ပြည်ပတွင် လေးနှစ်ကြာ နေထိုင်ခဲ့ပြီးနောက် "သီးလေး သီးဆေးရောင်စုံ" အဖွဲ့ထဲမှ အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့သူ ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီးနှင့် ဇီးသီးတို့ကပြည် တော်ပြန်ကြသော် လည်း လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပါယ်ငုံတို့ကတော့ထိုင်း နိုင်ငံတွင် နေကျန်ရစ်သည်။
(ဂေါ်ဇီလာနှင့် အင်တာဗျူး)
ပြည်ပတွင် လေးနှစ်ကြာ နေထိုင်ခဲ့ပြီးနောက် "သီးလေး သီးဆေးရောင်စုံ" အဖွဲ့ထဲမှ အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူခဲ့သူ ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီးနှင့် ဇီးသီးတို့ကပြည် တော်ပြန်ကြသော် လည်း လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပါယ်ငုံတို့ကတော့ထိုင်း နိုင်ငံတွင် နေကျန်ရစ်သည်။
ဟာသလူရွှင်တော် ကိုဇာဂနာ က မွေးထုတ်ပေးခဲ့သော သီးလေးသီးမှာ ၂ဝဝ၇ ခုနှစ် ပြည်ပထွက် ကပြခဲ့သည့် ပွဲများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ထိုင်း နိုင်ငံ၌နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ကိုဇာဂနာသည် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များ ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်ဖြင့် မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသည်။
ဂေါ်ဇီလာအား မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ဖြစ်သည့် အကြောင်းရင်းများ၊ ရှေ့ဆက်မည့် အနုပညာလှုပ်ရှားမှု များကိုမဇ္စျိမ သတင်းထောက် ကျော်ခ က ၎င်းတို့ မပြန်မီတွင် တွေ့ဆုံ မေးမြန်းထားသည်။
-----------------------------------------------------------------------------------------------------
သမ္မတဦးသိန်းစိန်က ပြည်ပရောက်တွေ ပြန်လာဖို့ ခေါ်တာ နှုတ်ကပြောတဲ့ အတွက် စာနဲ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရမှ ပြန်သင့်တယ်လို့ ပြောနေတာတွေ ရှိပါတယ်။ ဦးဂေါ်ဇီလာတို့က ဘယ်လို ယုံကြည်ချက် နဲ့ ပြန်တာလဲ ခင်ဗျ။
ဥပဒေ မထွက်လို့ တချို့က မယုံဘူး ပြောတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ အနေအထားမှာ
နိုင်ငံတော် သမ္မတက အမြင့်ဆုံးပါပဲ။ အဲဒီလို အကြီးဆုံးဖြစ်တဲ့ ပုဂ္ဂိုလ် တဦးတယောက်က ပြောတဲ့စကားကို ကျနော်တို့ ယုံတယ်။ သူ့ရဲ့မိန့်ခွန်းကိုလည်း ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ ပြန်ဝင်မယ့် ၄ ယောက် အနေနဲ့ပြောရရင်တော့ ကျနော်တို့ ယုံလို့ ပြန်တာ စိတ်ချလို့ပြန်တာ။ သူ့စကားကို ကျနော်တို့ လေးစားလို့ ပြန်တာပါ။
ကျန်တဲ့လူတွေ ယုံတာမယုံတာ ကျနော်တို့ မသိဘူးပေါ့နော်။ အားလုံးက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ့်ခံယူချက် နဲ့ လမ်းလျှောက်ကြရတဲ့ အခါကျတော့ ကျနော်တို့ ပြောလို့မရဘူး။ ဒါပေမယ့် ကျနော်တို့ ခံယူချက်ကတော့ သမ္မတကြီးကို ယုံတယ်။ လုပ်ဆောင်ချက်ကိုလည်း ယုံတဲ့ အတွက်ကြောင့်မို့လို့ ပြန်ဝင်ခြင်း ဖြစ်ပါတယ်။
ဦးဂေါ်ဇီလာတို့ ပြန်မယ့်ကိစ္စမှာ အစိုးရနဲ့ အပေးအယူ လုပ်ရသေးလား။
အပေးအယူ လုပ်ရမယ့် ကဏ္ဍတွေ မရှိပါဘူး။ နိုင်ငံတော် သမ္မတကြီးက ကျနော်တို့ကို ဖိတ်ခေါ်တယ်။ကျနော် တို့ကပြန်ဝင်ခွင့်တောင်းတယ်။ အဲဒီအတွက် အစိုးရကလည်း မင်းတို့ ပြန်ဝင်ရင် ငါတို့ကိုဘာလုပ် ပေးပါ၊ ညာလုပ်ပေးပါ တခုမှ တောင်းဆိုတာ မရှိပါဘူး။
သီးလေးသီး ဆေးရာင်စုံ အဖွဲ့ကြီးကို ဦးဇာဂနာက မွေးထုတ်ပေးလိုက်ပြီး ဦးဂေါ်ဇီလာကို ဦးဆောင်စေခဲ့တယ်။ ဦးဂေါ်ဇီလာတို့ အခုလို ပြန်တဲ့အပေါ်မှာ လောလောဆယ် အကျဉ်းထောင်ထဲ ရောက်နေတဲ့ ဦးဇာဂနာရဲ့ သဘောထားက ဘယ်လိုရှိမယ်လို့ ထင်ထားလဲဗျ။
ကျနော်တို့ကတော့ ကိုဇာဂနာက ထောင်ထဲမှာ ရောက်နေတော့ အဆက်အသွယ် မရှိတဲ့အတွက် ခန့်မှန်းလို့ပဲ ပြောလို့ ရမယ်။ သူ ကျနော်တို့ကို ကြိုဆိုမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကျနော်တို့ ပြည်ပကိုထွက်လာ တာ လေးနှစ် အတွင်းမှာ ကျနော်တို့ကိုယ် ကျနော်တို့ သုံးသပ်ကြည့်မိတယ်။ ကျနော်တို့ ပြောခဲ့တဲ့ဟာတွေဟာ ထိုက်သင့် သလောက်သော အကျိုးကျေးဇူး မရှိခဲ့ပါဘူး။ ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက် မဖြစ်နိုင်တဲ့ အခါမှာ ပြည်တွင်းကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကိုလည်း ကိုဇာဂနာ ထွက်လာတဲ့ အခါမှာ ကျနော်တို့ ရှင်းပြမှာပါ။ ကိုဇာဂနာ လက်ခံမယ်လို့လည်း ယုံကြည်ပါတယ်။
ဦးဂေါ်ဇီလာလက်ထဲမှာပဲ သီးလေးသီးအဖွဲ့သားတွေ ကွဲသွားခဲ့တယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
သီးလေးသီး ကွဲတယ်လို့တော့ ပြောလို့မရဘူးဗျ။ ကျနော်တို့မှာ သူလုပ်နိုင်တဲ့ အတိုင်းအတာကို သူတို့ ခွဲလုပ်ကြတာပါ။ တချို့ဟာတွေမှာ ညီအကိုမောင်နှမချင်းတောင် သဘောထား မတိုက်ဆိုင်ရင်တောင် မခေါ်မပြော ရှိကြသေးတာပဲ ဒီသဘောပါ။
ဒါပေမယ့် သီးလေးသီးအဖွဲ့ ကွဲသွားရခြင်းက ဇာတ်အဖွဲ့ ကကြေးတွေ ခွဲတဲ့အခါမှာ မညီမျှလို့လို့ တဖက်က
ပြောနေကြတယ်။ ဒါနဲ့ ပါတ်သက် ပြီးတော့ရော ဦးဂေါ်ဇီလာအနေနဲ့ ဘာများပြောချင်လဲခင်ဗျ။
ဒါကတော့ ကောလာဟလကတော့ ဘယ်အနုပညာသမားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ချစ်ရင်တော့ကောင်း တယ်ပြောမှာဗျ။ မုန်းရင်တော့ မကောင်းဘူးပြောမှာပဲ။ ချစ်တဲ့အချိန်မှာတော့ သူဘာသူ အပြစ်ပဲ ကျူးလွန်လွန် ဘာပဲလုပ်လုပ် အပြစ်မမြင်ပါဘူး။ မုန်းတဲ့လူကတော့ ကောင်းတာ ဘယ်လောက်ကြီးပဲလုပ်လုပ် အမုန်းစကားပဲ ဆိုမှာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံထဲက ထွက်လာတုန်းကကြတော့ သီးလေးသီးအဖွဲ့ ဆိုတဲ့ ပုံစံနဲ့ လာခဲ့ကြတာ ပေါ့နော်။ အခု ပြန်တဲ့ အခါမှာတော့ တကွဲတပြားစီ ဖြစ်နေရပြီလေ။ တကွဲတပြားစီ ပြန်တယ် ဆိုတာ ကတော့ တချို့ကျန်ခဲ့တဲ့ လူတွေက သူတို့အနုပညာလေးတွေ လက်စမသတ် ရသေးဘူး။ သူတို့ လုပ်စရာလေးတွေ ရှိနေသေးတဲ့ အတွက် နေခဲ့ခြင်း ဖြစ်ပါတယ်။
ဦးဂေါ်ဇီလာတို့ အနေနဲ့ မြန်မာနိုင်ငံထဲမှာ သီးလေးသီးအဖွဲ့ အနေနဲ့ ဇာတ်ပြန်ကမှာလား။ ဒါမှမဟုတ်
တခြား နာမည်အသစ်နဲ့ ထောင်ဖို့ရှိလား။
ကျနော်တို့အနေနဲ့ ပြည်တွင်းပြန်ရတဲ့ အဓိက ရည်ရွယ်ချက်က အနုပညာ ပြန်လုပ်ချင်လို့။ ကျနော်တို့အနုပ ညာသမားက အနုပညာ အလုပ်ကလွဲလို့ တခြားဘာမှ မလုပ်တတ်ပါဘူး။ ကျနော်တို့ အမည်နဲ့ဇာတ်လည်း ကမယ်၊ ပွဲလည်း ကမယ်၊ ရုပ်ရှင် ဗွီဒီယိုလည်း ပြန်ရိုက်မှာပါ။
သီးလေးသီး အနေနဲ့ အရင်က မြန်မာစစ်အစိုးရရဲ့ အလွဲလွဲ အချော်ချော် လုပ်ဆောင်ချက်တွေကို ပြည်ပ ထွက်မလာခင်မှာရော၊ ပြည်ပကို ရောက်တဲ့ အချိန်တွေမှာပါ ထောက်ပြ သရော်ခဲ့ကြတယ်။ ဒီပြက်လုံးတွေ ကို မြန်မာလူထုက သဘောကျ နှစ်သက်ခဲ့ ကြတယ်ဆိုတော့ အခုအထဲပြန်ရင်ရော အဲဒီလို ပြက်လုံးမျိုးတွေ လုပ်နိုင်ဦးမယ်လို့ ယုံကြည်ပါသလား။
ကျနော့်အနေနဲ့တော့ ယုံကြည်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အရင်ကတည်းက ကျနော်တို့ ပြောခဲ့ပြီးပြီပဲ။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့။ အားနည်းချက်လေးတွေကို အပြုသဘောနဲ့ ထောက်ပြတာပါ။အခု ဝင်တဲ့ ရည်ရွယ်ချက် ကလည်း အားနည်းချက်တွေ့ရင် ထောက်ပြပေးမယ်။ ဒါပေမယ့် အားနည်းချက်ကြီးပဲ လျှေက်ပြောလို့ မရဘူး။ အားသာချက်တွေကိုလည်း ထောက်ပြရမယ်။ လူဆိုတာ အားနည်းချက်နဲ့အားသာ ချက်ရှိတယ်။ အဲဒီ့ အားသာချက် ကိုလည်း ထောက်ပြရမယ်။
လက်ရှိအစိုးရသစ်က ဒီမိုကရေစီခြေလှမ်းကို လှမ်းနေတာဆိုတော့ ဖြည်းဖြည်းချင်းတော့ (လွတ်လပ်ခွင့်) ပေးပါလိမ့်မယ်လို့ ယုံကြည်တယ်။ ယုံကြည်လို့လည်း ကျနော်တို့ ပြန်ဝင်တာပါ။
တကယ်လို့ လက်တွေ့မှာ အစိုးရက အဲ့လို လုပ်ခွင့်မပေးဘူး။ ပိတ်ပင်မှုတွေလုပ်လာမယ်၊ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာဘူးဆိုရင်ကော ဘာ ဆက်လုပ်မလဲ။
ကျနော်တို့ကတော့ မျှော်လင့်ချက်တွေ ဖြစ်မလာဘူးလို့တော့ မယုံဘူးဗျ။ ဖြစ်လာမယ်လို့ပဲ ယုံကြည်ပါတယ်။ အစိုးရကလည်း ကျနော်တို့ကို လွတ်လပ်ခွင့်တွေပေးမယ်။ လုပ်ပိုင်ခွင့်တွေ ပေးမယ်လို့လည်းမျှော်လင့်ပါ တယ်။ မပေးဘူးဆိုတာ ကျနော်မယုံပါဘူး။ ပေးမှာပဲလို့ ကျနော် ယုံကြည်ထားပါတယ်။