အစိုးရသစ်လက်ထက် မွန်ပြည်နယ်လူဦးရေ ၂ သိန်းခွဲခန့်ကို နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်ပေးခဲ့

အစိုးရသစ်လက်ထက် မွန်ပြည်နယ်လူဦးရေ ၂ သိန်းခွဲခန့်ကို နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်ပေးခဲ့
by -
မွန်အေဂျင်စီ

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ခုရှိ လူဦးရေ ၂သိန်းခွဲခန့်အား မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခဲ့ကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဒုညွှန်မှူး ဦးသန်းဝင်းက ပြောသည်။

“ရွာတွေ ရပ်ကွက်တွေကို လိုက်လုပ်ပေးတာ။ တောခြံုအုံကြားထိ လိုက်လုပ်ပေးပါတယ်။ သာမန်ကြည့်ရင်တော့ အကျိုးကျေးဇူးတွေကို မမြင်နိုင်ဘူး။ နိုင်ငံသားစိစစ်ရေးရတာနဲ့ နိုင်ငံသားအခွင့်အရေးတွေ အကုန်လုံးရတယ်” ဟု ဦးသန်းဝင်းက ပြောသည်။

imna090301

တစ်နှစ်ပြီးတစ်နှစ် မိုးပွင့်စီမံချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ရာ ၄နှစ်အတွင်းတွင် တစ်နိုင်ငံလုံး အနေဖြင့် လူဦးရေ ၄သန်းခွဲ ၅သန်းနီးပါးကို နိုင်ငံသားစိစစ်ရေးကဒ် လုပ်ပေးခဲ့သည်ဟု သူကဆိုသည်။

ဦးသန်းဝင်းက “ရုံးမှာလည်းလုပ်၊ ပြည်သူတွေဆီကိုလည်း တိုက်ရိုက်လုပ်ပေးတယ် လုပ်ပေးရမယ်။ အရင်တုန်းက ကျနော်တို့ လုပ်ခဲ့တာက တစ်လမှာမှ ၂ ရွာလောက်ဆင်းတာ။ ဟိုတုန်းက ဖိတ်ခေါ်မှ သွားတာရှိတယ်။ အခုက မဖိတ်ခေါ်လည်း သွားတယ်” ဟု ပြောသည်။

ယခင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရာတွင် လိုအပ်သည့်အချက် ၁၀ချက်မှ ရချက်သို့လျော့ချပေးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

မုဒုံမြို့၊ ကုက္ကိုတန်းရပ်ကွက်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းနှင့် မိတ္တူလျှောက်ထား လိုသူများ၏စာရင်းကို ကောက်ခံနေသော်လည်း မိမိတို့ရပ်ကွက်တွင် ယင်းကဲ့သို့ လာရောက်ပြုလုပ်ပေးခြင်း မရှိသေးကြောင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား အသစ်ပြုလုပ်ရမည့် မုဒုံမြို့ မြို့မ (၁)ရပ်ကွက်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ ထုတ်ပေးရန် ကျန်ရှိနေသူများကို ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့အထိ ၆လတာကာလအတွင်း မိုးပွင့်အထူးစီမံကိန်ဖြင့် လုပ်ဆောင်ပေး သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် လူဦးရေ ၂သန်းကျော်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန(လဝက) ဝန်ထမ်းအရေအတွက် ၂၀ဝဦးခန့်ရှိသည်ဟု လဝကဌာနမှ သိရသည်။

“တာဝန်” လက်ပတ်အရပ်ဝတ်များ (Photo: Aung Naing Soe / The Irrawaddy)

Most read this week