ကရင်နီပြည်ဘာကြောင့် ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခများ ဆက်ရှိနေရတာလဲ…?

ကရင်နီပြည်ဘာကြောင့် ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခများ ဆက်ရှိနေရတာလဲ…?
by -
ကန္တာရဝတီတိုင်း(မ်)

သစ်ထုတ်လုပ်ငန်း၊ ရွာသစ်ရေကာတာစီမံကိန်း၊ မော်ချီးခဲ သတ္တုမိုင်းနှင့် လောပီတရေအားလျှပ်စစ် စီမံကိန်း တွေဟာ မြန်မာနိုုင်ငံက အသေးငယ်ဆုံုးပြည်နယ်တပြည်နယ်ဖြစ်တဲ့ ကရင်နီ(ကယား) ပြည်နယ်မှာ ထင်ရှားတဲ့ စီမံကိန်းကြီးတွေဖြစ်ပါတယ်။

ဒါပေမဲ့ ကရင်နီပြည်နယ်မှာထွက်တဲ့ သယံဇာတအရင်းအမြစ််တွေကို ကရင်နီပြည်သူများမှ အကျိုးခံစားခွင့် မရရှိတဲ့အပြင် ယင်းကိစ္စနဲ့ပတ်သက်ဆက်စပ်နေတဲ့ ပဋိပက္ခ ပြဿနာများကိုသာ ခံစားနေကြရတယ်လိုု့ စောင့်ကြည့်လေ့လာ သူများက ထောက်ပြကြပါတယ်။

“ဧရာမကြီးမားတဲ့ စီမံကိန်းတွေ ကြီးလုပ်တဲ့ ကြီးကျယ်တဲ့သစ်ထုတ်လုပ်ငန်းတွေက တကယ့်ပြည်သူလူထုတွေ ခံစားရတာမဟုတ်ဘူး။ ကုမ္မဏီတွေပဲ ခံစားရတယ်။ အဲဒီတော့ ဒီကိစ္စတွေကို မလုပ်သင့်သေးဘူးလို့ ကျနော် ထင်တယ်။ နောက်ပြီး ကယားပြည်နယ်မှာ မီးလင်းဖို့လိုအပ်တယ်”လိုု့ လွတ်လပ်သော မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုုင်ကဆော့မွန်ကပြောပါတယ်။

တိုင်းရင်းသား လူမျိုးစုများနေ ထိုုင်တဲ့ ဒေသတွေမှာ နိုင်ငံဘဏ္ဍာငွေ အတွက် စွမ်းအင်အမြောက်အများကို ထုတ်လုပ်တင်ပို့နေပေ မဲ့လည်း ဒေသခံပြည်သူများ မှာခံစားခွင့်မရှိဘဲ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခတွေနဲ့ လုံုးထွေးနေကြရတယ် လိုု့ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့က ထောက်ပြထားပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့ စီးပွားရေးအခြေအနေ” ခေါင်းစဉ်နဲ့ ရေးသားပြုစုုထားတဲ့ အစီရင်ခံစာကိုု အောက်တိုုဘာလ ၂၈ရက်နေ့က ရန်ကုုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုုပ်ပြီးထုုတ်ဝေခဲ့တာပါ။

မြန်မာပြည်သူ ရ၄%မှာ မဟာဓာတ် အားကြိုးလိုင်းနဲ့ ဆက်သွယ်၍ လျှပ်စစ်ရရှိနိုင်ခြင်းမရှိကြဘဲ ၂၆%သော ပြည်သူများမှာ လျှပ်စစ်မီးပုံမှန် မရရှိကြောင်း အစိုးရပိုင်မြန်မာ့အလင်းသတင်းစာကိုကိုးကားပြီး အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

သဘာဝသယံဇာတတွေဟာ များသောအားဖြင့် ကရင်နီတိုုင်းရင်းသားတွေနေထိုုင်တဲ့ ပြည်နယ်ဒေသတွေမှာ အထွက်များပါတယ်။ ဒါပေမဲ့ သယံဇာတတွေကိုုအခြေခံပြီး စီမံကိန်း လုပ်ဆောင်ချက်ရဲ့ အကျိုးအမြတ်ကို ဒေသခံတိုင်းရင်းသားတွေ ခံစားခွင့်မရှိဘူးလိုု့ နိုင်ငံတကာ မြန်မာ့သတင်း ဖွံ့ဖြိုးရေး တာဝန်ခံ မနန်းဖောဂေ ကပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ တိုုင်းရင်းသားသတင်းဌာနအများစုုနဲ့ ဖွဲ့စည်းတည် ထောင်ထားတဲ့ နိုုင်ငံတကာမြန်မာ့သတင်းအဖွဲ့(BNI)ရဲ့ အစီအစဉ်ခုုဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ထုုတ်တဲ့ လောပိတရေအားလျှပ်စစ်ကနေ ကယားပြည်နယ်အတွင်းမှာ မီးမလင်းပဲနဲ့ တခြားဒေသမှာ မီးလင်းနေတယ်ဆိုုတာဟာ တရားမျှတမှုမရှိတဲ့ လုုပ်ရပ်တွေကိုုပြသနေတာဖြစ်တယ်လိုု့ နိုုင်ကဆော့မွန်ကပြောပါတယ်။

“ဒီအပစ်ခတ်ရပ်စဲရေး ကာလမှာ တိုင်းရင်းသားပြည်သူလူထုတွေကို တော်တော်လေး နစ်နာတယ်။ ဥပမာ- တကယ်လို့များ သံလွင်မြစ်ပေါ်မှာ ဆည်ကြီးတွေ တည်ဆောက်ခဲ့မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ ကရင်လူမျိုး တွေ၊ ကရင်နီ(ကယား) လူမျိုးများတွေနဲ့ ရှမ်းလူမျိုးတွေကို ထိခို်က်စေတယ်”

တိုင်းရင်းသားဒေသမှာရှိတဲ့ သဘာဝသယံဇာတအရင်းအမြစ်များကို ပြည်နယ်တွင်းရှိ မှီတင်းနေထိုင်တဲ့ ဒေသခံတွေလည်း ခံစားခွင့်တွေရှိလာနိုုင်အောင် လက်ရှိဖွဲ့စည့်ပုံအခြေခံဥပဒေအတွင်း အုပ်ချုပ်ရေးစနစ် တိုးတက်ကောင်းမွန်စေရန်အတွက် အလျင်အမြန် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာစေရန်နဲ့ အားနည်းချိ နဲ့နေပြီး မထိရောက်မထက်မြက်တဲ့ စနစ်များကို တိုးတက်စေရန်ကနေ ဦးဆောင်ပြီးလုပ်ဆောင်ရမှာဖြစ် တယ်လိုု့ အစီရင်ခံစာကဆိုုပါတယ်။

“ဒီဟာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပထမဆုံး ကရင်နီပြည်နယ်က ဘာပဲထုတ်ထုတ် ကရင်နီလူထုတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့မှုဝါဒမျိုးကို သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေက ချမှတ်ဖို့လိုပါတယ်။ နောက်တစ်ခုက ဒီလိုမျိုး ချမှတ််တဲ့ နေရာမှာ အမျိုးသမီးတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေရဲ့ အသံတွေ ပါဝင်ပတ်သက်ပြောဆိုခွင့်တွေ ဆုံးဖြတ်ပိုင်ခွင့်တွေ နည်းနည်းနေရာပေးဖို့လိုတယ်” လို့ မြန်မာနိုုင်ငံ ရွှေဂက် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဦးဝင်းအောင်က ပြောပါတယ်။

၂၀၁၃ခုနှစ် သြဂုတ်လ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ တင်ပြထားတဲ့ ကိန်းဂဏန်းများအရ နိုင်ငံ ၃၂ခုမှ နို်င်ငံခြားရင်းနှီးမြုပ်နှံမှုများမှာ အဓိကကဏ္ဍကြီး ၄-ခုဖြစ်တဲ့ စွမ်းအင်၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းတူးဖော်ရေးနဲ့ လူသုံးကုန်ထုတ်လုပ်တဲ့ ကဏ္ဍများဖြစ်ပါတယ်။ ထိုတွေ့ရှိချက်အရ တဝက်ကျော်မှာ သဘာဝ သယံဇာတ ထုတ်လုပ်မှုများ ဖြစ်နေတယ်လို့ အစီရင်ခံစာကဆိုုပါတယ်။

တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သယံဇာတရင်းမြစ်တွေကို ဒေသခံတိုုင်းရင်းသားတွေ ပိုင်ဆိုင်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့် မရှိတဲ့အတွက် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခများနဲ့ ဖွံ့ဖြိုးမှု နှေးကွေးနောက်ကျခြင်းများဖြစ် တယ်လိုု့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (Myanmar Peace Monitor)မှ အစီရင်ခံစာမှာရေးသားထားပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ ့ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာတာက လက်ရှိ မြန်မာ့နိုင်ငံရေးကို အဟန့်အတားမဖြစ်စေချင်တာမို့ ဖြစ်ပေါ်မှုတွေကို လေ့လာတွေ့ရှိထားတာတွေ ဖော်ထုတ်တင်ပြလိုတဲ့ သဘောပါ။ ဒီအစီရင်ခံစာက အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အကျိုးရှိအောင် စီးပွားရေးလုပ်ငန်းစဉ်ကို အဖက်ဖက်က အကျိုးရှိရှိ လုပ်ဆောင်သွားတာမျိုး ဖြစ်စေချင်ပါတယ်”လိုု့ နိုင်ငံ တကာ မြန်မာ့သတင်း ဖွံ့ဖြိုးရေး တာဝန်ခံ မနန်းဖောဂေကပြောသွားပါတယ်။

Most read this week