ဗျူဟာမှူးပါ၀င်ဆုံးဖြတ်ထားသည့်ကိစ္စ ဘုရားသုံးဆူအဝေးပြေးဂိတ်မလိုက်နာပါ

ဗျူဟာမှူးပါ၀င်ဆုံးဖြတ်ထားသည့်ကိစ္စ ဘုရားသုံးဆူအဝေးပြေးဂိတ်မလိုက်နာပါ
by -
ရွှေဟင်္သာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ လိုင်းပေါင်းစုံယာဉ်အဖွဲ့မှ တင်ပြထား သည့် အကောက်ဂိတ်များလျှော့ချရန် ဆုံးဖြတ်သည့် ကိစ္စကို မြို့နယ်မော်တော်ယဉ် ထိမ်းသိမ်းရေးရုံး အရှေ့ရှိ ထွေအုပ်၏ အဝေးပြေး စစ်ဆေးရေး (၁၁)ဖွဲ့ ဂိတ်မှ လိုက်နာမှု မရှိဟု ယာဉ်မောင်းတဦးက ဆိုပါသည်။

“ ဇန်နဝါရီ(၂၀)ရက်နေ့မှာ အနန်းကွင်း ဗျူဟာမှူး ကိုယ်တိုင် ထိုင်ပြီးတော့ ဆိုင်ရာငြိမ်းအဖွဲ့တွေ အပါအဝင် အားလုံးဆုံးဖြတ်ခဲ့ တာကို မြို့နယ် ယာဉ်ထိမ်း သိမ်းရေးဂိတ်ကစပြီး မလိုက်နာဘူး ဖြစ်နေတယ်။ ငြိမ်း အဖွဲ့တွေ ကလည်း လျှော့ချပေးမယ်လို့တော့ ဂတိပေးထား ကြတာ ချည်းဘဲ ဘယ်လောက် လိုက်နာမလဲ တော့ မပြောတတ်ဘူး။ စောင့်ကြည့် ဦး မယ် လေ” ဟု ဆိုပါသည်။

အစည်း အဝေးကျင်းပ ပြီး နောက်ရက် တွင် ငွေကောက်ခံ နေသည် ့မြင်ကွင်း.. အစည်း အဝေးကျင်းပ ပြီး နောက်ရက် တွင် ငွေကောက်ခံ နေသည် ့မြင်ကွင်း

အဆိုပါ အစည်း အဝေးပြီး ဆုံးပြီးနောက် ရက်တွင်ပင် ဘုရားသုံးဆူမြို ့နယ် မော်တော်ယဉ် ထိန်းသိမ်း ရေးကား ၀င်း အတွင်း အဖွဲ့(၁၁)ဖွဲ ့ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအာနိုး (ခေါ်) ဦးထက်မြက် (ခေါ်) ရဲသား လေး အပါအဝင် ဦးပန်းငွေ (မော်တော်ယဉ် အတွင်းရေးမှူး အဖွဲ ့ဝင်) ဦးစိုးကျော် တို ့သည် မော်တော်ယာဉ်များ စစ်ဆေးသည်ကို အကြောင်းပြပြီး ငွေကြေးများ ဆက်လက်ကောက်ခံ လျက်ရှိနေ ကြောင်း ကားသမားများက ဆိုပါသည်။

ဘုရားသုံးဆူမှ သံဖြူဇရပ်သို့  ပြေးဆွဲနေသည့် လိုင်းပေါင်းစုံယာဉ်အဖွဲ့သည် အကောက်ခွန်ဂိတ်များ လျှော့ချရန် ပြီးခဲ့သည့် အပတ်က မြို့နယ်ဦးစီးမှူးထံ တင်ပြထား ကြပါသည်။ ဤကိစ္စညှိနှိုင်း ပြေလည် ရေးအတွက် အနန်းကွင်း(ရတခ)ဗျူဟာမှူး ဦးစီးပြီး ပြီးခဲ့သည့် ဇန်နဝါရီ (၂၀)ရက်နေ့တွင် ဘုရားသုံးဆူ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် အစည်းအဝေး ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် အစိုးရတပ်များသည် အနန်းကွင်း၊ တောင်စွန်း၊ ချောင်းဆုံကျေးရွာ အလည် ချောင်းနှင့် ဘုရားသုံးဆူမြို ့ နဂါးတောင်ရှိ ၄င်းတို့၏ အကောက်ဂိတ်များတွင် ဂိတ်ကြေး လုံးဝကောက်ခံ တော့မည် မဟုတ် ဟု ဂတိပြုခဲ့သည်။ ထို့နည်းတူ ဘုရားသုံးဆူမြို့ အဝေးပြေး ကားဂိတ်စစ်ဆေးရေး (၁၁)ဖွဲ  ့သည်လည်း ချောင်းဆုံ ကျေးရွာ နှင် ့ ဘုရားသုံးဆူမြို ့မရှိ ၄င်းတို့၏ ဂိတ်များတွင်.ငွေကြေးလုံးဝ မကောက်ခံ တော့ကြောင်း ဆုံးဖြတ် လိုက်ကြသည်။

အလားတူ ငြိမ်းချမ်းရေး အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်ကလည်း  ချောင်းဆုံကျေးရွာ နှင့် မိပလန် ကျေးရွာရှိ ၄င်းတို့၏ အကောက်ဂိတ်များ အားဖျက်သိမ်းပေးမည်ဟု ဂတိပြုခဲ့ သည်။ ထို့အပြင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများဖြစ်သော ကရင်ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ နယ်ခြား စောင့်တပ် (ကရင်ပြည်နယ်)BGF ၊ ဒီမိုကရေစီအကျိုးပြုကရင့်အမျိုးသားတပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ( KPC) တို့သည် လည်းအကောက်ကြေးများ တဝက်လျှော့ချပေးမည် ဟုဂတိပြု ကြပါသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် များကလည်း နှစ်စဉ်ကြေးအပါအဝင် ဂိတ်ကြေးနှုန်း ထားများကို လျော ့ချပေး နိုင် ရန်..အထက် အရာရှိများထံ တင်ပြပေးမည်ဖြစ် ကြောင်း ကတိပြုခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ အနန်းကွင်း စစ်ဗျူဟာမှူးအပါအဝင် ကြာအင်းဆိပ်ကြီးမြို ့နယ် ဘုရားသုံးဆူမြို ့နယ်ခွဲမှ အထွေထွေအုပ်ချုပ်ရေးမှူး၊ ဘုရားသုံးဆူမြို ့နယ်ရဲမှူး၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)  ရဲအထူးသတင်းတပ်ဖွဲ ့၊ လူ ၀င်မှု ကြီးကြပ်ရေး (လဝက) KPF-BGF- DKBA- KPC ,မွန်ပြည်သစ်ပါတီ နှင့် KNU ကိုယ်စားလှယ်များ၊ သံဖြူဇရပ်မော်တော်ယာဉ် လုပ်သားများ၊ မြို့နယ်မော်တော်ယာဉ် ထိမ်းသိမ်း ရေးအဖွဲ့ များတက်ရောက်ခဲ့ကြသည်။

သို့ရာတွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအဖွဲ့ဝင်များသည် ဂိတ်မှူးများခန့်ထားရာတွင် မော်တော်ယာဉ်လုပ် သားများ လွတ်လပ်စွာရွေးချယ်ခွင့်ပေးရန်တောင်းဆိုထားသော်လည်း လောလောဆယ် မဆုံးဖြတ်နိုင် သေးကြောင်း၊ ဘုရားသုံးဆူမြို ့မော် တော်ယာဉ် ထိန်းသိမ်းရေးယာဉ်ရပ်နားရာစခန်းသည်ဖြစ်ပေါ်နေသော ယာဉ်ပြသနာများနှင့် အဆင်ပြေချောမွေ့ မှုများကို ဦးစားပေး ခြင်းရှိဘဲ ဖဲဝိုင်းထောင်ပြီး ဖဲဝိုင်းပြဿနာသာ ဖြေရှင်းနေကြသည်ဟု ယာဉ်မောင်းများက ဆိုနေပါကြောင်း။