၂၀၁၀ စက်တင်ဘာ-နိုဝင်ဘာလ ဓါတ်ပုံများ

၂၀၁၀ စက်တင်ဘာ-နိုဝင်ဘာလ ဓါတ်ပုံများ

{rokbox album=|Jan10| title=|စစ်ဗိုလ်များနှင့် ခိုက်ရန် ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရ :: ဒေသခံ တပ်မ ၇၇ မှ စစ်ဗိုလ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် အသက် ၂ဝ နှစ်ကျော် လူငယ် ၂ ဦး သေဆုံးခဲ့အပြီး နောက်တရက် (စက်တင်ဘာ ၅ ရက်နေ့) နေ့လည် ၁ နာရီခန့်တွင် ရုပ်အလောင်းများကို ထုတ်ယူရန် စောင့်ဆိုင်းနေသော မိသားစုဝင်များနှင့် မိတ်ဆွေများကို ပဲခူးမြို့ ကျုံးရိုးလမ်းရှိ မြို့နယ်ဆေးရုံကြီး နောက်ဖေးပေါက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)|}images/2010/SepDec/backdoorhospital.jpg{/rokbox}

{rokbox album=|Jan10| title=|ဗမာ အမျိုးသားများ၏ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ထွန်းကားရာ ပုဂံအား ထိန်းသိမ်း စောင့်ရှောက်ထားပြီး ရခိုင်အမျိုးသားများ၏ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ မြောက်ဦးမြို့အား ဖျက်ဆီး ပစ်နေသည်မှာ တရားပါ၏လော။ ဖေါ်ပြပါ ဓါတ်ပုံများက ရခိုင် အမျိုးသားများ အပေါ် ဗမာ စစ်အာဏာရှင် များက မည်မျှ အတိုင်းအတာထိ အနိုင်ကျင့် စော်ကားနေသည်ကို သက်သေ ဖေါ်ညွန်း ပြသနေပါသည်။ (ဓါတ်ပုံ-နိရဉ္စရာ)။|}/files/images/2010/SepDec/Mrauk-U-Damages-photo-13.jpg{/rokbox} {rokbox album=|Jan10| title=|ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်းတို့ ရွှေတိဂုံဘုရား ဘုရား ကန်တော့နေသည်ကို ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ ၂၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဘုရားဖူး ရောက်ရှိနေသူအများ အံ့သြဝမ်းသာစွာဖြင့် သားအမိနှစ်ဦးနှင့် အပြန်အလှန် နှုတ်ဆက်ကြသည်။ အင်္ဂလန် နိုင်ငံတွင် နေထိုင်လျှက်ရှိသော ၁ဝ နှစ်ကျော်ကြာ ကွဲကွာနေသော သားငယ်နှင့် ယမန်နေ့က ပြန်ဆုံကြသည်။|}/files/images/2010/SepDec/daw-aung-s-suu-kyi-and-son2.jpg{/rokbox} {rokbox album=|Jan10| title=|အန်အယ်ဒီ ဆေးမှင်ကြောင်နှင့် ကိုထိန်လင်း :: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံပုံကို ဘယ်ဘက် လက်မောင်းတွင် ဆေးမှင်ကြောင် ရေးထိုးထားသော ကိုထိန်လင်း (ကင်မ်)၊ မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များကို ယနေ့ နိုဝင်ဘာလ ၂၃ ရက် ၂ဝ၁ဝ ပြည့်နှစ် နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။|}/files/images/2010/SepDec/Dsskson.jpg{/rokbox} {rokbox album=|Jan10| title=|လူငယ်ဒီမိုကရေစီ ကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား ဒေါ်စုကြည် ညွှန်ကြား :: ပြည်နယ်နှင့်တိုင်း လူငယ်ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ တနင်္လာနေ့ နိုဝင်ဘာ ၂၂ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ရောက်ရှိလာစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လူငယ် ဒီမိုကရေစီ ကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။|}/files/images/2010/SepDec/Dssk-2as.jpg{/rokbox} {rokbox album=|Jan10| title=|ဒေါ်အောင်ဆန်းစုကြည်က ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ရပ်ကွက် ကမ္ဘောဇ ၂ လမ်းရှိ အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူများကို ယနေ့ မွန်းလွဲ ၂ နာရီအချိန် နိုဝင်ဘာ ၁၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က သွားရောက်ကြည့်ရှု့ခဲ့ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ယင်းသို့ အားပေးကြည့်ရှုရန် လာရောက်သည်ကို ပြည်သူပေါင်း ၃ဝဝဝ ကျော်ခန့်က ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆိုကြသည်။ သူမက လာရောက်သူများကို ဟောပြောမှု ပြုလုပ်ရာတွင် မိမိအနေဖြင့် နိုင်ငံအတွက် အလုပ်လုပ်ရန်များစွာ ရှိကြောင်း၊ ယင်းအတွက် လိုအပ်ပါက ပြည်သူများကို ခေါ်ယူမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။|}/files/images/2010/SepDec/mettaids2.jpg{/rokbox} {rokbox album=|Jan10| title=|ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး ပြန်လည်ထွက်ခွာလာ :: ဒေါ်အောင်ဆန်းစုကြည် (ဝဲမှ တတိယ) ကို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက် ရပ်တည်ခွင့်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း တရားရုံးချုပ်တွင် ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး ပြန်လည်ထွက်ခွာလာသည်ကို အင်္ဂါနေ့ (နိုဝင်ဘာ ၁၆ရက်၊ ၂ဝ၁ဝ ပြည့်နှစ်) တွင်တွေ့ရစဉ်။ ဓာတ်ပုံ မဇ္ဈိမ။ NLD သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရမှ လွှတ်တော်ခေါ်မပေးခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်သည်။|}/files/images/2010/SepDec/assk_high_court.jpg{/rokbox} {rokbox album=|Jan10| title=|ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ရက်ပေါင်း ၂၀ ကျော်လာပြီ ဖြစ်သော်လည်း နအဖ စစ်အာဏာပိုင်များက မြေပုံမြို့နယ်အတွင်းရှိ ရန်ကုန်-စစ်တွေကားလမ်းကို မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ဘတ်စ်ကား၊ ကုန်းတင်ကားများ အနေဖြင့် ခက်ခက်ခဲခဲ သွားလာနေကြရသည်။ (ဓါတ်ပုံ-နိရဉ္စရာ)|}/files/images/2010/SepDec/Sittwe-Rangoon-highway-damag.jpg{/rokbox} {rokbox album=|Jan10| title=|နိုဝင်ဘာလ ၁၄ ရက်ညနေက သံမဏိကုန်း တိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေးလာကြသည့် ဝေါ်လေကျေးရွာမှ ဒုက္ခသည်များ (ဓါတ်ပုံ-ကေအိုင်စီ)|}/files/images/2010/SepDec/DSC00083.jpg{/rokbox} {rokbox album=|Jan10| title=|၇ နှစ်အကြာမှာ ပထမဆုံး လူထုဟောပြောပွဲ :: ၇ နှစ်အကြာမှာ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ပ လူထုဟောပြောပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ တနင်္ဂနွေ နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပရိတ်သတ် အနည်းဆုံး ၄ သောင်းရှိမယ်လို့ ရန်ကုန်က မဇ္ဈိမ သတင်းထောက်တွေက ခန့်မှန်းထားသည်။|}/files/images/2010/SepDec/dassk-speech4.jpg{/rokbox} {rokbox album=|Jan10| title=|ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်ပြီ ဓါတ်ပုံ-မဇ္ဈိမ|}/files/images/2010/SepDec/suu-kyi-nov-13-1.jpg{/rokbox} {rokbox album=|Jan10| title=|မဲမသမာမူ အများအပြား ရှိသည့်ကြားထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ၃၅ နေရာ အနိုင်ရရှိခဲ့သဖြင့် နိုဝင်္ဘာလ ၉ ရက်နေ့က စစ်တွေ မြို့ကို ပတ်ပြီး အောင်ပွဲခံနေစဉ်။ (Photo-Narinjara).|}/files/images/2010/SepDec/RNDP-won-rally-Sittwe.jpg{/rokbox} {rokbox album=|Jan10| title=|မဲရုံမှူးများက မဲများကို ရေတွက်နေစဉ် (ဓါတ်ပုံ-ခိုနုမ်းထုန်)။|}/files/images/2010/SepDec/election-pic1.jpg{/rokbox} {rokbox album=|Jan10| title=|မဲဆောက်မြို့မှ ပြန်လာသည့် မြန်မာဒုက္ခသည်များ :: နအဖ တပ်နှင့် ဒီကေဘီအေ ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အကြား မြဝတီတွင် တိုက်ပွဲ မဖြစ်တော့ကြောင်း ကြားသိရပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပြန်လာသည့် မြန်မာ ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ယနေ့ နံနက်ပိုင်းတွင် စစ်အစိုးရ တပ်ဖွဲ့များက မြို့၏ အချက်အချာ နေရာများတွင် ပြန်လည် နေရာယူနိုင်ခဲ့ပြီ ဖြစ်သည်။|}/files/images/2010/SepDec/sitfire5.jpg{/rokbox} {rokbox album=|Jan10| title=|တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မဲဆောက်မြို့၌ ထွက်ပြေးရောက်ရှိနေသော မြ၀တီမှ ပြည်သူများ ဓါတ်ပုံ-ကေအိုင်စီ)။|}/files/images/2010/SepDec/Myawaddy-refugee.jpg{/rokbox} {rokbox album=|Jan10| title=|ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မဲရုံ တာဝန်ရှိသူတဦးက မဲရေတွက်နေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)။|}/files/images/2010/SepDec/counting-vote7day.jpg{/rokbox} {rokbox album=|Jan10| title=|မဲဆန္ဒရှင် အများဆုံး နယ်မြေတခုဖြစ်သည့် ရန်ကုန် တောင်ဥက္ကလာပတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ကိုယ်စားလှယ်လောင်း ချင်းအမျိုးသမီး ဒေါ်ကမ်ခန့်ဒိန်အတွက် နောက်ဆုံး မဲဆွယ်ရက် နိုဝင်ဘာလ ၆ ရက် ယနေ့တွင် အရှိန်မြှင့် လုပ်ဆောင်နေကြရာ စက်ဘီးဖြင့် ရှေ့ပြေး လှည့်လည်နေသူများပုံ (ဓာတ်ပုံ - မဇ္ဈိမ)။ ကြံ့ဖွံ့က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြား ပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။|}/files/images/2010/SepDec/ndf-last-canvass3.jpg{/rokbox} {rokbox album=|Jan10| title=|နိုဝင်ဘာ ၇ရက် ဖားအံမြို့နယ် တောင်ကလေးကျေးရွာရှိ မဲဆန္ဒရှင်များ အထက်တန်း ကျောင်းခွဲတွင် မဲပေးနေပုံ (ဓါတ်ပုံ-ကေအိုင်စီ)။|}/files/images/2010/SepDec/waiting-to-vote.jpg{/rokbox} {rokbox album=|Jan10| title=|ဒေါ်အောင်ဆန်းစုကြည် လွတ်ရန် ၇ ရက်သာ လို :: ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့၌ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြီး ၂ ပုံကို ချိတ်ဆွဲထားသည်ကို တွေ့ရှိရသည် (ဓာတ်ပုံ - မဇ္ဈိမ)။ တံခါးမကြီး၏ ညာဘက်ပုံမှာ ရွေးကောက်ပွဲ မဲမပေးရေးကို ညွှန်းဆိုထားပြီး၊ ဘယ်ဘက်ပုံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ၇ ရက်သာလိုသည်ဟူသော ဓာတ်ပုံဖြစ်သည်။ စစ်အစိုးရက ရွေးကောက်ပွဲကို ယခုလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ပြောဆိုထားပြီး၊ နေအိမ်အထိန်းသိမ်းခံရာမှ ယခုလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်မည်ဟု အန်အယ်ဒီခေါင်းဆောင်များက ယုံကြည်ထားသည်။|}/files/images/2010/SepDec/suukyi-free-7.jpg{/rokbox} {rokbox album=|Jan10| title=|ရေလမ်းနဲ့လည်း NDF မဲဆွယ် :: အမျိုးသား ဒီမိုကရေစီ အင်အားစု NDF က ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လှည့်သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ NDF ကို ၉ဝ ရွေးကောက်ပွဲနိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ခေါင်းဆောင်အချို့ ခွဲထွက်ကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အခြေပြုထားသော ၂ဝဝ၈ အခြေခံဥပဒေမှာ ဒီမိုကရေစီ နည်းလမ်းမကျဘဲ စစ်အုပ်ချုပ်ရေးကို အသက် သွင်းပေးသည်ဟု ဆိုကာ NLD က ရွေးကောက်ပွဲ သပိတ်မှောက်သည်။|}/files/images/2010/SepDec/NDFmelsoa.jpg{/rokbox} {rokbox album=|Jan10| title=|ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟိုကျင်ကျေးရွာမှ အခါလူမျိုး အမျိုးသမီးနှစ်ဦး ပါတီလက်ကမ်းစာစောင် ဖတ်ရှုနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၅ဝဝ ကျော်ရှိ မတ်စောက်လှသော တောင်တန်းများရှိရာ ယခုဒေသတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိရှိမှု နည်းပါးသည်ကို တွေ့ရသည်။|}/files/images/2010/SepDec/letcomesarsong1.jpg{/rokbox} {rokbox album=|Jan10| title=|ဆိုင်ကလုန်ဂီရိ တိုက်ခိုက်ပြီးနောက် ကျောက်ဖြူနှင့် မြို့နယ် တ၀ိုက်မှ ဓါတ်ပုံများ ဖြစ်ပါသည်။ ကျောက်ဖြူ၏ ၇၅ ရာခိုင်နုန်းမှာ ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။|}/files/images/2010/SepDec/after-Cyclone-Giri-lashes-Arakan-Coast-Kuauk-Pru-photo-0.jpg{/rokbox} {rokbox album=|Jan10| title=|သမ္မတလောင်းကို ရည်ရွယ်ပြီးသူ ရှိပြီဟုပြောသည့် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဋ္ဌေးဦး :: သမ္မတလောင်းကို ရည်ရွယ်ပြီးသူ ရှိပြီဟု ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ရန်ကုန်တိုင်း ဗဟန်း ပါတီရုံးချုပ်၌ အောက်တိုဘာ ၂၇ ရက် ၂ဝ၁ဝ ခုနှစ်၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် ပထမဆုံး ပြုလုပ်သော ပြည်တွင်းပြည်ပ သတင်းစာ ဆရာများနှင့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံနှင့် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် သတင်းစာဆရာ ၈ဝ ခန့် တက်ရောက်ခဲ့သည်။|}/files/images/2010/SepDec/usdphoto.jpg{/rokbox} {rokbox album=|Jan10| title=|ဆိုင်ကလုန်း ဂီရိ တိုက်ခိုက်ပြီးနောက် ကျောက်ဖြူနှင့် မြို့နယ် တ၀ိုက်မှ ဓါတ်ပုံ ဖြစ်ပါသည်။ ကျောက်ဖြူ၏ ၇၅ ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။ (ဓါတ်ပုံ-နိရဉ္စရာ)|}/files/images/2010/SepDec/Myanmar-after-Cyclone-Giri-lashes-Arakan-Coast-Kuauk-Pru.jpg{/rokbox} {rokbox album=|Jan10| title=|တနင်္သာရီတိုင်း ကော့သောင်းမြို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ရုံး ဖြစ်ပါတယ်။ (ဓါတ်ပုံ-NMG)|}/files/images/2010/SepDec/NMG-16.jpg{/rokbox} {rokbox album=|Jan10| title=|ကြံ့ဖွံ့ အခမဲ့ဆေးခန်း ဖွင့်လှစ် :: ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် အသစ်ဆောက်လုပ်ကာ ရွေးကောက်ပွဲအမှီ ဖွင့်လှစ်လိုက်သော ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီ၏ အခမဲ့ဆေးခန်း (ဓာတ်ပုံ - မဇ္ဈိမ)။ ကြံ့ဖွံ့က ရန်ကုန်ရှိ နေရာအများအပြားတွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအဖြစ် အလားတူ ဆေးခန်းများ ဖွင့်လှစ်ထားသည်။|}/files/images/2010/SepDec/subhostipal.jpg{/rokbox} {rokbox album=|Jan10| title=|တနင်္သာရီတိုင်း ကော့သောင်းမြို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ရုံး ဖြစ်ပါတယ်။ (ဓါတ်ပုံ-NMG)|}/files/images/2010/SepDec/NMG-16.jpg{/rokbox} {rokbox album=|Jan10| title=|တနင်္သာရီတိုင်း ကော့သောင်းမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၏ ရုံး ဖြစ်ပါသည်။ (ဓါတ်ပုံ-NMG)|}/files/images/2010/SepDec/NMG-15.jpg{/rokbox} {rokbox album=|Jan10| title=|ကရင်ပါတီတဖွဲ့ ဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၏ ကျေးရွာစည်းရုံးရေး လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း (ဓါတ်ပုံ-ကေအိုင်စီ)|}/files/images/2010/SepDec/PSDP.jpg{/rokbox} {rokbox album=|Jan10| title=|NDF လက်ကမ်းကြော်ငြာကို ဖတ်ရှုနေသူတဦး :: အမျိုးသား ဒီမိုကရေစီ အင်အားစု National Democracy Force – NDF ၏ ပါတီ ကိုယ်စားလှယ်လောင်းများ အကြောင်း လက်ကမ်းကြော်ငြာကို ဖတ်ရှုနေသည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှ အနှေးယာဉ် လုပ်သားတဦး (ဓာတ်ပုံ - မဇ္ဈိမ)။|}/files/images/2010/SepDec/NDFparty3.jpg{/rokbox} {rokbox album=|Jan10| title=|NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ် :: အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ပဲခူးမြို့နယ် ရုံးဖွင့်ပွဲကို ကြာသပတေးနေ့ အောက်တိုဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်ခဲ့ရာ ပါတီခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။|}/files/images/2010/SepDec/NDF-OFFICEOPEN1.jpg{/rokbox} {rokbox album=|Jan10| title=|ဆန္ဒမဲပေးပုံ သရုပ်ပြသမှု :: ရန်ကုန်မြို့ လသာမြို့နယ်မဲရုံတွင် ဆန္ဒမဲပေးပုံ သရုပ်ပြသမှုတခုကို သောကြာနေ့ အောက်တိုဘာလ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်ရာ မဲပေးပုံ သရုပ်ဆောင်နေသူ တဦး။ ဓာတ်ပုံ- မဇ္ဈိမ|}/files/images/2010/SepDec/mellpone.jpg{/rokbox} {rokbox album=|Jan10| title=|ကေအိုင်အို (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)|}/files/images/2010/SepDec/100-3357.jpg{/rokbox} {rokbox album=|Jan10| title=|စစ်တွေ တဘက် ဆတ်ရိုးကျ ဘက်ကမ်းမှ နေ့စား အလုပ်သမားများ စက်ရုံ အလုပ်ရုံများ ရှိရာသို့ အလုပ်ဆင်းရန် သွားနေကြသည့် ပုံများ ဖြစ်သည်။ စက်ရုံ အလုပ်ရုံများမှ လုပ်အားခများကို ဖြတ်တောက်လိုက်သဖြင့် သူတို့ လုပ်အားခမှာ တလနှစ်သောင်း ပတ်ဝန်းကျင်သာ ရရှိပြီး တစ်နေ့ကို ၁၂ နာရီထိ အလုပ်လုပ်နေရကြောင်း သိရသည်။ (ဓါတ်ပုံ-နိရဉ္စရာ)|}/files/images/2010/SepDec/sittway-worker-walk-pic-5.jpg{/rokbox} {rokbox album=|Jan10| title=|ရခိုင်မှ ကုလားတန်မြစ်နှင့် မေယူမြစ်အား ဆက်သွယ်ထားသော ကင်းချောင်း တူးမြောင်းကို နအဖမှ ဖြတ်ဆည်ပြီး ရထားလမ်း ဖေါက်လုပ်ထားသဖြင့် ဖြတ်သန်း မရတော့၍ စက်လှေ သဗ္ဗာန်များကို တဘက်နှင့် တဘက်တွင် ထားကာ ရထားလမ်းကို ဖြတ်ကျော် ကုန်ပစ္စည်းများကို သယ်ယူနေရသည်။ အဆိုပါ နေရာတွင် ကုန်ပစ္စည်း တန်ဖိုးအလိုက် ခမရ ၅၅ဝ က အကောက်ဂိတ်ဖွင့်၍ ငွေကောက်ခံနေသည်။ ဤချောင်းတူးမြောင်းအား ပြည်သူများ အချိန်တိုအတွင်း သွားလာနိုင်ရန် ရှေးရခိုင် ဘုရင်များက ဖေါက်လုပ်ပေးခဲ့သည်ဟု သိရသည်။ (ဓာတ်ပုံ-နိရဉ္စရာ)|}/files/images/2010/SepDec/mayu-kaladan-river-block-pic-2.jpg{/rokbox} {rokbox album=|Jan10| title=|ဧရာဝတီဘဏ်သစ် ဖွင့်ပွဲသို့ တက်ရောက်လာသည့် ရန်ကုန် စစ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ် ထွန်းသန်း  (ဘယ်အစွန်)၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ (အလယ်) နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်တို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ခံရသော မက်စ်-မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ဧရာဝတီဘဏ်၊ ဦးတေဇက အေးရှားဂရင်းဘဏ် တည်ထောင်ခွင့် ရရှိပြီး၊ အခြားသော စစ်အစိုးရ လက်ရင်းလူယုံ လုပ်ငန်းရှင်များဖြစ်သည့် ဦးချစ်ခိုင်နှင့် ဦးနေအောင်က မြန်မာ့ရှေ့ဆောင် ဘဏ်နှင့် အမရာဘဏ်တို့ ထူထောင်ခွင့် ရရှိထားသည်။|}/files/images/2010/SepDec/Irrawaddy-Bank-Open1.jpg{/rokbox} {rokbox album=|Jan10| title=|စစ်ဗိုလ်များနှင့် ခိုက်ရန် ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရ :: ဒေသခံ တပ်မ ၇၇ မှ စစ်ဗိုလ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် အသက် ၂ဝ နှစ်ကျော် လူငယ် ၂ ဦး သေဆုံးခဲ့အပြီး နောက်တရက် (စက်တင်ဘာ ၅ ရက်နေ့) နေ့လည် ၁ နာရီခန့်တွင် ရုပ်အလောင်းများကို ထုတ်ယူရန် စောင့်ဆိုင်းနေသော မိသားစုဝင်များနှင့် မိတ်ဆွေများကို ပဲခူးမြို့ ကျုံးရိုးလမ်းရှိ မြို့နယ်ဆေးရုံကြီး နောက်ဖေးပေါက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)|}/files/images/2010/SepDec/backdoorhospital.jpg{/rokbox}

 

၂၀၁၀ မေ-သြဂုတ်လ ဓါတ်ပုံများ