ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိစျေးသည် များမှာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ လစဉ် အခွန် ကြေး မြင့်မားစွာ ပေးဆောင်နေရသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့်ကြံုနေရသည် ဟု မြို့ခံများက ပြောဆိုနေကြသည်။
၎င်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ သမိရတနာမြို့မစျေးမှ စျေးဆိုင်ခန်းများအား ပထမတန်းနှင့် ဒုတိယတန်းခွဲ၍ တစ်ခန်းလျှင် ၁,၀၀၀ကျပ်မှ ၃,၀၀၀ကျပ်အထိ သတ်မှတ်ကာ လစဉ် ကြေးပေးဆောင်ရသောကြောင့် ယခုလို စားဝတ်နေရေးခက်ခဲနေရခြင်း ဖြစ်သည်ဟု စျေးသည်တစ်ဦးက ပြောသည်။
၎င်းစျေးသည်က “သူတို့ကောက်တဲ့ ဒီနှုန်းထားတွေက မြင့်တာပေါ့နော်။ စီးပွားရေးကပ်ဆိုက်တဲ့အခါကျတော့ အရောင်းအဝယ် တွေ ပါးတယ်လေ။ ပေးရတဲ့အခွန်နဲ့ အဆင်မပြေဖြစ်နေတာပေါ့။”ဟု ကေအိုင်စီသို့ပြော သည်။
ထို့အပြင် စျေးသန့်ရှင်းရေးအခွန်အတွက် စျေးအတွင်းရှိ ပျံကျစျေးသည်များထံမှလည်း တစ်ဦးလျှင် ၂၀မှ ၅၀ကျပ်နှုန်း ကောက် ခံလျှက်ရှိရာ တစ်ရက်လျှင် ကျပ်ငါးထောင်မှ တစ်သောင်းအထိ ရရှိခဲ့ပြီး ၎င်းတို့ သတ်မှတ်နှုန်းဖြင့် မပေးသည့် စျေးသည်များကို စျေးရောင်းခွင့်မပြုဘဲ မောင်းထုတ်ပစ်မည်ဟုခြိမ်းခြောက်မှု များလည်း ရှိသည်။
၂၀၀၈-၀၉ခုနှစ်မှ ယနေ့အချိန်အထိ စည်ပင်သာယာရေးအဖွဲ့၏ မတရား အခွန်ကောက်ခံမှုကိုညှိနှိုင်းဖြေရှင်း ပေးရန် သမိရတ နာမြို့မစျေးသည်များက ကြာအင်းဆိပ်ကြီးမြို့ရှိ သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံသို့ အကြိမ်ကြိမ် တိုင်တန်းတောင်း ဆိုခဲ့သော်လည်း အာဏာပိုင်များဘက်မှ တစုံတရာ ၀င်ရောက်ဖြေရှင်းမှု မရှိကြောင်း သိရသည်။
အမည်မဖော်လိုသူ ကြာအင်းဆိပ်ကြီးမြို့ လူမှုအဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးက “စည်ပင်က ရနေတဲ့ အခွင့်အရေးတွေ ဟာ ကိုယ်ကျိုးဖြစ်နေတာက ဒေသခံတွေ နစ်နာသလို နိုင်ငံတော်အခွန်ငွေတွေလည်း ဆုံးရှုံးတာပေါ့။ ဒါဟာ မလုပ်သင့်ဘူး။” ဟု ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်စည်ပင်အဖွဲ့သည် ၂၀၁၀-၂၀၁၁ခုနှစ်အတွင်းက ဘုရားသုံးဆူ ဆိပ်ကမ်းကောက် လိုင်စင်အတွက်ဟု ဆိုကာ ကုန်သည်များထံမှ ကျပ်ငွေ ၁,၆၀၀,၀၀၀(၁၆သိန်း)အထိ ကောက်ခံရရှိခဲ့သော် လည်း ရ၆,၀၀၀ကျပ် (၇သိန်း၆သောင်း) သာ အစိုးရဘဏ်ထဲ ထည့်သွင်းခဲ့ကြောင်း စည်ပင်ဝန်ထမ်းနှင့် နီးစပ်သူများက ပြောသည်။
ဤသို့ မြို့နယ်စည်ပင်၏ မတရားအခွန် ကောက်ခံမှုများကို ရပ်တန့်ပေးရန် သမိရတနာမြို့မ စျေးသည်များက လိုလားသည်ဟု ကြာအင်းဆိပ်ကြီး မြို့ခံများက ပြောသည်။
အဆိုပါမြို့၏ သမိရတနာမြို့မစျေးတွင် ရွှေဆိုင်၊ အထည်ဆိုင်၊ စားသုံးကုန်နှင့် ပျံကျစျေးဆိုင်စသည့်စျေးဆိုင် အမျိုးမျိုး ရောင်း ချလျှက်ရှိပြီး ၂၀၀၈ခုနှစ်မတိုင်ခင်က အကောက်အခွန်လွှတ်စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။