မြန်မာနိုင်ငံ မြို့ရွာတွေမှာ မိဘမဲ့ကလေးသူငယ်တွေ ကို စောင့်ရှောက်နေတဲ့ သင်တန်းကျောင်းတွေ၊ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေကို ထောက်ပ့ံပေးနေတဲ့ ကျောင်းတွေဆိုတာ မိုးဦးကျ မှိုတွေလို အပြိုင်အဆိုင် ထွက်ပေါ်နေကြပါတယ်။
မြန်မာနိုင်ငံ မြို့ရွာတွေမှာ မိဘမဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်နေတဲ့ သင်တန်းကျောင်းတွေ၊ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေကို ထောက်ပ့ံပေးနေတဲ့ ကျောင်းတွေဆိုတာ မိုးဦးကျ မှိုတွေလို အပြိုင်အဆိုင် ထွက်ပေါ်နေကြပါတယ်။ အဲဒီသင်တန်းကျောင်းတွေမှာနေရင်း ထူးချွန်ပေါက်မြောက််သွားတဲ့ လူငယ်တွေရှိသလို သာမန်ဘဝနဲ့ အချိန်ကုန်သွားတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေးပါဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီလူငယ်တွေ လေလွင့်မသွားအောင် ဝိုင်းဝန်းစောင့်ရှောက်ပေးသူကို ကျေးဇူးတင်စရာမကောင်းဘူးလား။
အမေကလည်း တချိန်က ဧရိပ်မွန်မှာဘဲ ကြီးပြင်းခဲ့တယ် ဆိုတော့ သမီးတွေ နောင်ရေးအတွက် ဒီကျောင်းကို ပို့လိုက်တာ.. |
မိဘမဲ့လူငယ်တွေ အောင်မြင်ဖို့ ကြိုးစားရတာမှာ မိရှိဖရှိလူငယ်တွေ ကြိုးစားရတာထက် အခက်အခဲတွေ ပိုများမယ်ဆိုတာ စဉ်းစားစရာ လိုမယ်မထင်ပါဘူး။ အဲဒီလို အခက်အခဲတွေရှိနေပေမယ့် မန္တလေး ဧရိပ်မွန် အမျိုးသမီး စောင့်ရှောက်ရေးကျောင်းက မကေသီကတော့ သူ့ရဲ့ လက်ရှိဘဝအခြေအနေကို ကျေနပ်ပါတယ်တဲ့။ သူ အထက်တန်းကျောင်း နေစဉ်တလျှောက် ကျောင်းနေဖက် သူငယ်ချင်းတချို့မှာ မိဘရှိပေမယ့် ကျောင်းဆက်တက်ဖို့ ငွေကြေးမတတ်နိုင်လို့ ကျောင်းထွက်ရတာကိုတွေ့တိုင်း သူတို့တွေ ပညာဆက်သင်ခွင့်ရအောင် ဧရိပ်မွန်က ဆောင်ရွက်ပေးနေတာကို ရောင့်ရဲတင်းတိမ်နေမိတာလို့ မကေသီက ဆိုပါတယ်။ ဒီလို ဆက်လက်ပညာသင်ခွင့်ရတဲ့ အခြေအနေကို အကောင်းဘက်က ကြည့်ပီး သူ့ဘဝကို တိုးတက်အောင် အမြဲကြိုးစားခဲ့သူလဲဖြစ်ပါတယ််။ အဲဒိကြိုးစားမှုရဲ့ အသီးအပွင့်လို့ ပြောနိုင်တဲ့ မန္တလေး နည်းပညာတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ကို မကြာခင် မကေသီ ရတော့မှာပါ။
ရှမ်းပြည် ရွာလေးတရွာက မကေသီဟာ မွေးချင်း ရ ယောက်မှာ အကြီးဆုံးပါ။ အဖေလုပ်သူက အရက်သောက်တယ်၊ လောင်းကစားလုပ်တယ် ဆိုတော့ အမေက အကြီးဆုံး သမီး ၂ ယောက်ကို လွန်ခဲ့တဲ့ ၈ နှစ်ကျော်က ဧရိပ်မွန်ကျောင်းကို ပို့လိုက်ပါတယ်။ အဲဒီအချိန်က မကေသီ အဌမတန်းစာမေးပွဲဖြေပီးချိန်ပါ။ ရှေ့ဆက်ရမယ့် ကျောင်းစာသင်နှစ်တွေကို အမေက တာဝန်မယူနိုင်တော့လို့ မကေသီတို့ ညီအမနှစ်ယောက် တယောက်လက်တယောက်ဆွဲပီး ဧရိပ်မွန်ကို ရောက်လာပါတယ်။ မကေသီရဲ့အမေကလည်း တချိန်က ဧရိပ်မွန်မှာဘဲ ကြီးပြင်းခဲ့တယ်ဆိုတော့ သမီးတွေနောင်ရေးအတွက် ဒီကျောင်းကို ပို့လိုက်တာလို့ ပြောပြပါတယ်။ အဲဒီဧရိပ်မွန်ကျောင်းမှာ စားစရာ၊ နေစရာနဲ့ ကျောင်းပညာရေးကို လိုလေသေးမရှိအောင် ဗုဒ္ဓဘာသာ သီလရှင် ဆရာကြီး ဆရာလေးတွေက ဆောင်ရွက်ပေးနေတဲ့အတွက် အမျိုးသမီးငယ်လေးတွေအတွက် လုံခြုံမှုတွေပေးတဲ့ နိဗ္ဗာန်လေးလို့ဆိုနိုင်ပါတယ်။
ဆရာ ဆရာမတချို့ကလည်း ဧရိပ်မွန် ကျောင်းသူတွေကို အတန်းမှာအလှူငွေ မထည့်နိုင်သူတွေဆိုပီး အမြင်မကြည်လင်.. |
ဒါပေမဲ့ ဧရိပ်မွန်ကျောင်းသူတွေဟာ မိဘမဲ့တွေမို့ သူတို့နဲ့ ပေါင်းသင်းဆက်ဆံဖို့ အတန်းဖော်တချို့က ဝန်လေးတတ်ကြသလို ဆရာ ဆရာမတချို့ကလည်း ဧရိပ်မွန် ကျောင်းသူတွေကို အတန်းမှာအလှူငွေ မထည့်နိုင်သူတွေဆိုပီး အမြင်မကြည်လင်တာတွေ ရှိတယ်လို့ အထက်တန်းကျောင်းနေစဉ် ဘဝကို မကေသီက ပြောပြပါတယ်။ တကယ်တော့ ဧရိပ်မွန်က ဆိုပီး ကျောင်းတွင်း အလှူကြေးတွေ မထည့်ရ တာမျိုးမရှိပါဘူး၊ တခြားကျောင်းသူကျောင်းသားတွေနဲ့ တန်းတူ ကျောင်းက ကောက်တဲ့အလှူငွေကို ထည့်ကြရတာဘဲလို့ မကေသီက ရီရီမောမောပြောပြပါတယ်။
မနက်မိုးလင်းတာနဲ့ အေးရိပ်မွန်မှာရှိတဲ့ ကိုယ့်ထက်ငယ်တဲ့ ဘဝတူ ညီမလေးတွေကို ကျောင်းသွားဖို့ ကူညီနိုင်တာကို ကူညီသလို ကျောင်းစာတွေကိုလည်း ကျောင်းမသွားခင် ပြန်လည်ကျက်မှတ်ကြရပါတယ်။ ကျောင်းကို ရောက်တော့ တခြားကျောင်းသူတွေလိုဘဲ စာသင်ခန်းတွင်းနဲ့ စာသင်ခန်းပြင်ပ သန့်ရှင်းရေး လုပ်စရာရှိတာတွေလုပ်၊ ကျောင်းစာကို အသေအချာ သင်ပီး မိမိတို့ ခိုလှုံရာနိဗ္ဗာန်ဘုံလေးဆီကို ပြန်ကြရပါတယ်။ ငွေကြေးတတ်နိုင်သူ သားသမီးတွေလို ကျူရှင် အထပ်ထပ် မယူနိုင်ပေမယ့် ဧရိပ်မွန်ကို ကုသိုလ်ဖြစ် လာသင်ပေးတဲ့ ဆရာဆရာမတွေရဲ့ ကျူရှင်တွေ သင်တန်းတွေမှာတော့ တက်ရောက် သင်ကြားခွင့်ရကြပါတယ်။
မကေသီလို ဧရိပ်မွန်အရိပ်မှာ ခိုလှုံရင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေအောင်မြင်ပီး မန္တလေး အဝေးသင်တက္ကသို်လ် တက်ရောက်နေသူတွေရှိသလို အသက်မွေးဝမ်းကျောင်းပညာတွေ ဆည်းပူးနေသူ တွေလည်းရှိပါတယ်။
မန္တလေးမြို့ခံတွေက ဒီဧရိပ်မွန်ကျောင်းမှာ ထမင်းလာကျွေးတာ ရှိသလို အဝတ်အစား နဲ့ အမျိုးသမီး အသုံးဆောင်တွေပါမကျန် လာလှူဒါန်းသူတွေ မပြတ်ရှိနေကြပါတယ်။ အဲဒီလို ပစ္စည်းပစ္စယ စားဖွယ်သောက်တွေ လာလှူတိုင်း ကလေးတွေက အလှူရှင်တွေ ကျွေးမွေးတဲ့ ထမင်း၊ဟင်းမစားခင်နဲ့ ပစ္စည်းပစ္စယတွေ လက်မခံခင်မှာ ရွတ်ဆိုကြရတဲ့ ကျေးဇူးတင်စကားလိုလို မေတ္တာပို့စကားလိုလိုဟာတွေကို နေ့စဉ် နေ့တိုင်း အထပ်ထပ် အခါခါ ရွတ်နေရတဲ့အတွက် ကလေးတွေရဲ့ စိတ်မှာ သူ့တို့ဟာ မိဘမဲ့တွေ သူများကျွေးတာစားနေရသူတွေဆိုတဲ့ အတွေးတွေဝင်ပီး စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းသွားမှာကို စိုးရိ်မ်နေသူတွေလည်း ရှိပါတယ်။
ကျေးဇူးတင်စကားလိုလို မေတ္တာပို့ စကား လိုလိုဟာတွေကို နေ့စဉ် နေ့တိုင်း အထပ်ထပ် အခါခါ ရွတ်နေရတဲ့အတွက် ကလေးတွေရဲ့ စိတ်မှာ သူ့တို့ဟာ မိဘမဲ့တွေ သူများ ကျွေးတာ စားနေရသူတွေဆိုတဲ့ အတွေးတွေဝင်.. |
အနှစ်ချုပ်ရရင် မိဘမဲ့တာဖြစ်ဖြစ် ၊ မိဘက မစောင့်ရှောက်နိုင်လို့ ရောက်လာတာဖြစ်ဖြစ် လူငယ်တွေကို ကျန်းမာရေး ပညာရေး လူမှုရေးစောင့်ရှောက်မှုတွေပေးနေတာနဲ့ တချိန်တည်း ဒီလူငယ်တွေမှာ မသိမသာ ရရှိနေတဲ့ စိတ်ဒဏ်ရာတွေကို တတ်ကျွမ်းသူတွေက မကြာခဏ လာရောက်စစ်ဆေးပေးသင့်ပါတယ်။ ဒီလို စနစ်ကျတဲ့ စောင့်ရှောက်မှုတွေပေးမှသာ သူတို့ဘဝ တဆစ်ချိုး အချိုးအကွေ့တွေကို ရဲရင့်စွာကျော်ဖြတ်နိုင်ကြမှာပါ။
အေးနှင်းညို
(ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေးကျောင်းကိုအခြေခံ၍ ရွှေသဥ္ဇာရေးသောဝတ္ထုကို ရိုက်ကူးသည့် ကြည်ပြာဇာတ်ကားဖြင့် ဒါရိုက်တာဦးကြီးမြင့်၊ မင်းသမီး မေဝင်းမောင်နှင့် ဇာတ်ကားဆု ယမုံနာရုပ်ရှင်တို့ ၁၉၈ဝ အတွက် ရရှိခဲ့ဖူးသည်)