(ဆောင်းပါး) တနေ့ အိန္ဒိယ နိုင်ငံ ၊မီဇိုရမ်ပြည်နယ် ထောက် လှမ်းရေးအရာရှိတဦးက ကျနော့်ကို ချင်းပြည်နယ် ၏ အချက်အ လက်များစုဆောင်း ပေးရန် တောင်း ဆိုလာခဲ့ရာမှ ယခု ဆောင်းပါးကို စာဖတ်ပရိတ် သတ်ထံ တင်ပြဖို့ ဖြစ်လာခဲ့သည်။
တနေ့ အိန္ဒိယ နိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ထောက်လှမ်းရေးအရာရှိတဦးက ကျနော့်ကို ချင်းပြည်နယ်၏ အချက်အ လက်များ စုဆောင်းပေးရန် တောင်းဆိုလာခဲ့ရာမှ ယခု ဆောင်းပါးကို စာဖတ်ပရိတ် သတ်ထံ တင်ပြဖို့ ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံအနောက်ဖက် ဒေသ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း အနောက်ဖက်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံ၏ အရှေ့ဖက်၊ အိန္ဒိယနိုင်ငံအနောက်မြောက်ဖက် မီဇိုရမ်ပြည်နယ်၏ အရှေ့ဖက်၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီနှင့် ၂၄ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃- ၃၅ ဒီဂရီ မှ ၉၄ ဒီဂရီအကြား တောင်စွယ်တောင်တန်းများဖြင့် ဖွဲ့တည်ထား သည့် ဒေသသည် ချင်းလူမျိုးများ၏ဌာနေချင်းတောင်ပင်ဖြစ် သည်။ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ထန်တ လန်မြို့နယ်၊ ဖလမ်း၊ တီး တိန်၊ တွန်းဇံ မြို့နယ် (၉) မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ချင်းတောင်သည် စတုရန်းမိုင် ၁၃၉၀၇ ကျယ်ဝန်းပြီး ဧက အား ဖြင့် ၈၉၀၀၄၅၉ ရှိသည်။ ဆိုထားသည်နှင့် အညီချင်းတောင် ကို တောင်စွယ်တောင်တန်းများ၊ မြစ်ချောင်းအင်းအိုင်များ၊ အဖိုးတန်အလှပန်းမျိုးစုံ၊ကျေးငှက်သရကာများ က သဏ္ဍာန်အလိုက် အလှဆင်ထားရာတွင် ချင်းလဲန်ကို အဓိက ထင်ဟပ်စေသည့် သဘာဝသင်္ကေတများ ကို ဖော်ပြသွားမည်။
တောင်များ
ချင်းပြည်တောင်ပိုင်းကန်ပက်လက်မြို့နယ်အော်သရောတောင်တန်းပေါ်တွင် မြန်မာနိုင်ငံ၏ တတိယအမြင့် ဆုံး တောင်ဖြစ် သည့် ခိုနူမ်းထုန်ခေါ် နတ်မ တောင် ခေါ် ၀ိတိုရိယတောင် အိပ်စက်နေသည်။ တောင်ပေါ် တွင် အဖိုးတန်တိရိစ္ဆာန် များ ကျက်စားပြီး ကျေးငှက်မျိုးစုံကျူးရစ်သံနှင့် အတူ သစ်ခွမျိုးစုံက အလှဆင်ထား သည်။ ချင်းပြည်အနောက်တောင်ဖက် ပလက်ဝမြို့နယ်တွင် သဘာဝကျောက်ကမ်းပါးများဖြင့် တည်ထား သည့် ကီမို ခေါ် ကျောက် ပန်းတောင်သည်လည်း ပျားအုံများ၊ အဖိုးတန်တောရိုင်းတိရိစ္ဆာန်များကိုနေရာ ချပေးလျက် တည်ငြိမ်စွာ လဲလျောင်း နေ သည် ကို တွေ့ရှိရမှာပါ။ချင်းပြည်မြောက်ဖက်တီးတိန်မြို့နယ် အတွင်းလေသာတောင်တန်းပေါ်တွင် ချင်းပြည်၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင် သည်လည်း ရေခဲပြင်များဖြင့် ဖြူဖွေးနေပြီး ချင်းပြည်အလှ တောင်ဇလပ်ဖြူ၊ နီများနဲ့ လှချင်တိုင်း လှနေ တော့သည်။ ခိုနူမ်းထုန်၊ ကနေဒီ၊ ကျောက်ပန်းတောင်များသည် ချင်းလူမျိုးများ၏ မြင့်မြတ်ခိုင်မြဲသော စိတ်ဓါတ်ကို ဖော် ဆောင်သည်ဟု ချင်းလူမျိုးများက ခံယူကြသည်။
ရေတံခွန်
ချင်းရိုးမသည် မိုးထိတောင်တန်းဒေသဖြစ်သောကြောင့် ချောင်းရေများ အစီးသန်သည်၊ ရေတံခွန်လည်း ပေါများ လှသည်။ ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်အတွင်း ဘုံတလာရေတံခွန်သည် ချင်းပြည်၏ သင်္ကေတကို ဖော်ကျူးနေသည်။ ဘုံတလာ ရေတံခွန်သည် ဘုံခုနှစ်ဆင့်ရှိပြီး မတူပီမြို့မှ မြောက်အရပ်သို့ လှမ်းကြည့်လိုက်လျှင် မှိုင်း ညိုညို့ တောင် အကြား ကျောက်ဆောင်မြင့်ကြီးပေါ်မှ ရေလုံးကြီးများဖြင့် စီးကျနေသည်ကို တွေ့မြင်ရမှာဖြစ်သည်။ ရေတံခွန် အနီး ကျောက်ဆောင်များပေါ်တွင်ဆေးဖက်ဝင်နတ် ဆေးဂမုန်းပင်များ ဖက်တွယ်နေသည်။ ပျားတို့ ဂေဟာ ဘုံတလာ ဟု ဆိုရလောက်အောင် ပျားအုံကြီးများကို အထပ်လိုက် တွေ့ရှိရမည်ဖြစ်သည်။ ဘုံတလာရေတံခွန်သည် ချင်းလူမျိုးများ၏ ဘဝခက်ထန်ကြမ်းတမ်းမှု ကို ထင်ဟပ်စေသည်။
ရေအိုင်များ
ပင်လယ်ရေမျက်နှာပြင်မှ ပေပေါင်း ရှစ်ထောင်အမြင့်ရှိ ချင်းတောင်တွင် အေးမြ ကြည်လင်သည့် သဘာဝ ရေအိုင် များသည် ချင်းလူမျိုးများ၏ အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသည့် ဘဝကို ဖော်ကျုးထားသည်။ ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့နယ် ရှိ အသဲနှလုံးပုံ ရိဒ် ရေအိုင်သည် (၃) စတုရန်းမိုင်ခန့်ကျယ်ဝန်းသည်။ နှုတ်သမိုင်း အရ နယ်ချဲ့တို့က ရိဒ်ရေကန်အား တူးဖော်ခဲ့ရာ ကြက်ဥလုံးခန့်ရှိ မိုးသီးများ ရွာသွန်းပြီးရေ ကန် တူး ဖော်သူများ သေဆုံးခဲ့ကြသည်ဟု သိရသည်။ ထူးဆန်းသည်မှာ သုံးရာသီစလုံး ရေပြင်များ စိမ်းစိုကြည်လင်နေခြင်းပင်ဖြစ်သည်။ ယနေ့တွင် ဒေသခံများသည် ရေအိုင်ကိုအားကိုးပြီးလယ်ယာစိုက်ပျိုး ရေး လုပ်ငန်းများဖြင့် အသက် မွေးဝမ်း ကျောင်းပြု နေကြပြီဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ်အတွင်း ဒိုင်နယ် တွင် ၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည့် သုံးနားညီ တြိဂံပုံ အွေးဂျီ တနောင်းအိုင်သည် ရှုမငြီးဘွယ် သဘာဝ ရှုခင်းများအလယ်တွင် ငြိမ်သက်စွာလဲလျောင်း အိပ်စက် နေသည်။ အိုင်ရေသည် ရေထွက်ပေါက်မရှိပဲ တနှစ်လုံးကြည်လင်နေသည်။ အိုင်ထဲတွင်အခွံ ပျောခရုကောင်များ၊ ရေဘဲ များ၊ မြွေ ကြီးများကျက်စားကြသည်။ အိုင် ငါး လုံးဝ မရှိပေ။ အိုင်ရေ တည်ငြိမ်လွန်းသော ကြောင့် လည်းကောင်း ရေ ထဲတွင် မြွေ ကြီးများအောင်းနေသောကြောင့် လည်းကောင်း ရေထဲသို့ မဆင်းရဲကြသဖြင့် ရေအနက် ခန့်မှန်းမရပေ။ ထို့ အပြင် တောတိရိစ္ဆာန်များဖြစ်သည့် ကျား၊ ၀က်ဝံ၊ မြေခွေး၊ တောဝက်၊ သမင်၊ ဂျီ၊ မျောက်အမျိုးမျိုး နှင့် ကျေးငှက်မျိုးစုံ က လည်း အိုင်ကိုအမှီပြု ကျက်စားကြသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အရှေ့မြောက်ဖက် ကန်တောင်ရွာအနီးတွင် ၁ စတုရန်းခွဲမိုင်ခန့်ကျယ်ဝန်းသည့် ကနောင်အိုင်သည်လည်း ချင်းပြည်ကို အလှဆင်လျက်ရှိသည်။မည်သို့ပင် ဆိုစေ ချင်းတောင် ဖွံ့ဖြိုးရေးနေခြည် မသန်းသေးသရွေ့ ချင်းတောင်အလှသည်လည်း အရောင် မှိန်နေအုံး မည်သာ။ ရိဒ်ရေကန်၊ အွေးဂျီထနောင်းအိုင်၊ ကနောင်အိုင်တို့သည် ချင်းလူမျိုးများ၏တည်ကြည်အေးချမ်း တတ်သော စိတ်နှလုံးကို ဖော်ဆောင်သည်ဟု ဆိုရမည်သာ။
မြစ်ချောင်းများ
ဘွိုင်နု( ကုလားတန်)မြစ်၊ မဏိပူရ်မြစ်၊ လေးမ်ရို( လေးမြို့) မြစ်များသည် ချင်းတောင်၏ ထင်ရှားသော မြစ်များဖြစ်သည်။ ကုလားတန်မြစ်သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နယ်( တီးမြစ်) မှ မြစ်ဖျားခံပြီး ပလက်ဝမြို့မှတဆင့် ရခိုင်ပြည် ဖက်သို့ စီးဝင်သွားသည်။ ယခုအခါ အိန္ဒိယ နှင့် မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး ကုလားတန်မြစ်ကို အသုံးချပြီး လမ်းပန်းဆက် သွယ်ရေး စီမံချက်အကောင်အထည် ဖော် လျက် ရှိသည်။ မဏိပူရ်မြစ်သည် အိန္ဒိယနိုင်ငံမဏိပူးရ်ပြည်နယ်မှ တဆင့် ချင်းပြည်နယ်မြောက်ပိုင်းတွန်းဇံမြို့နယ် မှသည် တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်များကို ဖြတ်သန်းကာ စစ်ကိုင်းတိုင်းထဲသို့ စီးဆင်သွားသည်။ ယခု အခါ စစ်အစိုးရက မဏိပူရ် ရေလှောင် တမံ ဖက်စုံစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။လေးမြို့မြစ် သည် မတူပီမြို့နယ် ဘုံတလာရေတံခွန်မှမြစ်ဖျားခံပြီး တောင်ဖက် ပလက်ဝ မြို့နယ်မှ တဆင့် ရခိုင်ပြည် နယ်သို့ စီးဆင်းသွားသည်။ အစိုးရက လေးမြို့ ရေအားလျှပ်စစ်စီမံကိန်းကိုအကောင်အထည်ဖော်နေသည်။
တောင်ဇလပ်ပန်း
ချင်းတောင်၊ ချင်းလူမျိုးနှင့် ပါတ်သက်လာလျှင် တောင်ဇလပ်ပန်းသည် မရှိမဖြစ်ပေ။အဖိုးတန်ပန်းမျိုးစုံဖူး ပွင့်သည့် ချင်း တောင်တွင် တောင်ဇလပ်ပန်းသည် ချင်းတောင်၏ ဌာနေပန်း၊ တော်ဝင် ပန်း ဟုလည်း ခေါ်ဆိုရပါမည်။ ချင်းတောင် တနံတ လျားတွင် ဇလပ်ဖြူ၊ နီများကို တွေ့ရှိရမည်ဖြစ်သည်။ချင်းလူမျိုးများ သည် ရှေးဖိုး ဖွားခေတ်ကတည်းက တောလိုက်ခြင်းကို၀ါသနာပါသူများဖြစ်ကြသည်။တောကောင်ရလာ သူများ အား တောင်ဇလပ်ပန်းများဖြင့် လက်ကမ်း ကြို ဆိုပြီး ဂုုုုုုုုုုုုုုုုဏ်ပြု လေ့ရှိကြသည်။ ဇလပ်ဖြူသည် ဖြူစင်ခြင်း၊ သန့် ရှင်းခြင်း။ ဇလပ်နီ သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်းကို ဖော်ဆောင်သည်။
အောက်ချင်းငှက်
ချင်းတောင်တွင် ဂီတအလှ ဖော်ကျူးနေသည့် ကျေးငှက်မျိုးစုံရှိသည့် အနက် အောက်ချင်းငှက်သည် ချင်းလူမျိုး၊ ချင်းတောင်၏ ဌာနေငှက်ဖြစ်သည့် အပြင် ချင်းလူမျိုးများ၏ ရိုးသားမှူ၊ သစ္စာရှိမှူကိုသက်သေ ထူပေးသည့် ငှက်ဟု လည်း ဆိုရပါမည်။ ချင်းတောင်ရှိ ကျေးငှက်များ၏ သခင် ဟုလည်း ဆိုနိုင်သည်။ ရှေးယခင်က နေရာအနှံ့ အုပ်စုလိုက်နေ ထိုင်ကျက်စား လေ့ရှိ သော်လည်း ယခုအခါ မျိုးပြုန်းလုနီးပါးဖြစ် နေပြီ၊ ယနေ့တွင် အောက်ချင်းငှက်ကို အွေးဂျီထ နောင်း အိုင်၊ ကျောက်ပန်းတောင်တဝိုက်တွင် သာ အုပ်စု လိုက်တွေ့မြင်နိုင်တော့မည်ဖြစ်သည်။ အောက်ချင်းမသည် အစာရှာ ထွက်သည့်အောက်ချင်း ငှက်ဖိုပြန်မ လာမချင်း သစ္စာရှိစွာ အသေခံ စောင့်မျှော်သည်ဟူသော အဆိုရှိ သည်။ချင်းအမျိုးသားတပ်ဦး ခေါ် ချင်း လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းကလည်း အောက်ချင်းငှက်ကို သတ်ပစ်သူ ပြင်းထန်စွာ အရေးယူရန် ချမှတ်ထားသည်။
နွားနောက်
ချင်းလူမျိုးများသည်နွားနောက်ကို အင်မတန်တန်ဖိုးထားကြသည်။ လူပြီးယင်နွားနောက်ဟူသောနွားနောက် အပေါ်တန်ဖိုး ထားမှု ဆိုရိုးများရှိခဲ့သည်။ ချင်းတို့၏ ဓလေ့ထုံးတမ်း ယစ်ပူဇော်ပွဲများ၊သက်ကြီးကန်တောပွဲ များ၊ ထိမ်းမြားမင်္ဂလာပွဲများ၊ လူမှုရေးပြသာနာများတွင် နွားနောက်မပါ ယင်မပြီးပေ၊တောင်ပိုင်းချင်းဒေသခံ လူကြီးများအဆိုအရ နွားနောက်သည် မင်းတပ်မြို့နယ် ဝေလောင်းရွာအနီး အွတ်လောင်းအိုင်တွင်စတင်တွေ့ ရှိရပြီး မတူပီမြို့နယ် ဝေတူးရွာ ဆဲလ်လေးလုံ အရပ်တွင် ကျက်စားခဲ့ကြသည်ဟု သိရ သည်။နွားနောက် သည် အငန်ကို ကြိုက်သည်။ ဆင်းရဲသည့် ချင်းတောသူ တောင်သားများအတွက် နွားနောက်မွေးမြူခြင်း သည် အထိရောက်ဆုံး၊ လက်တွေ့အကျဆုံးလည်းဖြစ်သည်။ နွားနောက်တ ကောင်အတွက် တနှစ်လျှင် ဆား တပိသာ လောက်သာ အရင်းအနှီးစိုက်ထုတ်ရသည်။
ကြွန်ဘိခ်၊ခိုင်ကမ်း၊ ၀မ္မတူးမောင်းတို့နှင့် ချင်းသူရဲကောင်းများ မွေးထုတ်ပေးခဲ့သော အမိချင်းလဲန်၏သဘာဝ အလှ များ ဆက်လက်ထိန်းသိမ်းဖို့ရန် ချင်းမျိုးဆက်သစ်များတွင် တာဝန်ရှိကြောင်း အရှေ့ နေဝန်းမနက် ရောင်ခြည်ဦး နှင့် အတူ စိန်ခေါ်ခေါင်းလောင်း မြည်နေသည်။