ပလောင်ဒေသမှ တရုတ်သို့ လူကုန်ကူးမှု တိုးပွားလာဟု PWO ပြော

ပလောင်ဒေသမှ တရုတ်သို့ လူကုန်ကူးမှု တိုးပွားလာဟု PWO ပြော
by -
စောခါးစူးညား

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်နေထိုင်ရာဒေသ၌ မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် စီးပွားရေးကြပ်တည်း မှုကြောင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပြဿနာများ စိုးရိမ်ထိတ်လန့်ရသည့် အခြေအနေအထိ တိုးပွား လာသည်ဟု ယနေ့ထုတ်ပြန်သည့် ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံး- PWO ၏ “သိမ်းပိုက်ခံဘဝများ”အမည်ရှိ အစီရင်ခံစာက ဆိုသည်။

Picture_014

သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့သည့် PWO ၏ အစီရင်ခံစာထဲတွင် လူကုန်ကူးခံရသူများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်ရှိ လက်ဖက်တောင်သူ ပလောင်အမျိုးသမီးငယ် များဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA) လက်နက်ချခဲ့သည့် ၂၀၀၅နောက်ပိုင်းမှ စ၍ ပလောင်ဒေသကို မြန်မာစစ်တပ် ပိုမို ထိန်း ချုပ်လာခဲ့ရာမှ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးအခွန် တိုးမြှင့် ကောက်ခံလာခြင်းအပေါ် အမြတ်ငွေနည်းသော လက်ဖက်လုပ်ငန်း ဖြင့် ဆက်လက် မရပ်တည်နိုင်တော့ဘဲ ပလောင်အမျိုးသား၊ ကလေးငယ်နှင့် အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ လုပ်ကိုင်လာခြင်းသည် လူကုန်ကူးမှုဖြစ်လာရသည့် အကြောင်းရင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်း၌ စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အခွန်နှုန်းတိုးမြှင့်လာခြင်း၊ ကုန်စျေးနှုန်းမြင့်မား လာခြင်း၊ ကျန်းမာရေး ပညာရေးစရိတ် မြင့်မားလာခြင်း၊ ဒေသတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းတို့သည် လူကုန်ကူးမှုဖြစ် ပေါ်စေသော အခြားအကြောင်းရင်းတစ်ခုဖြစ်ကြောင်း PWO က ထောက်ပြပြောဆိုသည်။

PWO တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) လိုည်းပိုးဖိန်းက “ကျမတို့ ပလောင်ဒေသမှာ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေက အ များကြီးရှိသလို ရောင်းစားခံရတဲ့ ပလောင်ပြည်သူလူထုတွေ ကြံုတွေ့ရတဲ့ ဒုက္ခတွေဟာ လည်း ထိတ်လန့်စရာပဲ။ ဒီကိစ္စတွေ ကို ကျမတို့ PWOအနေနဲ့ ဒေသခံပြည်သူလူထုကော၊ နိုင်ငံတကာက လည်း သိရှိနားလည်ဖို့ ရည်ရွယ်ပြီး ဒီအစီရင်ခံစာကို ထုတ်ရတာ ဖြစ်ပါတယ်။”ဟု ပြောဆိုသည်။

ဆက်လက်၍ “ရောင်းစားခံရတဲ့သူတွေဟာ အားလုံးနီးပါး တရုတ်ပြည်မှာကြီးပဲ။ အသက် ၃ နှစ်ကနေ ၃၃ နှစ် ကြားပေါ့နော်။ နောက် ကုန်ကူးခံရသူတွေထဲမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းဆိုရင် တရုတ်ဘိုးတော (အမျိုးသား) နဲ့ လက်ထပ်ရတယ်။ တချို့ဆို ရင် အိမ်ဖော်အလုပ်၊ ပြည့်တန်ဆာတွေ လုပ်ရတယ်။ ၆၀ ရာခိုင်နှုန်းကတော့ ဘာအလုပ်လုပ်မှန်း မသိရဘူး။ ဒီ ၂၀၁၀ခုနှစ်က နေ ၂၀၁၁ခုနှစ်အထိ လူကုန်ကူးမှုဖြစ်တဲ့ ဖြစ်စဉ် ၆ခုရှိ တယ်။”ဟု ပြောသည်။

လူကုန်ကူးခံရသူအများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံ (သို့မဟုတ်) စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် လုပ်အားခ ကောင်းသည်ဟူ သော အကြောင်းပြချက်ဖြင့် သွေးဆောင်ဖြားယောင်းခံရခြင်းဖြစ်ပြီး လူကုန်ကူးမှုဖြစ်စဉ် အချို့အရ ကလေးငယ်များသည် နေ အိမ်မှ ခိုးယူခံရခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲသူ မိဘများ၏ ရောင်းစားခံခဲ့ရသည်အပြင် ၂၀၀၄ခုနှစ်က တရုတ်နိုင်ငံသို့ ကုန်ကူးခံရသူ ပလောင်အမျိုးသားအချို့သည် မျော့စာအဖြစ် အကျွေးခံရကြောင်း PWO က ဆိုသည်။

လက်ရှိ မြန်မာအစိုးရသည် လူကုန်ကူးမှု ပပျောက်ရေးအတွက် ပြည်တွင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုအပ် ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်အတွက် မြန်မာအစိုးရအား နိုင်ငံတကာက ဖိအားပေးရန် လိုအပ်ကြောင်းနှင့် အစိုး ရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံကိန်းတွင် သေချာစွာ ကြီးကြပ်ရန် လို အပ်ကြောင်း PWO က ထောက်ပြထားသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပါ် ချမှတ်ထားသည့် မူဝါဒများကြောင့် မြန်မာနိုင်ငံ ပြည်သူများ ဆင်းရဲ မွဲတေမှုပြဿနာ ဆိုင်ရာ မူဝါဒများ ပြန်လည်သုံးသပ်ပေးရန်နှင့် လူကုန်ကူးခံရခြင်းမှလွတ်မြောက်လာသူ များကို လူထုမှ ကူညီပံ့ပိုးပေးကြရန် လည်း PWO က တိုက်တွန်းထားသည်။

အမျိုးသမီးများ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားရေး ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင် ရွက်ပေး ရန်အတွက် ၂၀၀၀ခုနှစ်၊ အောက်တိုဘာလကရည်ရွယ်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသမီးအစည်း အရုံး သည် ၂၀၁၀ခုနှစ်၌ “အဆိပ်သင့် တောင်တန်းများ”အမည်ရှိ အစီရင်ခံစာတစ်စောင်လည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

Most read this week