ဆေးခြောက် ရောင်းသူတဦး စခန်းလုံခြံုရေး ဖမ်းမိ

ဆေးခြောက် ရောင်းသူတဦး စခန်းလုံခြံုရေး ဖမ်းမိ
by -
စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဆေးခြောက်ရောင်းသူတဦးအား ဖမ်းဆီးမိထားသည်ဟု အုန်းဖျန်စခန်းလုံခြံု ရေးမှူး စောထွန်းနောင်က ကေအိုင်စီကို ယနေ့ ပြော...

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဆေးခြောက်ရောင်းသူတဦးအား ဖမ်းဆီးမိထားသည်ဟု အုန်းဖျန်စခန်းလုံခြံု ရေးမှူး စောထွန်းနောင်က ကေအိုင်စီကို ယနေ့ ပြောသည်။

သူက "ဒီလူ ဆေးခြောက်ရောင်းတာတော့ ကြာပြီ။ ဒါပေမယ့် ကျနော်တို့ မသိဘူး။ သူက ဒီအနီးအနားမှာရှိတဲ့ မျော့ရွာမှာ ဆေး ခြောက်တွေသွားဝယ်ပြီး စခန်းထဲမှာ ယူလာပြီးတော့ အထုပ်လေးတွေထုပ်ပြီး ပြန်ရောင်းတယ်လေ။ ဆေးခြောက်ရောင်းသူနဲ့ ပတ်သက်ပြီး အခြားဘယ်သူတွေ ရှိသေးလဲဆိုတာ ကျနော်တို့ သိချင်တဲ့အတွက် သူ့ကို ဆက်ပြီး စစ်ဆေးနေတာပါ"ဟု ပြော သည်။

စခန်းလုံခြံုရေးများက ပြီးခဲ့သည့် မေလ ရရက်နေ့တွင် ရပ်ကွက်(၁၄)၌ အဆိုပါ ဆေးခြောက်ရောင်းသူကို ထိုင်းဘတ်ငွေ ၂၀ တန် ဆေးခြောက် ၂၅ထုပ်နှင့်အတူ လက်ဝယ် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

အုန်းဖျန်စခန်းမှ ဒုက္ခသည်အမျိုးသမီးတဦးက "စခန်းအတွင်းမှာ ဒီလို ဆေးခြောက် ရောင်းဝယ်တာရော၊ သုံးစွဲသူရော ကျမတို့ အမြဲ ကြားကြားနေရတာပဲ။ သုံးစွဲသူတွေ ထဲမှာ လူလတ်ပိုင်းနဲ့ ဆယ်ကျော်သက် ယောက်ျားလေးတွေ ပါတယ်လို့ ကြားတယ်။ စခန်းထဲမှာ အလုပ်အကိုင်တွေ မရှိတော့ အခုလို ၀င်ငွေကောင်းတဲ့ အလုပ်ကို လုပ်တယ် လို့ပဲ မြင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုံခြံုရေးအဖွဲ့ ဒီလိုဟာမျိုးကို ကိုယ်တွယ်ဖြေရှင်းနိုင်မှာပါ"ဟု ပြောဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဆေးခြောက်ရောင်းသူများနှင့် သုံးစွဲသူများကို မကြာခဏ ဖမ်းဆီးရမိခဲ့ပြီး လွန်ခဲ့သည့် ဧပြီလက လည်း အုန်းဖျန်စခန်းအတွင်းရှိ လုံခြံုရေး အဖွဲ့များက ဆေးခြောက်ထက် အဆင့်မြင့်သည့် စိတ်ကြွဆေးပြား(ရာဘာ့) ရောင်းသူ နှစ်ဦးကို ဖမ်းဆီးကာ ထိုင်းအာဏာပိုင်ထံသို့ လွဲအပ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ရက်နေ့၌ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင်လည်း စိတ််ကြွဆေးပြား(ရာဘာ့) ရောင်းဝယ်သုံးစွဲသူ ၃ဦးကို စခန်းဆိုင်ရာ ထိုင်း အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။