သုံးပွင်.ဆိုင်ဆွေးနွေးပွဲ အောင််မြင်မှုရှိဟု ကရင်ပါတီများဆို

သုံးပွင်.ဆိုင်ဆွေးနွေးပွဲ အောင််မြင်မှုရှိဟု ကရင်ပါတီများဆို
by -
စောညွန့်သောင်း

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ၊တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)ခေါင်းဆောင်များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲအောင်မြင်မှုရှိသည်ဟု ကရင်ပြည်နယ်အခြေစိုက်ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌမန်းအောင်ပြည်စိုးကပြောသည်။

ယင်းဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ  မြန်မာငြိမ်းချမ်းရေးစင်တာတွင် သြဂုတ် လ ၁၈ရက်နေ.ကတွေ.ဆုံဆွေးနွေးခဲ.ခြင်းဖြစ်သည်။

``တိုင်းရင်းသားလိုလားတဲ့ ဖက်ဒရယ်စနစ်ကို NCCT ရဲ့အခြေခံမူဖြစ်တဲ့အတွက် ပါတီများအကြံပြုချက်ကို ကြိုဆိုလက်ခံပါတယ်ဆိုပြီး နိုင်ဟံသာကပြော ကျနော်တို့ကို ပြန်လည်ပြောတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ ဒီဆွေးနွေးပွဲက အောင်မြင်မှုရှိတယ်လို့ ယူဆပါတယ်။``ဟု မန်းအောင်ပြည်စိုးက ပြောသည်။

ယင်းဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးမရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါ၀င်နိုင်ရန်၊ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကျင့်သုံးရန်အတွက် စာချုပ်တွင် ထည့်သွင်း ရန်နှင့် နိုင်ငံရေးဆွေးနွေးသည့် အချိန်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊လူငယ်အသံများ၊ပြည်သူလူထုဧ။သဘောထားအခြားအဖွဲ့အစည်း၏ ်သဘောထားများကို ထည့်သွင်းစဉ်းစားပေးရန် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(P-S-D-P)အနေဖြင့် အကြံပြုဆွေးနွေးခဲ.သည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ မန်းအောင်ပြည်စိုးကပြောသည်။
 
ကရင်ပြည်နယ်အခြေစိုက်ကရင်ဒီမိုကရက်တစ်ပါတီ(K.D.P)မှ ယာယီဥက္ကဌဖြစ် စောရဲဝင်းနိုင်က `` ထာဝရငြိမ်းချမ်းရေးရဖို့ သိပ်မဝေးတော့ဘူး သမိုင်းစာမျက်စာအသစ်ရေးနိုင်ပြီးလို့ ယူဆပါတယ်။ လာမယ့် မြန်မာ့နိုင်ငံရေးနာဂတ်ကောင်းမွန်လာမယ့်လို ယုံကြည်ပါတယ်။``ဟု မှတ်ချက်ပြုပြောသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရာတွင် NCCT နှင့် အစိုးရအကြား အချက် ၂ ရာကျော်ရှိသည့်အနက် ၂ ချက်သာ ဆက်လက်ဆွေးနွေးရန်ကျန်ရှိပြီးယင်းအချက်များကို် လာမည့် စက်တင်ဘာ လတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။