အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် KNU ပြန်လည်သုံးသပ်

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် KNU ပြန်လည်သုံးသပ်
by -
ကေအိုင်စီ

မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သော အရေးပေါ် အစည်းအဝေးတရပ်ကို ကရင်အမျိုးသား အစည်းအရုံး-KNU က ၎င်းတို့ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် အတွင်း တနေရာတွင် ဇွန်လ ၄ရက်နေ့မှ ရရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် KNU ဗဟိုကော်မတီ အဖွဲ့ဝင် (၃၃)ဦးနှင့် အထူးဖိတ်ကြားထားသည့် ကိုယ်စား လှယ် (၂)ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်တွင် အခြေခံသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် လက်ရှိတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ခဲ့သည်ဟု KNU က ပြောသည်။

KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အရင်(အစိုးရနဲ့ ဒုတိယအကြိမ်)က တပ်ကိစ္စ ဆွေးနွေးဖို့ ရှိပေ မယ့် အပေါ်ယံ ညှိနှိုင်းမှုတွေပဲ လုပ်ခဲ့ရတယ်။ အခု လာမယ့်ကာလမှာ စစ်တပ်တွေရဲ့ လိုက်နာရမယ့် နယ်မြေ သတ်မှတ်ရရေးအတွက် ဘယ်လိုလုပ်ကြမလဲ စတာတွေပေါ့။ နောက် အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ပါဖို့ တောင်းဆိုရမှာပဲ။ ဒါပေမယ့် အစိုးရနဲ့ ထပ်တွေ့ဖို့က ဒီလထဲမှာတော့ မသေချာဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရနှင့် KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် KNU ထိန်းချုပ်နယ်မြေအတွင်း ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း တောင်ငူခရိုင်၊ ဒူးပလာယာနှင့် ဖာပွန်ခရိုင်တို့တွင် နယ်စောင့် တပ်နေရာ အတွက်ဟူ၍ မြေသိမ်းမှုနှင့် ဒေသခံများအား ပေါ်တာဆွဲမှုများ ရှိသည်ဟု သူက ဆက်ပြောသည်။

တဆက်တည်း၌ပင် ထိုအစည်းအဝေးပြုလုပ်ပြီးနောက် KNU သည် ယမန်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အရ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင် ရေးအတွက် အရေးကြီး သော လုပ်ငန်းများကို ဦးဆောင်မှုပေးနိုင်ရန် ၎င်းတို့၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီအဖြစ် ဗဟိုအလုပ် အမှုဆောင် ကော်မတီမှ ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့အပြင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ဦးဆောင်မှုတို့အထောက်အကူပြုရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖွဲ့ထားသည့် စစ်ရေးရာကော်မတီ (Military Affairs Committee) ၏ လုပ်ငန်းများလည်း KNU ဗဟိုစစ်ဦးစီး ဌာနချုပ်သို့ ပြန်လည်လွှဲပြောင်းလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးစောလှငွေက “ငြိမ်းချမ်းရေးတည်ဆောက်လုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့ စစ်ဦးစီးဌာနချုပ်မှာပါတဲ့ ပုဂ္ဂိုလ်တွေ ပထမမှာ ရဦးဖွဲ့တယ်။ နောက် ၁၃ ဦးနဲ့ ထပ်ဖွဲ့တယ်။ အဲလိုဖွဲ့လိုက်ပေမယ့် လူတွေဟာ စစ်ဦးစီးဌာန ချုပ်မှာလည်း တာဝန် ရှိတဲ့သူ ဖြစ်တော့ လုပ်ငန်းရဲ့ တာဝန်နဲ့ သဘောသဘာဝတွေမှာ ကွဲကွဲပြားပြား မလုပ်နိုင် ဘူး။ ဒါကြောင့် ဟိုးတုန်းက အတိုင်း ပြန်ထားလိုက်တဲ့သဘောပါ။”ဟု ဖြည့်စွက်ပြောဆိုသည်။

ယခုပြုလုပ်သည့် KNU ၏ အရေးပေါ်အစည်းအဝေးသည် တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် လများအတွင်းမှာ လည်း မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်မီ အလားတူ အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ခဲ့ ပြီဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်နေ့က KNU သည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် တွေ့ဆုံကာ ပဏာမ အပစ် ရပ်ရေး သဘောတူလက်မှတ်ထိုးပြီးနောက် ဧပြီလ ၆ရက်နေ့တွင် KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ဝင်တို့က ရန်ကုန်မြို့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့ကြသည်။

Most read this week