အပြစ်မဲ့ စွန် ့ပစ်ခံရပြီး မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးများ

အပြစ်မဲ့ စွန် ့ပစ်ခံရပြီး မေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးများ
by -
ရွှေဟင်္သာ

ဤမိဘမဲ့ကလေးများပြသနာသည်၊ ထိုင်းနိုင်ငံကန်ချနဘူရီခရိုင်စံခလဘူရီမြို့နယ်၌ တဖြည်းဖြည်းကြီး ထွားလာနေသည့်မြန်မာနိုင်ငံသားမိဘမဲ့ကလေးပြသနာပင်ဖြစ်ပါသည်။ တနည်းအားဖြင့်ပြောရမည်ဆိုလျှင်(၂၀၀၄) ခုနှစ်မှစပြီးအချိန်(၇)နှစ်အတောအတွင်းကာလ၌မိဘမဲ့ကလေးဂေဟာ (၂)ခုရှိနေရာကယခုဆိုရင် (၁၂)အထိရှိလာခဲ့ပြီးကလေးအရေ အတွက်အားဖြင့်ပြောရမည်ဆိုပါကအရေအတွက် (၅၀)မှ (၆၀၀ ကျော် အထိရှိလာခဲ့သည် ဟုမိဘမဲ့ကလေးများအတွက်ပညာရေးအကူအညီကိုလိုက်လံဆောင်ရွက်ပေးနေသည့် Break the Silence အဖွဲ့မှ Coordinator Andy ကဆိုပါသည်။

ဤပြသနာဘာကြောင့်ကြီးထွားလာခဲ့ရတာသလဲ။ကလေးများ၏စိတ်ဓါတ်အခြေအနေ၊ပညာရေး ကျန်းမာ ရေး၊စားဝတ်နေရေး၊နေရာထိုင်ခင်းပြသနာများနှင့်အကူအညီရရှိမှု၊အခြေအနေများကို ကာယကံရှင်ကလေး ငယ်များအပါ၀င်ကလေးထိမ်းကျောင်းပေးလာခဲ့သူများနှင့်တွေ့ဆုံမေးမြန်းပြီးရေးသားတင်ပြထားပါသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခဘူရီမြို့၌ DiDi Devamala ဆိုသူအီတလီအမျိုးသမီးတဦးဦးဆောင်သည့်  Baanunurak မိဘမဲ့ကလေးဂေဟာတခုရှိပါသည်။ ဤဂေဟာ၌ကလေးဦးရေပေါင်း (၁၃၀) ခန့်ရှိပြီးကြည့်ရှု စောင့်ရှောက်သူပေါင်း (၂၀)ဦးထက်မနဲရှိပါသည်။ဂေဟာသည်စံခလဘူရီမြို၏ အရှေ့တောင်ဖက်၌ရှိသည့်
သီးခြားဆောက်လုပ်ထားသည့်နေရာတခုဖြစ်ပါသည်။ ဤမိဘမဲ့ကလေးဂေဟာသည် (၁၉၉၁ ခုနှစ်၌ စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီးစံခလဘူရီမြိုတွင်းတနေရာနှင့်မြို့ပြင်တနေရာနှစ်နေရာ ခွဲပြီးရုံးစိုက်ခဲ့ပါ သည် အဆောက်အဦးမှာကွန်ကရစ်တိုက်ဖြင့်အခိုင်အမာဆောက်လုပ်ထား ပြီးစာသင်ကျောင်းကို လည်းနှစ်ထပ် တိုက်ပုံစံဖြင့်ခေတ်မှီစွာဆောက်လုပ်ထားပါသည်။

Baanunurak ဂေဟာမှာရှိသည့်ကလေးပေါင်း (၁၃၀)ခန့်အနက် (Prama) ဆိုသည့်အသက် (၁၃) နှစ် အရွယ်ရှိမိဘရဲ့စွန့်ပစ်ထားဖြင်းခံခဲ့ရသည့်ကလေးမလေးတဦးအကြောင်းကိုတင်ပြလိုပါသည်။ သူမသည်၊ အမည်မသိရသည့်အမေတဦးက (၁၉၉၈)ခုနှစ်၌ စံခလဘူရီမြို့လယ်ရှိဆေရုံတွင်မွေးဖွားခဲ့ပါသည် ။ဆေးရုံ၌ကလေးမွေးဖွားပြီးနောက်သူ့အမေဟာ စိတ်ဖိစီးမှုတခုကြောင့်ရက်ပိုင်းလေးမှာ ပင်စိတ်မနှံ့ဖြစ် သွားခဲ့သည်ဟုထင် ရပါ သည်။သူမဘာကြောင့်စိတ်မနှံ့သွားခဲ့ရတာကိုတော့ ယနေ့အထိ တိတိကျကျမ သိရသေးပါ။

ပရာမာပြောပြ ခဲ့သည်မှာ-

“ ကျမရဲ့အမေဘယ်သူလဲဆိုတာကနေ့အထိအတိအကျတော့မသိရသေးပါဘူး ကျမသိတတ်စအရွယ်က တည်းကစပြီးကျမမြင်လာရသူကတော့ အခုကျမကိုကြည့်ရှုစောင့်ရှောက် ပေးနေတဲ့အမေ နော်စန်းအေး (Naw San Aye) ဘဲဖြစ်ပါတယ်။သူ့ကိုဘဲအမေလို့သတ်မှတ်ခဲ့ပါတယ် နောက်ပိုင်းမှကျမ ရဲ့မိခင်အရင်းဟာ သူမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။ အမေရင်းကရန်ကုန်မြို့ကလို့သူထင်ကြောင်းပြောကြပါတယ် အမေ စန်းအေးရဲ့ပြောပြချက်အရဆိုရင်ကျမရဲ့အမေဟာ ကျမအသက်(၇)လသားရွယ်မှာဒီ Baanunurak ဂေဟာကိုရောက်လာတယ်လို့ပြောပါတယ်။ အဲဒီအချိန်မှာအမေဟာစိတ်မနှံ့ သူတယောက်ဖြစ်နေခဲ့ပါပြီး” ဟု ကျမကိုပြောပြပါတယ်။

နော်စန်းအေးဟာပရာမာအသက် (၂)နှစ်အရွယ်ကနေအခုအချိန်ထိကြည့်ရှုစောင့်နေတဲ့ Di Di ရဲ့ဝန်ထမ်းတ ဦး ဖြစ်ပါသည်။ (၇)လသားကနေ (၂)နှစ်အထိကိုတော့သူ့ထက်အရင် Di Di ၀န်ထမ်းတဦးကစောင့်ရှောက် ပေးလာခဲ့ပါသည်။အသက် (၇)နှစ်လောက်အရွယ်မှာတော့သူနဲ့ အတူတူနေကြတဲ့အရွယ် တူကလေးတွေရဲ့ ပြောကားကိုနားထောင်ပြီးအခုသူရှိနေတဲ့ နေရာဟာမိဘမဲ့ကလေးဂေဟာဖြစ်ကြောင်း သိလာခဲ့ပါသည်။ ဤသို့ကြောင့် မိခင်အရင်းဟုယူဆနေသည့်နော်စန်းအေးကိုမေးမြန်းခဲ့ပါတော့သည်။ သူ့ရဲ့မိခင်အရင်း ဟာဘယ်သူလဲဟူ၍အကြိမ်ကြိမ်မေးမြန်းလာခဲ့ပါတော့သည်။

“ အစကတော့သမီးရဲ့အမေဟာကျမပါလို့ သူကိုလိမ်ခဲ့တယ်လေ။ ကိုယ့်သမီးလိုဘဲ မိဘတဦးရဲ့မေတ္တာ အတိုင်းစောင့်ရှောက်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူအမေးအမြန်းထူလာတဲ့အတွက် Di Di ကပြောလာပါ တယ် သူ့ကိုအမှန်အတိုင်းပြောပြဖို့ဖြစ်လာတော့ကျမလည်းသူ့ကိုကျမဟာသမီးရဲ့ အမေရင်း မဟုတ်ကြောင်းပြောပြလိုက်ပါတယ်။အဲဒီအချိန်မှာကျမလေအရမ်းကို စိတ်မကောင်းဖြစ်သွားမိပါတယ်။သူ့ကိုငယ်ငယ်ကတည်းကပြုစုလာခဲ့တာလေကို်ယ့်သမီးအရင်းလိုဖြစ်သွားနေပါပြီး။ဒါပေမဲ့မတတ်နိုင်ပါဘူး Di Di ကပြောခိုင်းနေတော့သမီးရဲ့အမေ ရင်းဟာရန်ကုန်သူလို့ယူဆရတဲ့အကြောင်း အမေလည်းသေသေချာချာ မသိကြောင်းပြောပြလိုက်တယ်။အဲဒီအချိန်ကစပြီးတော့ပရာမာဟာအမြဲတမ်းကိုမျက်နှာညှိုးငယ်နေခဲ့ပြီး၊မပျော် တော့ပါဘူး။အမေဘယ်မှာလဲ၊အဖေဘယ်မှာလဲဆိုပြီးခနခနမေးလာပါတော့တယ် သူလည်းသိပ်ကို သိချင်နေရှာလာပါတယ်။”

- ဂေဟာမှာအပ်ထားသည့်ကလေးများထဲမှတချို့မိဘများက၄င်းတို့၏သားသမီးများကိုပြန်လာတွေ့ကြပါသည်။ ဤအချိန်မျိုးဆိုလျှင် ပရာမာသည်သူ့မိဘတွေလည်းဘာဖြစ်လို့လာမရှာတာ လဲဟုသိချင်သလို ဘယ်သူ့ ကို မှစကားမပြောတော့ဘဲမျက်နှာထားညှိုးငယ်စွာနဲ့ မျက်ရည်များဝဲပြီးငေးမှိုင်နေတတ်ပါသည်။ ဤအဖြစ် မျိုး သူအသက်(၇)နှစ်ကျော်လာပြီးနောက်ပိုင်းမှာမိဘအရင်းကိုပိုပြီးတမ်းတလာခဲ့ပါသည်။

 “ ကျမရွာကကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ကဖါးပြရွာပါ။ ကျမခွင့်ပြန်ရင်သူ့ကိုလည်းကျမ မခွဲနိုင် ဘူး လေ။ အဲဒါနဲ့ သူ့ကိုပါခေါ်သွားတယ်၊ အဲဒီအခါမှာသူလည်းသူ့အဖေအမေတွေတွေ့ ချင်ဇောနဲ့ပျော် သွားပါတယ်။ ကျမအမေအိမ်ကိုရောက်တော့သူ့ အဖေအမေကိုလိုက်မေးပါတယ်။မဟုတ်ဘူးကွဲ့ ဒါကအ မေ့ရွာပါ။ သမီးရဲ့အမေရင်းရွာမဟုတ်ပါဘူးပြောလိုက်တော့ အင်မတန်ဝမ်း နည်းသွားပြီး ယူကြုံးမရငိုချတော့ တာပါဘဲရှင်။ ကျမလည်း သူကိုသနားပြီး မျက်ရည်ဝဲမိတယ်။ ကျမကိုယ်တိုင်လည်းသူ့ ကိုသမီးအရင်း တစ်ယောက် လိုချစ်တော့ သူ့ကိုအမြဲတမ်းချွေးသိပ် ပေးပါတယ်။ သူ့ကိုအမေတစ် ယောက် မေတ္တာနဲ့ စာနာပေးသလိုနမ်းပေးတယ်ချော့သိပ်ပေးတယ်။သူ့အလိုကိုလိုက်ပေးပါတယ်။အဲဒီလိုနဲ့သူ (၁၀ နှစ်ကျော် လာတော့မိဘအရင်းကို တမ်းတတဲ့စိတ်၊ ရှာတဲ့စိတ်တွေလျှော့လာပြီးကျမကိုဘဲအမေရင်း လိုသတ်မှတ်လာ တော့တယ်။ကျမစိတ်ကလည်းသမီးအရင်းလိုဖြစ်နေတာကြာပါပြီးလေ ကျမကိုသူမ တွေ့ရရင်သူမနေ တတ်တော့သလိုသူကိုမတွေ့ရင်လည်း ကျမကအလိုလိုစိတ်ပူလာပါတော့တယ်။” ဟုနော်စန်းအေးကပြော ပါသည်။

- ပရာမာဟာအခုအသက် (၁၃) နှစ်အထိနော်စန်းအေးကိုအမေလိုသဘေားထားပေမယ့်မိခင်အရင်းကို တော့တွေ့ချင်၊ တမ်းတနေပါသည်။သူ့အမေကိုမြင်ဖူးချင်တယ်။ လွမ်းနေသည်ဟုမကြာခဏပြောလေ့ ရှိပြီးမှိုင်နေတတ်ပါသည်။နောက်ပြီးသူကြီးလာရင်ဘယ်သူနဲ့နေရမလဲဟုအမြဲတမ်းမေးလာခဲ့ပါသည်။

“ ကျမလေကြီးလာရင် ဘယ်သူနဲ့နေရမလဲစိုးရိမ်နေမိတယ်။ ဘယ်မှာနေပြီးဘယ်ကိုသွားရမလဲ။ ကျမပညာ ရေး ကိုလည်းကျမသိပ်စိတ်မဝင်စားဘူး။ ကျမကိုဘယ်သူတွေစောင့်ရှောက်မ လဲကျမဘယ်သွားရမှာလဲ အဲဒါတွေကိုအရမ်းစိုးရိမ်နေမိတယ် ပြီးတော့ကျမကိုအမေရင်းထားခဲ့တဲ့ဒီနေရာကနေ ထွက်သွားလိုက်ရင် တကယ်အမေရင်းပြန်လာရင်မတွေ့မှာကိုလည်းစိုးရိမ်မိတယ်” ဆိုပြီးပရာမာကဆိုပါတယ်။

ပရာမာသည်စိတ်တိုတတ်သလိုစိတ်နာကြည်းမှုလည်းအဖြစ်လွယ်ကူသည်ဟုနော်စန်းအေးကဆိုပါသည်။ထို့ပြင်အထီးကျန်သွားမှာကိုအရမ်းစိုးရိမ်နေပြီး၊သူ့အမေရင်းကိုလည်း တွေ့ချင်နေသေးသော်လည်း နော်စန်းအေးကိုမိခင်အရင်းထက်ပိုချစ်ကြောင်းထုတ်ဖေါ်ပြောကြားလာခဲ့ပါပြီး ဘဝရည်မှန်းချက်များ မထားတတ်သေးသော်လည်းသူ၏ဘဝမှန်ကိုနဲနဲလေးသဘောပေါက်လာသည်ဟု ပြောနိုင်ပါတယ်။

Baanunurak ဂေဟာ၌ပရာမာလိုဘဝတူကလေးပေါင်း (၁၅) ဦးထက်မနဲရှိပြီးဤအထဲ၌အမျိုးသမီးလေးကပို များသည်ဟု Di Di ၌တာဝန်ထမ်းဆောင်ခဲ့ဘူးသည့်နော်လာမေထူး (Naw La May Htoo) ခေါ်စို့ဖါ (Sok Paa) ကပြောပါသည်။၄င်းအပြင် Baanunurak ဂေဟာထံလာရောက်အပ်နှံထားသည့်ကလေးများမှာ (၄)မျိုး(၄)စားရှိပါသည်။

(၁) ပရာမာလိုမိဘမသိနိုင်သေးသည့်အရွယ်မှရောက်လာသည့်ကလေးမျိုး၊

(၂) လမ်းစရိတ်ရရှိရေးအတွက်ကလေးကိုလာရောက်ပေါင်နှံခံသွားရသည့်ကလေးမျိုး။
              (ဤကလေးမျိုး၌ထိုင်းနိုင်ငံထဲသို့ခိုးဝင်လာကြသည့်မိဘများသည်အခက်အခဲတခုကြောင့်လမ်းစရိတ်ပြတ်တောက်သွားသဖြင့်လမ်းစရိတ်ရရှိစေရန်ကလေးများကိုရောင်းစားထားခြင်းဖြစ်ပါသည်)

(၃) မိဘကဆင်းရဲသောကြောင့်မကျွေးမွေးနိုင်တော့သဖြင့်ဂေဟာထံလာရောက်အပ်နှံလိုက်တဲ့ ကလေးမျိုး။

(၄) လူနာသည်မိဘများကကလေးများကိုမကြည့်ရှုနိုင်တော့သည့်အတွက်လာရောက်အပ်နှံထား သည့် ကလေးမျိုး ။ဟူ၍(၄)မျိုး (၄)စားရှိပြီးဤအထဲမှအများစု သည်ဆင်းရဲသောမိဘများကလာရောက်အပ်နှံခြင်း ဖြစ်သည်ဟုနော်စို့ဖါကပြောပါသည်။

မိဘမဲ့ကလေးဂေဟာ၌ရှိသည့်မိဘမဲ့ကလေးများကိုထိုင်းအခြေခံပညာရေးကျောင်းများကိုတက်စေပါသည်။ ယင်းဂေဟာသည် ထိုင်းစကား၊ အင်္ဂလိပ်စကားကိုပဲ ပြောကြသဖြင့်ကလေးတွေ အတွက် ပညာရေးအတွင်း အခက်ခဲမရှိသင်ကြားနိုင်ပါသည် ပညာအရည်ချင်းတော်သည့်ကလေး များကိုမူဘွဲ့ရရှိသည်အထိ သင်ကြား ပေးခဲ့ပါသည်။ ကနေ့အထိဘွဲ့ရရှိသူ နှစ်ရှိနေပြီး၁၂ တန်းအောင်မြင်သူကလေးအများ အပြားရှိပါသည် ကလေး အများစုသည်နို်င်ငံမဲ့နိုင်ငံသားများဖြစ်ကြပြီး တချို့ကလေးများမှာဒေသခံကပ်ပြားများပြုလုပ်ခွင့်ရခဲ့ ပါ သည်။အသက်(၁၈) နှစ်နှင့်အထက်ဖြစ်လာသည့် ကလေးများမှာအများစုမှာအိမ်ထောင်ကျပြီးဂေဟာ မှထွက်ခွာသွားကြပါသည်။

-စံခလဘူရီရှိမိဘမဲ့ကလေးဂေဟာများမှာ-

1.Hway Malai Children Home [Safe House].. Children (30)
2. Da Da's Children Home  - Children (50) 3. Vission trust - sponsor around 300 children to go to both public schools and Christian School every year, Some children are continue and some are quick from the schooling. Every year about (30) children can get sponsor to go to school.
4. KRC Children Home - Children (25) -5. Ban Htaw Phan Children Home - Children (20-30)
6. Vic Philippines Children Home] – (50) - 7. Another Philippines Children Home, Children (16 -20)
8. Christian Children Home [ I don't know their name] Teacher Mary is taking care of it. around (46) Children. 9. Children of the forest (300) more 10. DiDi Devamola Bannurat House (150) more
11. Sangalia Children House (50) ထက်မနဲရှိပြီးစုစုပေါင်းကလေး (၆၀၀)ကျော်ရှိသည်ဟု  Break the Silence အဖွဲ့မှ Coordinator Andy ကဆိုပါသည်။