ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ နာရေးကူညီမှုအသင်းနှင့် ဦးကျော်သူ တွေ့ဆုံ

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ နာရေးကူညီမှုအသင်းနှင့် ဦးကျော်သူ တွေ့ဆုံ
by -
ကေအိုင်စီ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မနောဖြူစင် ရေကုသိုလ်/နာရေးကူညီီမှုအသင်းနှင့် အတူ အခြားသောပရဟိတ လုပ်ဆောင်နေသည့် အသင်းအဖွဲ့များကို မြန်မာနိုင်ငံ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူက ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် လာရောက်တွေ့ဆုံခဲ့သည်။

ဦးကျော်သူနှင့်အဖွဲ့သည် မနောဖြူစင် ရေကုသိုလ်/နားရေးကူညီီမှုအသင်း၏ ဖိတ်ကြားချက်အရ မဲဆောက်ရှိ မြန်မာဘုန်းတော် ကြီးကျောင်း ကျောင်းကြီးကျောင်းတွင် လူမှုရေးနှင့် နာရေးကူညီမှုအသင်းသားများကို လာရောက်တွေ့ဆုံ အားပေးခဲ့ခြင်းဖြစ် သည်။

မနောဖြူစင်အသင်း ဥက္ကဌ ကိုဝေဇင်က “ကျနော်တို့အနေနဲ့ အခုလို ဖိတ်ကြားရတာက အသင်းသူအသင်း သား လူငယ်လေး တွေ စိတ်ဓာတ်တက်ကြွလာအောင်နဲ့ နည်းပေးလမ်းညွန်ဖြစ်အောင်ပေါ့။ သူတို့ဆီက ပညာလေးတွေရရင် ကျနော်တို့ ရှေ့ဆက် မယ့် ပရဟိတလုပ်ငန်းအတွက် အများကြီး အကျိုးရှိမယ် မျှော်လင့်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဦးကျော်သူနှင့် အဖွဲ့သည် ကျောင်းကြီးကျောင်းသို့ နံနက် ၁၁နာရီကျော်တွင် ရောက်ရှိလာပြီး နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည် ၁နာရီခွဲတွင် ထိုင်းနိုင်ငံအတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် မဲဆောက်မြို့ အပါအဝင် ချင်းမိုင်နှင့် မဟာ ချိုင် အခြေစိုက်နာရေးကူညီမှုအသင်းများမှ လူဦးရေ ၄၀၀ ၀န်းကျင်အား တွေ့ဆုံစကားပြောဆိုခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် ဦးကျော်သူက “ဒီမဲဆောက်မှာလို ပြည်ပမှာ အခြေစိုက်ပြီး လုပ်ရတဲ့ ပရဟိတဆိုတာ အခက်အခဲအများကြီး လည်း တွေ့ကြံုခဲ့ရမှာပါ။ ရှေ့ဆက်လည်း ကြံုရအုံးမှာပါ။ အဲဒီတော့ စည်းလုံးညီ ညွတ်မှုရှိပြီးတော့ ပရဟိတစိတ်ကိုအခြေခံပြီး ဆက်လက် လုပ်ဆောင်သွားဖို့ အားပေးချင်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေကို စိတ်ဝင်စားလာအောင် လက်တွဲခေါ်ဖို့လည်း လိုအပ်ပါတယ်။”ဟုပြောကြား ခဲ့သည်။

အဆိုပါဘုန်းကြီးကျောင်းသို့ မရောက်မီ မနက်ပိုင်းတွင် ဦးကျော်သူနှင့် အဖွဲ့သည် မယ်တော်ဆေးခန်းသို့ တိုက်ရိုက်သွားရောက် ခဲ့ပြီး ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်လည်း တွေ့ဆုံကာ ဆေးခန်းကို လှည့်ပတ်ကြည့်ရှု လေ့လာခဲ့သည်။

ဦးကျော်သူအား ဖိတ်ကြားသော မနောဖြူစင် ရေကုသိုလ်/နာရေးကူညီမှုအသင်းကို မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာအ လုပ်သမားများအတွက် ရည်ရွယ်ပြီး ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၈ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် အသင်းသူအ သင်းသား ၃၅၀ခန့်ရှိပြီး အသင်းဝင်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းဖြင့် လစဉ် ပုံမှန်ထည့်ဝင် ကောက်ခံရရှိငွေဖြင့် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။