ဆောင်းနှင်းတွေ ဖွေးလာရင် ချင်းတောင်တခွင်လုံး တောင်ဇလပ်ပန်းနီ ပွင့်ဖတ်ကြီးတွေက အလှချယ်မြန်းထားသလို ပန်ချယ်ရီ တွေက လည်း အလှဆင် မြန်းထားတတ်ကြတယ်၊ ပန်းချီဆရာတွေက အလှချယ်ထား ...
ဆောင်းနှင်းတွေ ဖွေးလာရင် ချင်းတောင်တခွင်လုံး တောင်ဇလပ်ပန်းနီ ပွင့်ဖတ်ကြီးတွေက အလှချယ်မြန်းထားသလို ပန်ချယ်ရီ တွေက လည်း အလှဆင် မြန်းထားတတ်ကြတယ်၊ ပန်းချီဆရာတွေက အလှချယ်ထားတာ မဟုတ်ပဲ သဘာဝက အလှဆုံး မွန်းချယ်ပေးထား တာပါ။ လေအလာမှာ ထင်းရှူးရနံ့တွေ ချင်းတောင်တခွင်လုံး သင်းနေတတ်စမြဲပါ။
မတ်စောက်လွန်းတဲ့ ကျောက်ကပ်ပါးတွေဟာ ပြည်ပရန်တွေ ၀င်မလာနိုင်အောင် ချင်းပြည်ကို ကာဆီးပေးထားပါတယ်။ ရန်သူဝင်လာပြီ ဆိုရင် အရှေဖက် ကင်းသမား(မျောက်)တွေက အသံပေးသွားတတ်တယ်၊ အနောက်ဖက် ကင်းသမား (မျောက်လွဲကျော်)ကလည်း တပ် လှန်.သွားတတ်ပါတယ်၊ ချင်းတောင် တနံတလျားကို အောက်ချင်ငှက်တွေက အတောင်ပံ ဖြန်.ကျက်ပြီး ကင်းလှည့် နေတတ်ပါတယ်။
ယနေ.ချင်းတောင်ရဲ့ သဘာဝအလှ ဆိပ်သုန်းလုနီးပါး ဖြစ်နေပါပြီ၊ ဌါနေကျန် ချင်းလူမျိူးတွေရဲ့ ရိုးစင်းတဲ့ အနေအထိုင် အဖြူရောင် စိတ်ဓါတ်တွေဟာ အရောင် အမျိူးမျိူး စွန်းထင်းသွားပြီ၊ တချိန်က ယာမီးခိုးဟာ စိုက်သီးနှံတွေအတွက် ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ဘိန်းပင် တွေအတွက် ဖြစ်နေခဲ့ရပါပကောလား။
တချိန်က စိမ်းစိုနေတဲ့ သီးနှံစိုက်ခင်းတွေဟာ ယခုအခါ ဘိန်းစိုက် ခင်းတွေ ကလွှမ်းမိုး အုပ်စိုးလာနေပါပြီ။ ဒီလိုဖြစ်လာတာဟာ ချင်းပြည် သူတွေက ဖန်တီးထားတာမဟုတ်ပဲ နအဖစစ် အစိုးရ နှင့် တဖက် အိန္ဒိယနိုင်ငံလူမျိူး စုလက်နက်ကိုင် အုပ်စုတို့ ပူးပေါင်းပြီး ချင်းပြည်နယ် အထက်ပိုင်းတွန်းဇံမြို့နယ်ခွဲမှာဘိန်းပင်တွေစိုက်ပျိူးနေကြတာပါ။
ငွေများတရားနိုင်ဆိုသလို ချင်းလူမျိူးတွေရဲ့ လူမှုဘဝတွေကို ငွေစက္ကူက တဖြည်းဖြည်းအနိုင်ပိုင်းလိုက်ပါပြီ၊ တချိန်က ချင်းပျိူဖြူတွေရဲ့ အောက်ချင်းငှက်သစ္စာကို ငွေစက္ကူက ဖျက်ဆီးလုနေပါပြီ။
လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်ကတည်းက စတင်စိုက်ပျိူးလာခဲ့ကြတဲ့ အဲဒီဘိန်းပင်တွေဟာ ယခုလက်ရှိမှာ ဧကပေါင်း ၁၀ဝဝ ကျော်ခန့်ရှိနေပြီဟု ကိုယ်တိုင်သွား ရောက်လေ့လာခဲ့တဲ့သူတွေကပြောပါဆိုနေကြပါတယ်။
ဘိန်းပင်တွေကို အဓိကစိုက်ပျိူးကြတဲ့နေရာတွေကတော့ တွန်းဇံမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ singpial(ရှင်းပီလိုင်)၊ zunglawn (ဇုံးလောင်း)၊ Phaisat(ဖိုင်ဆပ်)၊ suanghawih စတဲ့ကျေးရွာတွေအပြင် အခြားစိုက်ပျိူးတဲ့ကျေးရွာ များလည်းအများအပြား ရှိနေတယ်လို.သူတို့ကဆက်ပြောပါတယ်။
အိန္ဒိယခွဲထွက်ရေးကသည်းသူပုန်တွေဟာ အဲဒီကျေးရွာအနီးအနားတွေမှာ စခန်းတွေကျထားပြီး သူတို.ရဲ.ဘိန်းစိုက်ခင်းတွေကိုကြည့် ကြပ်ကွက်ကဲ မှုတွေ ပြုလုပ်နေကြပါ တယ်။ ဒေသခံချင်းပြည်သူတွေကလည်း တနေ.ထက်တနေ.စားဝတ်နေရေးကြပ်တည်း လာနေသည့် ပြသနာကြောင့် သူ.တို.ရဲ့ရိုးသားဖြူစင်တဲ့နှလုံးသားတွေက လည်းအရောင်အမျိူးမျိူးစွန်းထင်လာခဲ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အငတ်ဘေးတွင်းထဲမှာရုန်းကန်နေကြတဲ့ချင်းပြည်သူကို ငွေကြေးတွေနဲ.မြူဆွယ်ပြီး ကောင်းမွန်တဲ့နေ.စားလုပ် အားခတွေပေးပြီး ချင်းပြည်သူတွေအတွက် အဆိပ်ပင်ဖြစ်လာမည့်ဘိန်းပင်တွေကို သူတို.ကိုယ်တိုင်စိုက်ပျိူးခိုင်းခဲ့ကြပါတယ်။
“တောင်ယာလုပ်မည့်နေရာတချိူ.မှာလည်းဘိန်းစိုက်တဲ့အခါကြတော့ တောင်ယာကိုသိပ်မလုပ်ဖြစ်တော့ဘူး ဘိန်းလုပ်ငန်းကိုဘဲလုပ် ကိုကြတယ် အမြဲ တမ်းနေ.စားနဲ.လုပ်နိုင်တော့ သူတို.ကိုသူတို.ဟုတ်လှတယ်လို.ထင်နေတာပေါ့ ၃နာရီ ၄ နာရီကြာလောက်ဘိ်န်းခင်းမှာ အလုပ်လုပ်ရင် ၁၅၀၀၊ ၂၀၀၀ ရတဲ့အခါကျတော့သူတို.တော်တော်ပျော်နေတယ်ပေါ့ ဒီလုပ်ငန်းလုပ်ရတဲ့အတွက်တော် တော်များများ စားဝတ်နေရေးဖြေလည်တဲ့သူရှိတာပေါ့လေ” ဟု ကိုယ်တိုင်သွားရောက်လေ့လာသူတစ်ဦးကပြောပါတယ်။
အခုလိုကိုယ်တိုင်ကိုယ်ကျဘိန်းပင်တွေကိုစိုက်ပျိူးနေရသည့်အတွက်ဒေသခံချင်းပြည်သူလူငယ်လေးတွေဟာ ဘိန်းအစိမ်းများကို စားသုံး တတ်လာပြီး တဖြည်းဖြည်းနဲ. ဘိန်းစွဲသူ များပြားလာနေသောကြောင့် အနာဂတ်အတွက်အလွန်စိုးရိမ်စရာဖြစ်နေတယ်ဟုသူက ဆက်ပြော ပါတယ်။
“ရင်နာစရာဘဲ တကယ့်ရင်နာစရာဘဲ ဘိန်းစိမ်တွေကို sialthawzangကနေ တိန်းတိန်မြို.နယ် dimzangကနေတချိူ.သယ်လာ တယ် ကလေးမြို.နယ်တ ၀ိုက်မှာ လည်းပြန်.တာရှိတယ် dimzang ကလူငယ်တွေဆိုရင် ဘိန်းစွဲပြီးမှကြည့်မကောင်းသည့်အဆင့်အထိ လူငယ် တွေပြုမူနေပြီပေါ့လေ လူငယ်ယော ကျာ်းလေးတော်တော် များများပိန်ချူံးပြီးမှအိမ်ထဲမှာဘဲကုပ်နေရတဲ့အဆင့်ဖြစ်နေပြီ ဒါတောင် ဘိန်းခင်းတွေစိုက်ပျိူးတဲ့နေရာမဟုတ်သေးဘူး ဘိန်းတွေကို သယ်ယူဖောက်ကားနေတဲ့ လမ်းပေါ့”သူကဆက်ပြောပါတယ်။
ယခုလို နအဖစစ်အစိုးရမှ ကသည်းသူပုန်တွေကို ချင်းပြည်နယ်ဘက်တွင် နေထိုင်ခိုလုံခွင့်ပေးတဲ့ အတွက်ကြောင့် ချင်းလူမျိူးတွေ အတွက်အစစအ ရာရာဆိုးရွားလာနိုင်ဖွယ် သာရှိတယ်လို့သူကပြောပါတယ်။
ခိုနူမ်းထုန်သတင်းဌါနမှ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထုတ်လွင့်ခဲ့ပြီးသော ဆောင်းပါးကို ပြန်လည်ထုတ်လွှင့်ပေးခြင်းဖြစ်သည်။