မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇဝတ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇဝတ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။ဘိန်းစိုက်ပျိုး သည့် ဧရိယာအကျယ်အဝန်းမှာ၂၀၀၉ခုနှစ်တွင် ၃၁၇၀၀ဟက်တာမှ ၂၀၁၀ခုနှစ်တွင် ၃၈၁၀၀ဟက်တာသို့ တိုးလာသော်လည်း ၂၀၁၀ခု နှစ် ဘိန်းထွက်နှုံးကျရသည့် အကြောင်းအရင်းမှာ ပိုးမွါးကျရောက်ခြင်းကြောင့် ဖြစ်သည်။
မြန်မာနို်င်ငံတွင် ၁၉၉၆ မှ ၂၀၀၆ ထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း ထိုကာလတွင်း စိတ်ကြွရူးသွပ်ဆေးခေါ် ရာဘ ဆေး ထုတ်လုပ်သည့်ပမာဏမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ၁သို့ ရောက်ခဲ့ပါသည်။ ၂၀၁၀နှစ်ထဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းခဲ့သော ရာဘဆေး အရေအတွက်မှာ ၁ ဘီလျံ (သန်း တစ်ထောင်) ရှိခဲ့ပြီး ၂၀၁၀အတွင်း ဖမ်းဆီးမိခဲ့သည့်အရေအတွက်မှာ သန်း ၄၀ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှာထွက်ရှိသည့် ရာဘဆေးအများစုသည် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းလေ့ရှိ ခဲ့ရာမှ ယခုအချိန်တွင် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကိုပါ တင်သွင်းလာပြီ ဖြစ်သည်။
၂၀၁၀ တွင် မြန်မာနိုင်ငံတွင်းရှိ စိတ်ကြွရူးသွပ်ဆေး (ရာဘ)နှင့် ဘိန်းဖြူ ဖမ်းဆီးရမိသည့် ကိန်းဂဏာန်း သိသိသာသာ ကျဆင်းခဲ့ပါသည်။ သို့သော် ၎င်းကျဆင်းနှုံးသည် ရာဘနှင့် ဘိန်းဖြူထုတ်လုပ်ခြင်း ကျဆင်း သည့်လဏ္ခာမဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ခြင်း၊ စည်းရုံးခြင်းနှင့် တိုက်ရိုက်ပတ်သက်နေ ပါသည်။ အချို့သော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲစည်းရုံးရေးတွင် မိမိပါတီအနိုင်ရပါ က ဘိန်းစိုက်ပျိုးရေးကို ခွင့်ပြုမည်ဟုဆိုသော စည်းရုံးရေးကို တွေ့ခဲ့ရသလို မူးယစ်ကုန်သည်တချို့သည်လည်း လွှတ်တော်တွင်းသို့ ရောက်ရှိနေပါပြီ။
နောက် သက်သေတခုမှာ ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာများဖြစ်သော ခွန်ဆာ၊ လောဝ်စစ်ဟန်၏သား ထွန်းမြင့်နိုင် (Steven Law) တို့ကို တွေ့ရပါသည်။ မူးယစ်ကုန်သည်ဖြစ်နေပါစေ တနေ့တချိန်တွင်မြန်မာစစ် ဖက် ခေါင်းဆောင်နှင့်တည့်အောင်ပေါင်းပြီး အေးချမ်းစွာ နေနိုင် သည့်အပြင် ရင်းနှီးမြုပ်နှံမှုများ၊ ငွေကြေးခဝါချမှု (ငွေမဲမှ ငွေဖြူသို့ ပြောင်းလဲခြင်း)များကို မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင် သောအချက်သည် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ထုတ်လုပ်ခြင်းကို များစွာအားပေးနေပါသည်။
မြန်မာအစိုးရသည် မူးယစ်ဆေး တိုက်ဖျက်ရေးကို သိသိသာသာ မတိုက်ဖျက်ခြင်းအတွက် အဓိကသုံးသပ်မိသော အချက်များမှာ -
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အပြစ်ဖို့ပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန်
- ဘိန်းနှင့် မူးယစ်ဆေးထွက်ကုန် အများစုမှာ ပြည်ပစျေးကွက်အတွက်သာ ဖြစ်ခြင်း
- အုပ်ချုပ်ရေးအတွင်း မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှု အများအပြားတွင် အစိုးရမှ တာဝန်ရှိနေသူများ ပတ်သက်နေသလို အချို့ဒေသများတွင် စိုက် ပျိုးရေးနှင့်ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရန် အာဏာပိုင်များမှ အားပေးနေသည်ကို တွေ့ရပါသည်။ သက်သေအနေဖြင့် လူနေကျဲသော ချင်းတောင်တန်းများတွင် မြို့နယ်အာဏာပိုင်များက မြို့ပြင်များတွင် ဘိန်းစိုက်ပျိုးခွင့် ပေးထားသည်ကို တွေ့ရပါသည်။ ဒီ့အပြင် ဘိန်းနှင့် မူးယစ်ဆေးဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားလုပ်ရန် အာဏာပိုင်များသည် မူးယစ်ကုန်သည်များကို တိုက်ရိုက်ဆက်သွယ် ပြီး အလူခံလေ့ရှိနေသည်မှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါပြီ။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဘိန်းနှင့် မူးယစ်ဆေးထွက်ရှိခြင်း၏ အဓိကရေသောက်မြစ်မှာ အုပ်ချုပ်ရေးတွင် တာဝန်ရှိသော အာဏာပိုင်များ နှင့် အဓိကပင်စည်မှာ ဘိန်းနှင့် မူးယစ်ဆေး အများအပြား ထုတ်လုပ်သည့် မူးယစ်ရာဇာများ ဖြစ်နေပါသည်။
ထိုင်း-မြန်မာဆက်ဆံရေး
မြန်မာနှင့် ကီလိုမီတာ ၁၂၀၀ကျော် နယ်စပ်ထိနေသည့် ထိုင်းနိုင်ငံသည် မြန််မာနိုင်ငံတွင်း စီမံကိန်း ၆၁ခုဖြင့် ရင်းနှီးမြုပ်နှံငွေ အမေရိကန် ဒေါ်လာ ၉.၅၆၈ဘီလီလျံဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယ အကြီးဆုံး ရင်းနှီးမြုပ် ထားသော နိုင်ငံဖြစ်ပါသည်။ မြဝတီ-မဲဆောက် နယ်စပ် ကုန်သွယ်တခုတည်းတွင် ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိပါသည်။ မြဝတီ-မဲဆောက်နယ်စပ်ကုန် သွယ်ရေးတံတားကို မြန်မာအစိုးရဖက်က ၂၀၁၀၊ ဇူလိုင်လ ၁၈ရက်မှစပြီး တနှစ်ခွဲနီးပါးကြာ ပိတ်ထားခဲ့ပါသည်။ ၎င်းနယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း ပိတ်လိုက်ခြင်းတွက် နေ့စဉ် ကုန်သွယ်မှုပမာဏ ထိုင်းဘတ်ငွေ ၈၈ သန်း ( အမေရိကန် ဒေါ်လာ ၂.၇၄)ကို ထိခိုက်ခဲ့ပြီး နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ရေးတွက် မြန်မာအစိုးရနှင့် အမြန်ဆုံး ဆွေးနွေးမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဗာနာကာစိုင် (Mrs. Porn-tiva Nakasai – Minister of Commerce)က ပြောခဲ့ပါသည်။ တကယ်တမ်းတွင်မူ နယ်စပ်ကုန်သွယ်မှုပိတ်ခြင်းကြောင့် နှစ်နိုင်ငံစလုံးမှာ နစ်နာသော်လည်း ထိုင်းနိုင်ငံမှ နယ်စပ်ဖွင့်လှစ်နိုင်ရေးတွက် စိတ်အားထက်သန်နေသည်မှာ ထိုင်းအစိုးရသည် ထိုင်းပြည်သူလူထု၏ နစ် နာမှုများကို အလေးထားသောကြောင့် ဖြစ်သည်။ မဲဆောက်မြို့နှင့် တာ့ခ်ခရိုင် (Tak Province) ဖွ့ံဖြိုးမှုသည် မြဝတီ-မဲဆောက်ကုန်သွယ် ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။
၂၀၁၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲရက်အပြီးတွင် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA အဖွဲ့မှ မြဝတီမြို့သို့ စီးနင်းဝင်ရောက်တိုက်ခိုက် မှုသည် စစ်အစိုးရကို များစွာ သိက္ခာကျစေခဲ့ပါသည်။ လနှင့်ချီကြာသော အစိုးရ၏ တန်ပြန်စစ်ဆင်ရေးကို ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့မှာ ခံနိုင်ရည်ရှိခဲ့သဖြင့် စစ်အစိုးရကို ပိုပြီး သိက္ခာကျစေခဲ့ပါ သည်။ ၎င်းနောက် မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးတွင် မြန်မာအစိုးရ ဖက်မှ စစ်ဖက်ဆိုင်ရာ အကျိုးဖြင့် ဆွေးနွေးလာပါသည်။ ဗိုလ်နှုတ်ခမ်းမွေး ဖမ်းဆီးနိုင်ရေးတွင် ထိုင်းအစိုးရမှ ပူးပေါင်းကူညီပြီး ဗိုလ်နှုတ် ခမ်းမွှေးကို ဖမ်းဆီးနိုင်ပြီးနောက်ပိုင်းမှသာ မြဝတီ-နယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟု မြန်မာအစိုးရက တောင်းဆိုလာပါသည်။ သို့သော်လည်း မြန််မာနိုင်ငံအတွင်း၌သာ အခြေစိုက်သော ဗိုလ်နှုတ်ခမ်းမွှေးကို ထိုင်းဖက်မှ ဖမ်းဆီးပေးနိုင်ခြင်းမရှိခဲ့ချေ။
ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းစာရင်းဝင်သူ ၂၅ယောက်၏အမည်ကိုဖမ်းဆီး နိုင်သူအား ထိုင်းဘတ်ငွေ ၁၂ သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုစာ ရင်းတွင် မြန်မာနိုင်ငံသား ၃ဦးအနက် DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး၏အမည်လည်းပါ ၀င်ခဲ့သည်။ ထူးခြားချက်တစ်ခုမှာ ဗိုလ်နှုတ်ခမ်းမွှေးတစ်ဦးတည်းသာ ထိုင်းအစိုးရကို ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ သူ၏ တုန့်ပြန်ချက်တခု မှာ ထိုင်းအာဏာပိုင်များကို မိမိနယ်ထဲ ၀င်ရောက်စစ်ဆေးရန် ဖိတ်ခေါ်ထားသည်မှာ ထူးခြားချက်တစ်ခု ဖြစ်နေပါသည်။ ၎င်း (ဗိုလ်နှုတ် ခမ်းမွှေး)၏ တုန့်ပြန်ချက်ကို ထိုင်းအာဏာပိုင်မှ ပြန်လည် တုန့်ပြန်သည်မှာ ဗိုလ်နှုတ်ခမ်းမွှေး၏ မူးယစ်ဆေးဝါးမှုသည် လွန်ခဲ့သည့် ၉နှစ်မှ အမှုဖြစ်ပြီး မိမိတို့ဖက်မှ အထောက်အထားရှိသဖြင့် ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ဖြေရှင်းရန် တောင်းဆိုထားပါသည်။
နှစ်ဦးနှစ်ဖက်၏ အခြေအနေကို လေ့လာပြီး သုံးသပ်မိသည်မှာ -
ထိုင်းနိုင်ငံအနေဖြင့် အထောက်ထားမခိုင်လုံဘဲ စွပ်စွဲကြေညာမည်မဟုတ်သလို အထောက်အထားများစွာ ရှိသည့်အထဲမှ တစ်ခုတည်းကို ဆွဲထုတ်ထားသည်မှာ စဉ်းစားစရာဖြစ်နေပါသည်။ ဒိပြင် လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။ စာရေးသူအနေနှင့် အတိတ်ကာလတွင် ဗိုလ်နှုတ်ခမ်းမွှေးအနေဖြင့် မူးယစ်ဆေးရောင်းဝယ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိကို အတိအကျ မသိသော်လည်း နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့စျေးကွက်သိုု့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။
အထက်က ဖေါ်ပြသည့်အတိုင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ဘိန်းနှင့် မူးယစ်ဆေးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဖြစ်သည့် အားလျှော်စွာ ဘိန်းနှင့် မူးယစ်ပြဿနာ၏ အဓိကရေသောက်မြစ်နှင့် ပင်စည်ကို ဦးတည်ဖြေရှင်းရန် ပို၍အရေးကြီးသလို မဟာဗျုဟာ လည်း ကျပါသည်။ ထိုင်းနှင့် ကမ္ဘာ့စျေး ကွက်ကို ထိုးဖောက်ဖြန့်ဖြူးနေသော မူးယစ်ရာဇာကြီးများကို ဦးစားပေး ဖမ်းဆီးနိုင်ရန် ပိုကြိုးစားသင့်ပါ သည်။ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွှေးကိုသာ ဖမ်းဝရမ်းထုတ်ပြီးမြန်မာအစိုး ရနှင့် အဆင်ပြေသော ကမ္ဘာ့အဆင့် မူးယစ်ရာဇာများကို ဖမ်းဆီးရန် မကြိုးစားခြင်းသည် ဘိန်းနှင့်မူးယစ်ဆေး ၀ါးကို အမှန်တကယ် တိုက်ဖျက်နေခြင်းမဟုတ်ပါ။
မြန်မာအစိုးရမှ ခွင့်ပြုသော မူးယစ်ရောင်းဝယ်သူများကိုသာ ဖမ်းဆီးဝရမ်းထုတ်သော ထိုင်းနိုင်ငံ၏ ပေါ်လစီကိုလည်း အံ့ဩမိသလို သံသ ယ ဖြစ်မိပါသည်။ လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်နေသော ထိုင်းအာဏာပိုင်ကို လေးစားအားပေးသလို တဖက်တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍ တွင် မြန်မာအစိုးရ၏ ဩဇာလွမ်းမိုးမှုအောက်မှာ မရပ်တည်သင့်ကြောင်း အကြံပေးလိုပါသည်။
ဖူးဒို
(မေလ ရရက်၊ ၂၀၁၂)
Reference;
1. UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန
2. APAIC – အာရှ-ပစိဖိတ်အက်ဖက်တမင်း စိတ်ကြွဆေးသတင်းဌာန
3. BANGKOK, March 26 (Xinhua)
4. YANGON, Xinhua, 2011-12-7
မှတ်ချက် # ကေအိုင်စီသို့ ပေးပို့လာသည့် ဤဆောင်းပါးပါ အကြောင်းအရာများသည် ဆောင်းပါးရှင်၏ လေ့လာသုံးသပ်ချက် အာဘော်များသာ ဖြစ်ပါသည်။