက်ဆံ အကျိုးအမြတ်တွေကို ရှာပြီးတော့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး လုပ်နေတဲ့ ကိစ္စတွေ၊ ရိုက်နက်တဲ့ ကိစ္စတွေကို ဖော်ထုတ်မယ်။ ဥပမာပေါ့ကွာ လူအသစ်တယောက်ဝင်လာရင် အလုပ်မလုပ်ချင် ဘူး ဆိုရင် တသိန်းခွဲတောင်းတယ်။”