ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ယာယီ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်ကို အမျိုးသား ငွေကြေး မသမာမှု ကာကွယ်ရေးနှင့် နှိမ်နင်းရေး ကော်မတီမှ ခေါ်ယူ စစ်ဆေး မည်ဟု ၄င်းဌာနမှ ယနေ့ ထုတ်ပြန် ကြေညာ ထားပါသည်။ အထူးသဖြင့် စပါး အပေါင် ခံခဲ့သည့် စီမံကိန်း၌ ငွေကြေး အလွဲသုံးစား လုပ်မှု ရှိခဲ့ကြောင်း တိုင်းကြားမှု အပေါ် အမျိုးသားငွေ ကြေး မသမာမှု ကာကွယ် ရေးနှင့် နှိမ်နင်း ရေး ကော်မတီမှ စီစစ် ခဲ့ရာ ငွေကြေး မသမာမှု အချက်အလက်များ တွေ့ရသည်ဟု ဆိုပါသည်။
ဤသို့ကြောင့် ကုန်သွယ်ရေးဝန်ကြီးဟောင်း ဘွန်းစုန်းတေရိ ယားဖိရုမ်း အပါအဝင် ၁၅ ဦးကို စွဲချက် တင်ရန် အမျိုး သား ငွေကြေး မသမာမှု ကာကွယ် ရေးနှင့် နှိမ်နင်းရေး ကော်မတီမှ အတည်ပြု ထားပါသည်။ စပါး အပေါင်ခံသည့် စီမံကိန်းသည် အခက်အခဲ ပြဿနာ အမြောက်အများ ရှိသည်ကို သိသော်လည်း စီမံကိန်း ဥက္ကဌ ဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်မှ စီမံကိန်း ရပ်ဆိုင်းခြင်း မပြုလုပ်ခဲ့ သည့်အတွက် တာဝန် ပျက်ကွက်မှုကြောင့် စစ်ဆေး ခံရခြင်း ဖြစ်ပါသည်။
ထို့အပြင် စပါး အပေါင် ခံသည့် စီမံကိန်းတွင် ရှိနေသည့် နောက်ဆက်တွဲ အမှု (၇) မှု ကိုလည်း ဆက်လက် စီစစ် နေကြောင်း နှိမ်နင်းရေး ကော်မတီမှ ထုတ်ဖေ ါ်ပြော ကြား ပါသည်။ ဤအချိန် မျိုးတွင် နှိမ်နှင်းရေး ကော်မီတီမှ ထုတ်ပြန် ကြေညာ ခဲ့သည့်အတွက် အစိုးရအား ဆန့်ကျင် ဆန္ဒပြနေသူများ ဖက်မှ အားပေးသလို ဖြစ် နေ ခဲ့ပါသည်။
ထိုင်းအစိုးရသည် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပရန် ရှိသော ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်း သင့်မသင့် ရွေးကောက်ပွဲ ကော်မီရှင်နှင့် ဆွေးနွေးရန် ယမာန်နေ့က ဖိတ်ခေါ် သည့်အပေါ် ကော်မီရှင်မှ တက်ရောက် ခဲ့ခြင်း မရှိသဖြင့် ဒုတိယ ဝန်ကြီးချုပ် ဖုန်းထေ့ပ် ထေ့ပ်ကန် ချနားမှ မရွှေ့သင့်ဟု ထုတ်ဖေါ် ပြောကြား သော်လည်း အတည်ပြု နိုင်ခဲ့ခြင်း မရှိပေ။
ရွေးကောက်ပွဲ ကော်မရှင် ကမူ ဝန်ကြီး ချုပ်နှင့် တွေ့ဆုံရန် ယနေ့ စာရေး အကြောင်းကြား ထားသော် လည်း ဝန်ကြီး ချုပ်မှ မတွေ့နိုင် သောကြောင့် နက်ဖြန် တွေ့ဆုံရန် ထပ်မံ ချိန်းဆိုထား ပါသည်။ ဤကိစ္စ သည် ရွေးကောက်ပွဲ ကော်မီရှင်နှင့် ၀န်ကြီးချုပ်ကြားသာ တွေ့ဆုံ ဆွေးနွေး ပြီးမှ ဆုံးဖြတ်ရန် ဖြစ်သည်ဟု အကြောင်းပြ ထားပါသည်။
၀န်ကြီးချုပ်ကမူ ရွေးကောက်ပွဲ ရက် ရွေ့ဆိုင်း သင့်မသင့်ကို နိုင်ငံရေး ပါတီများ၊ စစ်တပ်၊ ရဲတပ်ဖွဲ နှင့်နိုင်ငံရေး တင်းမာသူ အားလုံး ပါ၀င်သည့် ဆွေးနွေးပွဲ တရပ် ကျင်းပရန် ယမာန်နေ့က ဖိတ်ကြား ထားပြီး ရွေးကောက်ပွဲ ကော် မီရှင်နှင့် အတိုက်အခံများ တက်ရောက်ခြင်း မရှိပေ။
ရွေးကောက်ပွဲ ရက်သတ်မှတ် မှုသည် တည်ဆဲ ဥပဒေနှင့် ဖွဲ့စည်းပုံ အရ ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့ကို ကျင်းပ သွားရန် ဖြစ်ပါသည်။
သို့သော် အတိုက် အခံ ဆန္ဒပြသူ များသည် လွတ်လပ် သည့် ကြားဖြတ် ကောင်စီ ဖွဲ့ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ် ရန်နှင့် ပြုပြင်ပြောင်းလဲ ထားသော ဖွဲ့စည်း ပုံဖြင့် ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို နေပါသည်။ ဤတောင်း ဆိုချက် မရမချင်း ဆက်လက် ဆန္ဒပြသွား မည်ဟု ကြေညာ ထားပါသည်။
ဤသို့ကြောင့် ထိုင်းနိုင် ငံရေး တင်းမာမှု သည် ယနေ့အထိ မဖြေရှင်း နိုင်သေးခြင်း ဖြစ်ပါသည်။ တချိန်ထဲ တွင်လည်း ဆန္ဒပြပွဲ လူထု အတွင်း ပစ်ခတ်မှုနှင့် အတိုက်အခံ ဒီမိုကရက် တစ်ပါတီ မှ ၀န်ကြီးချုပ်ဟောင်း ဝေ့ချာချီဝ အိမ်ရှေ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေပြီး ဖမ်းဆီး ရမှုများ ရှိနေသဖြင့် တင်းမာမှုများ တနေ့တခြား ဖြစ်လာ နေပါသည်။