ဒေါ်ခင်မာအေး ၃ နှစ်မြောက် ဆွမ်းကျွေးပွဲ (ခင်ပွန်းသည် ဦးလှရွှေနှင့် အင်တာဗျူး)

ဒေါ်ခင်မာအေး ၃ နှစ်မြောက် ဆွမ်းကျွေးပွဲ (ခင်ပွန်းသည် ဦးလှရွှေနှင့် အင်တာဗျူး)
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ)။     ။ နိုင်ငံရေးအကျဉ်းသား ဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်မှု ၃ နှစ် မြောက် ဆွမ်းကျွေးပွဲကို ရန်ကုန်တိုင်းသင်္ဃန်း ကျွန်းမြို့နယ်ရှိ နေအိမ်၌ တနင်္လာနေ့တွင် ကျင်းပခဲ့သည်။ ဆွမ်းကျွေးပွဲသို့ စာပေအသိုင်း အဝိုင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ဝင် ဦးဝင်းတင် အပါအဝင်လုပ်ဖော်ကိုင် ဘက် စုစုပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့သည်။

သခင်ဘသောင်း (တောင်ငူခရိုင် ဒို့ဗမာ အစည်းအရုံး) ၏ သမီးသူ ဒေါ်ခင်မာအေးသည် ၁၉၄ဝ ခုနှစ်တွင် မွေးဖွားကာ ၂ဝဝ၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့၊ အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

Daw-Khin-Mar-Aye-Interview

ဒေါ်ခင်မာအေးသည် ကျောင်းသူဘဝ ကတည်းကနေ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လုပ်လာခဲ့သည်။ သူ၏ မိသားစုဝင်များပါ နှစ်ရှည် အကျဉ်းချခံရမှုများ ခံခဲ့ရရုံမက ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ရေကြည်အိုင် စစ်ကြောရေးစခန်း၌ ၃ နှစ်ကျော်ကြာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသေးသည်။

၁၉၉၂ ခုနှစ် အမျိုးသားညီလာခံ ဆန့်ကျင်ရာတွင်လည်း ပါဝင်ခဲ့သဖြင့် ၅ (ည) အရေးပေါ်စီမံချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

ခင်ပွန်းသည်ဖြစ်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေကို လက်ရှိ စစ်အစိုးရသစ် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲလာမှု အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းထားပါသည်။

ဒီနေ့ အန်တီကွယ်လွန်တာ ၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ဘယ်သူတွေ တက်ရောက်ခဲ့လဲရှင့်။

’’ဒီနေ့က ဒေါ်ခင်မာအေးကြီး ဆုံးတဲ့ ၃ နှစ်ပြည့်ပေါ့။ ဘဘက ထောင်ထွက်ဆိုတော့ ထောင်ထဲမှာ နေခဲ့ရတဲ့ မိတ်ဆွေတွေပေါ့။ ဦးဝင်းတင် လာပါတယ်။ စာပေအသိုင်းအဝိုင်းက အယ်ဒီတာတွေ၊ စာရေးဆရာတွေလာတယ်။ ၃ဝဝ လောက်ရှိမယ် ထင်တယ်’’

နိုင်ငံရေး လှုပ်ရှားမှုတွေမှာ အန်တီက ဘယ်လို ပါဝင် လှုပ်ရှားခဲ့ပါသလဲ။

’’သူက ကျောင်းသားဘဝကနေ ဘဘတို့ ဒုက္ခရောက်လာတာ အိမ်ထောင်သည်ဘဝ ရောက်တော့လည်း သားတကွဲ၊ မယားတကွဲဘဲ နေရတာ အခုထက်ထိပဲ။ သားတွေလည်း ဘယ်ရောက်လို့ ရောက်နေမှန်း မသိဘူး။ သားနှစ်ယောက်စလုံး အာဏာသိမ်းပြီးတော့ နိုင်ငံခြားကို ထွက်သွားကြတာ။ သားငယ်က အမေရိကန်မှာလိုလို၊ အကြီးကောင်က ဂျပန်မှာလိုလို ထွက်သွားကြတာ။ ကြားရတာပဲ၊ နိုင်ငံရေး ဘာလမ်းကြောင်းမှ မလုပ်တော့ဘူး။ သူကလည်း ဒီလိုနိုင်ငံရေးလှုပ်ရှားနေရင်းနဲ့ပဲ ကွယ်လွန်ခဲ့တာပါပဲ’’

လက်ရှိ နိုင်ငံရေးဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။

’’ဘာထူးမလဲ။ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီးတော့ ဘဘ အမြင်အရ ပြောရမယ်ဆိုရင်တော့ ထူးမခြားနားပါပဲ။ အသက်အရွယ်နဲ့ အတွေ့အကြံု ဖြတ်သန်းမှုအရဆိုရင် တချို့က စောင့်ကြည့်ချင်တယ်။ ဘာတခုမှ ပြောင်းလဲလာတာ မရှိခဲ့ဘူး။ မတူတဲ့အမြင်တွေ ရှိတဲ့လူတွေက အစိုးရအသစ်ကို စောင့်ကြည့်မယ် ဆိုတာက အဓိပ္ပာယ်မရှိဘူး။ ဘဘတို့ တချို့ပြောချင်တာက ကောင်းတဲ့ဘက်ကို ဘာတွေ ဖြစ်မလဲဆိုတော့ ဘဘ တဦးချင်းအရ ပြောရင်တော့ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘာမှ စိတ်ကူးမယဉ်ဘူး။ ဘာလို့လဲဆိုတော့ မြင်တွေ့နေရတဲ့ အချက်တွေက ဘာမှ ထွေထွေထူးထူး တခုမှ အသစ်မရှိဘူး။ ဘာနဲ့တူနေလဲဆိုတော့ ရွှေမန်းတင်အောင်၊ စိန်အောင်မင်းတို့ ကသလိုပါပဲ။ ၁၅ မိနစ်တခါ မင်းသားတွေက ပုဆိုးလဲနေတာပဲ။ အဲဒီအဓိပ္ပာယ် အတိမ်အနက်ရှိသလို ဘဘတော့ မထင်ဘူး။ ဘာမှ မျှော်လင့်စရာမရှိဘူး’’

ဘယ်လို စိတ်ဓာတ်မျိုးနဲ့ နိုင်ငံရေး လုပ်ခဲ့တာလဲ။

’’ဘဘတို့ ၁၅ နှစ်သား၊ ၁၆ နှစ်သား ဒုက္ခခံပြီးတော့ တကယ်တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ လုပ်ခဲ့တယ်။ တိုင်းပြည် မှားတာမှန်တာ ရှိမှာပါ။ ဒါပေမဲ့ အခု နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါနေတဲ့လူတွေက ဗမာပြည်အကြောင်းတောင် သိရဲ့လားလို့ ဘဘထင်တယ်။ ကြီးရင်လည်း ကြီးမယ်၊ ငယ်ရင်လည်း ငယ်မယ်၊ အသက်ကို ချို့ယွင်းချက် မထားပါဘူး။ အပြင်ကနေ ပြောနေတာတွေက တခါတလေ အရမ်းငြီးငွေ့စရာ အများကြီးပဲ။ ဗမာပြည် နိုင်ငံရေးက မပြောတတ်၊ မဆိုတတ်လို့ ကျဉ်းကပ်ပုံမဟုတ်လို့ ကြန့်ကြာနေတာ မဟုတ်ဘူး။ စီးပွားရေး အကျိုးစီးပွားနဲ့ နိုင်ငံရေးအာဏာအတွက် ဖြေရှင်းရခက်နေတာ။ အဲဒါကို နားလည်မှ ဗမာပြည်နိုင်ငံရေးမှာ ခေါင်းဆောင်နိုင်မှာ။ ဥစ္စာဓနနဲ့ ဗမာပြည်နိုင်ငံရေးဟာ ရှည်လျားနေတာ။ ဒါကို မသိရင် နိုင်ငံရေးသမားဟာ ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး’’

မြန်မာပြည်နိုင်ငံရေးကို ဘယ်လို ပုံစံတွေနဲ့ ဖြေရှင်းသင့်လဲ။

’’ဘဘအတွေ့အကြံုအရ ပြောရရင် ၈၈ ဖြစ်ခဲ့တယ်။ ဖြစ်ချင်တာ မဖြစ်ခဲ့တာ ပြောစရာတွေ၊ ဝေဖန်စရာတွေ၊ သုံးသပ်စရာတွေ အများကြီးပါပဲ။ သို့သော် ရှေ့မှာ ဘယ်လိုဖြစ်မလဲဆိုတော့ ရိုးရိုးပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်တာ ကောင်းလား မကောင်းဘူးလား၊ ကောင်းတယ်။ ဥပဒေဘောင်နဲ့လုပ်တာ ကောင်းလား၊ မကောင်းလား ကောင်းတယ်။ ဒါပေမဲ့ တယောက်ထဲလုပ်လို့ မရဘူး၊ တဖက်ထဲလုပ်လို့ မရဘူး’’

နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားတုန်းပါပဲ။ စစ်အစိုးရသစ် အနေနဲ့ လွှတ်ပေးသင့် မသင့် ဆိုတာကိုကော။

’’ဘဘ ထောင်က လွတ်လာတာ မကြာသေးဘူး။ နိုင်ငံရေးကြောင့် ထောင်ကျနေတဲ့ လူတွေပေါ့။ ဆိုလိုတာက နိုင်ငံရေး သဲသဲကွဲကွဲ သိပြီးတော့ နိုင်ငံရေး အခြေအနေတွေ လုပ်နိုင်တာကတော့ ကိုပေါ်တို့ အုပ်စုက လွဲပြီး တခြား ထူးထူးခြားခြား မရှိပါဘူး။  သို့သော် နိုင်ငံရေး သိသိ မသိသိ နိုင်ငံရေး တင်းမာနေတယ် ဆိုတာကို ပြနေတယ်။ အဲဒါကို သဘောပေါက်ဖို့ လိုတယ

Most read this week