ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များအပေါ် လူထုထောက်ခံပွဲ အခမ်းအနားတစ်ရပ်ကို ရန်ကုန်တိုင်း တွံတေးမြို့ရှိ ဘိုးဘွားရိပ်သာခန်းမတွင် ကရင်ပြည်သူ့ပါတီ-KPP အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် ကရင်သဟာ ယလူကြီးများ (မဟာရန်ကုန်) အဖွဲ့က အောက်တိုဘာလ ၃ ရက်နေ့မနက် ၁၀ နာရီကျော်မှ ၁၁ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေး၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များရှိ နိုင်ငံရေး ပါတီဝင်များ အပါအဝင် လူထု ၂၀၀ နီးပါး တက်ရောက်ခဲ့ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် စောမြင့်ဆွေ (ရပ်ရွာလူထု ကိုယ်စားပြု)၊ စကျော်စိန် (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ – တစည ခရိုင်လူငယ်တာဝန်ခံ)၊ မန်းအုန်းမြင့်သိန်း (KPP – တောင်ပိုင်းခရိုင် ဥက္ကဌ)၊ မန်းကျော်အေး(ကွမ်းခြံ ကုန်း KPP -ဥက္ကဌ)တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။
အစီအစဉ်အရ KPP ဥက္ကဌဖြစ်သူ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်မှ ပေးပို့သော သဝဏ် လွှာကို ဖတ်ကြားခဲ့သလို KPP ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ကိုလည်း ဖတ်ကြားကြေညာခဲ့ရာ (၁)နိုင်ငံ တော်မှ ဦးဆောင်ပြုလုပ်သော ငြိမ်းချမ်းရေးအစီအစဉ်ကိုထောက်ခံ သည် (၂)ထာဝရငြိမ်းချမ်းရေးအတွက် အပြီးတိုင် ဆောင် ရွက်ရန် မေတ္တာရပ်ခံသည် (၃) ကရင်ပြည်သူတစ်ရပ် လုံးဘဝ မြင့်မားတိုးတက်ရန် စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းသာယာမှုအ တွက် ၀ိုင်းဝန်းလုပ်ဆောင်သွားမည် ဟူ၍ ဆုံးဖြတ်ခဲ့ကြသည်။
အခမ်းအနား တက်ရောက်ခဲ့သူတစ်ဦးက “ဆုံးဖြတ်ချက်တွေကို ဖတ်ပြတယ်။ အဆိုတင်သွင်းသူ၊ ထောက်ခံသူ အဲလိုပုံစံမျိုး လုပ် တာတော့ မဟုတ်ဘူးပေါ့။ ဒီဆုံးဖြတ်ချက်တွေကို လက်မခံတဲ့သူရှိရင် လက်ထောင်ပါဆိုတော့ ဘယ်သူမှ မထောင်ဘူးလေ။ ဒါနဲ့ ပဲ အတည်ယူလိုက်ကြတာပေါ့”ဟု ပြောသည်။
ထို့အပြင် တက်ရောက်လာသော ရပ်ရွာကိုယ်စားပြု ကရင်လူထုများက ၎င်းတို့၏ ဒေသတွင်း ရင်ဆိုင်နေရသော ဖွံ့ဖြိုးရေးဆိုင် ရာ အခက်အခဲ၊ ပြဿနာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ကရင်လူထုတစ်ဦးဖြစ်သူ စလွင်ဦးက “ကျနော်တို့ ကပြင်ကြီးကျေးရွာဘက်က စစ်အစိုးရလက်ထက်မှာ လယ်မြေသိမ်းခံရတာ တွေ၊ ကိုယ့်လယ်ကို သီးစားခပေးပြီး ပြန်စိုက်ပျိုးနေရတဲ့ဘဝတွေဟာ ငြိမ်းချမ်းမှု မရှိလို့ ဖြစ်နေတာပါ။ မြန်မာတစ်ပြည်လုံး နေ့စဉ်နဲ့အမျှ တွေ့ကြံုနေရတဲ့ လယ်ယာသိမ်းမှုတွေဟာလည်း ဒါကြောင့်လို့ မြင်ပါတယ်”ဟု ပြောကြားသည်။
အလားတူ ငြိမ်းချမ်းရေး ထောက်ခံပွဲသို့ တက်ရောက်လာသော ကော့မှူးမြို့နယ်မှ အမျိုးသားတစ်ဦးကလည်း “ကျနော်တို့ KNU ကိုကော၊ တာဝန်ရှိတဲ့ လူကြီးတွေကိုကော ပြောချင်ပါတယ်။ အခု ငြိမ်းချမ်းရေးဟာ စစ်လား မစစ်လား မသိပါဘူး။ ဒါပေမယ့် တကယ်စစ် မှန်တဲ့အထိ ရောက်အောင်လုပ်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု အကြံပေး ပြောဆိုခဲ့သည်။
တွံတေး၊ ကွမ်းခြံကုန်း ၊ကော့မှူးမြို့နယ်တို့တွင် ကရင်လူမျိုး ၃၀ရာခိုင်နှုန်းကျော်ရှိပြီး ယခုပြုလုပ်သည့် ငြိမ်းချမ်းရေး လူထု ထောက်ခံပွဲသို့ ကရင်လူမျိုး အများစုအပြင် အခြားလူမျိုးများလည်း လာရောက်အားပေးခဲ့ကြသည်။
အခမ်းအနားတွင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သလို ကရင်ပြည်သူတစ်ရပ်လုံး ရင်ဆိုင်တွေ့ကြံုနေရသော အခက်အခဲများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန် တင်ပြချက်များအား သဘာပတိများမှတဆင့်သက် ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ ကရင်ဝန်ကြီးများသို့ ပေးပို့ရန် ၀န်ကြီး ကိုယ်စားလှယ်အား အပ်နှံခဲ့ပြီး သဘာပတိ မန်းအုန်းမြင့်သိန်းမှ နိဂုံးချုပ် အမှာစကားပြောကြားကာ ကရင်အမျိုးသားသီချင်း သီဆို၍အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။