၅၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

၅၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
by -
ကေအိုင်စီ

နိုဝင်ဘာလ ရ ရက်နေ့က ကျရောက်သည့် (၅၇) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယမန်နေ့ မနက် ရ နာရီမှ ၈ နာရီခွဲ အချိန်အထိ အမှတ်(၄)ရပ်ကွက် ပြည်နယ် (သီရိ)ကွင်း၌ ကျင်းပပြီးစီးခဲ့သည်။

၎င်းဖွင့်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရဝန်ကြီးအဖွဲ့ဝင်များ၊ ကရင်အမျိုး သားအစည်းအရုံး (KNU) ခေါင်းဆောင်များ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခေါင်းဆောင်များ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါ၀င်ကူညီခဲ့သူများ စုစုပေါင်း လူထုပရိဿတ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် လူမှုရေးနှင့် စီးပွားရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်က “အခုလိုမျိုး ငြိမ်းချမ်းရေးကာလမှာ အဝင်အထွက်တွေ ရလာကြပြီဆိုတော့ KNU မိသားစုတွေ အကုန်လုံး ထင်သာမြင်သာ ဖြစ်လာကြတာကို တွေ့ရတယ်”ဟု သူက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကရင်ပြည်နယ်ပွဲကို ယမန်နေ့ညမှ စတင်၍ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ငါးရက်ကြာ ပြုလုပ်ကျင်း ပသွားမည်ဖြစ်ပြီး ကရင်ဇာတ်၊ မြန်မာဇာတ်အဖွဲ့များဖြင့်  ဖျော်ဖြေတင်ဆက်ရန်ရှိသလို ခြင်းလုံး၊ လက်ဝှေ့ပွဲ့များ နှင့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲများလည်း ယှဉ်ပြိုင်ပြု လုပ်သွားမည် ဖြစ်သည်။

ယခုနှစ် ပြည်နယ်ပွဲတွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကျန်မြို့နယ်အသီးသီးမှ ၀င်ရောက် ယှဉ်ပြိုင်ကြ သည့် ဒုံးအဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းဒုံးအဖွဲ့တစ်ဖွဲ့ချင်းစီအတွက် ပြည်နယ် အစိုးရက ၅ ရက်အတွင်း စားစရိတ် ကျပ်ငွေ ၅သိန်း ထောက်ပံ့ပေး သည်ဟု ဦးစိုင်းချစ်လှိုင်က ပြောဆိုသည်။