ကရင်ပြည်နယ်၊ ဝေါ်လေဒေသ အတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက် သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင် တပ်ဖွဲ့ဝင်များက ယနေ့ မနက််ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင် တိုက်ခိုက်ခဲ့ ...
ကရင်ပြည်နယ်၊ ဝေါ်လေဒေသ အတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက် သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင် တပ်ဖွဲ့ဝင်များက ယနေ့ မနက််ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင် တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ရ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင် တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
ကရင် အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ရနာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ရ ဦး သေတယ်။ ၃ ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။” ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၄င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။
လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ၀င်ထွက်သွားလာ လှုပ်ရှားလျှက် ရှိသည်ဟု သိရသည်။