ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင်ရှိ နအဖ တပ်စခန်း တစ်ခုဖြစ်သည့် ကနဲလေးစခန်းကို ယနေ့ နေ့လယ်၌ ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များ သွားရောက် ပစ်ခတ်ခဲ့ရာ နအဖ တပ်ဖွဲ့ဘက်က ၂ ဦး သေ ...
ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင်ရှိ နအဖ တပ်စခန်း တစ်ခုဖြစ်သည့် ကနဲလေးစခန်းကို ယနေ့ နေ့လယ်၌ ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များ သွားရောက် ပစ်ခတ်ခဲ့ရာ နအဖ တပ်ဖွဲ့ဘက်က ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ ရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
ယနေ့ နေ့လယ် ၁၂နာရီခွဲ၌ ကနဲလေးစခန်းတွင် ရောက်ရှိနေသည့် နအဖ ခြေမြန်တပ်ရင်း-ခမရ(၃၄၆)ကို ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၂၀၁) တပ်ဖွဲ့ဝင်များ သွားရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထိုတပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။
ယခုနွေရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ နအဖ တပ်များ ရိက္ခာပို့ဆောင်ရေးအတွက် ပိုမိုသွားလာလှုပ် ရှားလာသည်နှင့်အမျှ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါ်လေဒေသတွင် တိုက်ပွဲများ မကြခဏ ဖြစ်ပွားနေသလို အခြား ကရင်ပြည်နယ်မြောက်ပိုင်း ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားတိုင်း ထိခိုက်သေဆုံးမှုများကို ကရင်တပ်ဖွဲ့ဝင်ဘက် ထုတ်ပြန်ခဲ့သော်လည်း နအဖ ဘက်က ထုတ်လေ့မရှိပါ။