တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ဗျူဟာ (၂) လက်အောက်ခံ တပ်ရင်း (၅၂၇) တပ်ဖွဲ့ များသည် အစိုးရ တပ်မ (၇၇) စစ်ကြောင်း များနှင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် ပါလိုင်(ပါလင်)နှင့် ဖာဖင့်(ဖာဖိုင့်) ကျေးရွာကြားတွင် မတ်လ ၂ ရက်နေ့ မနက် (၈း၁၅) နာရီ အချိန် တွင် နာရီဝက် ကျော်ကြာ တိုက်ပွဲ ဖြစ် ပွားခဲ့ သည်ဟု TNLA ပြန်ကြားရေး က ဆိုပါသည်။
ထိခိုက် ကျဆုံးမှု အခြေ အနေများ မသိရသေးပေ။ တပ်မ (၇၇) စစ်ကြောင်း များသည် ပြီးခဲ့သည့် ဖေဖေါ်ဝါ ရီလဆန်းကပင် ပလောင်ဒေသ သို့ ရောက်ရှိ စစ်ဆင်နေခြင်း ဖြစ်ပါသည်။ ၄င်းတို့ရောက်ရှိပြီး နောက်ပိုင်း ဖြစ်ပွားခဲ့ သော တိုက်ပွဲ များတွင် အထိနာ ခဲ့သဖြင့် ကျေးရွာနှင့် လူထုများ အပေါ် ရန်လိုမှု ဖြင့် လူ့အခွင့်အရေး များ ကျူးလွန်နေပါသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ မနက်(၁၀)ခန့်တွင် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ် ရှိ ပန်းဖြတ် ကျေးရွာ ထဲသို့ လက်နက်ကြီး ပစ်သွင်းသဖြင့် ကျေးရွာအတွင်းရေးမှူး တာကျော်လူ သေဆုံးပြီး အရပ်သား (၃)ဦး ဒါဏ်ရာ ရခဲ့သည်။ ထို့အပြင် ဖေဖော်ဝါ ရီလ ၂၈ရက် နေ့တွင်လည်း မိုးမိတ်မြို့နယ်၊ နမ့်လန် ကျေးရွာ အလှူပွဲမှ ပြန်လာကြသည့် မိုးနွဲ့ကျေးရွာသားများအား လမ်းခုလပ်တွင် ခေါ်ယူစစ်ဆေး ရာဆဲဆို ကြိမ်းမောင်း ခံရသည့် အပြင်ရွာသား များထံမှ တယ်လီဖုန်း (၅)လုံး မတရားသိမ်းယူ ခဲ့သည်။
အစိုးရ တပ်များသည် TNLA တပ်များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပြီး ထိခိုက်မှု များလာနေ သဖြင့် ၄င်းတို့ပူး ပေါင်း တပ်စစ်ဆင် ရေးတွင် တပ်ဖွဲ့အချင်းချင်း စကားများ ခဲ့ကြရာက ပြီးခဲ့သည့် ဖေဖေါ် ၀ါရီ (၂၈) ရက်နေ့တွင် အချင်းချင်း ပစ်ခတ် ခဲ့ကြ ပါသည်။
ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ နမ့်လန်မြို့ အခြေချမှ အမှတ် (၅၀၅) တပ်ရင်းမှ တပ်ခွဲ များ သည် နမ့်ဆန်မြို့နယ် ရူမန်း(ဟူးမန်း)ကျေးရွာမှ ဆာမ်ငါမ် ကျေး ရွာ သို့သွားရန် အတွက် ရှေ့ထွက်ပွိုင့် အဖွဲ့ကို ရွေးချယ် ကြရာတွင်တပ်ခွဲ တခုနှင့်တခု အငြင်းပွားရာက မနက် (၈) နာ ရီခွဲ အချိန်တွင် အချင်းချင်း ပစ်ခတ် ခဲ့ကြ ပါသည်။
ယင်းပစ်ခတ် မှုတွင် တပ်သား (၃) ဦး ပြင်းထန်စွာ ဒါဏ်ရာ ရှိခဲ့သည်ဟု TNLA တို့က ဆိုပါသည်။ သို့သော် ၄င်းတို့ အား နမ့်ဆန် ဆေးရုံသို့ပို့ဆောင်ရာ တွင် တဦး မှာ ပါင်အလောတ် ကျေးရွာ အရောက်တွင် သေဆုံးပြီး တဦးမှာနမ့် ဆန် ဆေးရုံ၌ သေဆုံး သွားခဲ့ပါသည်။ကျန်တဦး ကိုမူ ဆေးကု သရန်အတွက် မည် သည့် နေရာကို ခေါ်ဆောင်သွား ကြောင်း မသိရတော့ပေ။
အခင်းဖြစ် ပွားစဉ် စစ်ကြောင်း မှူးများသည် အချင်းချင်း ပစ်ခတ်၍ ဒါဏ်ရာရ သည် ကို မသိစေ လိုသဖြင့် အရပ် (၄) မျက်နှာ တောတန်းသို့ လက်နက် ကြီးများ ပစ်ခတ် ပြီး တိုက်ပွဲ ဖြစ် ဟန်ဆောင် သွားခဲ့ ပါသည်။ ဤ ကဲ့သို့သော ဖြစ် စဉ်မျိုး အစိုးရတပ် စစ်ကြောင်း များတွင် မကြာခဏ ဖြစ် ပွား တတ်သည်ဟု TNLA တို့က ဆိုပါသည်။
TNLA ဒေသတွင် ရှမ်းပြည် မြောက်ပိုင်း လာရှိုး အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်း တပ်ဖွဲ့များအပါ ၀င် အမှတ် (၁) နှင့် အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်များ က အမြဲတမ်း လှုပ်ရှားနေ ကြပါသည်။ ထို့အပြင် ယခု ရက်ပိုင်းများ အတွင်း တွင်လည်း ပဲခူးအခြေ စိုက်တပ်မ (၇၇) စစ်ကြောင်း များနှင့် မကွေး အခြေစိုက် တပ်မ (၈၈) စစ်ကြောင်း များပါ ထပ်မံဝင်ရောက် လှုပ်ရှားလာနေ သည်ဟု ဆိုပါသည်။
PSLF/TNLA နှင့် အစိုးရ တို့၏အ ပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သည် ပြီးခဲ့သည့်၂ ၀၁၃ခုနှစ် အောက်တို ဘာလ ကတည်းက ရပ်တန့်နေ ခဲ့ပါသည်။ TNLA တို့သည် အပစ်အခတ် ရပ်စဲရေး အတွက် တိုက်ပွဲများ လျှော့ချ ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ရန် အဆိုပြု ခဲ့သော်လည်း အစိုးရငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ကမူ အပစ်အ ခတ်ရပ်စဲရေး လက်မှတ် မထိုးသည့် အတွက် တိုက်ပွဲများ ဆက်လက်ဖြစ် နေခြင်း သာဖြစ် သည်ဟု အကြောင်းပြန် ခဲ့ပါသည်။
ဤသို့ကြောင့် TNLA သည် အပစ်အခတ် ရပ်စဲထား သည့် တခြားတိုင်း ရင်းသား အဖွဲ့များနှင့် လည်း ဆက်လက် တိုက်ပွဲဖြစ် ပွားနေ သဖြင့်၄င်း တို့သည် အပစ် အ ခတ်ရပ်စဲရေး ထက် အခြား တိုင်းရင်းသား အဖွဲ့များနှင့် အတူ နိုင်ငံရေး အရ ဖြေရှင်းရန် သာကြိုးစား လာခဲ့ပါသည်။