မွန်ပါတီသစ်ကိုသာ အသိအမှတ် ပြုမည်ဟု မွန်ပြည်သစ်ပါတီဆုံးဖြတ်ထား

မွန်ပါတီသစ်ကိုသာ အသိအမှတ် ပြုမည်ဟု မွန်ပြည်သစ်ပါတီဆုံးဖြတ်ထား
by -
ရွှေဟင်္သာ

မွန်နိုင်ငံရေး ပါတီ နှစ်ပါတီမှ ပေါင်းစည်း ထားသည့် အစု အဖွဲ့မှ တရားဝင် နိုင်ငံရေး ပါတီ အဖြစ် လျှောက်ထား ရပ်တည် သွားမည် ဆိုပါက ၎င်းပါတီ ကိုသာ မွန်ပြည်သစ် ပါတီမှ အသိ အမှတ်ပြု သွားမည်ဟု ဇန္နာဝါရီလ ၂၇ ရက် နေ့မှ ဖေဖော် ဝါရီလ ၁ ရက်နေ့ အထိ (၆) ရက်ကြာ ကျင်းပခဲ့သည့် မွန်ပြည်သစ် ပါတီ ပုံမှန် ဗဟိုအလုပ် အမှုဆောင် အစည်း အဝေးမှ ဆုံးဖြတ်ကြောင်း အလုပ်အမှု ဆောင် တစ်ဦး ဖြစ်သူ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီကောင်းမှဆိုပါသည်။

“နှစ်ပါတီ ပေါင်းပြီး တစ်ပါတီ ဖြစ်ရမယ် မဟုတ်လား၊ အဲဒါကို မူအရ ကျနော်တို့ မွန်ပြည်သစ်က လက်ခံတယ်၊ အဲဒီ တော့ ပေါင်းစည်း ပြီးနောက်ပိုင်း တစ်ပါတီ တည်း ဖြစ်လာတဲ့ အခါ ဘယ်ဖက်က ဘယ်သူဘဲ ကျန်ကျန် ပေါ့ ကျနော် တို့က အသိအမှတ် ပြုတော့မှာ မဟုတ်ဘူး” ဟုဆိုပါသည်။

နှစ်ပါတီ ပေါင်းစည်းနိုင်ရေး မော်လမြိုင်၊ စျေးကြိုရပ်ရှိ ဓါတုမာလာ ကျောင်းတိုက်၌ ဆွေးနွေးပွဲ ကျင်းပစဉ်

မွန်ပြည်သစ် ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးကို မွန်ပြည်နယ် ရေးချောင်းဖျားရှိ ၄င်းတို့ ၏ ဗဟို ဌာနချုပ် စခန်း၌ ကျင်းပခဲ့ခြင်း ဖြစ်ပါ သည်။ ယင်း ပုံမှန် ဗဟို အလုပ် အမှုဆောင် အစည်အဝေးသို့ မွန်ပြည်သစ် ပါတီ ဗဟို အလုပ် အမှုဆောင် များ ဖြစ်ကြသည့် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်း၊ တွဲဖက် အတွင်းရေးမှူး နိုင်ဂျော်ယဲ့၊ စစ်ဦးစီးချုပ် နိုင်လယီကောင်း၊ နိုင်စိုက်ထော (ဗိုလ်ချုပ် ပလုံ) ၊ နိုင်တလညီ၊ နိုင်ဝင်းလှ တို့ တက်ရောက် ခဲ့ကြ ပါသည်။

လက်ရှိ အခြေ အနေအရ ပြည်တွင်းရှိ မွန်နိုင်ငံ ရေးပါတီ နှစ်ဖွဲ့ ဖြစ်သော မွန်ဒီမို ကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) တို့သည် တပါတီထဲ ဖြစ်လာရေး အတွက် ပေါင်းစည်း ကြရန် အကြိမ်ကြိမ် ညှိနှိုင်းမှု များ ပြုလုပ် ခဲ့သော်လည်း သင်းလုံးကျွှတ် ပေါင်းစည်း နိုင်ခြင်း မရှိသေးဟု ဆိုနိုင်ပါသည်။

လက်ရှိ အခြေ အနေတွင် အစိတ် အပိုင်းအရ ပေါင်းစည်း နိုင်ခဲ့ပြီး မွန်အမျိုး သားပါတီ (MNP) အဖြစ် အသစ် ဖွဲ့စည်းရန် ကြိုးစား နေကြ ပါသည်။ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) တွင်လည်း ၄င်းတို့ နာမည်ဖြင့် ဆက် လက် ရပ်တည် သွားလို သူများ ရှိနေ သလို မွန်ဒီမိုကရေစီ ပါတီ (MDP) ၌လည်း ၄င်းတို့ ပါတီ နာမည်ဖြင့် ဆက်လက် ရပ်တည် လိုသူများ ရှိနေပါသည်။

မွန်ပြည်သစ် ပါတီကမူ အသစ်ဖွဲ့ စည်းမည့် မွန်အမျိုး သားပါတီ (MNP) ပါတီ ကိုသာ လက်ခံ အသိ အမှတ် ပြုသွားမည် ဖြစ်ပြီး ကျန်သည့် အစိတ် အပိုင်း များကိုမူ အသိ အမှတ် ပြုလိမ့်မည် မဟုတ်ဟု ဗဟို အလုပ် အမှုဆောင် အစည်း အဝေးမှ ဆုံးဖြတ် လိုက်ခြင်း ဖြစ်ပါသည်။

သို့သော် လည်းဘဲ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) နာမည်ဖြင့် ဆက်လက် ရပ်တည် သွားလို သူများ သည် ၄င်း နာမည်ဖြင့် ၂၀၁၅ ရွေးကောက် ပွဲအား ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ပေါင်းစည် ရေးကို လိုလားသော အင်အားစုများ အနေဖြင့်လည်း AMDP ပါတီမှ နှုတ်ထွက်ပြီး ပါတီ သစ်သို့ လွတ်လပ်စွာ သွားရောက် ပေါင်းစည်း နိုင်ကြောင်းလည်း ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးမှ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ပြောကြား ခဲ့ပါသည်။

(AMDP) ပါတီနှင့် (MDP) ပါတီတို့သည် တပါတီ ဖြစ်လာရေး အတွက် ပေါင်းစည်း ကြမည် ဖြစ်ကြောင်း၂၀၁၂ ခုနှစ် ဧပြီ လတွင် မော်လမြိုင် မြို့ရှိ (၂၅၀၀) စေတီဝင်း တွင် ဆွေးနွေး ခဲ့ကြပြီး သဘောတူညီ ခဲ့ပါသည်။ သို့သော် လက်တွေ့တွင် အမြင်၊ သဘောထား ကွဲပြား လာမှုကြောင့် နောက်ဆုံးတွင် သင်းလုံးကျွှတ် ပေါင်းစည်း နိုင်မှုများ ပျက်ပြယ် ခဲ့ပြီး နှစ်ပါတီမှ တပါတီ ဖြစ်ရေးထက် လက်ရှိတွင် (၃) ပါတီ ဖြစ်လာဖွယ် ရှိနေ ပါသည်။