အောင်မြင်လာနေသော အစိုးရပေါ်လစီများ အမြီးကျမှ တစ်ဆို့နေခြင်း အပိုင်း (၂)

အောင်မြင်လာနေသော အစိုးရပေါ်လစီများ အမြီးကျမှ တစ်ဆို့နေခြင်း အပိုင်း (၂)
by -
ရွှေဟင်္သာ

ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီ အဖွဲ့နှင့်အတူ  လုပ်ငန်း ကော်မတီကိုလည်း ဖွဲ့စည်း ခဲ့ပါသည်။ ထိုလုပ်ငန်း ကော်မီတီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း လိုက်ပါသည်။

(က)      ဒေါက်တာ စိုင်းမောင်ခမ်း ဒုတိယ သမ္မတ                                                           ဥက္ကဌ
(ခ)        ဗိုလ်ချုပ်ကြီး စိုးဝင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်                             ဒုတိယ      ဥက္ကဌကာကွယ်ရေးဦးစီးချုပ် (ကြည်း)                                                                      
(ဂ)        ဦးအောင်မင်းပြည်ထောင်စုဝန်ကြီး                                                                ဒုတိယဥက္ကဌ
(ဃ)      ဦးသိန်းဇော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                                 ဒုတိယဥက္ကဌ
(င)        ဦးအုန်းမြင့်ပြည်ထောင်စုဝင်ကြီး                                                                   အဖွဲ့ဝင်
(စ)        ဦးစိုးသိန်းပြည်ထောင်စုဝန်ကြီး                                                                     အဖွဲ့ဝင်
(ဆ)      ဦးဇော်မင်းပြည်ထောင်စုဝန်ကြီး                                                                    အဖွဲ့ဝင်
(ဇ)        ဦးသန်းဌေးပြည်ထောင်စုဝန်ကြီး                                                                   အဖွဲ့ဝင်
(စျ)       ဦးခင်ရီပြည်ထောင်စုဝန်ကြီး                                                                         အဖွဲ့ဝင်
(ည)      ဦးဝင်းထွန်းပြည်ထောင်စုဝန်ကြီး                                                                    အဖွဲ့ဝင်
(ဋ)        ဦးခင်မောင်စိုးပြည်ထောင်စုဝန်ကြီး                                                                 အဖွဲ့ဝင်
(ဌ)        တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်များ                                              အဖွဲ့ဝင်
(-)       တိုင်းမှူးများ၊---------------------------------------------------------------------------    အဖွဲ့ဝင်
(ဎ)      ဗို်လ်ချုပ်ဇော်ဝင်းဒုတိယဝန်ကြီး                                                                      အဖွဲ့ဝင်
(ဏ)      ဦးထွန်းထွန်းဦးဒုတိယရှေ့နေချုပ်                                                                 အဖွဲ့ဝင်
တို့ဖြစ်ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သည်ငြိမ်းချမ်းရေးသဘော တူညီချက် ရ ရှိရေးကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အောက်ပါတာဝန်များကိုဆောင်ရွက်ရမည်-

(က)      ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း

(၁) နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး။
(၂) နှစ်ဖက် သဘော တူညီမှု ညှိနှိုင်း ရရှိထားသည့် သတ်မှတ်နေရာ များတွင် နေထိုင်ရေး၊
(၃) သတ်မှတ်နေရာမှ အပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရေး၊
(၄) ဆက်ဆံရေး စခန်းကိုနှစ်ဖက် သဘောတူသော သင့်လျော်သည့် နေရာ၌ လက်နက် မပါထားရှိရေး၊
(၅)  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့်ဆွေးနွေးရန် အတွက် ကိုယ်စားလှယ် အဖွဲ့တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချန်နှင့် နေရာတို့ကို ညှိနှိုင်းရေး။

(ခ) ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း

(၁) ပြည်ထောင်စုအတွင်း အမြဲအတူ တစ်ကွ ပူးပေါင်း နေထိုင်ရေး၊
(၂) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာ တည်တ့ံခိုင်မြဲရေးတို့ကိုသဘောတူရေး၊
(၃) စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမျာကိုဥပဒေနှင့်အညီနှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင် ရွက်ရေး၊
(၄) မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများတိုက်ဖျက်ရေးအားပူးပေါင်းဆောင် ရွက်ရေး၊
(၅) ပါတီထူထောင်၍ရွေးကောက်ပွဲဝင်ရေး၊
(၆) ဖွဲ့စည်းပုံအခြေခံဥဒေအားလက်ခံရန်နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိကလွှတ်တော်အတွင်း၌အများ သာ အများသဘောတူဆန္ဒနှင့်အညီဆောင်ရွက်ရေး၊
(၇) ထာဝရငြိမ်းချမ်းရေးအတွက်ဥပဒေဘောင်အတွင်းသို့အပြီးအပိုင်ဝင်ပြီးဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တန်းတူညီတူနေထိုင်၊သွားလာ၊လုပ်ကိုင်၊စားသောက်ရေး၊

(၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတစ်ခုုတည်းသောလက်နက်ကိုင်အဖွဲ့စည်း အဖြစ်အသွင်ကူးပြောင်းရေး ကိုညှိနှိုင်းဆောင်ရွက်ရေး။
 
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များကိုပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးဗဟိုကော်မတီသို့အချိန်နှင့်တစ်ပြေးညီတင်ပြရန်ဖြစ်သည်။ ဤသည်ပြည်တွင်း ငြိမ်းချမ်း ရေးအတွက် အစိုးရသည် မူချပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၃)ဖွဲ့များအား အပစ်အ ခတ်ရပ်စဲ စေခဲ့ပါသည်။ တိုင်းရင်းသားများသည်လည်း အစိုးရအပေါ် ယုံယုံကြည်ကြည်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပြည်နယ်သဘောတူညီချက်များကို လက်မှတ် ရေးထိုးသည့်အပြင် ပြည်ထောင်စုအဆင့် ပါသဘော တူညီချက်များလက်မှတ်ရေးထိုးခဲ့ပါသည်။

ဤကဲ့သို့တဖွဲ့ချင်းအလိုက်လက်မှတ်ရေးထိုးပြီးကာမှအစိုးရသည်ပြီးခဲ့သည့်သြဂုတ်လမှစပြီး၄င်းတို့၏ပေါ်လစီသစ်ဖြင့်ထပ်မံပြောင်းလဲလာခဲ့ပြန်ပါသည်။ထိုပေါ်လစီသစ်မှာပြည်ထောင်စုအဆင့်၌ အချက်သုံးချက်ရှိပါ သည်။

(က) တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခြင်းနှင့် ထုတ်ပြန်ကြေညာခြင်း။
(ခ) နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ညှိနှိုင်းခြင်းနှင့်
(ဂ) နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဟူ၍ ဖြစ်ပါသည်။

ဤနေရာတွင် မေးခွန်းများ ဖြစ်ပေါ်လာခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ချုပ်ဆိုခဲ့သော ပြည်နယ်အ ဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း နှင့် ပြည်ထောင်စု အဆင့်ဘောတူညီ ချက် များမှာ တရားမဝင် ပြီးလော။ လူကြီးလူကောင်းဖြင့် သဘောတူခဲ့သည့် အကောင်အထည်ဖေါ်ခြင်း မရှိသည့် ပြည်ထောင်စုအဆင့်သဘော တူညီချက်များသည် အချီးနှီးလား ဟူ၍ဖြစ်လာခဲ့ပါသည်။

ပိုပြီးစဉ်းစားလာရသည်မှာ အစိုးရသည် ဘာကြောင့်မပွင့်လင်းသနည်း။ ယခင်သဘောတူညီချက်များသည်  အပစ်အ ခတ်ရပ်စဲရေး တခုထဲကိုသာ လိုချင်သည်ဟု ဆိုလာသည်မှာ မည်သည့်အကြောင်းကြောင့်နည်း။
အစိုးရ၏ မပွင့်လင်း မှုသည်လိမ်လည်ရာကျရောက်နေပါသည်။ ၁၉၉၄ ခုနှစ်က ပထမအကြိမ် အပစ်အခတ် ရပ်စဲရေးကိုလည်း နောက်ဆုံး တွင်အစိုးရသည် နယ်ခြားစောင့်တပ် (Border Guard Force) အသွင် အတင်းလက်ခံစေခြင်းဖြင့် အပစ်အ ခတ်ရပ်စဲ ရေးကိုဖျက်ဆီးပစ်ခဲ့ပါသည်။

အစိုးရဖျက်ပစ်လိုက်သည့်အချိန်တွင် တိုင်းရင်းသားတပ်ဖွဲ့များမှ တချို့အစိပ်အပိုင်းသည် နယ်ခြားစောင့်တပ် အသွင်ဖြင့် ကွဲထွက်ခဲ့ပါသည်။ ထိုအထဲတွင် ကချင်၊ ကယား၊ ရှမ်း၊ ကိုးကန့်၊ ကရင် စသည့် အဖွဲ့အစည်း များမှ တပ်ဖွဲ့တချို့(BGF) တပ်ဖွဲ့အဖြစ်အသွင်ပြောင်းသွားခဲ့ပါသည်။ ပလောင်ဆိုလျှင် လုံးဝလက်နက်ချ ခဲ့ရသည်အထိ လက်နက်သိမ်းခြင်းခံ လိုက်ရပါသည်။ သို့သော် ငြိမ်းချမ်းရေးလိုချင်သော တိုင်းရင်းသား အဖွဲ့အစည်းများသည် ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသော အစိုးရ သစ်၏ ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး  နည်းဗျူဟာသစ်တွင်လည်း ထပ်မံပြီးအပစ်အခတ်ရပ်စဲပြန်ပါသည်။ ဤ သည် (၁၉၉၄)ခုနှစ်က အားနည်းခဲ့သော နည်းဗျူဟာအား ၂၀၁၁ ခုနှစ်တွင် ထပ်မံဖေါ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ယူ ဆဖွယ်ရာ ဖြစ်နေပါသည်။ အကြောင်းမှာ- ပေါ်လာနေခဲ့ပါပြီး။ ဒုတိယအကြိမ် အပစ်ရပ်ပွဲတွင်လည်း အစိုးရသည် မပွင့် လင်းခဲ့ပြန်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှအရာရှိကြီးများ ကသုံးသပ်နေပါသည်။

အစိုးရ၏မပွင့်လင်းမှုသည် တကယ်ငြိမ်းချမ်းရေးကို တည်ဆောက်နေခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်တခုဖြင့် တိုင်းရင်း သားလက်ကိုင်အဖွဲ့များအား ချေမှုန်းသည့်နည်းများထဲမှ အစိပ်စိပ်အမွှာမွှာ ကွဲသွားစေရန်နည်း သဏ္ဍာန် အဆင့်ဆင့် ဖြင့်ကျင့်ကြံနေခြင်းသာ ဖြစ်ဖွယ်ရှိသည်ဟုမြင်လာနေကြပါသည်။ နောက်ဆုံးရရှိခဲ့သော ပြည်ထောင်စုအဆင့် သဘော တူချက်များသည်ပင် တိုင်းရင်းသားအဖွဲ့များကို ဆွဲဆောင်ထားရန် မက်လုံး နည်းဗျူဟာတခုသာ ဖြစ်သွားခဲ့ပါသည်။

အစိုးရသည် ဆီးဂိန်းအားကစားပွဲနှင့်အတူ၂၀၁၄ ခုနှစ် ၌အာဆီယံဥက္ကဌ ဖြစ်လာတော့မည်ဖြစ်သည်။ စီးပွားရေးပိတ် ဆို့မှုမရှိတော့သည့် အခြေအနေအောက်တွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အား စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူပြီးဖြစ်သည်။ တဖက်တွင်လည်းစစ်ရေးအရ  သုံးနိုင်ငံစလုံးနှင့် လက်တွဲရန် သဘောတူပြီး ဖြစ်သည်ဟု မီဒီယာများက ဖေါ်ပြနေပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့်ယဉ်လပ် နှင့် ပြီးခဲ့ သည့်ရက်ပိုင်း၌ နှစ်နိုင်ငံဆိုင်ရာ အဆင့်မြင့်စစ်ရေးကိစ္စများ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ဤသို့ သောနည်းလမ်းဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံကိုလည်း ဗိုလ်ချုပ်မှူးကြီး သွားရောက်လည် ပတ်ခဲ့ပြီး စစ်ရေးအရ ဆွေး နွေးခဲ့ပြီးဖြစ်ပါသည်။

ဤသည် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စများနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကိစ္စ ပါ၀င်မည်ဖြစ်သည်။ အထူးသ ဖြင့်တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နှင့် အိန္ဒိယနယ်စပ်ကို အခြေခံသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မှစဉ်းစားစရာ ဖြစ်လာပေသည်။

အစိုးရသည် တိုင်းရင်းသားများ၏ အခွင့်အရေးကို အသိအမှတ်ပြုမှု မရှိခြင်းမှာ ထင်ရှားကြောင်း ၂၀၀၈ အခြေခံဥပ ဒေကသက်သေခံနေပြီးဖြစ်သည်။ ယခုလည်း ကာလတခုအချိန်ပေးရန် ရှိနေသည့်အတွက် မယုတ်မလွန်သဘောဖြင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ပါ့မယ်ဆိုသည့် မက်လုံးသာပေးနေခြင်းဖြစ်ပြီး သေချာမှုရှိမရှိကိုမူ စဉ်းစားစရာ ဖြစ်နေပါ သည်။

တပ်မတော်ကလည်း ၄င်းတို့၏မူသစ် (၆)ချက်ကို အတင်းအလင်းထုတ်ဖေါ် ပြောကြားလာခဲ့ချေပြီး။ လူသစ်စု ဆောင်း ပြီးအင်အားတိုးချဲ့ခြင်း၊ အခွန်ကောက်ခြင်း၊  ခွင့်ပြုချက် မရရှိဘဲ စခန်း အသစ်တည်ဆောက်ပြီးသွား လာ လှုပ်ရှား ခြင်း ၊ အစိုးရ အဖွဲ့၏ အုပ်ချုပ်ရေးကို ဝင်ရောက် စွတ်ဖက်ခြင်း၊ လူသတ်ခြင်း၊ အစိုးရမှ ဖွဲ့စည်း
ထားသည့် ပြည်သူ့စစ် တပ်ဖွဲ့ကို ထိပါးခြင်း ပြုလုပ်ပါက တပ်မတော် အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် သွားမည်ဟု ဆိုလာ ပါ သည်။

ဤမူသည် တိုင်းရင်းသားအဖွဲ့များကို ညှင်းသတ်ရန် ကြိုးစားခြင်းဖြစ်ပေသည်။ တိုင်းရင်းသားများကလည်း ညီညွတ် မှု မရှိပေ။ KNU အတိုက်ခံရချိန်တွင် ကျန်သည့် တိုင်းရင်းသားများက ထိုင်ကြည့်နေခြင်း။ ထို့နည်းတူ KIAအတိုက်ခံ ရ ချိန်တွင်။ အလားတူ ကိုးကန့်။ UWSAအတိုက်ခံရချိန်တွင်-- စသဖြင့်ဖြစ်နေခဲ့ပါသည်။ တပ်ပေါင်းစုအရာတွင်လည်း ထိုနည်းလည်းကောင်းပင်။ ဤသို့သောအားနည်း ချက် ကို အစိုးရက သိရှိထားပြီးသားဖြစ်ပါသည်။

 အစိုးရသည် UWSA၊ KNU၊ RCSS ၊ NMSP-- စသည့်အဖွဲ့များကို ချမ်းသာပေးမည်မထင်ပါ။ ချေမှုန်းဖို့သာရှိပါမည်။ နည်းပရိယာယ်အရ သက်သာသလိုလို။  အလိုလိုက်ထားသလိုလို သာရှိပြီး အရင်းခံမှာ သွေး ခွဲမှုတရပ်သာဖြစ်ပြီး NLD အပါ၀င် တစုံလုံးကိုချေမှုန်းမည်မှာ ဧကန်မလွဲပေ။ သို့မဟုတ် နာမည်ခံဘဝဖြင့် ရှိနေခြင်းကိုလိုလားပါက ထိုအ ဆင့်ဖြစ်လာအောင် ကြံဆောင်မည်ဖြစ်ပေသည်။

အစိုးရ၏ ညှင်းကွက်ထဲသို့ မကျရောက်စေရန် အကောင်းဆုံးနည်းလမ်းမှာ တိုင်းရင်းသားများစုစည်းညီ ညွတ်ကြ ရန် လိုအပ်ပါသည်။ UNFC အုပ်စု၊ WGEC အုပ်စု၊ UWSA အုပ်စု၊ ပြည်တွင်းတိုင်းရင်းသား အုပ်စုများ အားလုံး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပေါ် တသံတည်း ရှိကြရန် အထူးလိုအပ်ပါသည်။

အစိုးရကမူ ၄င်းတို့၌ တခုတည်းသော တပ်မတော်၊ အစိုးရ၊ ကြံ့ဖွံ့ပါတီတို့ တစည်းတလုံးတည်း ရှိနေပါသည်။ သွေးကွဲ နေပါသည်ဟု ထင်ယောင်ထင်မှားဖြစ်စရာ  စိတ်ဓါတ်စစ်ဆင်ရေးဖြင့် ၀ါဒဖြန့်မှုသာ ရှိပြီး အမှန်မှာမူ စည်းလုံးနေကြပါ သည်။ လက်ရှိပြုပြင်ပြောင်းလဲရေး၌လည်း အတိုင်းအတာတခုထိ အောင်မြင်နေသဖြင့်
လျှော့တွက်၍မရပေ။

ဤသို့ကြောင့် အစိုးရသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ဗဟိုကော်မီတီကို ဖွဲ့ပြီးအတိုက်အခံ အား လုံး ကို စုစည်းမှုအပြည့်ဖြင့် အပေါ်စီးရရေးကို  ကြိုးစားနေခြင်း ဖြစ်ပါသည်။

UN ၊ NLD၊ ၈၈ အင်အားစု ၊ တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင်တိုင်းရင်းသား အင်အားစုများကလည်း မိမိတို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး  ရည်မှန်းအပေါ် ဥမကွဲသိုက်မပျက်ဘဲ အားသွန်ခွန်စိုက် တသံတည်း ထွက် ကြရန်နှင့် အားထုတ်ကြိုးပမ်းနိုင်ပါမှ လိုလားသော ဒီမိုကရေစနစ်နှင့်ဖက်ဒရယ်ပြည် ထောင်စုကြီး ပေါ်ထွန်းလာမည် ဖြစ်ပါသတည်း။

အစိုးရအာဘော်အတိုင်း စီရင်သည်ကို လက်ခံနိုင်ပြီး တိုင်းရင်းသားအချင်းချင်း မာနတင်းထားသည့်စိတ်ဓါတ် မျိုး ကင်း ရှင်းနိုင်ပါမှ တော်ကာကြမည်ဖြစ်ပါသည်။

Most read this week