ကရင်ပြည်နယ်မြောက်ပိုင်း(ပဲခူးတိုင်းအရှေ့ခြမ်း) တောင်ငူခရိုင်အတွင်းရှိ ပြည်တွင်းဒုက္ခသည်များ နေထိုင်ရာဒေသများတွင် ယခု နှစ် မိုးရာသီ၌ ခြင်ပေါက်ဖွားမှုမှာ ယမန်နှစ်ထက် ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တောင်ငူခရိုင် သံတောင်မြို့နယ်ရှိ ပြည်တွင်းဒုက္ခသည်များ နေထိုင်ရာ ကျီးချောင်းဒေသနှင့် သောက်ရေခပ်အရှေ့ခြမ်းဒေသများနှင့် ဟိုးခီးဒေသများမှာ ယခုနှစ်မိုးရာသီတွင် လွန်ခဲ့သည့်နှစ်ထက် ခြင်ပိုမိုများပြားလာသည်ဟု ထိုဒေသခံ စောအယ်ဝါးက ဇူလိုင် (၂၀) ရက်နေ့တွင် ကေအိုင်စီကို ပြောသည်။
သူက “ဒီနှစ်ဟာ တော်တော်ထူးဆန်းတယ်၊ ဒီတောင်ငူမှာရှိတဲ့ ပြည်တွင်းဒုက္ခသည်တွေ ပုန်းရှောင်နေထိုင်တဲ့ နေရာတိုင်းလိုလိုမှာ ခြင်တွေ တအားပေါတယ်။ အဲဒီမှာ နေထိုင်တဲ့လူတွေတော်တော်များများက ခြင်ပိုများလာတဲ့အကြောင်းတွေ ပြောကြတယ်။ အထူး သဖြင့် ကျီးချောင်းဒေသနဲ့ သောက်ရေခပ်အရှေ့ခြမ်းဒေသမှာ ပိုများတယ်”ဟု ဆိုသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ရာသီဥတုကြောင့်ဖြစ်နိုင်ကြောင်းနှင့် ဒုက္ခသည်များအနေဖြင့် ခြင်ပေါက်ဖွားမှုကို တားဆီးကာကွယ်မှုများ မရှိ သည့်အတွက် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ငှက်ဖျားရောဂါနှင့် တုပ်ကွေးရောဂါများ ဖြစ်ပွားမှုကိုလည်း ယခင်နှစ်ထက် ပိုမိုခံစား ကြရသည်ဟု စောအယ်ဝါးက ဆက်လက်ပြောဆိုသည်၊
သူက “ဒီနှစ်မိုးရာသီမှာ မိုးက ရွာလိုက်၊ နေပူလိုက်ဖြစ်တော့ ခြင်ပေါက်ပွားမှုကို အားပေးသလိုမျိုးဖြစ်တာပေါ့။ အဲဒီဒေသမှာ ချုံပုတ် တွေ ထူထပ်တယ်။ ခြင်သတ်ဆေးရေလည်း တခါမှမဖြန်းဘူးဆိုတော့ ခြင်များလာတာဖြစ်နိုင်တယ်။ ဒီလိုဖြစ်တော့ တောထဲမှာနေရ တဲ့ သူတို့အတွက် ငှက်ဖျားနဲ့ ရာသီပေါ် တုပ်ကွေးရောဂါ ဖြစ်တာလည်း အရင်နှစ်ထက် ပိုများလာတယ်။ အထူးသဖြင့် မိခင်နဲ့ ကလေးတွေက အများစုပဲ”ဟု ပြောဆိုခဲ့သည်။
တောင်ငူခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုကြောင့် တောထဲတောင်ထဲသို့ ရွှေ့ပြောင်းနေထိုင်ရသော အဆိုပါပြည်တွင်းဒုက္ခသည် များသည် နေရာထိုင်ခင်း၊ အမိုးအကာများအပြင် အဝတ်အထည်များ ပြည့်စုံမှုမရှိသည့်အတွက် ခြင်အန္တရာယ်မှ ကာကွယ်နိုင်ခြင်း မရှိဘဲ ယခုကဲ့သို့ ငှက်ဖျားရောဂါ ပိုမိုအဖြစ်များခြင်းဖြစ်ကြောင်း ဒေသတွင်း ဆေးမှူးတဦး၏ ပြောပြချက်ကို ကိုးကားပြီး တောင်ငူ နယ်သားတဦးက ယခုလို ပြောသည်။
“အဲဒီမှာ ရှိတဲ့လူတွေက တဲအိမ်ကလေးတွေနဲ့ ဟိုနားတလုံး၊ ဒီနားတလုံး ပြန့်ကျဲနေထိုင်ကြတော့ သူတို့ကို စုစည်းပြီး ကျန်းမာရေး ပညာပေးဖို့ခက်တယ်။ အိမ်တွေကလည်း အမိုးအကာတွေ လုံလုံခြုံခြုံမရှိတာရယ်၊ မိုးတအားရွာတဲ့အချိန်မှာ အဝတ်အစားတွေ မလုံ လောက်ဘူး။ တချို့ဆို စိုတဲ့အဝတ်ကိုချွတ်၊ မီးကင်၊ ခြောက်ရင်ပြန်ဝတ် အဲဒီလိုမျိုးပဲ နေကြတယ်။ ခြင်တွေမကိုက်အောင် ခြင် ထောင်တွေ သုံးဖို့ဆို ပိုဝေးပေါ့၊ အဲဒီမှာရှိတဲ့ ဆေးမှူးတယောက် ပြောတာကတော့ ဖျားနာတဲ့သူတွေကို ဆေးကုသပေးဖို့က ဆေး ၀ါးတွေလည်း မလုံလောက်ဘူးလို့ သိရတယ်”ဟု ထိုတောင်ငူနယ်ခံက ပြောသည်။
ထိုပြည်တွင်းဒုက္ခသည်များသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က တောင်ငူဒေသအတွင်း နအဖ စစ်တပ်မှ တပ်အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင်ခဲ့မှုကြောင့် အိုးအိမ်များကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ပြီး ယခုအချိန်ထိ ထိုဒေသတွင် ပြည်တွင်းဒုက္ခ သည် စုစုပေါင်း ၈˜၀၀၀ခန့်ရှိသည်ဟု ကေအဲန်ယူ တောင်ငူခရိုင်၏ မှတ်တမ်းအရ သိရသည်။
Published
Tuesday, July 21, 2009 - 14:36
ယခုနှစ်မိုးတွင်း တောင်ငူဒေသတွင် ခြင်ပိုများလာ
ကရင်ပြည်နယ်မြောက်ပိုင်း(ပဲခူးတိုင်းအရှေ့ခြမ်း) တောင်ငူခရိုင်အတွင်းရှိ ပြည်တွင်းဒုက္ခသည်များ နေထိုင်ရာဒေသများတွင် ယခု နှစ် မိုးရာသီ၌ ခြင်ပေါက်ဖွားမှုမှာ ယမန်နှစ်ထက် ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရ ...