KIA တပ်မဟာ (၃) ဧရိယာ မှ စစ်ဆင်ရေးအပြောင်း အလဲများ

KIA တပ်မဟာ (၃) ဧရိယာ မှ စစ်ဆင်ရေးအပြောင်း အလဲများ
by -
ရွှေဟင်္သာ

ကချင်ပြည် နယ် ဗန်းမော် ခရိုင်   မံစီမြို့နယ် ထဲမှ နန်းလင်းပါ  ကျေးရွာ နှင့် ဂေါင်ကြာ ကျေးရွာ  များမှ  အစိုးရ စစ်ကြောင်းများ သည် ယနေ့ မနက်ပိုင်း တွင်  ထို နေရာမှ (၈) မိုင်ခန့်ဝေးသော ဗန်းမော်  မဘိန်း ကားလမ်း ရှိ ဆင်ကမ်း ချောင်း သံတံတား ဖက်သို့ဆုတ်ခွာ သွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် ကဆိုပါသည်။

“ စစ်ဆင်ရေး သစ်ကို စက စားနေတာပေါ့နော် ။ပြီးခဲ့တဲ့ (၃)ရက် ကဆုတ် သွားတဲ့ မုန်ဒိန်ပါ ကျေးရွာ ကစစ်ကြောင်း တွေလည်း အခုပြန် ရောက် လာပြန်ပြီး။ အခု လည်း ဘာပရိယာယ်  သစ်လည်းတော့  မသိဘူး ။ နောက်ဆုတ် တယ်။ ဒါပေမဲ့ သူတို့ ဆုတ်ပေးရင် ကျနော်တို ့တော့ နေရာ တိုးမှာဘဲ။” ဟုဆိုပါသည်။

ဤကဲ့သို့ နန်းလင်း ပါ ကျေးရွာ ဖက်မှ အစိုးရ စစ်ကြောင်းများ ဆုတ်ပေး ချိန်တွင် (KIA ) တပ်ရင်း (၂၇) နှင့်တပ်ရင်း (၁) ကြား နယ်မြေထဲ သို့စစ်ကြောင်း (၃) ကြောင်း မှ အင်အား (၅၀၀) ခန့် တပ်များ ထိုးစစ် ဆင်နေ ကြောင်း ဆိုပါသည်။ တပ်ရင်း (၂၇) ဧရိယာသည် တပ်ရင်း (၁၂)နှင့် နယ်ချင်း ကပ်ပြီး ကချင်ပြည် နယ်ဗန်းမော် မှ မံစီမြို့ နှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ကားလမ်း၏ အောက်ဖက် (အနောက်ဖက်) ပိုင်းတွင် တည်ရှိပါ သည်။

တပ်ရင်း (၁) ဧရိယာ သည်တပ်ရင်း (၂၇) နှင့် ကျောချင်း ကပ်နေပြီး ဗန်းမော်မံစီ နမ့်ခမ်း ကားလမ်း၏ အထက်ပိုင်း တွင်တည်ရှိ ပါသည်။ အစိုးရတပ် များသည် တပ်ရင်း (၁၂) ဧရိယာမှ အဆုတ်ပြပြီး တပ်ရင်း  (၂၇) နှင့် တပ်ရင်း (၁) ကြားရှိ  ဧရိယာထဲ သို့တိုးပြီး စစ်ဆင် နေခြင်း ဖြစ်သည် ဟုဆိုနိုင် ပါသည်။

နန့်လင်းပါ ကျေးရွာနှင့် ဂေါင်ကြာ  ကျေးရွာမှ အင်အား (၃၀၀) ခန့်ဆုတ်ခွာ သွားသော်လည်း  မည်သည့် အချိန်ပြန် လည်ဝင်ရောက် လာမည် ကို စောင့် ကြည့် နေသည် ဟုဆိုပါ သည်။ ဤလှုပ် ရှားမှုသည် တပ်သစ် တိုးလာခြင်း ထက် ရှိနေ သည့် တပ်အင်အား ကိုသာ ဆန်း သစ်ပြီးစစ် ဆင်နေခြင်း ဖြစ် သည့် အတွက် စိုးရိမ်စရာ မလို ကြောင်း တပ်ရင်း မှူး ကဆိုပါသည်။

အလားတူ (KIA) တပ်မဟာ (၄) တွင်လည်း ထိုးစစ်ဆင် နေသော တပ်ဖွဲ့များ မြို့တွင်းပိုင်း သို့ဆုတ်ခွာ နေပြီး တပ်ဖွဲ့အနား ယူခြင်းသို ့မဟုတ် တခြားနေ ရာသို ့ပြောင်း လဲစစ်ဆင် မလားဆို သည်ကို စောင့်ကြည့် နေကြပါသည်။ ဤသို့သော အခြေအနေ တွင် အရှေ့မြောက် ပိုင်းတိုင်း တိုင်းမှူးသည် ရှမ်းပြည် တိုးတက်ရေး ပါတီအား သီပေါမြို့ နယ်ရှိ ၄င်းတို့ တပ်ဖွဲ့ဝင်များ အား ဆုတ်ခွာ ပေးရန် ရာဇသံပေး ပြီး တောင်းဆို ထားပါသည်။

(KIA) တပ်ရင်း (၁၂) ကမူအစိုးရ တပ်များ၏ စစ်ဆင်မှု အပြောင်း အလဲများကို စောင့်ကြည့် နေပြီး ဆုတ်ခွာ သော တပ်များ တခြား လမ်းကြောင်း မှပတ်ဝင် လာမည်ကို သတိထား လျှက်ရှိ ကြောင်းဆို ပါသည်။ အဝိုင်း ခံထား ရဖူးသော အစိုးရ၏  အမှတ် (၂၁) စစ်ဆင်ရေး  ကွပ်ကဲမှု စစ်ဌာန ချုပ်မှ န ည်းဗျူဟာ (၂) သည် တပ်မတော် တို့၏ ထုံးစံအတိုင်း လက်စား ချေမှုပြန် လည်ရရှိရန် အထက် မှပြစ် ဒဏ်ပေး အပ်ထား ဖွယ်ရှိနိုင် ပါသည်။ ဤသို့ကြောင့် ဆင်ကန် သံတံတား ဖက်သို့ ဆုတ်သွားေ သာတပ်ဖွဲ့များ ကို သတိထား ရမည်ဟု တပ်ရင်း (၁၂) မှူး ကဆိုပါသည်။ တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁)ကြား ထိုးစစ်ဆင် သော တပ်များ အတွက် စိုးရိမ်စရာ မရှိကြောင်း၊ တပ်ရင်း (၁၂) ဧရိယာ၏ တောင်ဖက်ခြမ်း တွင်လည်း တအာင်း လွတ်မြောက်ရေး တပ်မတော်နှင့် ကျောချင်း ကပ်နေ ကြောင်း ဆိုပါ သည်။