မိုင်းလားတပ်ဖွဲ့နှင့် UPWC ဆွေးနွေးပွဲ ထုတ်ပြန်ချက်

မိုင်းလားတပ်ဖွဲ့နှင့် UPWC ဆွေးနွေးပွဲ ထုတ်ပြန်ချက်
by -
ရွှေဟင်္သာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ (UPWC) ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့သည် ပြီးခဲ့သည့် မတ် လ (၂၁) ရက်နေ့တွင် အမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) သို့ ရောက်ရှိ ခဲ့ပြီး မတ်လ (၂၂) ရက်နေ့ တွင် ၀ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့သို့ ရောက်ရှိခဲ့ပါသည်။

အမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) သည်လည်း အထူးဒေသ (၄)  အဖြစ်သတ်မှတ် ထား ရာမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ်  အစိုးရကို တောင်းဆို သွားမည်ဟု   မိုင်းလား တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးဆန်းပေက ထုတ်ဖေါ် ပြောကြားပြီး နောက်ပိုင်း UPWC အဖွဲ့ ခရီးစဉ် ဖြစ်ပေါ် လာခဲ့ပါသည်။

ယင်းခရီး စဉ်သည်  တပြည်လုံး အပစ်ခတ်ရပ်စဲ ရေး လက်မှတ်ရေး ထိုးရေးနှင့်  ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး ခဲ့ပါ သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲမှ စစ်သည်အင်အား အများဆုံး ဖြစ်သည့် ၀ တပ်ဖွဲ့သည် လက်ရှိ ၌ ကိုယ် ပိုင်အုပ်ချုပ် ခွင့်ရ ဒေသသတ်မှတ် ပေးထား သော်လည်း ပြည်နယ် အဆင့် တိုးမြှင့်ပေး ရန် တောင်းဆိုနေ ပါ သည်။

သို့သော် UPWC နှင့် မိုင်းလားအဖွဲ့ တွေ့ဆုံရာတွင် ယင်းကိစ္စ ဆွေးနွေးခြင်း ရှိမရှိ မသိရသေး သော်လည်း  တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးရေး ကိစ္စနှင့် နိုင်ငံရေးအရ ဆွေးနွေးရေး ကိစ္စကိုသာ ဆွေးနွေးခဲ့ သည် ဟု အောက်ပါ အတိုင်း ထုတ်ပြန် ခဲ့ပြန်ပါသည်။

ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် မိုင်းလား အထူးဒေသ(၄) ကြေညာချက်

၁။ ယခင် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များမှ သဘော တူညီချက်များ အား နှစ်ဖက်လုံး မှဆက်လက် အလေးထား လိုက် နာ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်။

၂။ ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲထားစဉ် ကာလအတွင်း မိုင်းလား အထူး ဒေသ(၄)၏ နယ်မြေဒေသ တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အ တွက် နိုင်ငံ တော်နှင့် မိုင်းလား အထူး ဒေသ(၄)တို့၏ ပူးပေါင်း ဆောင်ရွက် နေမှု များ အား အသိ အမှတ်ပြုပြီး ဆက်လက်၍ ပိုမိုမြှင့်တင် အကောင် အ ထည်ဖော် ဆောင်ရွက် သွားကြရန် သဘော တူ သည်။

၃။ နိုင်ငံတော်မှ ပြည်ထောင် စုငြိမ်းချမ်း ရေးဖော်ဆောင် ရေးဗဟို ကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော် ဆောင် ရေးလုပ်ငန်း ကော်မတီ များဖွဲ့စည်း၍ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ အစည်း အသီးသီးနှင့် တွေ့ဆုံ ညှိနှိုင်း ဆွေး နွေးမှုများ၏ ရလဒ်များ ကြောင့် တစ်နိုင်ငံ လုံးအတိုင်း အတာဖြင့် ပစ်ခတ် တိုက် ခိုက် မှုများ လျှော့ချနိုင် ခဲ့ခြင်း အပေါ် နှစ်ဖက်လုံးမှ အသိ အမှတ်ပြု သည်။

 ၄။ ဆက်လက်၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ်များ ရပ်စဲပြီး ထာ ဝရ ငြိမ်းချမ်းရေး ဖော်ဆောင် နိုင် ရေး အတွက် နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပကာ ခိုင်မာသော သဘော တူညီချက် များ ရ ရှိအောင် ညှိနှိုင်း ဆွေးနွေး အကောင် အထည်ဖော် ဆောင်ရွက် သွားရန် လိုအပ် သည်ဟု ခံယူသည်။

၅။ နိုင်ငံ တော်တွင် ပစ်ခတ် တိုက်ခိုက်မှု များရပ်စဲခြင်း ကို ဆောင်ရွက် ပြီးလျှင် နှစ်ကာ လရှည်ကြာစွာ လက်နက် ကိုင် ပဋိ ပက္ခများ ၏ အကျိုးဆက် များကြောင့် အဘက် ဘက်မှဖွံ့ဖြိုး မှုနောက် ကျကျန် ခဲ့ပြီး လူမှုရေး ဒုက္ခ အမျိုးမျိုး ခံစား နေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ၏ လူမှု ဘဝအခြေ အနေများ ကို ပြန်လည်မြှင့် တင်တည် ဆောက် ရမည်ဖြစ် သည်။

ထိုသို့မြှင့် တင်နိုင် ရေးကို နိုင်ငံတော် အစိုးရ၊ ဒေသခံ တိုင်းရင်း သားခေါင်း ဆောင်များ၊ တိုင်းရင်း သားအ ဖွဲ့အစည်း များနှင့် ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်း အသီးသီး တို့၏ အားပေး ကူညီပံ့ပိုး မှုများဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင် ရွက်ကြရ မည်ဟုခံ ယူသည်။

 ၆။ ထိုသို့ ဆောင်ရွက်နေ စဉ်ကာလ အတွင်း တစ်ဦးနှင့် တစ်ဦး၊ တစ် ဖက် နှင့်တစ်ဖက် နားလည်မှု၊ ယုံကြည် မှုများ ကို ပိုမိုတည် ဆောက်ကာ ထာဝရ ငြိမ်း ချမ်း ရေးဖော် ဆောင်နိုင် ရေး အတွက် နိုင်ငံရေး အရဆွေးနွေးမှု များ ဆက် လက်ပြု လုပ်ရမည် ဟုခံယူသည်။

၇။ နိုင်ငံ တော်၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုး တက်မှုနှင့် အမျိုးသားပြန် လည်စည်း လုံးမှု ရေရှည်ဖြစ် ထွန်း ပေါ် ပေါက် လာစေရန် အတွက် နိုင် ငံရေး ဆွေးနွေး သည့် နည်း လမ်းဖြင့် ဆောင်ရွက်မှ သာလျှင် ရရှိမည်ဟု နှစ်ဖက်လုံးမှ ယုံကြည်ခံ ယူသည်။