ချင်းအမျိုးသားညီလာခံ သဘာပတိ Dr. Za HLei Thang ၏ ညီလာခံ မိန့်ခွန်း

ချင်းအမျိုးသားညီလာခံ သဘာပတိ Dr. Za HLei Thang ၏ ညီလာခံ မိန့်ခွန်း
by -
ခိုနုမ်းထုန်

ဒီနေ့ဟာ ချင်းလူမျိုးများအတွက် သမိုင်းတွင်မဲ့ ဒုတိယအကြိမ် ချင်းအမျိုးသားညီ လာခံ ကြီး ဖြစ်ပါတယ်၊ ပထမအကြိမ် ဖလမ်းမြို့ ချင်းအမျိုးသားညီလာခံကြီးကို ၁၉၄၈ ခုနှစ်ဖေဖေါ် ၀ါရီလ (၂၀) ရက်နေ့မှာ ချင်းပြည်အရပ်ရပ်မှ ကိုယ်စားလှယ်ပေါင်း ၅၀၀၀ ခန့်ဖြင့် ကျင်းပခဲ့ ရာ လွတ်လပ်ရေး မရခင်က ချင်းလူ့ဘောင်အဖွဲ့အစည်းမှာ ကျင့်သုံးခဲ့တဲ့ နယ်စား၊ မြို့စား၊ တိုက်သူကြီး အုပ်ချုပ်ရေးစံနစ်ကို ဖျက်သိမ်းပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီ စနစ်နဲ့ အစား ထိုးနိုင်ခဲ့ပါ တယ်၊

နယ်ချဲ့ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်ကစပြီး ယနေ့အထိ မြန်မာ နိုင်ငံမှာ အုပ်ချုပ် ရေးစနစ် (၄) ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပါတယ်၊ ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိ တပြည် ထောင်ဒီမိုကရေစီ အုပ်ချုပ် ရေး စနစ်ကို ကျင့်သုံးခဲ့ရတယ်၊ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး ကောင် စီအမည်ခံ စစ်အာဏာ ရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့တယ်၊  ၁၉၇၄ မှာ မြန်မာ့ဆိုရှယ် လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး  တပါတီအာဏာရှင်စနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ ပြန် လည် အုပ်ချုပ်ခဲ့ပါတယ်၊

တပါတီအာဏာရှင် အုပ်ချုပ်မှုဒါဏ်ကို အမျိုးသားပြည်သူတရပ်လုံးက မခံမရပ်နိုင်တော့ သဖြင့် ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ လူထုအုံကြွမှုကြီးဖြစ်ပွားပြီး တပါတီအာဏာရှင် အုပ်ချုပ်ရေး စနစ်အဆုံး သတ်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျောင်းသား နှင့် လူထုတော်လှန်ရေးကြီးကို စစ်တပ် က လက်နက်ဖြင့် တုံ့ပြန်ဖြိုခွဲခဲ့ပြီး ၁၉၈၈ မှ ၂၀၁၀ ခုနှစ် အထိ စစ်အာဏာ ရှင်စနစ်ဖြင့်ပင် တိုင်း ပြည်ကို ပြန်လည်အုပ်ချုပ်ခဲ့ပါတယ်။ စစ်အစိုးရဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုဆန္ဒ မပါပဲ တတိယအကြိမ် ပြန်လည်ရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့ပါ တယ်၊

ချင်းလူမျိုးတွေဟာ ၁၈၉၅ မတိုင်ခင် အထိ မည်သည့်တိုင်းတပါးလက်အောက် တွင်မျှ မကျရောက်ပဲ ကိုယ့်မင်း ကိုယ့်ချင်းဖြင့် နေထိုင်လာခဲ့တဲ့ လူမျိုးဖြစ်ပါတယ်၊ ၁၉၄၇ ပင်လုံ သဘောတူညီချက်အရသာ ဗမာ အပါအဝင် တခြား တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ပြည် ထောင်စု မြန်မာနိုင်ငံကို တည်ထောင်ခဲ့တာဖြစ် ပါတယ်၊ ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ဟာ တန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိရေး တို့ဖြစ် ပါတယ်၊ သို့သော်  ၁၉၄၇ ခုနှစ် မှ ၂၀၀၈ ခုနှစ်အကြား (၃) ကြိမ်တိုင်တိုင် ရေးဆွဲတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အားလုံး ဟာ  ပင်လုံစိတ်ဓါတ်နှင့် ပင်လုံ အခြေခံမူများမှ လုံးဝ သွေဖယ်သွားခဲ့တယ်။ ယခု လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံကို ချင်းအမျိုးသား ပြည်သူအားလုံး၊ အတိုက်အ ခံအင်အားစု နှင့် မြန်မာ ပြည်သူတရပ်လုံးက လက်မခံသည့်အတွက်  အစိုးရကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်က ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ ယခုလို အစိုးရ က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လမ်းဖွင့်ပေး ထားခြင်းဟာ သာယာ ၀ပြောသော ဒီမိုကရေစီ ဖက်ဒရေနိုင်ငံ တည်ဆောက် ရေးအတွက် လမ်းဖွင့်ပေးခြင်းဖြစ်ပြီး ငြိမ်းချမ်း သာ ယာဝပြောသော  ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် လမ်းစပင် ဖြစ်ပါတယ်၊

ချင်းအမျိုးသားများ လိုလားတဲ့ ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရေပြည်ထောင်စု တည် ထောင်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေး တို့ကို အခြေခံတဲ့ ပြည်ထောင် စုမြန်မာနိုင်ငံ တည်ဆောက် နိုင်ရေးအတွက်  ဒီ ချင်းအမျိုးသား ညီလာခံမှ ထွက်ပေါ်လာမဲ့ ရ လဒ်ဟာ အင်မတန်မှ အရေးကြီးပါတယ်၊  ဒီညီလာခံရလဒ်ကို ကိုင်စွဲလျက် အမျိုးသားရေး ဆိုင်ရာ အခွင့်အရေးအတွက် ချင်းပြည်သူ တရပ်လုံး တက်တက်ကြွကြွ ပါ၀င် လှုပ်ရှားသွားကြ ရန် အထူးလိုအပ်ပါ တယ်။

ချင်းမျိုးနွယ်စုများရဲ့ ပကတိဖြစ်ရှိနေမှုကို အချင်းချင်း အသိအမှတ်ပြုလေးစားလျက်  အမျိုးသား သွေးစည်း ညီညွတ်ရေးကို  ရှေ့ရှုပြီး (၄) ရက်တာ ညီလာခံအတွင်း မိမိတို့ ပါ၀င်မဲ့ အခန်းကဏ္ဍ အသီးသီးကနေ လေးလေးနက်နက်၊ တက်တက် ကြွကြွ ပါ၀င်ဆွေးနွေးစေလို ပါတယ်။  ချင်းတမျိုးသားလုံး အကျိုးစီးပွားကို မျှော်ကိုးပြီး  ချင်းမျိုးနွယ်စုများရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ ဘာသာ စကားနှင့် စာပေမပျောက် ပျက်ရေးတို့ကို အမျိုးသားတာ ၀န်တရပ်အနေဖြင့် ထိန်းသိမ်း သွားကြဖို့ လွန်စွာမှ အရေးကြီးပါတယ်၊

ယနေ့ ကျင်းပတဲ့ ချင်းအမျိုးသားညီလာခံဟာ ချင်းအမျိုးသားများ ဆက်လက် ရှင်သန်ရပ် တည်ရေးအတွက်  အမျိုးသား နိုင်ငံရေး ဘုံသဘောတူညီချက်များကို ချမှတ်ရမည့် ညီလာခံ ကြီး ဖြစ်သည်နှင့် အညီ အမျိုးသား အကျိုးစီးပွားကို ဦးထိပ်ထားပြီး ရင်းနှီးပွင့်လင်းစွာ အမြင် ချင်း ဖလှယ်ကြဖို့နဲ့ လူပုဂ္ဂိုလ် တဦး နှင့်တဦး၊ မျိုးနွယ်စုတခုနှင့်တခုအကြား ထိခိုက် နစ် နာ စေမည့် အပြောအဆို၊ အသုံးအနှုန်း၊ အပြုအမူတွေကို ရှောင်ရှားပြီး လေးလေးနက်နက် ဆွေးနွေးကြဖို့လည်း အနူးအညွတ် တိုက်တွန်း လိုပါတယ်။

နာက်ဆုံးအနေနဲ့  ဤညီလာခံကြီးကနေ အမျိုးသား သွေးစည်းညီညွတ်မှု ပိုမိုခိုင်မာလာ စေရေးနဲ့ ပြည်ထောင် စုအတွင်း  တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်  မရှိမဖြစ်လိုအပ်တဲ့ အမျိုးသား ဘုံသဘော တူညီချက်များနှင့် အခြေခံမူများကို တညီတညွတ် တည်း ချမှတ်ပြီး ချင်းအမျိုး သားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရှိတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။