သူနဲ့အတူ (KIO)ကနေ “လမ်းခွဲပြတ်စဲ” ခဲ့ကြတဲ့ အခြားသူတွေမပါဘူးလို့ (မဇ္စျိမ)အင်တာဗျူးမှာ ပြောတယ်။
လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီမှာ ကြံ့ဖွ့ံပါတီ(USDP)ကို လျှောက်လွှာသွားတင်ခဲ့တာတဲ့။ ကြံ့ဖွံ့ပါတီက သူ့ကိုပါတီဝင်အဖြစ် လက်ခံလိုက်ပြီလားဆိုတာ တော့ အင်တာဗျူးမှာ ဖော်ပြမထားဘူး။ ကြည့်ရတာ လက်မခံသေးဘူးလို့ ယူဆရတယ်။
တစ်ကိုယ်တော်ရွေးလမ်း ဖြစ်ပါတယ်။
သူနဲ့အတူ (KIO)ကနေ “လမ်းခွဲပြတ်စဲ” ခဲ့ကြတဲ့ အခြားသူတွေမပါဘူးလို့ (မဇ္စျိမ)အင်တာဗျူးမှာ ပြောတယ်။
လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီမှာ ကြံ့ဖွ့ံပါတီ(USDP)ကို လျှောက်လွှာသွားတင်ခဲ့တာတဲ့။ ကြံ့ဖွံ့ပါတီက သူ့ကိုပါတီဝင်အဖြစ် လက်ခံလိုက်ပြီလားဆိုတာ တော့ အင်တာဗျူးမှာ ဖော်ပြမထားဘူး။ ကြည့်ရတာ လက်မခံသေးဘူးလို့ ယူဆရတယ်။
ဒေါက်တာတူးဂျာ တစ်ဦးချင်း လျှောက်လှမ်းရွေးချယ် လုပ်ဆောင်ခဲ့ပုံတွေကို ပြောရရင် အပစ်ရပ်ခဲ့တယ်။ “အမျိုးသား ညီလာခံ” တက်(တက်တက်ကြွကြွပါဝင်ခဲ့တာ)ခဲ့တယ်။ (KIO)နဲ့ လမ်းခွဲပြတ်စဲပြီး နိုင်ငံရေးပါတီ(KSPP) ဖွဲ့စည်းဖို့ “ရွေးကောက်ပွဲ ကော်မရှင်”သို့ တင်ပြ ခဲ့တယ်။
ဒါပေမယ့် “ရွေးကောက်ပွဲကော်မရှင်”က ပြတ်သားရက်စက်တယ်၊“မှတ်ပုံတင်ခွင့်”မပြောနဲ့ “တည်ထောင်ခွင့်”ပင် ချမပေးခဲ့ပါဘူး။
ဘာကြောင့် တခြားပါတီမရွေးဘဲ။ ကြံ့ဖွံ့ပါတီကိုမှ ရွေးချယ်ရတာလဲ။ သူ ဘယ်လိုရွေးချယ် လျှောက်လှမ်းခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာတူး ဂျာကိုယ်တိုင် ပြောထားတာကို ဖေါ်ပြပါရစေ။
“တလှမ်းချင်းလှမ်းသွားတဲ့ ခရီးစဉ် နိုင်ငံရေးအခင်းအကျဉ်းမှာ အတတ်နိုင်ဆုံး ပါဝင်လှုပ်ရှားချင်တာပေါ့ဗျာ။ ဒါကြောင့် ပါတီဖွဲ့စည်း ဖို့ မရတဲ့နောက်ပိုင်းမှာ နိုင်ငံရေးကို ဆက်လုပ်ချင်တယ်ဆိုရင် နည်းလမ်းက ဖွဲ့စည်းထားတဲ့ ပါတီတရပ်ရပ်မှာ ပါဝင်လှုပ်ရှားဖို့ပဲ ကျန်တော့တာ ပေါ့ဗျာ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့်ပါတီက ကြံ့ခိုင်ရေးပါတီ (USDP)ပဲ ဖြစ်တယ်။”
တကယ်တော့ ဒီလမ်းကို ဒေါက်တာတူးဂျာက စွန့်ဦးတည်ထွင် လျှောက်လှမ်းခဲ့တာတော့ မဟုတ်ပါဘူး။
ဒေါက်တာတူးဂျာ ရှေ့မှာ-
“အပစ်ရပ်ကိုးကန့်အဖွဲ့”မှ
- ဦးပယ်စောက်ချိန် (ခ) ဦးဘေဆော်ချိန် ၊ လောက်ကိုင်(၁) ရှမ်းပြည်နယ်လွှတ်တော်
- ဦးမြင်ရှော်ချန်း(ခ) ဦးမြီရှောက်ချန်း ၊ လောက်ကိုင် (၂) ရှမ်းပြည်နယ်လွှတ်တော်
(KNU) ခွဲထွက် (ဘုရားကုန်းအထူးဒေသငြိမ်းချမ်းရေးအဖွဲ့) မှ
- ပဒိုအောင်ဆန်း ဖာပွန်(၂) ၊ ကရင်ပြည်နယ်လွှတ်တော်
ကချင်ပြည်နယ်အထူးဒေသ(၁) NDA(K) မှ
- ဦးစခုန်တိန့်ယိန်း ၊ ကချင်ပြည်နယ်၊အမှတ်(၄) အမျိုးသားလွှတ်တော်/တသီးပုဂ္ဂလ၊(ကြံ့ဖွံ့ပါတီ)နဲ့ မဟာမိတ်တို့ ရှိပါတယ်။
သူတို့တတွေနဲ့ နှိုင်းယှဉ်ရင် ဒေါက်တာတူးဂျာအဖို့ နောက်ကျနေပါပြီ။ သူတို့က လွှတ်တော်ထဲမှာ ရောက်နေကြပြီ။ ပဒိုအောင်ဆန်းဆိုရင် ကရင်ပြည်နယ်လွှတ်တော်ရဲ့ “တိုင်းရင်းသားရေးရာ ကော်မတီမှာ ဥက္ကဋ္ဌ”ဆိုလား ဖြစ်နေတယ်။
ဘာကြောင့် သူတို့တတွေ ဒီလိုလမ်းကို ရွေးချယ်နိုင်တာလဲဆိုတာ စဉ်းစားကြည့်မိတယ်။ သူတို့တတွေမှာ တူညီနေတာ တစ်ခုထဲပဲ တွေ့တယ်။ တခြားမဟုတ်ဘူး။ တစ်ချိန်က “မိမိကိုယ်စားပြု ရပ်တည်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူမျိုးအရေး” ဆိုတဲ့လမ်းကို ပြတ်ပြတ် စဲစဲ ကျောခိုင်း စွန့်ပယ်နိုင်ခဲ့ကြတယ်” ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) က ပုဂ္ဂိုလ်များက အလားတူပါပဲ။ မိခင်(NLD)ကို ခြေစုံကန်ခဲ့ပြီး ရွေးကောက်ပွဲကို မျက်နှာ မူခဲ့ကြတာပဲလေ။ ပါတီခေါင်းဆောင်ကတော့ ဒုတိယအကြိမ် ခံဝန်ချက်လက်မှတ်ထိုးခိုင်းတာကို ငြင်းပယ်လိုက်တော့ ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ဘူးလေ။ ပြီးတော့ဒီလမ်းဟာ “သခင်တင်မြ၊ မောင်စူးစမ်း၊ ကျော်ဝင်း”တို့ ညွှန်သောလမ်းလည်း ဖြစ်ပါတယ်။
အကယ်၍ ကြံ့ဖွံ့ပါတီကများ လက်မခံခဲ့ရင် ဘယ်လိုလမ်းကိုများ ဒေါက်တာတူးဂျာ ရွေးချယ်လျှောက်လှမ်းဦးမှာလိမ့်။ ဒါကြောင့် ဒေါက်တာတူးဂျာရွေးသောလမ်းမှာ ဒေါက်တာတူးဂျာ ဘယ်လိုနေရာကို မျှော်မှန်းထားတယ်ဆိုတာကို ဒေါက်တာတူးဂျာပြောတဲ့စကားနဲ့ပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။
“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ လျှောက်ထားပါတယ်။ လျှောက်တာကတော့ မြို့မိမြို့ဖအနေနဲ့ ပါဝင်လုပ်ဆောင်သွားဖို့ပါ’’
“စစ်အစိုးရနဲ့ အဆင်ပြေမယ့် နည်းလမ်းကို ရှာစေချင်တယ်လေ။ အသွင်ကူးပြောင်းရေးကို လက်ခံသွားနိုင်အောင် ကြိုးစားစေချင် တယ်။ တခြားနည်းလမ်းတော့ မရွေးစေချင်ဘူး’’တဲ့။
တချိန်က“ ကချင်အမျိုးသားအရေး တိုက်ပွဲဝင်ခဲ့သူ/“တိုင်းရင်းသားခေါင်းဆောင်” အခုတော့ “မြို့မိမြို့ဖ”။