တတိယ အကြိမ်မြောက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု နော်ဒီဇင်ဘာဖော ရရှိ

တတိယ အကြိမ်မြောက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု နော်ဒီဇင်ဘာဖော ရရှိ
by -
စောသိန်းမြင့်

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)အထွေထွေအတွင်းရေးမှူး ချုပ် ဟောင်း ပဒိုမန်းရှာလားဖန်း၏ တတိယအကြိမ် မြောက်လူငယ်ခေါင်း ဆောင်ဆုကို ဘိတ်ထား ၀ယ်ခရိုင်မှ နော်ဒီဇင်ဘာဖော ရရှိသွားသည်ဟု ဖန်းဖောင်ဒေးရှင်းမှ ယနေ့သတင်း ထုတ်ပြန် သည်။

၂၀၁၀ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို အဆိုတင်သွင်းခံရသူ များ စွာအနက်မှ ကော်သူးလေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUK) စည်းရုံးရေးနှင့် သတင်း ရေးရာ တာဝန်ခံစောလေး စေးတင်သွင်းပြီး ထားဝယ်ခရိုင်မှ ထီးမိုပွာဒေသ ဥက္ကဌ စောကြည် ဒို့ ထောက်ခံသည့် အသက် ၂၆နှစ်အရွယ်ရှိ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၏ ဆေးရုံနှင့် ကျန်းမာရေး စောင့်ရှောက်ရေး တာဝန်ခံဖြစ်သူနော်ဒီဇင်ဘာဖော က ရရှိသွားခြင်းဖြစ်သည်။
Padoh-Mahn-Sha-young-leader
အဆိုတင်သွင်းသူ စောလေးစေးက“သူမဟာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အမျိုးသားအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူပါ။ ဒုက္ခသည်ခခန်းမှာ ကြီးပြင်းလာခဲ့ပေမယ့် ပြည်တွင်းထဲပြန် ၀င်ပြီး အမျိုးသားရေး အတွက် အလုပ်လုပ်တယ်။ USAမှာ သူ့မိသားစုတွေနဲ့အတူ သွား နေရ မယ့်အစား ကိုယ့်အမျိုးသားကို ကူညီတဲ့လမ်းကို သူမရွေးချယ်ခဲ့တယ်။ ဆင်းရဲဒုက္ခ မျိုးစုံကြား က စိတ်အားထက်သန်စွာနဲ့ လူမှုအသိုင်းအဝိုင်းကို ကူညီတယ်။ သူမဟာ အမျိုးသမီး လူငယ် တွေအတွက် စံပြကောင်းတစ်ယောက်ပဲလို့ ကျနော်မြင်တယ်။”ဟု ပြောသည်။

အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပ ညာရေးဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာစသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ ထောက်အကူဖြစ်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅နှစ်အောက်ရှိ ကရင်လူ ငယ်များကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂,၀၀၀ ဖြင့် ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ယနေ့ မေလ ၂၇ရက်နေ့တွင် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေတနေရာ၌ ပြုလုပ်သည့် ကရင် အမျိုးသားများ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် ယင်းဆုကို ချီးမြှင့်သွားမည်ဟု ဖန်း ဖောင်းဒေးရှင်းကသတင်းထုတ် ပြန်ထားသည်။

ပထမအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ပြီးခဲ့သည့်၂၀၀၈ခုနှစ်က စတင် ပေးအပ်ခဲ့ရာ ညောင်လေးပင်ခရိုင်မှ ကရင်အမျိုးသမီးအစည်းအရုံးကော်မတီဝင် နော်ဖောက ဘလာထူးက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယအကြိမ်ဆုကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ကျန်းမာ ရေးဝန်ထမ်း စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့သည်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင်လုပ်ကြံသတ်ဖြတ်ခံရသည့်ကရင်အမျိုး သား အစည်းအရုံး(ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း ၏ သားသမီးများကတည် ထောင်ခဲ့ခြင်းဖြစ်သည်။

Most read this week